အမ်ိဳးသမီးေတြ သတိထားသင့္တဲ့ သားအိမ္ေခါင္းကင္ဆာ အတြက္ လမ္းၫြန္ခ်က္

အမ်ိဳးသမီးေတြ သတိထားသင့္တဲ့ သားအိမ္ေခါင္းကင္ဆာ အတြက္ လမ္းၫြန္ခ်က္

အမ်ိဳးသမီးေတြ သတိထားသင့္တဲ့ သားအိမ္ေခါင္းကင္ဆာ အတြက္ လမ္းၫြန္ခ်က္

အမ်ိဳးသမီးမ်ားရဲ႕သားအိမ္ေအာက္ဘက္ရွိ သားအိမ္ေခါင္းတြင္ ပုံမွန္မဟုတ္သည့္ ဆဲလ္မ်ား ျဖစ္ေပၚလာတာ ပ်ံႏွံ႔သြားပါက သားအိမ္ေခါင္းကင္ဆာ ျဖစ္ႏိုင္ပါတယ္။

သားအိမ္ေခါင္းကင္ဆာျဖစ္ေနေၾကာင္း ေစာေစာစီးစီး စမ္းသပ္သိရွိပါက အျပည့္အဝ ျပန္လည္ေကာင္းမြန္ႏိုင္ေျခ ျမင့္မားေၾကာင္း ကြၽမ္းက်င္သူေတြက ေျပာထားပါတယ္။

ကံမေကာင္းသည္မွာ သားအိမ္ေခါင္းကင္ဆာ၏ေရာဂါ လကၡဏာမ်ားမွာ ကနဦး အေျခအေနတြင္ ျပသျခင္း နည္းပါးေလ့ရွိတယ္။ ကင္ဆာေရာဂါ လ်င္ျမန္စြာ ျပင္းထန္လာခ်ိန္မွသာ ေရာဂါလကၡဏာမ်ား စတင္ျပသေလ့ရွိပါတယ္။

ေရာဂါလကၡဏာမ်ားတြင္ ပုံမွန္မဟုတ္သည့္ မမ်ိဳးပြားအဂၤါဆိုင္ရာအရည္မ်ား က်ဆင္းလာျခင္း ၊ မေမွ်ာ္လင့္ဘဲေသြးဆင္းျခင္း ၊ ေသဆုံးခ်ိန္ေရာက္ၿပီး ေနာက္ပင္ ေသြးဆင္းျခင္းႏွင့္ လိင္ဆက္ဆံခ်ိန္တြင္ မခံမရပ္ႏိုင္ေလာက္ေအာင္ နာက်င္ျခင္း(သို႔မဟုတ္) ေသြးထြက္ျခင္းစသည္တို႔ ပါဝင္ပါတယ္။

ႂကြက္ႏို႔(သို႔မဟုတ္) အသားပိုမ်ားကို ျဖစ္ေစတဲ့ မ်ိဳး႐ိုးဗီဇ(DNA) ဆိုင္ရာ ဗိုင္းရပ္စ္အုပ္စုႀကီး တစ္မ်ိဳးျဖစ္တဲ့ HPV ဗိုင္းရပ္စ္မ်ားက သားအိမ္ေခါင္းကင္ဆာကို အမ်ားဆုံး ျဖစ္ေစေၾကာင္း သိရပါတယ္။

HPV ဗိုင္းရပ္စ္ အမ်ိဳးေပါင္း ၄ဝ နီးပါးမွာ မ်ိဳးပြားအဂၤါနားတစ္ဝိုက္ ကူးစက္ႏိုင္တယ္။ ယင္း HPV ဗိုင္းရပ္စ္မ်ား ကူးစက္ျခင္းမွာ သူ႔အလိုလို ေပ်ာက္သြားေလ့ရွိသည္ဟု ကြၽမ္းက်င္သူေတြက ဆိုထားပါတယ္။

