နံပါတ် ၁
နံပါတ် ၂
နံပါတ် ၃
နံပါတ် ၎
နံပါတ် ၅
နံပါတ် ၆
Unicode
သွေးဆုံးကာနီးအမျိုးသမီးတွေ မအိုသေးတဲ့လူ အပျိုလေးနဲ့တူ စေဘို့
သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ “ဆေးနည်းလေး” ကို ဗဟုသုတ အနေနဲ့ ဝေမျှပါရစေ ရှင် ။
မီးယပ်သွေးဆုံး အဖြစ်များတဲ့ အရွယ်ဟာ လေးဆယ်ကျော် ငါးဆယ် အတွင်းပါ။ တစ်ချို့ လေးဆယ် မပြည့်ခင် ဆုံးပီး တစ်ချို့က ငါးဆယ်ကျော်မှ ဆုံးတတ်ပါတယ် ။
နံပါတ် ၁
သွေးဆုံးမီးယပ်ဆိုတာဟာ နည်းလိုက် များလိုက် ဖြစ်တယ်၊ ဒီလနည်းတယ်၊ နောက်လများတယ်။ တစ်ချို့က ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လည်းဖြစ်တယ် ။ တစ်ချို့ကျတော့ လလိုက်ကြီး ကျော်သွားတတ်တယ်။ ဒါက လက္ခဏာ တစ်ခုပါ။
နံပါတ် ၂
သွေးဆုံးတော့မဲ့ အမျိုးသမီးဟာ ခွန်အားကျသွားတတ်တယ် ။ အိပ်မပျော်ဘူး ဆိုတာမျိုး ဖြစ်တတ်တယ်။ သွေးဆုံးကာနီး အမျိုးသမီးတစ်ယောက်ကို အကဲခတ်လိုက်ရင် များသောအားဖြင့် စကားတွေ ပိုပြောလာတယ် ။ များများပြောလာတယ် ။ပြောလိုက်တာတွေ ကလည်း အဆီအငေါ် တည့်ချင်တည့် မတည့်ချင်မတည့် ဖြစ်တတ်ပါတယ် ။
နံပါတ် ၃
မှတ်ညဏ်အားကျဆင်းသွားတတ်တယ် ။ အခုလတ်တလောဟာ ကိုမေ့ပြီး ရှေးရှေးတုံးက အကြောင်းတွေပြန်ပေါ်တယ် ။ လမ်းသွားနေရင်း အိမ်မှာ မီးမှ ပိတ်ခဲ့ရဲ့လား? သော့မှ ခတ်ခဲ့ရဲ့လား ? ဇဝေဇဝါ ဖြစ်တတ်တယ် ။
နံပါတ် ၄
အဆစ်အမြစ်တွေ နာပြီး ကိုယ်မှာ စုန်းစုပ်တယ် ဆိုတာမျိုး (ပေါင်တို့ ဗိုက်တို့ မှာ ) ဖြစ်တတ်တယ် ။ တစ်ခုခုနဲ့တိုက်မိလို့ သွေးချည်ဥတာမျိုး အဲ့လို လက္ခဏာ တွေ ပေါ်တတ်တယ် ။
နံပါတ် ၅
သွေးဆုံးကာနီး အအျိုးသမီးတိုင်း နီးပါး ကြောင့်ကြစိတ်တွေ ရှိလာတယ်။ သံသယ စိတ်တွေလည်းပိုလာတယ် ။ ယုံကြည်မူ့ နဲ့ နားလည်မူ့ အားနည်းလာတယ် ။
နံပါတ် ၆
အမြင် အကြား အနံ့ အာရုံခံစားမူ့တွေ လျော့ကျသွားတတ်တယ် ။ ခန္ခာကိုယ် ကလည်း ပူတုံ ချမ်းတုံ ဖြစ်တတ်တယ် ။ ဒီလို လက္ခဏာတွေ လည်းဖြစ်နေပြီဆိုရင် ဆရာဝန် နဲ့ပြပြီး ဆေးသောက်ရင်ကောင်းမလား? တိုင်းရင်းနည်း နဲ့ ပြပြီး ဆေးစားရင်ကောင်းမလား ? ဆိုတာကလည်း စဉ်းစားစရာပါ ။
တိုင်းရင်းဆေး ကို အားထား မယ် ဆိုရင်တော့ သွေးဆုံး လောကမှာ အတော်ထင်ရှားတဲ့ဆေးက”ရှားစောင်းလက်ပါတ်ချက်ဆေး” ပါ ။ အဲ့ဒီ ချက်ဆေး စားတဲ့ လူတွေဟာ သွေးဆုံးအတွက် ကိုကာကွယ်ပီးသားလည်းဖြစ်တယ် ။ ဖြစ်တာကိုလည်း ကုသရာရောက်တယ် ။
ဒီနေရာမှာ လူတိုင်း လုပ်နိုင်တဲ့ ဆေးနည်းလေးကိုလည်း ဝေမျှပေးခြင်ပါတယ် ။ ရှားစောင်းလက်ပါတ် ရယ်(အပြင်ခွံမပါဘဲ အထဲကဂျယ်လီ )၊ ထန်းလျက် ရယ် ဆတူရောရပါတယ်။
ရှားစောင်းလက်ပက် ၅ဝိသားဆို ထျန်းလျက် .၅ဝိသား ဇတူရောပြီး ခွင်ပေါ်မှာတင်ပြီး ကျိုထားပါ။ မန်ကျည်းသီးအမှည့် ၂၀သား ပေါင်းထည်.ပါ။ အားလုံးသမသွားရင် ဆားလှော်လေး စားကောင်းရုံထည်.ပေးပါ။ နှစ်ရှည် လရှည် လိုခြင်ရင် ရေခန်းအောင် စည်းစည်းလေး မပျစ်မကျဲ ကျိုပါ။
အခါး နှင့် အချဉ်အရသာနဲနဲ နှင့် မျှတ အောင်စားပေးပါ။ ဥပမာ ဇီးဖြူသီး၊ ဒိန်ချဉ်၊ မန်ကျီးသီးမှည့် ချဉ်ရည်၊ မယ်ဇလီ၊ ဂွေးတောက် တို့လိုဟာမျိုးလေးတွေ နေ့စဉ် မှန်မှန်စားသုံးပေးခြင်းဖြင့်သွေးဆုံးခါနီး ဖြစ်ပွါးတတ်တဲ့ လက္ခဏာ တွေအတွက် ဆေးနဲ့ အစာညှိလိုက်ရင် ” မအိုသေးတဲ့လူ အပျိုလေးနဲ့ တူ “ဆိုသလို ပဲ ဖြစ်မှာပါလို့ ပြောခြင်ပါတယ်
အမျိုးသမီးစာဖတ်ပရိတ်သတ် များအားလုံး သွေးဆုံးကိုင် ဝေဒနာမှ လွတ်ကင်းကြစေရန်ရည်ရွယ်ရင်း မေတ္တာများဖြင့် ပြန်လည် မျှဝေပါ သည်။
Credit to original uploader
Be the first to comment
Leave a Reply
Your email address will not be published.
*