Mask အသုံးျပဳဖို႔ ျငင္းဆန္ခဲ့တဲ့ နာမည္ေက်ာ္ ဦးဗလႀကီး၊ ဗိုင္းရပ္စ္ေၾကာင့္ အနိစၥေရာက္

နာမည္ေက်ာ္ ဦးဗလႀကီး၊ ဗိုင္းရပ္စ္ေၾကာင့္ အနိစၥေရာက္

Mask အသုံးျပဳဖို႔ ျငင္းဆန္ခဲ့တဲ့ နာမည္ေက်ာ္ ဦးဗလႀကီး၊ ဗိုင္းရပ္စ္ေၾကာင့္ အနိစၥေရာက္

ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ျပင္းထန္လြန္းတဲ့ ဦးဗလႀကီး Qiu Jun ကေတာ့ အခုအခါမွာ အနိစၥသေဘာနဲ႔ ကိစၥေခ်ာသြားၿပီျဖစ္ေၾကာင္ တ႐ုတ္ျပည္တြင္း မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

သူဟာ သူ႔ကိုယ္သူ သန္မာတယ္၊ ခံႏိုင္ရည္ရွိတယ္၊ အားေကာင္းေမာင္းသန္မို႔ ဆိုး႐ြားျပင္းထန္တဲ့ ေရာဂါေတြကို ခံႏိုင္ရည္ရွိမယ္လို႔ ယုံၾကည္မႈ လြန္ကဲခဲ့ပါတယ္။ အမ်ားက ဝူဟန္ဗိုင္းရပ္စ္ကို ေၾကာက္႐ြံ႕ေနခ်ိန္၊ Qiu Jun ကေတာ့ Mask တပ္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။

သူဟာ Gym မသြားရ မေနႏိုင္လြန္းသလို၊ အိမ္သားေတြက အိမ္တြင္းေအာင္းဖို႔ ေတာင္းပန္ခဲ့တာကိုလည္း လက္မခံခဲ့ပါဘူး။ လက္ရွိအခ်ိန္မွာ အသက္ (၇၂)ႏွစ္ ရွိေနၿပီျဖစ္ေပမယ့္ သူဟာ တ႐ုတ္ႏိုင္ငံရဲ႕ စံခ်ိန္တင္ ကာယဗလေမာင္ ျဖစ္ခဲ့သည့္အေလွ်ာက္ လူမႈေရးနယ္ပယ္မွာ ေအာင္ျမင္မႈေတြ ရွိခဲ့ပါတယ္။

Jun ဟာ ေရာဂါကူးစက္ခံရၿပီးေနာက္ (၄)ရက္ပဲ လူ႔ေလာကမွာ ေနခဲ့ရပါေတာ့တယ္။ သူဟာ ေဖေဖာ္ဝါရီ (၆)ရက္မွာ ေသဆုံးသြားခဲ့တာပါ။ Jun ဟာ အသက္(၅၆)ႏွစ္မွာ အားကစားေလာကက အနားယူခဲ့တာပါ။ သူဟာ ကာယဗလနဲ႔ပတ္သက္ရင္ ခ်န္ပီယံဆုေတြ အမ်ားႀကီးရခဲ့ၿပီး၊ သက္ႀကီး ကာယဗလေမာင္ဘဝမွာလည္း ဆုေတြ အမ်ားႀကိမ္း သိမ္းပိုက္ခဲ့သူပါ။

Jun တစ္ေယာက္ အၿမဲလိုလို ေလ့က်င့္ခန္းလုပ္တဲ့ေနရာကေတာ့ Zhongshan Park ပန္းၿခံမွာပါ။ အဲဒီပန္းၿခံထဲမွာ ဒိုက္ထိုးျခင္း၊ ဒါမွမဟုတ္ ဘားခိုျခင္းကို အခ်ိန္(၃)နာရီေလာက္အထိ လုပ္ေလ့ရွိပါတယ္။ ေန႔ခင္းပိုင္း ထမင္းစားၿပီးရင္ Zhongshan Park ကို ျပန္လာၿပီး ေလ့က်င့္ခန္းေတြ လုပ္ေလ့ရွိပါတယ္။

