ျမန္မာ အမ်ားစုဟာ ဒီလိုပါ…

ျမန္မာ အမ်ားစုဟာ ဒီလိုပါ…

ျမန္မာ အမ်ားစုဟာ ဒီလိုပါ…

ျမန္မာအမ်ားစု
=========

၁။ တကယ္ လိုအပ္ေသာ ေနရတြင္ မလွဴဘဲ နာမည္ႀကီးမည္႕ ေနရတြင္သာ စုၿပံဳလွဴၾကျခင္း။ ဥပမာအားျဖင့္ စာသင္တုိက္တစ္တိုက္မွာ

ကုဋီ (အိမ္သာ) လိုေနတယ္။ ဒါေပမယ့္ လွဴမယ့္သူ မရိွဘူး။ ဘာက်ေတာ့ လွဴသလဲ ဆုိေတာ့ ဘုရားခန္းထဲမွာ ရုပ္ပြါးေတာ္တစ္ဆူ

ရိွၿပီးျဖစ္လ်က္နဲ႕ ေနာက္ထပ္ ရွစ္ဆူေလာက္ ထပ္လွဴေတာ့ ဘုရားကိုးဆူဟာ က်ပ္က်ပ္တည္းတည္း စံေနေတာ္မူၾကရတယ္။

ဗုဒၶဘာသာအမ်ားစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည္ခံခ်င္ၾကတာ။ အိမ္သာဒကာ၊ အိမ္သာအမ အမည္မခံခ်င္ၾကဘူး။

လွဴတယ္ဆိုတာ ကိုယ့္အတြက္ မဟုတ္ပါဘူး။ အလွဴခံအတြက္ပါ။ ဒါေၾကာင့္ အလွဴခံ လိုအပ္တာကို ေရြးခ်ယ္ၿပီး လွဴသင့္တယ္။

ကုိယ္လွဴခ်င္တာကို ရမ္းၿပီး မလွဴသင့္ဘူး။

၂။ ျမတ္စြာဘုရားက အဂၤုတၱိရ္ပါဠိေတာ္ ဇဏုေသာဏိသုတ္မွာ သမၼဒါေလးပါးနဲ႕ ျပည္႕စံုရင္ ႀကီးပြါးခ်မ္းသာမယ္လို႕ ေဟာခဲ့တယ္။

ဗုဒၶဘာသာအမ်ားစုဟာ တစ္ပါးမွ မျပည္႕စံုဘူး။

၃။ ဘာသာေရးအေပၚမွာ ထားတဲ့ ေမတၱာ ေစတနာမ်ိဳးကို စီးပြါးေရးအေပၚမွာ မထားၾကလို႕လည္း ျမန္မာအမ်ားစုဟာ

ႀကီးပြါးသင့္သေလာက္ မႀကီးပြါးၾကဘူး။

၄။ ပ်င္းရိျခင္း အကုသိုလ္ကို ေရာင့္ရဲဲျခင္းကုသုိလ္လို႕ အထင္မွား က်င့္သံုးေနတဲ့အတြက္လည္း ျမန္မာေတြဟာ ႀကီးပြါးသင့္သေလာက္ မႀကီးပြါးၾကဘူး။

၅။ အတၱသမာပဏီဓိ မဂၤလာခ်ိဳ႕တဲ့လို႕ တစ္နည္းအားျဖင့္ မိမိကုိယ္မိမိ ေကာင္းတဲ့အလုပ္မွာ ေဆာက္တည္ေနႏိုင္စြမ္း မရိွလို႕လည္း

ျမန္မာအမ်ားစုဟာ ႀကီးပြါးသင့္သေလာက္ မႀကီးပြါးၾကဘူး။

၆။ အခ်ိန္တန္ဖိုးကို မသိၾကတဲ့အတြက္လည္း ႀကီးပြါးသင့္သေလာက္ မႀကီးပြါးၾကဘူး။ အခ်ိန္တန္ဖိုး သိတဲ့သူမ်ားဟာ ဥစၥာစည္းစိမ္ကို

ရျခင္း၊ ကုသိုလ္တရားကို ရျခင္း၊ ပညာဗဟုသုတကို ရျခင္း အမ်ိိဳးမ်ိဳးနဲ႕ အခ်ိန္ကုိ တန္ဖိုးရိွစြာ အသံုးခ်တယ္။ အခ်ိန္တန္ဖိုး

