က်န္းမာေရး အတြက္ စားသုံးဖို႔ မသင့္ ေတာ္တဲ့ ငါးအမ်ိဳးအစား ၅ မ်ိဳး

က်န္းမာေရး အတြက္ စားသုံးဖို႔ မသင့္ ေတာ္တဲ့ ငါးအမ်ိဳးအစား ၅ မ်ိဳး

က်န္းမာေရး အတြက္ စားသုံးဖို႔ မသင့္ ေတာ္တဲ့ ငါးအမ်ိဳးအစား ၅ မ်ိဳး

အခ်ိဳ႕ေသာ ငါးအမ်ိဳးအစားေတြက ခႏၶြာကိုယ္အတြက္ ဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္ပါတယ္။ ငါးစားသုံးျခင္းဟာ ခႏၶာကိုယ္ က်န္းမာေရးကို ေကာင္းမြန္ေစၿပီး လူတိုင္းအတြက္ မရွိမျဖစ္လိုအပ္တဲ့အာဟာရဓာတ္ေတြကို ေပးစြမ္းေစႏိုင္ပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ေသာ ငါးအမ်ိဳးအစားေတြကေတာ့ ခႏၶြာကိုယ္အတြက္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုသာ ျဖစ္ေစႏိုင္တာေၾကာင့္ စားသုံးဖို႔ မသင့္ေတာ္တဲ့ ငါးအမ်ိဳးအစားေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) ငါးကင္ဆိုင္ေတြမွာ အမ်ားဆုံး အသုံးျပဳၿပီး တလားဗီးယားလို႔ လူသိမ်ားၾကတဲ့ ငါးဟာ ပ႐ိုတိန္းပါဝင္မႈ နည္းပါးသလို Omega 3 Fatty Acid လည္း မပါဝင္သေလာက္ကို နည္းပါးပါတယ္။ ကင္ဆာျဖစ္ေစတဲ့ Dioxin Level ျမင့္မားစြာ ပါဝင္တာေၾကာင့္ မ်ားမ်ားစားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

 

(၂) အ႐ြယ္အစား ႀကီးႀကီးနဲ႔ ဖြံၿဖိဳးလွတဲ့ ငါးခူေတြဟာ ႀကီးထြားမႈ ႏႈန္းျမင့္ေအာင္ ေဟာ္မုန္းေတြအေျမာက္အမ်ား ေကြၽးၿပီး ေမြးျမဴထားတာ ျဖစ္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။ သဘာဝငါးခူေတြမွာသာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျဖည့္တင္းေပးႏိုင္တဲ့ ဓာတ္ေတြ ပါဝင္တာေၾကာင့္ သဘာဝ ငါးခူမ်ိဳးကိုသာ ေ႐ြးခ်ယ္ စားသုံးသင့္ပါတယ္။

 

(၃) ငါးရွဥ့္ဟာ သူ႔သဘာဝကိုက ညစ္ပတ္တဲ့ေနရာေတြမွာ က်က္စားတာ ျဖစ္တာေၾကာင့္ ျပဒါးဓာတ္ေတြ အမ်ားအျပား ပါဝင္ပါတယ္။ က်န္းမာေရး အတြက္ အက်ိဳးရွိေစတဲ့ အဆီဓာတ္ မပါဝင္ဘဲ ခႏၶာကိုယ္အတြက္ အႏၲရာယ္ရွိေစတဲ့ အဆီဓာတ္သာ ပါဝင္တာေၾကာင့္ ခ်င့္ခ်ိန္ စားသုံးသင့္ပါတယ္။

 

(၄) ဆူရွီျပဳလုပ္တဲ့အခါ အသုံးျပဳတဲ့ ေဒၚ လာငါးအမ်ိဳးအစားေတြမွာ ဖေယာင္းဓာတ္ အမ်ားအျပား ပါဝင္တာေၾကာင့္ အစာအိမ္ရဲ႕ အစာေျခစနစ္ကို ေႏွာင့္ေႏွးေစႏိုင္ပါတယ္။ အစာအိမ္ ေရာဂါရွိသူေတြ စားသုံးဖို႔ မသင့္ေတာ္တဲ့ ငါးအမ်ိဳးအစားပဲ ျဖစ္ပါတယ္။

