အိမ္မႈကိစၥေတြကို လုပ္ကူေပးတဲ့ကေလးေတြက အနာဂတ္မွာ ပိုေအာင္ျမင္ႏိုင္

အိမ္မႈကိစၥေတြကို လုပ္ကူေပးတဲ့ကေလးေတြက အနာဂတ္မွာ ပိုေအာင္ျမင္ႏိုင္

အိမ္မႈကိစၥေတြကို လုပ္ကူေပးတဲ့ကေလးေတြက အနာဂတ္မွာ ပိုေအာင္ျမင္ႏိုင္

ေအာင္ျမင္မႈဟာ အရာႏွစ္ခုအေပၚ မူတည္ေနတယ္လို႔ Harvard Grant Studyက ဆိုပါတယ္။ အဲဒီအရာႏွစ္ခုကေတာ့ ခ်စ္ျခင္းေမတၱာနဲ႔ အလုပ္ပဲ ျဖစ္ပါတယ္။ ခ်စ္ျခင္းေမတၱာကိုေတာ့ လူတိုင္းမွာ ေတြ႕ႏိုင္ပါတယ္။ ၿပီးေတာ့ အိမ္မႈကိစၥေတြကို ငယ္စဥ္ကတည္းက လုပ္ကူေပးတဲ့ ကေလးေတြက အသက္ႀကီးလာရင္ ပိုၿပီး ေအာင္ျမင္ႏိုင္ပါတယ္။

အိမ္မႈကိစၥေတြကို လုပ္ကိုင္ကူေပးတဲ့ သူေတြက အေကာင္းျမင္စိတ္ရွိၿပီး တျခားသူေတြကိုလည္း ကူညီတတ္သြားတယ္လို႔ How to Raise an Adult ရဲ႕ စာအုပ္ကို ေရးသားခဲ့သူ စာေရးဆရာ Julie Lythcott-Haims က ေျပာပါတယ္။ အိမ္ကို လုပ္ကူတတ္တဲ့ အက်င့္ေလးက ေက်ာင္းမွာ၊ လုပ္ငန္းခြင္မွာ အဖြဲ႕အစည္းေတြနဲ႔ အလုပ္အတူတူ လုပ္တဲ့အခါမွာ အလြန္အသုံးဝင္ပါတယ္ ။ ဘာလို႔လဲဆိုေတာ့ ငယ္စဥ္ကတည္းက ေခါင္းေဆာင္တတ္တဲ့အေလ့အက်င့္ကို ရရွိခဲ့လို႔ပါ။

ကေလးေတြကို အိမ္အလုပ္ကို လုပ္ကူေစတဲ့အခါ သူတို႔မွာ ကိုယ္ပိုင္စဥ္းစားဖို႔၊ ဆုံးျဖတ္ခ်က္ခ်ဖို႔၊ အစီအစဥ္ခ်ဖို႔၊ မေအာင္ျမင္ရင္ ဆက္ႀကိဳးစားဖို႔ အခြင့္အေရးေတြ ရွိလာပါတယ္။ ေနာက္ထပ္အက်ိဳးရွိတာတစ္ခုကေတာ့ ဘဝရဲ႕တခ်ိဳ႕ကိစၥရပ္ေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္သြားေတာ့တာပါပဲ။

အိမ္မႈကိစၥဆိုတာ ေန႔စဥ္အလုပ္ျဖစ္ၿပီး ေရွာင္လႊဲလို႔မရတဲ့ အလုပ္လည္း ျဖစ္ပါတယ္။ ကိုယ့္အားကိုယ္ကိုးတတ္လာတဲ့အခါ ကေလးေတြမွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈလည္း ရွိလာပါတယ္။ေတာ္႐ုံတန္႐ုံကိစၥေတြဆိုလည္း စိတ္ဓါတ္မက်တတ္ေတာ့ပါဘူး။ ၿပီးေတာ့ ကေလးေတြရဲ႕စိတ္ထဲမွာ ဘယ္အရာကမွ လြယ္လြယ္ကူကူနဲ႔ မရဘူးဆိုတာ သေဘာေပါက္သြားေစပါတယ္။

ကေလးေတြကို ပန္းကန္ေဆးခိုင္းတာ၊ အမႈိက္ပစ္ခိုင္းတာ၊ အဝတ္သိမ္းခိုင္းတာေတြကို တျဖည္းျဖည္းေလ့က်င့္ေပးတဲ့အခါ တစ္ကိုယ္ရည္စာအတြက္ တာဝန္ယူတတ္လာပါတယ္။ ကေလးေတြကို အိမ္အလုပ္မလုပ္ကူခိုင္းတဲ့အခါ ေက်ာင္းမွာ၊ အလုပ္မွာ အမ်ားနဲ႔လိုက္ေလ်ာညီေထြ မေနတတ္ေတာ့တာ၊ သီးသန႔္ေနထိုင္တတ္တာေတြ ျဖစ္လာႏိုင္ပါတယ္။

