ပံုစံ ၇ ႏွင္႔ ပံုစံ ၁၀၅ တို႔၏ ေျမအသံုးျပဳပိုင္ခြင္႔ အေၾကာင္း

ပံုစံ ၇ ႏွင္႔ ပံုစံ ၁၀၅ တို႔၏ ေျမအသံုးျပဳပိုင္ခြင္႔ အေၾကာင္း

ပံုစံ ၇ ႏွင္႔ ပံုစံ ၁၀၅ တို႔၏ ေျမအသံုးျပဳပိုင္ခြင္႔ အေၾကာင္း

ပုံစံံ ၇ ႏွင့္ ၁၀၅အေၾကာင္္း

ပုံစံ (၁၀၅ ) ဆိုသည္မွာ ေက်းရြာ ေျမစာရင္းဦးစီဌာနအပိုင္ နယ္နိမိ္တ္အတြင္းမွာ ရွိတဲ့ ေျမတို.ရဲ.အက်ယ္အဝန္းနဲ. အမ်ိဳးအစားကို ေဖာ္ျပေပးတဲ့ ပုံစံစာရြက္သာ ျဖစ္ပါတယ္ ။

ပုံစံံ ၁၀၅လက္ထဲေရာက္တာနဲကိုယ္လုပ္ခ်င္တာလုပ္လိုရမယ္လို႔မထင္လိုက္ပါနဲ.။

ဆရာရွင့္္… ကၽြန္မက အက်ိဳးေဆာင္ေတာ့ မဟုုတ္ပါဘူး ။ ဒါေပမဲ့ ရြာေျမတစ္ကြက္ကိုိ ဝယ္ထားမိသူ တစ္ဦးပါ ။ ပုံစံ (၁၀၅) ရၿပီလိုိ. ေျပာလို. ဝယ္လိုက္မိပါတယ္ ။ သူငယ္ခ်င္းေတြလည္း ဝယ္ၾကပါတယ္ ။ အေဖာ္ေကာင္းလို.သာ လိုက္ဝယ္တာပါ။

သိိပ္နားမလည္တဲ့ အလုပ္လည္း ျဖစ္ေနၿပီးေတာ့ အခုဆိုိ သုံးလေက်ာ္ေလာက္ ရွိၿပီး။ ျပန္ေရာင္းမယ္ ဆိုေတာ့မွ ပါမစ္ေၿမ ျဖစ္ေနတယ္ ဆိုလား မသိဘူး။ အမ်ိဳးမ်ိဳး ေျပာၾကပါတယ္။ ကၽြန္မ ဝယ္ခါနီးတုန္းကေတာ့ ေရႊ လို.ေျပာၾကၿပီး ကၽြန္မ လက္ထဲ ေရာက္မွ အမ်ိဳးမ်ိဳး ေျပာခံေနရပါတယ္ ။

အေဆာက္အအုံေဆာက္မယ္္ ဆိုေတာ့လည္း ေဆာက္ခြင့္က လြယ္လြယ္ မရနိုင္ဘူးတဲ့ ဆရာ။ ဒီေတာ့ ပုံစံ (၁၀၅) ဆိုတာက ဘာလဲဆရာ ။ ရွင္းျပပါဦး ၊ ကၽြန္မ ေဒၚခင္လွတင့္ပါ။

ေဒၚခင္လွတင့္္ေရ…

ရွင္းရွင္းေလးနဲ. ရွုပ္ေနတာကို တစ္သက္စာ မွတ္မိေအာင္ကၽြန္ေတာ္ သိိသေလာက္ ေျဖေပးပါ့မယ္။ ပုံစံ (၁၀၅) ဆိုတာက “ေက်းရြာေျမစာရင္းဌာန” က ထုတ္ေပးတဲ့ ပုံးစံ တစ္ခုသာ ျဖစ္ပါတယ္။ အဲဒီ ပုံစံက လယ္ယာေျမပဲ ျဖစ္ျဖစ္ ၊ ရြာေၿမ ၊ ဥယ်ာဥ္ၿခံေျမပဲ ျဖစ္ျဖစ္ ေက်းရြာေျမစာရင္းဦးစီးဌာနအပိုင္ နယ္နိမိတ္ အတြင္းမွာ ရွိတဲ့ေျမတို.ရဲ. အက်ယ္အဝန္းနဲ. အမ်ိဳးအစားကို ေဖာ္ျပေပးတဲ့ပုံစံစာရြက္သာ ျဖစ္ပါတယ္။