သို႔ေသာ္ ယင္းဗိုင္းရပ္စ္မ်ား အသစ္အသစ္ ျဖစ္ေပၚပြားမ်ားလာပါက သားအိမ္ေခါင္း၏ ဆဲလ္မ်ားအတြင္း ေျပာင္းလဲမႈမ်ား ျဖစ္လာႏိုင္ၿပီး ကင္ဆာေရာဂါ ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။

လိင္ဆက္ဆံမႈ မကင္းသူတိုင္းတြင္ ေတြ႕ရစၿမဲျဖစ္တဲ့ HPV ဗိုင္းရပ္စ္ကို တစ္သက္တာတြင္ အနည္းဆုံးတစ္ႀကိမ္ ကူးစက္ခံရေလ့ရွိသည္ဟု ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

HPV ဗိုင္းရပ္စ္ ကူးစက္ခံရႏိုင္သည့္ အႏၲရယ္မ်ားကို ကြန္ဒုံးသုံးျခင္းျဖင့္ ေလ်ာ့ခ်ႏိုင္ေသာ္လည္း ယင္းဗိုင္းရပ္စ္ကိုေတာ့ အျပည့္အဝ ကာကြယ္ေပးႏိုင္ျခင္း မရွိေသးပါဘူး။

ခႏၶာကိုယ္ထဲတြင္ အႏၲရယ္မ်ားတဲ့ HPV ဗိုင္းရပ္စ္ အမ်ားအျပားရွိေနခ်ိန္တြင္ သားအိမ္ေခါင္းထဲမွာ ပုံမွန္မဟုတ္တဲ့ ဆဲလ္မ်ား ျဖစ္ေပၚလာကာ အခ်ိန္ၾကာလာပါက ကင္ဆာေရာဂါပါ စျဖစ္လာႏိုင္ပါတယ္။

သားအိမ္ေခါင္းကင္ဆာေရာဂါကို ေစာေစာစီးစီး စမ္းသပ္သိရွိႏိုင္ရန္ အေကာင္းဆုံးနည္းလမ္းမွာ အသားစ ထုတ္ယူစစ္ေဆးေသာနည္း (Pap Smear ) ျဖင့္ စမ္းသပ္မႈပဲ ျဖစ္ပါတယ္။

ယင္းစမ္းသပ္မႈက ပုံမွန္မဟုတ္တဲ့ ဆဲလ္မ်ားကို ေဖာ္ထုတ္ႏိုင္ၿပီး တစ္ခါတစ္ရံတြင္ ကင္ဆာမျဖစ္မီ အခ်ိန္တြင္ပင္ ေဖာ္ထုတ္သိရွိႏိုင္ပါတယ္။ အမ်ိဳးသမီးမ်ား အသက္(၃ဝ)ေက်ာ္လာသည္ႏွင့္ Pap Smear စစ္ေဆးမႈ သုံးႏွစ္တစ္ႀကိမ္ ခံယူႏိုင္ရန္အတြက္ ကြၽမ္းက်င္သူေတြက လမ္းၫြန္ထားပါတယ္။

ယင္းသို႔ စမ္းသပ္မႈခံယူၿပီး ကင္ဆာျဖစ္ႏိုင္ေျခရွိေသာ ပုံမွန္မဟုတ္သည့္ ဆဲလ္မ်ားရွိေနေၾကာင္း ေတြ႕ရွိပါက ဆရာဝန္က ဖယ္ရွားေပးႏိုင္ၿပီး ကင္ဆာအျဖစ္သို႔ ယင္းဆဲလ္မ်ား ေျပာင္းလဲသြားမည္ မဟုတ္ေပ။