ဒါကို မိသားစုဝင္ေတြက အျပင္းအထန္ ကန႔္ကြက္ခဲ့ေပမယ့္ Jun က ျငင္းဆန္ခဲ့ပါတယ္။ ဇန္နဝါရီ (၂၈)ရက္မွာ Jun တစ္ေယာက္ ေကာက္ကာငင္ကာ ေနမေကာင္းျဖစ္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီ (၂)ရက္ေန႔မွာေတာ့ Jun တစ္ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီျဖစ္ေၾကာင္း သက္ဆိုင္ရာက အတည္ျပဳစာ ေပးပို႔ခဲ့ပါတယ္။ Jun ဟာ ယခင္က သန္မာခဲ့သေလာက္ ခ်က္ခ်င္းပဲ ေဘာလုံးတစ္ခု ေလမရွိေတာ့သလို ေပ်ာ့အိသြားခဲ့ပါတယ္။

သူ႔ကို သက္ဆိုင္ရာ ေဆးဘက္အဖြဲ႕ေတြက အိမ္အထိ လာေခၚသြားၿပီး Wuhan Red Cross Hospital ေဆး႐ုံ၊ အထူးသီးသန႔္ လူနာေဆာင္မွာ ပို႔ေပးခဲ့ပါတယ္။ ေဖေဖာ္ဝါရီ (၆)ရက္မွာပဲ Jun တစ္ေယာက္ လူ႔ေလာကကေန ထြက္ခြာသြားရပါေတာ့တယ္။

Jun ေသဆုံးျခင္းအတြက္ ႀကီးမားတဲ့ ဈာပနအခမ္းအနားကို ေဆြမ်ိဳးေတြက က်င္းပေပးျခင္း မရွိပါဘူး။ အေၾကာင္းကေတာ့ ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးထားတဲ့ လူနာျဖစ္သည့္အေလွ်ာက္ အျမန္ဆုံး မီးသၿဂိဳဟ္လိုက္ရတာမို႔လို႔ သိရပါတယ္။

ဒီျဖစ္စဥ္ကို ၾကည့္ခ်င္းအားျဖင့္ ဘယ္သူမွ ေရာဂါနဲ႔ ကင္းေဝးတယ္ဆိုၿပီး စိတ္ခ်လက္ခ် ေနလို႔ မရဘူးဆိုတာ ေသခ်ာပါတယ္။

Credit # Shwemon

Unicode

Mask အသုံးပြုဖို့ ငြင်းဆန်ခဲ့တဲ့ နာမည်ကျော် ဦးဗလကြီး၊ ဗိုင်းရပ်စ်ကြောင့် အနိစ္စရောက်

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြင်းထန်လွန်းတဲ့ ဦးဗလကြီး Qiu Jun ကတော့ အခုအခါမှာ အနိစ္စသဘောနဲ့ ကိစ္စချောသွားပြီဖြစ်ကြောင် တရုတ်ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သူဟာ သူ့ကိုယ်သူ သန်မာတယ်၊ ခံနိုင်ရည်ရှိတယ်၊ အားကောင်းမောင်းသန်မို့ ဆိုးရွားပြင်းထန်တဲ့ ရောဂါတွေကို ခံနိုင်ရည်ရှိမယ်လို့ ယုံကြည်မှု လွန်ကဲခဲ့ပါတယ်။ အများက ဝူဟန်ဗိုင်းရပ်စ်ကို ကြောက်ရွံ့နေချိန်၊ Qiu Jun ကတော့ Mask တပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

