မုန္း၍ လည္း က်ိန္စာ မတိုက္ နဲ႔ ခ်စ္ခင္ ၍ လည္း ေနာက္ ဘဝျပန္ေတြ႕ပါရေစ ဆု မေတာင္း ပါနဲ႔!

မုန္း၍ လည္း က်ိန္စာ မတိုက္ နဲ႔ ခ်စ္ခင္ ၍ လည္း ေနာက္ ဘဝျပန္ေတြ႕ပါရေစ ဆု မေတာင္း ပါနဲ႔!

မုန္း၍ လည္း က်ိန္စာ မတိုက္ နဲ႔ ခ်စ္ခင္ ၍ လည္း ေနာက္ ဘဝျပန္ေတြ႕ပါရေစ ဆု မေတာင္း ပါနဲ႔!

ဘယ္ေ သာအခါမွ မုန္း၍လည္း က်ိန္စာမတိုက္ပါႏွင့္ ခ်စ္ခင္၍လည္း ေနာက္ဘဝျပန္ေတြ႕ပါရေစ ဆုမေတာင္းၾကပါနဲ႔ ကံ ကံ၏အက်ိဳးရယ္ သံသရာဆိုတာကိုရယ္

ယုံၾကည္သက္ဝင္ၾကပါေစ။ ကံမွန္ပါက အက်ိဳးေပးသန္၏ ျပဳသူအသစ္ ျဖစ္သူအေဟာင္းပါ။ ကံ ကံ၏ အက်ိဳးေပးေတြပါ။ပဋာစာရီ လင္ကို ေႁမြကိုက္၊သားႀကီး ေရနစ္၊သားငယ္ စြန္ခ်ီ၊မိဘႏွစ္ပါးႏွင့္ အကိုႀကီး ေလျပင္း မုန္တိုင္းေၾကာင့္ဆုံးရႈံး အဝတ္အစားမဲ့ေအာင္႐ူးခဲ့ရတယ္။

ျမတ္ဗုဒၶ ႏွင့္ေတြ႕ေတာ့ ခ်စ္သမီး ဒီပြဲဟာ ငိုရမယ့္ ပြဲ မဟုတ္ဘူး လက္ခုပ္လက္ဝါး တီးၿပီး ရယ္ေမာ ရမယ့္ ပြဲ တဲ့ ဘာလို႔လည္း ဆိုေတာ့.. အတိတ္ဘဝ တစ္ခုတုန္းက ခုေသဆုံးသြားၾကတဲ့ ေဆြမ်ိဳးရင္းခ်ာ ၆ ဦးဟာ ခ်စ္သမီးရဲ႕အိမ္ကို ဓားျပတိုက္ မီးရႈိ႕ လူသက္ လုပ္ၾကေတာ့ ခ်စ္သမီးကပဲ စိတ္ဆိုး လြန္းလို႔ ဒင္းတို႔ ၆ ဦးလုံး ငါ့ မ်က္ေစ့ေရွ႕မွာ အေသဆိုးနဲ႔ ေသတာကို တပ္အပ္ျမင္ရပါေစသားလို႔ ဆုေတာင္းခဲ့ဖူးသတဲ့။

ခု အဲ့ဒိဆုေတာင္း ျပည့္ၿပီေလတဲ့.. ျပဳသူအသစ္ ျဖစ္သူအေဟာင္း ကံမွန္ရင္ အက်ိဳးေပးသန္လြန္းပါတယ္။ သံသရာဟာ ဉာဏ္နဲ႔မျဖတ္ရင္ မျပတ္ပါဘူး။ ပဋာစာရီ ႐ူးသြပ္ေနခ်ိန္ ျမတ္ဗုဒၶႏွင့္ ဘာ့ေၾကာင့္ ႀကဳံဆုံခြင့္ရခဲ့ပါသလဲ? အတိတ္က တစ္ႀကိမ္တစ္ခါ ဝိပႆနာတရား အားထုတ္ခဲ့ဖူးလို႔ပါပဲ။

အဲ့ဒါေၾကာင့္ ဓမၼမိတ္ေဆြတို႔ က်ဳပ္တို႔ေတြ ဟာ ပဋာစာရီ ေလာက္လည္း အေျခေန မဆိုးခဲ့ၾကပါဘူး။ ကံေကာင္းသူမ်ား တရားနာယူခြင့္ ရၾကသည္။ ကံ အလြန္ ေကာင္းသူမ်ား တရား အားထုတ္ခြင့္ ရၾကသည္။ ကံဆိုးသူမ်ား တရားကို ေရွာင္ၾကသည္။