မသိတဲ့သူမ်ားကေတာ့ ျမဴးထူးေပ်ာ္ပါးကစားျခင္း၊ ျငင္းခံုခိုက္ရန္ စကားမ်ားျခင္း အခ်ိန္ကို တန္ဖိုးမဲ့စြာ အသံုးခ်တယ္။

၇။ ကိုယ့္ထက္သာလွ်င္ မနာလိုျဖစ္ၿပီး သူတစ္ပါးအက်ိဳး ပ်က္စီးေအာင္ ဖ်က္ဆီးတတ္ၾကတယ္။ ဒီအခ်က္ဟာလည္း ျမန္မာအမ်ားစု

မႀကီးပြါးျခင္းရဲ႕ အေၾကာင္းတစ္ခုပဲ။ ကိုယ့္ထက္သာလို႕ ဝမ္းသာရင္ မုဒိတာလို႕ ေခၚတဲ့ ကုသုိလ္တရားျဖစ္တယ္။ ကိုယ့္ထက္သာလို႕

မနာလိုျဖစ္ရင္ ဣႆာဆိုတဲ့ အကုသိုလ္တရား ျဖစ္တယ္။

ပညာရိွ ပညာမဲ့ဆိုတာ ဒီေနရာမွာ ကြဲသြားတာပဲ။ ပညာရိွက ကုိယ့္ထက္သာတဲ့ လူကိုေတြ႕ရင္ ဝမ္းေျမာက္ျခင္းဆိုတဲ့

မုဒိတာကုသိုလ္ကို အရယူတယ္။ ပညာမဲ့က ကုိယ့္ထက္သာတဲံသူကို ေတြ႕ရင္ ဣႆာလို႕ေခၚတဲ့ အကုသိုလ္ကို အရယူတယ္။

ေဒါက္တာဘြဲ႕ႀကီး ရထားပါေစ၊ မနာလိုတတ္တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန္းပညာမွ မတတ္ရင္ ေနပါေစ၊ ကိုယ့္ထက္သာတဲ့

သူအေပၚမွာ ဝမ္းေျမာက္ရင္ ပညာရိွပဲ။

ဣႆာျဖစ္ေနသလား၊ မုဒိတာျဖစ္ေနသလား ဆိုတာ သူ႕ရဲ႕ႏွဳတ္က ထုတ္ေဖာ္ အစီရင္ခံပါလိမ့္မယ္။ ေတာ္တာကို ေတာ္ပါတယ္လို႕

လိွဳက္လွိဳက္လွဲလွဲ ခ်ီးမြမ္းစကားေျပာရင္ သူ႕သႏာၱန္မွာ မုဒိတာတရား ျဖစ္ေနတယ္လို႕ သိႏိုင္တယ္။ မခ်ီးမြမ္းဘဲ ႏွဳတ္ဆိတ္ေနျခင္း၊

မေျပာပေလာက္တဲ့ အားနည္းခ်က္ကို ေထာက္ျပၿပီး အျပစ္ေျပာေနျခင္းဟာ သူ႕သႏာၱန္မွာ ဣႆာျဖစ္တယ္လို႕ ျပတာပါပဲ။

ပညာမဲ့က သူ႕သႏာၱန္မွာ ဣႆာတရားျဖစ္ေနတယ္ ဆုိတာကို သူတစ္ပါးရဲ႕ အျပစ္ကို အတံုးလိုက္ အတစ္လိုက္ျပၿပီး ထင္ထင္ရွားရွား

ျပတယ္။ ပညာတတ္ေတြက်ေတာ့ သူတုိ႕သႏာၱန္မွာ ျဖစ္ေနတဲ့ ဣႆာကို ထင္ထင္ရွားရွား မျပဘူး။ မသိမသာဘဲ ျပတယ္။

ပညာတတ္က သူတို႕သႏာၱန္မွာ ဣႆာျဖစ္ေနတာကို သူတစ္ပါး သိသြားမွာကိုလည္း စိုးရိမ္တယ္။ အဲဒီေတာ့ ပညာတတ္က

ေအာင္ျမင္ေနတဲ့ လူတစ္ေယာက္ရဲ႕ မေျပာပေလာက္တဲ့ အျပစ္ကေလးကို ခပ္ပါးပါး ေထာက္ျပၿပီး အမွတ္ယူတတ္တယ္။ အေပၚယံ

ၾကည္႕ရင္ေတာ့ ေအာင္ျမင္ေနတဲ့ လူေရာ၊ သူ႕ေနာက္လိုက္တပည္႕ေတြကိုပါ မွားမွာစိုးလို႕ သတိေပးတဲ့ ပံုစံမ်ိဳးေပါ့။ အမွန္က

