အသက္ရွည္ေအာင္ ေယာက္်ားေတြကိုေရွာင္ဆုိတဲ့အသက္ရာေက်ာ္ဖြားဖြား

အသက္ရွည္ေအာင္ ေယာက္်ားေတြကိုေရွာင္ဆုိတဲ့ အသက္ရာေက်ာ္ဖြားဖြား

အသက္ရွည္ေအာင္ ေယာက္်ားေတြကိုေရွာင္ဆုိတဲ့ အသက္ရာေက်ာ္ဖြားဖြား

အသက္ရွည္ဖို႔အတြက္ ဘာလုပ္ရမလဲ မသိတဲ့သူေတြအတြက္ေတာ့ အသက္တစ္ရာေက်ာ္ရွည္တဲ့ သူေတြရဲ႕ အၾကံအစည္ကို ေတာင္းတာဟာ မွန္ကန္တဲ့ နည္းျဖစ္မွာပါ။ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ၾကားခဲ့ရတဲ့ လွ်ဳိ႕ဝွက္နည္းေတြကလည္း မနည္းလွပါဘူး။ ဒါေပမယ့္ အခုတစ္ခါေတာ့ ဘယ္သူမွေတြးမထားတဲ့ လွ်ဳိ႕ဝွက္ခ်က္ကို ေျပာတဲ့ ဖြားသက္ရွည္တစ္ေယာက္ ေပၚလာခဲ့ပါၿပီ။

ဒီဇာတ္လမ္းဟာ ၂၀၁၅ ခုႏွစ္က အေမရိကန္တစ္ဝန္းမွ အသက္တစ္ရာေက်ာ္သူေတြ အားလုံးကို Holiday Retirement မွ သူတုိ႔ရဲ႕အသက္ရွည္မႈအတြက္ အခ်က္အလက္ေကာက္ခံခဲ့တာကေန စတင္ခဲ့ပါတယ္။ သူတုိ႔ရဲ႕ ေကာက္ခံခ်က္မွာ ျပည့္ျပည့္စုံစုံပါဝင္ခဲ့ၿပီး ဘယ္လိုအသက္ရွည္ရွည္ေနရမလဲ ဆုိတဲ့ နည္းနာနိႆယေတြ ရရွိခဲ့တယ္။

အခ်ဳိ႕က မိသားစုက အေရးႀကီးတယ္လို႔ ေျဖၾကသလုိ တစ္ခ်ဳိ႕ကေတာ့ ကိုယ့္ဘဝကိုယ္ စိတ္ေက်နပ္စြာ ေနထိုင္ႏုိင္ျခင္းက အသက္ရာေက်ာ္ဖုိ႔ အဓိကပဲလုိ႔ဆုိၾကတယ္။ဒါေပမယ့္ အံ့ၾသစရာ အေျဖေတြထဲက တစ္ခုကေတာ့ အသက္ ၁၀၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်က္ဆီဂယ္လန္ အမည္ရ အဖြားအုိဆီကလာပါတယ္။

၁၉၀၆ ခုႏွစ္မွာေမြးဖြားခဲ့တဲ့ ဂ်က္ဆီဟာ စေကာ့တလန္က မိသားစုလယ္ေတာေလးမွာ ႀကီးပ်င္းခဲ့တာပါ။ သူမရဲ႕ မိဘေတြနဲ႔ ေမာင္ႏွမေျခာက္ေယာက္တုိ႔အတူ ေနထိုင္လာခဲ့တယ္။ သူမ ဘဝက ရုိးရွင္းၿပီး ေတာနယ္မွာပဲ လြတ္လပ္စြာ ႀကီးပ်င္းလာခဲ့တယ္။

သူမဟာ ေက်ာင္းခဏတက္လိုက္ေသးေပမယ့္ လယ္ေတာတစ္ခုက မီးဖိုေခ်ာင္မွာ အလုပ္ရသြားခဲ့တယ္။ ပထမဆုံး အလုပ္ရဲ႕ေနာက္မွာေတာ့ ဂယ္လန္ဟာ ၿမိဳ႕ႀကီးမွာ အိမ္ေဖာ္အျဖစ္လည္း လုပ္ကိုင္လုိက္ပါေသးတယ္။ သူေဌးသူၾကြယ္ေတြအတြက္ အိမ္ေဖာ္လုပ္ခဲ့ၿပီးေနာက္ အိမ္မႈကိစၥဝန္ေဆာင္မႈ လုပ္ငန္းထဲသို႔ ေရာက္လာခဲ့တယ္။