အႏၲရယ္ျမင့္မားတဲ့ HPV ဗိုင္းရပ္စ္ရွိ မရွိစစ္ေဆးမႈ ေနာက္တစ္ခုမွာ HPV မ်ိဳး႐ိုးဗီဇစစ္ေဆးမႈ ျဖစ္ပါတယ္။ ပုံမွန္မဟုတ္တဲ့ အသားစမ်ားကို ထုတ္ယူစစ္ေဆးၿပီးေနာက္ ပုံမွန္မဟုတ္သည့္ ေျပာင္းလဲမႈမ်ား ၊ ကင္ဆာျဖစ္ႏိုင္တဲ့ ဆဲလ္မ်ား ၊ ကင္ဆာဆဲလ္မ်ားကို စိစစ္ေလ့လာႏိုင္ရန္ သားအိမ္ေခါင္းတစ္သွ်ဳးမ်ားကို ခြဲစိတ္ဖယ္ရွားရႏိုင္ပါတယ္။

သားအိမ္ေခါင္းကင္ဆာကို အဆင့္ ၅ဆင့္ သတ္မွတ္ထားတယ္။ သားအိမ္ေခါင္း၏ မ်က္ႏွာျပင္တြင္သာ ကင္ဆာဆဲလ္မ်ားေတြ႕ရတဲ့ အဆင့္ကို သုညဟု သတ္မွတ္ပါတယ္။

သားအိမ္ေခါင္းေနရာထက္ ေက်ာ္လြန္၍ ကင္ဆာဆဲလ္မ်ား ပ်ံႏွံ႔မႈမရွိေသးတဲ့ အဆင့္ကို အဆင့္တစ္ဟု သတ္မွတ္တယ္။ ကင္ဆာအက်ိတ္ မ်ိဳးပြားအဂၤါအေပၚပိုင္းသို႔ ပ်ံ႕ႏွံေနေသာအဆင့္ကို အဆင့္ႏွစ္ဟု သတ္မွတ္ပါတယ္။

အဆင့္သုံးသို႔ ေရာက္ခ်ိန္ ေရာက္ခ်ိန္တြင္ ကင္ဆာအက်ိတ္မွာ မ်ိဳးပြားအဂၤါ ေအာက္ပိုင္းသို႔ ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။ ေနာက္ဆုံး အဆင့္ျဖစ္သည့္ အဆင့္ ၄တြင္ ကင္ဆာအက်ိတ္သည္ ဆီးအိမ္(သို႔မဟုတ္) အူမႀကီးေနရာသို႔ ေရာက္ရွိေနၿပီ(သို႔မဟုတ္) ကင္ဆာဆဲလ္မ်ား ခႏၶာကိုယ္၏ အျခားအစိတ္အပိုင္းမ်ားသို႔ ပ်ံ႕ႏွံ႔ေနၿပီပဲ ျဖစ္တယ္။

ကင္ဆာဆဲလ္ ပါဝင္ႏိုင္တဲ့ တစ္သွ်ဴးမ်ားကို ဖယ္ရွားပစ္ရန္ ခြဲစိတ္မႈ ခံယူရမည္ဟု ကြၽမ္းက်င္သူေတြက လမ္းၫႊန္ထားပါတယ္။ ဓာတ္ေရာင္ျခည္ျဖင့္ ကုသျခင္းႏွင့္ ဓာတုကုထုံးျဖင့္ ကုသျခင္းတို႔ ႏွစ္မ်ိဳး ေပါင္း၍လည္း ကုသႏိုင္ေၾကာင္း သိရွိရပါတယ္။

#Ref( 7 day daily news – သားအိမ္ေခါင္းကင္ဆာ ေဆာင္းပါးမွ)

Unicode

အမျိုးသမီးတွေ သတိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ အတွက် လမ်းညွန်ချက်