ဒီီပုံစံ (၁၀၅) လက္ထဲ ေရာက္တာနဲ. ကိုယ္လုပ္ခ်င္တာ လုပ္လို. ရမယ္လို. အထင္လိုက္ပါနဲ.။ အခု ပုံစံ (၁၀၅) အရ ေဒၚခင္လွတင့္ ဝယ္ထားတဲ့ေျမက “လယ္ယာေျမ” ဆိုတာသိၿပီေလ။ လယ္ယာေၿမ ဆိုရင္ေတာ့ “လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလတ္မွတ္” ရွိမယ္ ဆိုရင္ လယ္လုပ္လို. ရမယ္ေပါ့။

အေဆာက္အအုံ ေဆာက္ဖို.၊ စီးပြားေရးလုပ္ငန္းတစ္ခုုခု အေျခတည္ၿပီး လုပ္ကိုင္ဖို. ဆိုတာကေတာ့ ကၽြန္ေတာ့္ရဲ. အေတြ.အၾကဳံအရ ဆိုရင္ “သက္ဆိုင္ရာ တိုင္းေဒသႀကီးအစိုးရ” က ခြင့္ျပဳမွသာ ရမယ္ ျဖစ္ပါတယ္။ အဲဒီလို ခြင့္ျပဳလိုက္ၿပီဆိုရင္ “ဂရန္” ကိုပါ ေလ ၽွာက္ထားပိုင္ခြင့္ ရရွိေတာ့တာေပါ့။ တစ္ခ်ိန္တုန္းက “လယ္ယာေၿမ နိုင္ငံပိုင္ျပဳလုပ္ေရး အက္ဥပေဒ ပုဒ္မ ၃၉ (ယခုအခါ – လ/ယ ၃၀ ျဖစ္သည္) နဲ. လုပ္ပိုင္ခြင့္ေတြ တူမယ္လို. ကၽြန္တာ္ ဝါရင့္ပြဲစားမွန္းၿပီး ေျဖလိုက္ပါရေစ။

ဂရန္ေၿမ နဲ. လယ္ယာေၿမ ( ပုံစံ ၇ )

ဒီီေန. လယ္ယာေျမေတြဟာ ဂရန္ေၿမ သို.မဟုတ္ ေျမဌားစာခ်ဳပ္တို.နဲ. ပုံသဏၭာန္ အေတာ္ေလး တူသြားပါၿပီး။ စနစ္က်သြားၿပီးလို.ေျပာရင္ ပိုမွန္ပါတယ္။ ဒီေတာ့ နည္းနည္းပါးပါးေလး လြဲရင္ အမ်ားစုတူေနတဲ့ ဂရန္ေျမအေၾကာင္းကို နံပါတ္ေလးေတြနဲ. ေရးျပမယ္ ။

အဲဒါ ဒီီေန. “လယ္ယာေၿမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္(ပုံစံ ၇)” ပါပဲ။

ဂရန္ေၿမ (ေျမဌားစာခ်ဳပ္ေျမ)

1.ေျမ၏ ပင္ရင္းပိုိင္ရွင္မွာနိုင္ငံေတာ္ပင္ ျဖစ္ပါသည္။

2. သားစဥ္ေျမးဆက္ လက္ဝယ္ထားပိုိင္ခြင့္ ရွိသည္။

3. မိိမိေျမေပၚမွ အက်ိဳးအျမတ္တို.ကို ခံစားပိုင္ခြင့္ ရွိသည္။

4. မိိမိဆႏၵအေလ်ာက္ ေရာင္းခ်ပိုင္ခြင့္ ရွိသည္။

5. ေပါင္ႏွံပိုင္ခြင့္ ရွိပါသည္။

6. ဌားရမ္းပိုင္ခြင့္ ရွိပါသည္။

7. လဲလွယ္ပိုင္ခြင့္လည္း ရွိိပါသည္။

8. ေပးကမ္းပိုိင္ခြင့္လည္း ရွိပါသည္။

9. အေမြဆက္ခံပိုင္ခြင့္ ရွိပါသည္။ (စာခ်ဳပ္ မွတ္ပုံတင္ရပါမည္)