သူဟာ Gym မသွားရ မနေနိုင်လွန်းသလို၊ အိမ်သားတွေက အိမ်တွင်းအောင်းဖို့ တောင်းပန်ခဲ့တာကိုလည်း လက်မခံခဲ့ပါဘူး။ လက်ရှိအချိန်မှာ အသက် (၇၂)နှစ် ရှိနေပြီဖြစ်ပေမယ့် သူဟာ တရုတ်နိုင်ငံရဲ့ စံချိန်တင် ကာယဗလမောင် ဖြစ်ခဲ့သည့်အလျှောက် လူမှုရေးနယ်ပယ်မှာ အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။

Jun ဟာ ရောဂါကူးစက်ခံရပြီးနောက် (၄)ရက်ပဲ လူ့လောကမှာ နေခဲ့ရပါတော့တယ်။ သူဟာ ဖေဖော်ဝါရီ (၆)ရက်မှာ သေဆုံးသွားခဲ့တာပါ။ Jun ဟာ အသက်(၅၆)နှစ်မှာ အားကစားလောကက အနားယူခဲ့တာပါ။ သူဟာ ကာယဗလနဲ့ပတ်သက်ရင် ချန်ပီယံဆုတွေ အများကြီးရခဲ့ပြီး၊ သက်ကြီး ကာယဗလမောင်ဘဝမှာလည်း ဆုတွေ အများကြိမ်း သိမ်းပိုက်ခဲ့သူပါ။

Jun တစ်ယောက် အမြဲလိုလို လေ့ကျင့်ခန်းလုပ်တဲ့နေရာကတော့ Zhongshan Park ပန်းခြံမှာပါ။ အဲဒီပန်းခြံထဲမှာ ဒိုက်ထိုးခြင်း၊ ဒါမှမဟုတ် ဘားခိုခြင်းကို အချိန်(၃)နာရီလောက်အထိ လုပ်လေ့ရှိပါတယ်။ နေ့ခင်းပိုင်း ထမင်းစားပြီးရင် Zhongshan Park ကို ပြန်လာပြီး လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိပါတယ်။

ဒါကို မိသားစုဝင်တွေက အပြင်းအထန် ကန့်ကွက်ခဲ့ပေမယ့် Jun က ငြင်းဆန်ခဲ့ပါတယ်။ ဇန်နဝါရီ (၂၈)ရက်မှာ Jun တစ်ယောက် ကောက်ကာငင်ကာ နေမကောင်းဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ (၂)ရက်နေ့မှာတော့ Jun တစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြုစာ ပေးပို့ခဲ့ပါတယ်။ Jun ဟာ ယခင်က သန်မာခဲ့သလောက် ချက်ချင်းပဲ ဘောလုံးတစ်ခု လေမရှိတော့သလို ပျော့အိသွားခဲ့ပါတယ်။

သူ့ကို သက်ဆိုင်ရာ ဆေးဘက်အဖွဲ့တွေက အိမ်အထိ လာခေါ်သွားပြီး Wuhan Red Cross Hospital ဆေးရုံ၊ အထူးသီးသန့် လူနာဆောင်မှာ ပို့ပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ (၆)ရက်မှာပဲ Jun တစ်ယောက် လူ့လောကကနေ ထွက်ခွာသွားရပါတော့တယ်။

Jun သေဆုံးခြင်းအတွက် ကြီးမားတဲ့ ဈာပနအခမ်းအနားကို ဆွေမျိုးတွေက ကျင်းပပေးခြင်း မရှိပါဘူး။ အကြောင်းကတော့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးထားတဲ့ လူနာဖြစ်သည့်အလျှောက် အမြန်ဆုံး မီးသဂြိုဟ်လိုက်ရတာမို့လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကို ကြည့်ချင်းအားဖြင့် ဘယ်သူမှ ရောဂါနဲ့ ကင်းဝေးတယ်ဆိုပြီး စိတ်ချလက်ချ နေလို့ မရဘူးဆိုတာ သေချာပါတယ်။

Credit # Shwemon

Be the first to comment

Leave a Reply

Your email address will not be published.


*