အမျိုးသမီးများရဲ့သားအိမ်အောက်ဘက်ရှိ သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သည့် ဆဲလ်များ ဖြစ်ပေါ်လာတာ ပျံနှံ့သွားပါက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဖြစ်နေကြောင်း စောစောစီးစီး စမ်းသပ်သိရှိပါက အပြည့်အဝ ပြန်လည်ကောင်းမွန်နိုင်ခြေ မြင့်မားကြောင်း ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ကံမကောင်းသည်မှာ သားအိမ်ခေါင်းကင်ဆာ၏ရောဂါ လက္ခဏာများမှာ ကနဦး အခြေအနေတွင် ပြသခြင်း နည်းပါးလေ့ရှိတယ်။ ကင်ဆာရောဂါ လျင်မြန်စွာ ပြင်းထန်လာချိန်မှသာ ရောဂါလက္ခဏာများ စတင်ပြသလေ့ရှိပါတယ်။

ရောဂါလက္ခဏာများတွင် ပုံမှန်မဟုတ်သည့် မမျိုးပွားအင်္ဂါဆိုင်ရာအရည်များ ကျဆင်းလာခြင်း ၊ မမျှော်လင့်ဘဲသွေးဆင်းခြင်း ၊ သေဆုံးချိန်ရောက်ပြီး နောက်ပင် သွေးဆင်းခြင်းနှင့် လိင်ဆက်ဆံချိန်တွင် မခံမရပ်နိုင်လောက်အောင် နာကျင်ခြင်း(သို့မဟုတ်) သွေးထွက်ခြင်းစသည်တို့ ပါဝင်ပါတယ်။

ကြွက်နို့(သို့မဟုတ်) အသားပိုများကို ဖြစ်စေတဲ့ မျိုးရိုးဗီဇ(DNA) ဆိုင်ရာ ဗိုင်းရပ်စ်အုပ်စုကြီး တစ်မျိုးဖြစ်တဲ့ HPV ဗိုင်းရပ်စ်များက သားအိမ်ခေါင်းကင်ဆာကို အများဆုံး ဖြစ်စေကြောင်း သိရပါတယ်။

HPV ဗိုင်းရပ်စ် အမျိုးပေါင်း ၄ဝ နီးပါးမှာ မျိုးပွားအင်္ဂါနားတစ်ဝိုက် ကူးစက်နိုင်တယ်။ ယင်း HPV ဗိုင်းရပ်စ်များ ကူးစက်ခြင်းမှာ သူ့အလိုလို ပျောက်သွားလေ့ရှိသည်ဟု ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

သို့သော် ယင်းဗိုင်းရပ်စ်များ အသစ်အသစ် ဖြစ်ပေါ်ပွားများလာပါက သားအိမ်ခေါင်း၏ ဆဲလ်များအတွင်း ပြောင်းလဲမှုများ ဖြစ်လာနိုင်ပြီး ကင်ဆာရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။

လိင်ဆက်ဆံမှု မကင်းသူတိုင်းတွင် တွေ့ရစမြဲဖြစ်တဲ့ HPV ဗိုင်းရပ်စ်ကို တစ်သက်တာတွင် အနည်းဆုံးတစ်ကြိမ် ကူးစက်ခံရလေ့ရှိသည်ဟု ကျွမ်းကျင်သူတွေက ဆိုပါတယ်။

HPV ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည့် အန္တရယ်များကို ကွန်ဒုံးသုံးခြင်းဖြင့် လျော့ချနိုင်သော်လည်း ယင်းဗိုင်းရပ်စ်ကိုတော့ အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိသေးပါဘူး။

ခန္ဓာကိုယ်ထဲတွင် အန္တရယ်များတဲ့ HPV ဗိုင်းရပ်စ် အများအပြားရှိနေချိန်တွင် သားအိမ်ခေါင်းထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်များ ဖြစ်ပေါ်လာကာ အချိန်ကြာလာပါက ကင်ဆာရောဂါပါ စဖြစ်လာနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါကို စောစောစီးစီး စမ်းသပ်သိရှိနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ အသားစ ထုတ်ယူစစ်ဆေးသောနည်း (Pap Smear ) ဖြင့် စမ်းသပ်မှုပဲ ဖြစ်ပါတယ်။