10. အက်ိဳးတူ ဖက္ဆက္လုပ္ပိုိင္ခြင့္ ရွိသည္။

11. နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမွု ဥပေဒႏွင့္ညီလ ၽွင္ နိုင္ငံျခား အဖြဲ.အစည္းႏွင့္လည္း ပူးေပါင္း လုပ္ကိုင္နိုင္သည္။

အထက္ပါ ၁၁ ခ်က္လုံးကိုိ “လယ္ယာေၿမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္” ရရွိသူေတြက တစ္ထပ္တည္း ခံစားလို.ရပါသည္။

ဒါေပမဲ့ “လယ္ယာေျမ” မွာလည္း ဒီစည္္းကမ္းေလးေတြ ရွိပါတယ္။

ဦးစီးဌာနက သတ္မွတ္တဲ့ ႏွုန္းထားအတိုင္း တံံဆိပ္ေခါင္းခြန္ကပ္ၿပီး ၿမိဳ.နယ္ဦးစီးဌာန႐ုံးမွာ စာခ်ဳပ္ ခ်ဳပ္တိုင္း မွတ္ပုံတင္ရပါမည္။

အမွတ္စဥ္ (5) ေပါင္ႏွံျခင္းကိစၥမွာေတာ့ စိုက္ပ်ိဳးထုတ္လုပ္မွုအရင္းအႏွီးအတြက္သာ အစိုးရ အသိအမွတ္ျပဳေသာ ဘဏ္တို.တြင္ ေပါင္းႏွံရမည္ ျဖစ္ပါသည္။

ခြြင့္ျပဳခ်က္မရွိဘဲလယ္ယာေျမကိုအျခားနည္းသုံးစြဲ၍မရပါ။

လယ္ယာေျမလုပ္ပိုိင္ခြင့္ျပဳလက္မွတ္(ပုံစံ-၇)

မည္သူမဆို လယ္ယာေျမဥပေဒတြင္ ျပဌာန္းထားသည့္အတိုင္း လယ္ယာေျမကိုလုပ္ကိုင္ရမည္။

လယ္ယာေျမႏွင့္စပ္လ်ဥ္း၍ ဝန္ႀကီးဌာနကစည္းၾကပ္ေသာ ေျမခြန္ႏွင့္ အျခားအခြန္အခမ်ားကို ေပးေဆာင္ရမည္။

လယ္ယာေျမလုပ္ကိုိင္ခြင့္ကိုေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ေပးကမ္းျခင္းတို႔ကိုိ ေဆာင္ရြက္သည့္အခါ ဦးစီးဌာနက သတ္မွတ္သည့္ တံဆိပ္ေခါင္းခြန္ႏွင့္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခတို႔ကို ေပးေဆာင္၍ သက္ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးတြင္ မွတ္ပုံတင္ရမည္။

တည္ဆဲဥပေဒႏွင့္အညီ အေမြဆက္ခံျခင္းျဖင့္ လယ္ယာေျမလုပ္ပိုိင္ခြင့္ကို ရရွိသည့္အခါ သတ္မွတ္ခ်က္မ်ားႏွင့္အညီ သက္ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးတြင္ မွတ္ပုံတင္ရမည္။

စိုိက္ပ်ိဳးထုတ္လုပ္မွု အရင္းအႏွီးအတြက္သာ လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေပါင္ႏွံခြင့္ရွိၿပီး အစိုးရဘဏ္ သို႔မဟုတ္ အစိုးရကအသိအမွတ္ျပဳေသာ ဘဏ္တြင္သာ ေပါင္ႏွံရမည္။