မိမိရဲ႕ဣႆာကို သူတစ္ပါး မသိေအာင္ ခပ္ပါးပါး လွစ္ျပတာပါပဲ။

၈။ ျမန္မာအမ်ားစု မႀကီးပြါးျခင္းရဲ႕ နံပါတ္ရွစ္ အေၾကာင္းကေတာ့ စာေပဗဟုသုတ မရိွတာပါပဲ။

၉။ နံပါတ္ ၉ အေၾကာင္းကေတာ့ ေဒသႏၱရဗဟုသုတ မရိွတာပါပဲ။ ဒါေၾကာင့္ စာေပဗဟုသုတရိွေအာင္ စာမ်ိဳးစံု ဖတ္သင့္ၿပီး တစ္ႏွစ္

တစ္ႀကိမ္ ေဒသႏၱရဗဟုသုတခရီးကို သြားသင့္ပါတယ္။

၁၀။ နံပါတ္တစ္ဆယ္ အေၾကာင္းကေတာ့ ေခါင္းေဆာင္စိတ္ နည္းပါးတာပါပဲ။ ေကာင္းတဲ့ အလုပ္ဆုိရင္ မခိုင္းဘဲ လုပ္တာ။ အလုပ္ကို

အမ်ားႀကီး လုပ္ၿပီး အခြင့္အေရးကို နည္းနည္းယူတာေတြဟာ ေခါင္းေဆာင္စိတ္ပါပဲ။ ဆန္႕က်င္ဘက္အားျဖင့္ ခိုင္းမွ လုပ္တတ္တာ။

အလုပ္ကို နည္းနည္းလုပ္ၿပီး အခြင့္အေရး အမ်ားႀကီးယူတာဟာ ေနာက္လိုက္စိတ္ ေခၚ ကၽြန္စိတ္ပါပဲ။

၁၁။ ျမန္မာအမ်ားစု မႀကီးပြါးျခင္းရဲ႕ ၁၁ ခုေျမာက္ အေၾကာင္းကေတာ့ ကိုယ့္အားကုိယ္ကိုးလိုစိတ္ နည္းပါးတာပါပဲ။

အေနာက္တိုင္းႏုိင္ငံ အမ်ားစုက အေရွ႕တုိင္းႏိုင္ငံ အမ်ားစုထက္ ခ်မ္းသာၾကြယ္ဝေနရျခင္းရဲ႕ အဓိကအေၾကာင္းဟာ ၁၈ ႏွစ္ျပည္႕တာနဲ႕

ကိုယ့္အားကိုယ္ကိုးၿပီး စီးပြါးေရး အလုပ္လုပ္ၾကလို႕ပဲ။ အေနာက္ႏိုင္ငံက လူငယ္ေတြဟာ ၁၈ ႏွစ္ျပည္႕ၿပီးတာနဲ႕ လူႀကီးျဖစ္ၿပီလို႕

သတ္မွတ္ၿပီး စီးပြါးေရးလုပ္ငန္း၊ တစ္နည္း ေငြဝင္တဲ့ လုပ္ငန္းတစ္ခုခုကို မျဖစ္မေန လုပ္ၾကေတာ့တာပဲ။

ျမန္မာအမ်ိဳးသမီးတစ္ဦး နယူးဇီလန္ႏိုင္ငံကို ပညာေတာ္သင္ ေရာက္သြားတယ္။ တစ္ေန႕ ကိစၥတစ္ခုရိွလို႕ တကၠစီ ငွားစီးသြားတယ္။

ကားေမာင္းသမားေလးက အသက္ ငယ္ရြယ္သူေလး ျဖစ္ေနလို႕ ေက်ာင္းမတက္ဘူးလားလို႕ ေမးၾကည္႕တဲ့အခါ ေဆးတကၠသိုလ္

ေနာက္ဆံုးႏွစ္ ေက်ာင္းသားျဖစ္ေနတယ္။ ျမန္မာအမ်ိဳးသမီးဆုိေတာ့ ျမန္မာျပည္ရဲ႕ အေလ့အထအတိုင္း မိဘက မတတ္ႏိုင္လုိ႕

တကၠစီေမာင္းေနရတာလို႕ ထင္သြားတာေပါ့။

သန္း – အဲဒီအတိုင္း ဟုတ္ပါသလား ဘုရား။

ေမတၱာရွင္ – ဘယ္ဟုတ္ရမွာလဲ။ ေမးလိုက္တဲ့အခါ ဟုိက ဘယ္လို ေျပာသလဲဆိုေတာ့ ကၽြန္ေတာ္တို႕ ႏိုင္ငံရဲ႕ အေလ့အထက