၂၀၁၅ ခုႏွစ္ မတ္လမွာ ဂယ္လန္ ေသဆုံးသြားခဲ့ေပမယ့္ သူမရဲ႕အသက္ရွည္ျခင္းအတြက္ လွ်ဳိ႕ဝွက္ခ်က္ကိုေတာ့ ေျပာခ်င္လြန္းလို႔ တုိ႔လို သိခ်င္သူေတြအတြက္ခ်န္ထားခဲ့ပါတယ္။ “ကၽြန္မရဲ႕ အသက္ရွည္ရွည္ေနျခင္း လွ်ဳိ႕ဝွက္ခ်က္ကေတာ့ ေယာက္်ားေတြနဲ႔ ေဝးေဝးေနတာပဲ” လို႔ ဂယ္လန္ကဆုိပါတယ္။

“သူတုိ႔က (အတူေနဖို႔) ထုိက္တန္တာထက္ ပိုၿပီး ဒုကၡေပးတယ္”။ သူမရဲ႕ က်န္းမာေရးအတြက္ ေနာက္ထပ္ လွ်ဳိ႕ဝွက္ခ်က္တစ္ခုကေတာ့ သူမကိုယ္တုိင္ ခ်က္ျပဳတ္တဲ့ ဆန္ျပဳတ္ပဲျဖစ္ၿပီး သူမတစ္သက္လုံး ဒါကို စြဲျမဲစားေသာက္ခဲ့တယ္လို႔ ဆုိပါတယ္။

ဂယ္လန္ဟာ လူေတြအၾကားမွာ ျငင္းခုန္ခ်င္စရာ သီအုိရီတစ္ခုကို ခ်န္ထားခဲ့တာပါပဲ။ သူေျပာတဲ့ စကားမွန္မွန္ဆုိတာ အတိအက် သက္ေသျပဖုိ႔ မျဖစ္ႏုိင္ေသးသလို၊ အသက္ရာေက်ာ္ရွည္တဲ့ သူေတြထဲမွာ အိမ္ေထာင္က်ဖူးတဲ့လူေတြလည္း ပါတာပါပဲ။ ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြေရာ ဖြားဖြားဂယ္လန္ရဲ႕ စကားကို နားေထာင္ဖုိ႔ အသင့္ပဲလား။

Unicode

အသက်ရှည်အောင် ယောက်ျားတွေကိုရှောင်ဆိုတဲ့ အသက်ရာကျော်ဖွားဖွား

အသက်ရှည်ဖို့အတွက် ဘာလုပ်ရမလဲ မသိတဲ့သူတွေအတွက်တော့ အသက်တစ်ရာကျော်ရှည်တဲ့ သူတွေရဲ့ အကြံအစည်ကို တောင်းတာဟာ မှန်ကန်တဲ့ နည်းဖြစ်မှာပါ။ နှစ်ပေါင်းများစွာကြာအောင် ကြားခဲ့ရတဲ့ လျှို့ဝှက်နည်းတွေကလည်း မနည်းလှပါဘူး။ ဒါပေမယ့် အခုတစ်ခါတော့ ဘယ်သူမှတွေးမထားတဲ့ လျှို့ဝှက်ချက်ကို ပြောတဲ့ ဖွားသက်ရှည်တစ်ယောက် ပေါ်လာခဲ့ပါပြီ။

ဒီဇာတ်လမ်းဟာ ၂၀၁၅ ခုနှစ်က အမေရိကန်တစ်ဝန်းမှ အသက်တစ်ရာကျော်သူတွေ အားလုံးကို Holiday Retirement မှ သူတို့ရဲ့အသက်ရှည်မှုအတွက် အချက်အလက်ကောက်ခံခဲ့တာကနေ စတင်ခဲ့ပါတယ်။ သူတို့ရဲ့ ကောက်ခံချက်မှာ ပြည့်ပြည့်စုံစုံပါဝင်ခဲ့ပြီး ဘယ်လိုအသက်ရှည်ရှည်နေရမလဲ ဆိုတဲ့ နည်းနာနိဿယတွေ ရရှိခဲ့တယ်။