ကေလးေတြက အိမ္အလုပ္ေတြကို လုပ္ကူေပးတဲ့အခါ သူတို႔ကို ခ်ီးက်ဳးေပးဖို႔လည္း လိုပါတယ္ ။ ၿပီးေတာ့ သူတို႔လုပ္ရမယ့္အလုပ္ေတြကို အခ်ိန္ဇယားေတြ ဆြဲေပးလိုက္တဲ့အခါ အခ်ိန္ကိုလည္း စီမံခန႔္ခြဲသြားတတ္ပါတယ္။ အဲဒါေၾကာင့္ ကေလးေတြကို အိမ္မႈကိစၥလုပ္ကူေပးဖို႔ အခြင့္အေရးေပးသင့္ပါတယ္။

Credit # Love Media

Unicode

အိမ်မှုကိစ္စတွေကို လုပ်ကူပေးတဲ့ကလေးတွေက အနာဂတ်မှာ ပိုအောင်မြင်နိုင်

အောင်မြင်မှုဟာ အရာနှစ်ခုအပေါ် မူတည်နေတယ်လို့ Harvard Grant Studyက ဆိုပါတယ်။ အဲဒီအရာနှစ်ခုကတော့ ချစ်ခြင်းမေတ္တာနဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကိုတော့ လူတိုင်းမှာ တွေ့နိုင်ပါတယ်။ ပြီးတော့ အိမ်မှုကိစ္စတွေကို ငယ်စဉ်ကတည်းက လုပ်ကူပေးတဲ့ ကလေးတွေက အသက်ကြီးလာရင် ပိုပြီး အောင်မြင်နိုင်ပါတယ်။

အိမ်မှုကိစ္စတွေကို လုပ်ကိုင်ကူပေးတဲ့ သူတွေက အကောင်းမြင်စိတ်ရှိပြီး တခြားသူတွေကိုလည်း ကူညီတတ်သွားတယ်လို့ How to Raise an Adult ရဲ့ စာအုပ်ကို ရေးသားခဲ့သူ စာရေးဆရာ Julie Lythcott-Haims က ပြောပါတယ်။ အိမ်ကို လုပ်ကူတတ်တဲ့ အကျင့်လေးက ကျောင်းမှာ၊ လုပ်ငန်းခွင်မှာ အဖွဲ့အစည်းတွေနဲ့ အလုပ်အတူတူ လုပ်တဲ့အခါမှာ အလွန်အသုံးဝင်ပါတယ် ။ ဘာလို့လဲဆိုတော့ ငယ်စဉ်ကတည်းက ခေါင်းဆောင်တတ်တဲ့အလေ့အကျင့်ကို ရရှိခဲ့လို့ပါ။

ကလေးတွေကို အိမ်အလုပ်ကို လုပ်ကူစေတဲ့အခါ သူတို့မှာ ကိုယ်ပိုင်စဉ်းစားဖို့၊ ဆုံးဖြတ်ချက်ချဖို့၊ အစီအစဉ်ချဖို့၊ မအောင်မြင်ရင် ဆက်ကြိုးစားဖို့ အခွင့်အရေးတွေ ရှိလာပါတယ်။ နောက်ထပ်အကျိုးရှိတာတစ်ခုကတော့ ဘဝရဲ့တချို့ကိစ္စရပ်တွေကိုလည်း ထိန်းချုပ်နိုင်သွားတော့တာပါပဲ။

အိမ်မှုကိစ္စဆိုတာ နေ့စဉ်အလုပ်ဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်လာတဲ့အခါ ကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိလာပါတယ်။တော်ရုံတန်ရုံကိစ္စတွေဆိုလည်း စိတ်ဓါတ်မကျတတ်တော့ပါဘူး။ ပြီးတော့ ကလေးတွေရဲ့စိတ်ထဲမှာ ဘယ်အရာကမှ လွယ်လွယ်ကူကူနဲ့ မရဘူးဆိုတာ သဘောပေါက်သွားစေပါတယ်။

ကလေးတွေကို ပန်းကန်ဆေးခိုင်းတာ၊ အမှိုက်ပစ်ခိုင်းတာ၊ အဝတ်သိမ်းခိုင်းတာတွေကို တဖြည်းဖြည်းလေ့ကျင့်ပေးတဲ့အခါ တစ်ကိုယ်ရည်စာအတွက် တာဝန်ယူတတ်လာပါတယ်။ ကလေးတွေကို အိမ်အလုပ်မလုပ်ကူခိုင်းတဲ့အခါ ကျောင်းမှာ၊ အလုပ်မှာ အများနဲ့လိုက်လျောညီထွေ မနေတတ်တော့တာ၊ သီးသန့်နေထိုင်တတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ကလေးတွေက အိမ်အလုပ်တွေကို လုပ်ကူပေးတဲ့အခါ သူတို့ကို ချီးကျုးပေးဖို့လည်း လိုပါတယ် ။ ပြီးတော့ သူတို့လုပ်ရမယ့်အလုပ်တွေကို အချိန်ဇယားတွေ ဆွဲပေးလိုက်တဲ့အခါ အချိန်ကိုလည်း စီမံခန့်ခွဲသွားတတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို အိမ်မှုကိစ္စလုပ်ကူပေးဖို့ အခွင့်အရေးပေးသင့်ပါတယ်။

Credit # Love Media

Be the first to comment

Leave a Reply

Your email address will not be published.


*