အေနာက္တုိင္းဆန္ပါတယ္။ ဒါေၾကာင့္ ၁၈ ႏွစ္ ျပည္႕ၿပီးတာနဲ႕ မိဘကို အားကိုးၿပီး မေနၾကပါဘူး။ ကိုယ္ပိုင္လုပ္ငန္း တစ္ခုခုလုပ္ၿပီး

ေငြရွာပါတယ္။ အဲဒီေငြနဲ႕ ေက်ာင္းတက္ပါတယ္။ ၁၈ ႏွစ္ ျပည္႕ၿပီးရင္ လူႀကီးျဖစ္ၿပီလို႕ သတ္မွတ္ပါတယ္။ လူႀကီးဘဝ ေရာက္ေနၿပီ

ျဖစ္ရက္နဲ႕ မိဘလုပ္စာ ထိုင္စားရမွာ မိဘလုပ္စာနဲ႕ ေက်ာင္းတက္ရမွာကို အင္မတန္ ရွက္ၾကပါတယ္။

၁၈ ႏွစ္ျပည္႕ၿပီး သူငယ္ခ်င္းေတြ ေတြ႕ၾကတဲ့အခါ ဘယအလုပ္ လုပ္သလဲလို႕ ေမးျမန္းႏွဳတ္ဆက္တတ္ပါတယ္။ ၁၈ ႏွစ္ျပည္႕ၿပီးသူ

ျဖစ္ရက္နဲ႕ စီးပြါးေရး အလုပ္တစ္ခုမွ မလုပ္တဲ့သူကို လူရာမဝင္သူလို႕ သတ္မွတ္ၿပီး ဘယ္သူမွ အေပါင္းအသင္း မလုပ္ၾကပါဘူးလုိ႕

အားရပါးရ ျပန္ေျပာတယ္။

သန္း – တပည္႕ေတာ္တုိ႕ ျမန္မာလူငယ္ေတြနဲ႕ ကြာလိုက္တာ ဘုရား။ ဒီမွာေတာ့ ကုိယ့္ေက်ာင္းစရိတ္ ကုိယ္ရွာၿပီး

ေက်ာင္းတက္တဲ့လူကို ဆင္းရဲသားဆုိၿပီး ဝိုင္းအထင္ေသးၾကတယ္။ မိဘလုပ္စာစား၊ မိဘအိမ္က ကားနဲ႕ စတိုင္က်က်

ေက်ာင္းတက္ႏိုင္သူကိုမွ သူေဌးဆိုၿပီး အထင္ႀကီးၾကတယ္။

ေမတၱာရွင္ – ေအး ဟုတ္တယ္။ ျမန္မာ အမ်ားစုဟာ ဂုဏ္မယူသင့္တာေတြကို ဂုဏ္ယူၿပီး ဂုဏ္ယူသင့္တာကို ဂုဏ္မယူတဲ့အတြက္

ႀကီးပြါးသင့္သေလာက္ မႀကီးပြါးၾကတာဘဲ။

အရွင္ဇဝန(ေမတၲာရွင္)

၂၀၀၈ ခုႏွစ္ ဇြန္လထုတ္ သူရဇၨမဂၢဇင္း– လူငယ္မ်ားအတြက္ ဂမၻီရဝိပႆနာ – ေဆာင္းပါးမွ ကူးယူေဖာ္ျပပါသည္။
MS
Crd ထပ္ဆင့္မ်ွေဝသူ

Unicode

မြန်မာ အများစုဟာ ဒီလိုပါ…

မြန်မာအများစု
=========

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ

ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ

ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။

လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။

ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။

ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ

ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၄။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း

မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို

ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး

မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု

မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့

မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့

မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။

ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့

သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့

လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊

မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား

ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။

ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က

အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ

ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က

မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ်

တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို

အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။

အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။

အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့

ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့

သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။

ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ်

နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့

တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း – အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် – ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက

အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး

ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ

ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ

ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့

အားရပါးရ ပြန်ပြောတယ်။

သန်း – တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး

ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ

ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် – အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက်

ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

အရှင်ဇဝန(မေတ္တာရှင်)

၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်း– လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ – ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။
MS
Crd ထပ်ဆင့်မျှဝေသူ

Be the first to comment

Leave a Reply

Your email address will not be published.


*