သက္ဆိုိင္ရာ လယ္ယာေျမစီမံခန္႔ခြဲမွုအဖြဲ႕က တရားဝင္ခ်ထားျခင္းမရွိဘဲ က်ဴးေက်ာ္လုပ္ကိုင္ျခင္း မျပဳရ။

လယ္ယာေျမကိုိ ခြင့္ျပဳမိိန္႔ မရရွိဘဲ အျခားနည္းသုံးစြဲျခင္းမျပဳရ။

လယ္ယာေျမကို မူလစိုက္ပ်ိဳးလ်က္ရွိေသာ ရာသီသီးႏွံအမ်ိဳးအစားမွ ႏွစ္ရွည္ပင္အမ်ိဳးအစားသို႔ ခြင့္ျပဳခ်က္မရွိဘဲ ေျပာင္းလဲစိုက္ပ်ိဳးျခင္း မျပဳရ။

ခိုိင္လုံေသာ အေၾကာင္းျပခ်က္မရွိဘဲ လယ္ယာေျမကို လွပ္ထားျခင္း မျပဳရ။

လယ္ယာေျမလုပ္ပိုိင္ခြင့္ႏွင့္စပ္လ်ဥ္း၍ အျငင္းပြားမွုျဖစ္ေပၚေနေသာ ကာလအတြင္းလယ္ယာေျမကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္း သို႔မဟုတ္ ေပးကမ္းျခင္း မျပဳရ။

လယ္ယာေျမလုပ္ပိုိင္ခြင့္ အျငင္းပြားမွု အရွုပ္အရွင္းျဖစ္လာလၽွင္ ဦးစီးဌာနတြင္ မွတ္ပုံတင္ထားၿပီးမွသာ တရားဝင္ ေျဖရွင္းေဆာင္ရြက္နိုင္ခြင့္ရွိသည္။

လယ္ယာေျမလုပ္ပိုိင္ခြင့္အားလုံးကိုျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းကို ျဖစ္ေစ နိုင္ငံေတာ္အစိုးရ၏ ခြင့္ျပဳခ်က္မရရွိဘဲ မည္သည့္ နိုင္ငံျခားသား သို႔ိမဟုတ္ နိုင္ငံျခားသားပါဝင္သည့္ အဖြဲ႕အစည္းကိုမၽွ ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္း သို႔မဟုတ္ ေပးကမ္းျခင္း မျပဳရ။

Kyi Soe ( IC )

Unicode

ပုံစံ ၇ နှင့် ပုံစံ ၁၀၅ တို့၏ မြေအသုံးပြုပိုင်ခွင့် အကြောင်း

ပုံစံံ ၇ နှင့် ၁၀၅အကြောင်း

ပုံစံ (၁၀၅ ) ဆိုသည်မှာ ကျေးရွာ မြေစာရင်းဦးစီဌာနအပိုင် နယ်နိမိတ်အတွင်းမှာ ရှိတဲ့ မြေတို.ရဲ.အကျယ်အဝန်းနဲ. အမျိုးအစားကို ဖော်ပြပေးတဲ့ ပုံစံစာရွက်သာ ဖြစ်ပါတယ် ။

ပုံစံံ ၁၀၅လက်ထဲရောက်တာနဲကိုယ်လုပ်ချင်တာလုပ်လိုရမယ်လို့မထင်လိုက်ပါနဲ.။

ဆရာရှင့််… ကျွန်မက အကျိုးဆောင်တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ရွာမြေတစ်ကွက်ကို ဝယ်ထားမိသူ တစ်ဦးပါ ။ ပုံစံ (၁၀၅) ရပြီလို. ပြောလို. ဝယ်လိုက်မိပါတယ် ။ သူငယ်ချင်းတွေလည်း ဝယ်ကြပါတယ် ။ အဖော်ကောင်းလို.သာ လိုက်ဝယ်တာပါ။