ဓမၼမိတ္ေဆြမ်ား ကံ ေကာင္းသူလား ?? ကံ ဆိုးသူလား ?? သေဗၺ သတၱာ ကမၼသကာ သေဗၺ သခၤါရ အနိစၥ ပါ တကား။

(သစၥာေ႐ႊစည္ ဆရာေတာ္ဦးဥတၱမ၏တရားေတာ္မ်ားေပ့ခ်္မွ)

Unicode

မုန်း၍ လည်း ကျိန်စာ မတိုက် နဲ့ ချစ်ခင် ၍ လည်း နောက် ဘဝပြန်တွေ့ပါရစေ ဆု မတောင်း ပါနဲ့!

ဘယ်ေ သာအခါမှ မုန်း၍လည်း ကျိန်စာမတိုက်ပါနှင့် ချစ်ခင်၍လည်း နောက်ဘဝပြန်တွေ့ပါရစေ ဆုမတောင်းကြပါနဲ့ ကံ ကံ၏အကျိုးရယ် သံသရာဆိုတာကိုရယ်

ယုံကြည်သက်ဝင်ကြပါစေ။ ကံမှန်ပါက အကျိုးပေးသန်၏ ပြုသူအသစ် ဖြစ်သူအဟောင်းပါ။ ကံ ကံ၏ အကျိုးပေးတွေပါ။ပဋာစာရီ လင်ကို မြွေကိုက်၊သားကြီး ရေနစ်၊သားငယ် စွန်ချီ၊မိဘနှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့်ဆုံးရှုံး အဝတ်အစားမဲ့အောင်ရူးခဲ့ရတယ်။

မြတ်ဗုဒ္ဓ နှင့်တွေ့တော့ ချစ်သမီး ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး လက်ခုပ်လက်ဝါး တီးပြီး ရယ်မော ရမယ့် ပွဲ တဲ့ ဘာလို့လည်း ဆိုတော့.. အတိတ်ဘဝ တစ်ခုတုန်းက ခုသေဆုံးသွားကြတဲ့ ဆွေမျိုးရင်းချာ ၆ ဦးဟာ ချစ်သမီးရဲ့အိမ်ကို ဓားပြတိုက် မီးရှို့ လူသက် လုပ်ကြတော့ ချစ်သမီးကပဲ စိတ်ဆိုး လွန်းလို့ ဒင်းတို့ ၆ ဦးလုံး ငါ့ မျက်စေ့ရှေ့မှာ အသေဆိုးနဲ့ သေတာကို တပ်အပ်မြင်ရပါစေသားလို့ ဆုတောင်းခဲ့ဖူးသတဲ့။

ခု အဲ့ဒိဆုတောင်း ပြည့်ပြီလေတဲ့.. ပြုသူအသစ် ဖြစ်သူအဟောင်း ကံမှန်ရင် အကျိုးပေးသန်လွန်းပါတယ်။ သံသရာဟာ ဉာဏ်နဲ့မဖြတ်ရင် မပြတ်ပါဘူး။ ပဋာစာရီ ရူးသွပ်နေချိန် မြတ်ဗုဒ္ဓနှင့် ဘာ့ကြောင့် ကြုံဆုံခွင့်ရခဲ့ပါသလဲ? အတိတ်က တစ်ကြိမ်တစ်ခါ ဝိပဿနာတရား အားထုတ်ခဲ့ဖူးလို့ပါပဲ။

အဲ့ဒါကြောင့် ဓမ္မမိတ်ဆွေတို့ ကျုပ်တို့တွေ ဟာ ပဋာစာရီ လောက်လည်း အခြေနေ မဆိုးခဲ့ကြပါဘူး။ ကံကောင်းသူများ တရားနာယူခွင့် ရကြသည်။ ကံ အလွန် ကောင်းသူများ တရား အားထုတ်ခွင့် ရကြသည်။ ကံဆိုးသူများ တရားကို ရှောင်ကြသည်။

ဓမ္မမိတ်ဆွေများ ကံ ကောင်းသူလား ?? ကံ ဆိုးသူလား ?? သဗ္ဗေ သတ္တာ ကမ္မသကာ သဗ္ဗေ သင်္ခါရ အနိစ္စ ပါ တကား။(သစ္စာရွှေစည် ဆရာတော်ဦးဥတ္တမ၏တရားတော်များပေ့ချ်မှ)

Be the first to comment

Leave a Reply

Your email address will not be published.


*