အချို့က မိသားစုက အရေးကြီးတယ်လို့ ဖြေကြသလို တစ်ချို့ကတော့ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်စွာ နေထိုင်နိုင်ခြင်းက အသက်ရာကျော်ဖို့ အဓိကပဲလို့ဆိုကြတယ်။ဒါပေမယ့် အံ့သြစရာ အဖြေတွေထဲက တစ်ခုကတော့ အသက် ၁၀၉ နှစ်ရှိပြီဖြစ်တဲ့ ဂျက်ဆီဂယ်လန် အမည်ရ အဖွားအိုဆီကလာပါတယ်။

၁၉၀၆ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ဂျက်ဆီဟာ စကော့တလန်က မိသားစုလယ်တောလေးမှာ ကြီးပျင်းခဲ့တာပါ။ သူမရဲ့ မိဘတွေနဲ့ မောင်နှမခြောက်ယောက်တို့အတူ နေထိုင်လာခဲ့တယ်။ သူမ ဘဝက ရိုးရှင်းပြီး တောနယ်မှာပဲ လွတ်လပ်စွာ ကြီးပျင်းလာခဲ့တယ်။

သူမဟာ ကျောင်းခဏတက်လိုက်သေးပေမယ့် လယ်တောတစ်ခုက မီးဖိုချောင်မှာ အလုပ်ရသွားခဲ့တယ်။ ပထမဆုံး အလုပ်ရဲ့နောက်မှာတော့ ဂယ်လန်ဟာ မြို့ကြီးမှာ အိမ်ဖော်အဖြစ်လည်း လုပ်ကိုင်လိုက်ပါသေးတယ်။ သူဌေးသူကြွယ်တွေအတွက် အိမ်ဖော်လုပ်ခဲ့ပြီးနောက် အိမ်မှုကိစ္စဝန်ဆောင်မှု လုပ်ငန်းထဲသို့ ရောက်လာခဲ့တယ်။

၂၀၁၅ ခုနှစ် မတ်လမှာ ဂယ်လန် သေဆုံးသွားခဲ့ပေမယ့် သူမရဲ့အသက်ရှည်ခြင်းအတွက် လျှို့ဝှက်ချက်ကိုတော့ ပြောချင်လွန်းလို့ တို့လို သိချင်သူတွေအတွက်ချန်ထားခဲ့ပါတယ်။ “ကျွန်မရဲ့ အသက်ရှည်ရှည်နေခြင်း လျှို့ဝှက်ချက်ကတော့ ယောက်ျားတွေနဲ့ ဝေးဝေးနေတာပဲ” လို့ ဂယ်လန်ကဆိုပါတယ်။

“သူတို့က (အတူနေဖို့) ထိုက်တန်တာထက် ပိုပြီး ဒုက္ခပေးတယ်”။ သူမရဲ့ ကျန်းမာရေးအတွက် နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကတော့ သူမကိုယ်တိုင် ချက်ပြုတ်တဲ့ ဆန်ပြုတ်ပဲဖြစ်ပြီး သူမတစ်သက်လုံး ဒါကို စွဲမြဲစားသောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဂယ်လန်ဟာ လူတွေအကြားမှာ ငြင်းခုန်ချင်စရာ သီအိုရီတစ်ခုကို ချန်ထားခဲ့တာပါပဲ။ သူပြောတဲ့ စကားမှန်မှန်ဆိုတာ အတိအကျ သက်သေပြဖို့ မဖြစ်နိုင်သေးသလို၊ အသက်ရာကျော်ရှည်တဲ့ သူတွေထဲမှာ အိမ်ထောင်ကျဖူးတဲ့လူတွေလည်း ပါတာပါပဲ။ ပြောချင်လွန်းလို့ ပရိသတ်တွေရော ဖွားဖွားဂယ်လန်ရဲ့ စကားကို နားထောင်ဖို့ အသင့်ပဲလား။

Be the first to comment

Leave a Reply

Your email address will not be published.


*