သိပ်နားမလည်တဲ့ အလုပ်လည်း ဖြစ်နေပြီးတော့ အခုဆို သုံးလကျော်လောက် ရှိပြီး။ ပြန်ရောင်းမယ် ဆိုတော့မှ ပါမစ်မြေ ဖြစ်နေတယ် ဆိုလား မသိဘူး။ အမျိုးမျိုး ပြောကြပါတယ်။ ကျွန်မ ဝယ်ခါနီးတုန်းကတော့ ရွှေ လို.ပြောကြပြီး ကျွန်မ လက်ထဲ ရောက်မှ အမျိုးမျိုး ပြောခံနေရပါတယ် ။

အဆောက်အအုံဆောက်မယ် ဆိုတော့လည်း ဆောက်ခွင့်က လွယ်လွယ် မရနိုင်ဘူးတဲ့ ဆရာ။ ဒီတော့ ပုံစံ (၁၀၅) ဆိုတာက ဘာလဲဆရာ ။ ရှင်းပြပါဦး ၊ ကျွန်မ ဒေါ်ခင်လှတင့်ပါ။

ဒေါ်ခင်လှတင့်ရေ…

ရှင်းရှင်းလေးနဲ. ရှုပ်နေတာကို တစ်သက်စာ မှတ်မိအောင်ကျွန်တော် သိသလောက် ဖြေပေးပါ့မယ်။ ပုံစံ (၁၀၅) ဆိုတာက “ကျေးရွာမြေစာရင်းဌာန” က ထုတ်ပေးတဲ့ ပုံးစံ တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ် ၊ ရွာမြေ ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ် ကျေးရွာမြေစာရင်းဦးစီးဌာနအပိုင် နယ်နိမိတ် အတွင်းမှာ ရှိတဲ့မြေတို.ရဲ. အကျယ်အဝန်းနဲ. အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာ ဖြစ်ပါတယ်။

ဒီပုံစံ (၁၀၅) လက်ထဲ ရောက်တာနဲ. ကိုယ်လုပ်ချင်တာ လုပ်လို. ရမယ်လို. အထင်လိုက်ပါနဲ.။ အခု ပုံစံ (၁၀၅) အရ ဒေါ်ခင်လှတင့် ဝယ်ထားတဲ့မြေက “လယ်ယာမြေ” ဆိုတာသိပြီလေ။ လယ်ယာမြေ ဆိုရင်တော့ “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလတ်မှတ်” ရှိမယ် ဆိုရင် လယ်လုပ်လို. ရမယ်ပေါ့။

အဆောက်အအုံ ဆောက်ဖို.၊ စီးပွားရေးလုပ်ငန်းတစ်ခုခု အခြေတည်ပြီး လုပ်ကိုင်ဖို. ဆိုတာကတော့ ကျွန်တော့်ရဲ. အတွေ.အကြုံအရ ဆိုရင် “သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ” က ခွင့်ပြုမှသာ ရမယ် ဖြစ်ပါတယ်။ အဲဒီလို ခွင့်ပြုလိုက်ပြီဆိုရင် “ဂရန်” ကိုပါ လေ ျှာက်ထားပိုင်ခွင့် ရရှိတော့တာပေါ့။ တစ်ချိန်တုန်းက “လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉ (ယခုအခါ – လ/ယ ၃၀ ဖြစ်သည်) နဲ. လုပ်ပိုင်ခွင့်တွေ တူမယ်လို. ကျွန်တာ် ဝါရင့်ပွဲစားမှန်းပြီး ဖြေလိုက်ပါရစေ။

ဂရန်မြေ နဲ. လယ်ယာမြေ ( ပုံစံ ၇ )

ဒီနေ. လယ်ယာမြေတွေဟာ ဂရန်မြေ သို.မဟုတ် မြေဌားစာချုပ်တို.နဲ. ပုံသဏ္ဌာန် အတော်လေး တူသွားပါပြီး။ စနစ်ကျသွားပြီးလို.ပြောရင် ပိုမှန်ပါတယ်။ ဒီတော့ နည်းနည်းပါးပါးလေး လွဲရင် အများစုတူနေတဲ့ ဂရန်မြေအကြောင်းကို နံပါတ်လေးတွေနဲ. ရေးပြမယ် ။