 

(၅) မ်ိဳးသုဥ္းလုနီးပါး ျဖစ္ေနတဲ့ တူနာငါးေတြဟာ ဒီကေန႔ေခတ္မွာေတာ့ သဘာဝတူနာငါးမ်ိဳးကို ေတြ႕ဖို႔ ခဲယဥ္း သြားပါၿပီ။ ေဟာ္မုန္းေတြ အလြန္အကြၽံ တိုက္ေကြၽးထားတဲ့ တူနာငါးမ်ိဳးေတြသာ ရွိေတာ့တာေၾကာင့္ စားသုံးဖို႔ မသင့္ေတာ္ပါဘူး။

 

Ref ; steptohealth.com

Unicode

ကျန်းမာရေး အတွက် စားသုံးဖို့ မသင့် တော်တဲ့ ငါးအမျိုးအစား ၅ မျိုး

အချို့သော ငါးအမျိုးအစားတွေက ခန္ဓွာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ငါးစားသုံးခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးကို ကောင်းမွန်စေပြီး လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကို ပေးစွမ်းစေနိုင်ပါတယ်။

ဒါပေမယ့် အချို့သော ငါးအမျိုးအစားတွေကတော့ ခန္ဓွာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်တာကြောင့် စားသုံးဖို့ မသင့်တော်တဲ့ ငါးအမျိုးအစားတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ငါးကင်ဆိုင်တွေမှာ အများဆုံး အသုံးပြုပြီး တလားဗီးယားလို့ လူသိများကြတဲ့ ငါးဟာ ပရိုတိန်းပါဝင်မှု နည်းပါးသလို Omega 3 Fatty Acid လည်း မပါဝင်သလောက်ကို နည်းပါးပါတယ်။ ကင်ဆာဖြစ်စေတဲ့ Dioxin Level မြင့်မားစွာ ပါဝင်တာကြောင့် များများစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၂) အရွယ်အစား ကြီးကြီးနဲ့ ဖွံဖြိုးလှတဲ့ ငါးခူတွေဟာ ကြီးထွားမှု နှုန်းမြင့်အောင် ဟော်မုန်းတွေအမြောက်အများ ကျွေးပြီး မွေးမြူထားတာ ဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ သဘာဝငါးခူတွေမှာသာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်တာကြောင့် သဘာဝ ငါးခူမျိုးကိုသာ ရွေးချယ် စားသုံးသင့်ပါတယ်။

(၃) ငါးရှဉ့်ဟာ သူ့သဘာဝကိုက ညစ်ပတ်တဲ့နေရာတွေမှာ ကျက်စားတာ ဖြစ်တာကြောင့် ပြဒါးဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ကျန်းမာရေး အတွက် အကျိုးရှိစေတဲ့ အဆီဓာတ် မပါဝင်ဘဲ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိစေတဲ့ အဆီဓာတ်သာ ပါဝင်တာကြောင့် ချင့်ချိန် စားသုံးသင့်ပါတယ်။

(၄) ဆူရှီပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဒေါ် လာငါးအမျိုးအစားတွေမှာ ဖယောင်းဓာတ် အများအပြား ပါဝင်တာကြောင့် အစာအိမ်ရဲ့ အစာခြေစနစ်ကို နှောင့်နှေးစေနိုင်ပါတယ်။ အစာအိမ် ရောဂါရှိသူတွေ စားသုံးဖို့ မသင့်တော်တဲ့ ငါးအမျိုးအစားပဲ ဖြစ်ပါတယ်။

(၅) မျိုးသုဉ်းလုနီးပါး ဖြစ်နေတဲ့ တူနာငါးတွေဟာ ဒီကနေ့ခေတ်မှာတော့ သဘာဝတူနာငါးမျိုးကို တွေ့ဖို့ ခဲယဉ်း သွားပါပြီ။ ဟော်မုန်းတွေ အလွန်အကျွံ တိုက်ကျွေးထားတဲ့ တူနာငါးမျိုးတွေသာ ရှိတော့တာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။

Ref ; steptohealth.com

Be the first to comment

Leave a Reply

Your email address will not be published.


*