ယင်းစမ်းသပ်မှုက ပုံမှန်မဟုတ်တဲ့ ဆဲလ်များကို ဖော်ထုတ်နိုင်ပြီး တစ်ခါတစ်ရံတွင် ကင်ဆာမဖြစ်မီ အချိန်တွင်ပင် ဖော်ထုတ်သိရှိနိုင်ပါတယ်။ အမျိုးသမီးများ အသက်(၃ဝ)ကျော်လာသည်နှင့် Pap Smear စစ်ဆေးမှု သုံးနှစ်တစ်ကြိမ် ခံယူနိုင်ရန်အတွက် ကျွမ်းကျင်သူတွေက လမ်းညွန်ထားပါတယ်။

ယင်းသို့ စမ်းသပ်မှုခံယူပြီး ကင်ဆာဖြစ်နိုင်ခြေရှိသော ပုံမှန်မဟုတ်သည့် ဆဲလ်များရှိနေကြောင်း တွေ့ရှိပါက ဆရာဝန်က ဖယ်ရှားပေးနိုင်ပြီး ကင်ဆာအဖြစ်သို့ ယင်းဆဲလ်များ ပြောင်းလဲသွားမည် မဟုတ်ပေ။

အန္တရယ်မြင့်မားတဲ့ HPV ဗိုင်းရပ်စ်ရှိ မရှိစစ်ဆေးမှု နောက်တစ်ခုမှာ HPV မျိုးရိုးဗီဇစစ်ဆေးမှု ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အသားစများကို ထုတ်ယူစစ်ဆေးပြီးနောက် ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများ ၊ ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်များ ၊ ကင်ဆာဆဲလ်များကို စိစစ်လေ့လာနိုင်ရန် သားအိမ်ခေါင်းတစ်သျှုးများကို ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကို အဆင့် ၅ဆင့် သတ်မှတ်ထားတယ်။ သားအိမ်ခေါင်း၏ မျက်နှာပြင်တွင်သာ ကင်ဆာဆဲလ်များတွေ့ရတဲ့ အဆင့်ကို သုညဟု သတ်မှတ်ပါတယ်။

သားအိမ်ခေါင်းနေရာထက် ကျော်လွန်၍ ကင်ဆာဆဲလ်များ ပျံနှံ့မှုမရှိသေးတဲ့ အဆင့်ကို အဆင့်တစ်ဟု သတ်မှတ်တယ်။ ကင်ဆာအကျိတ် မျိုးပွားအင်္ဂါအပေါ်ပိုင်းသို့ ပျံ့နှံနေသောအဆင့်ကို အဆင့်နှစ်ဟု သတ်မှတ်ပါတယ်။

အဆင့်သုံးသို့ ရောက်ချိန် ရောက်ချိန်တွင် ကင်ဆာအကျိတ်မှာ မျိုးပွားအင်္ဂါ အောက်ပိုင်းသို့ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ နောက်ဆုံး အဆင့်ဖြစ်သည့် အဆင့် ၄တွင် ကင်ဆာအကျိတ်သည် ဆီးအိမ်(သို့မဟုတ်) အူမကြီးနေရာသို့ ရောက်ရှိနေပြီ(သို့မဟုတ်) ကင်ဆာဆဲလ်များ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နေပြီပဲ ဖြစ်တယ်။

ကင်ဆာဆဲလ် ပါဝင်နိုင်တဲ့ တစ်သျှူးများကို ဖယ်ရှားပစ်ရန် ခွဲစိတ်မှု ခံယူရမည်ဟု ကျွမ်းကျင်သူတွေက လမ်းညွှန်ထားပါတယ်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဓာတုကုထုံးဖြင့် ကုသခြင်းတို့ နှစ်မျိုး ပေါင်း၍လည်း ကုသနိုင်ကြောင်း သိရှိရပါတယ်။

#Ref( 7 day daily news – သားအိမ်ခေါင်းကင်ဆာ ဆောင်းပါးမှ)

Be the first to comment

Leave a Reply

Your email address will not be published.


*