အဲဒါ ဒီနေ. “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ ၇)” ပါပဲ။

ဂရန်မြေ (မြေဌားစာချုပ်မြေ)

1.မြေ၏ ပင်ရင်းပိုင်ရှင်မှာနိုင်ငံတော်ပင် ဖြစ်ပါသည်။

2. သားစဉ်မြေးဆက် လက်ဝယ်ထားပိုင်ခွင့် ရှိသည်။

3. မိမိမြေပေါ်မှ အကျိုးအမြတ်တို.ကို ခံစားပိုင်ခွင့် ရှိသည်။

4. မိမိဆန္ဒအလျောက် ရောင်းချပိုင်ခွင့် ရှိသည်။

5. ပေါင်နှံပိုင်ခွင့် ရှိပါသည်။

6. ဌားရမ်းပိုင်ခွင့် ရှိပါသည်။

7. လဲလှယ်ပိုင်ခွင့်လည်း ရှိပါသည်။

8. ပေးကမ်းပိုင်ခွင့်လည်း ရှိပါသည်။

9. အမွေဆက်ခံပိုင်ခွင့် ရှိပါသည်။ (စာချုပ် မှတ်ပုံတင်ရပါမည်)

10. အကျိုးတူ ဖက်ဆက်လုပ်ပိုင်ခွင့် ရှိသည်။

11. နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်ညီလ ျှင် နိုင်ငံခြား အဖွဲ.အစည်းနှင့်လည်း ပူးပေါင်း လုပ်ကိုင်နိုင်သည်။

အထက်ပါ ၁၁ ချက်လုံးကို “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်” ရရှိသူတွေက တစ်ထပ်တည်း ခံစားလို.ရပါသည်။

ဒါပေမဲ့ “လယ်ယာမြေ” မှာလည်း ဒီစည်းကမ်းလေးတွေ ရှိပါတယ်။

ဦးစီးဌာနက သတ်မှတ်တဲ့ နှုန်းထားအတိုင်း တံံဆိပ်ခေါင်းခွန်ကပ်ပြီး မြို.နယ်ဦးစီးဌာနရုံးမှာ စာချုပ် ချုပ်တိုင်း မှတ်ပုံတင်ရပါမည်။

အမှတ်စဉ် (5) ပေါင်နှံခြင်းကိစ္စမှာတော့ စိုက်ပျိုးထုတ်လုပ်မှုအရင်းအနှီးအတွက်သာ အစိုးရ အသိအမှတ်ပြုသော ဘဏ်တို.တွင် ပေါင်းနှံရမည် ဖြစ်ပါသည်။

ခွင့်ပြုချက်မရှိဘဲလယ်ယာမြေကိုအခြားနည်းသုံးစွဲ၍မရပါ။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)

မည်သူမဆို လယ်ယာမြေဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း လယ်ယာမြေကိုလုပ်ကိုင်ရမည်။

လယ်ယာမြေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနကစည်းကြပ်သော မြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။

လယ်ယာမြေလုပ်ကိုင်ခွင့်ကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့်ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။

တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။

စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရကအသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံရမည်။

သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တရားဝင်ချထားခြင်းမရှိဘဲ ကျူးကျော်လုပ်ကိုင်ခြင်း မပြုရ။

လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရ။

လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော ရာသီသီးနှံအမျိုးအစားမှ နှစ်ရှည်ပင်အမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်း မပြုရ။

ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်း မပြုရ။

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုဖြစ်ပေါ်နေသော ကာလအတွင်းလယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရားဝင် ဖြေရှင်းဆောင်ရွက်နိုင်ခွင့်ရှိသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့် နိုင်ငံခြားသား သို့ိမဟုတ် နိုင်ငံခြားသားပါဝင်သည့် အဖွဲ့အစည်းကိုမျှ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။

Kyi Soe ( IC )

Be the first to comment

Leave a Reply

Your email address will not be published.


*