တျခားႏိုင္ငံက အႏိုင္က်င့္သမွ် ခံေနရတဲ့ ျမန္မာ

တျခားႏိုင္ငံက အႏိုင္က်င့္သမွ် ခံေနရတဲ့ ျမန္မာ

တျခားႏိုင္ငံက အႏိုင္က်င့္သမွ် ခံေနရတဲ့ ျမန္မာ

ျမန္မာျပည္က ၾကက္ဥကို စင္ကာပူ ယူသြားလိုက္ေသာအခါ စကၤာပူကို ၾကက္ဥ ၊ ဘဲဥေတြ ယူမိရင္ ဒဏ္ေငြ အျပင္ ေထာင္ဒဏ္ပါ က်ႏိုင္ေၾကာင္း သတင္းကိုေတြ႕ေတာ့ မခ်ိၿပဳံး ၿပဳံးမိတယ္..။

စိုက္ပ်ိဳးေရး ေဆး ေရာင္းသူကြၽန္ေတာ္ဟာ ပရဟိတအလုပ္ေတြနဲ႔ တစ္ႏိုင္ငံလုံး ေျခဆန႔္မိတဲ့အခါ ေဒသေပါင္းစုံက စိုက္ပ်ိဳးေရးအေျခအေနေလးေတြကို ဂ႐ုစိုက္ၿပီး ၾကည့္မိတယ္..။

ကယန္းေဒသမွာ အဓိကထြက္ကုန္ဟာ င႐ုတ္သီးျဖစ္ပါတယ္။ ဘဝတစ္ေလွ်ာက္ စားဖူးသမွ် င႐ုတ္သီးေတြထဲ ကယန္းင႐ုတ္သီးေလာက္စပ္တာ မေတြ႕ဖူးပါ.. ဒါ့အျပင္ ကယန္းင႐ုတ္သီးရဲ႕ ထူးျခားခ်က္က “ဘယ္ေလာက္စားစား ပါးစပ္ကသာစပ္တာ ဝမ္းထဲ မပူပါဘူး..” တဲ့.. အဟုတ္ပါပဲ.. င႐ုတ္သီး အစားမ်ားလို႔ ဗိုက္ထဲ ပူေနတာတို႔ မစင္စြန႔္တဲ့အခါ ပူေနတာတို႔ မရွိပါဘူး..

ဒီေလာက္စပါယ္ရွယ္ေကာင္းတဲ့င႐ုတ္သီးကို ဘယ္ကိုေရာင္းတာလဲဆိုေတာ့ ထိုင္းကိုတင္ပို႔တာပါတဲ့.. ျပည္တြင္းမွာက သာမန္င႐ုတ္သီးထက္ ေဈးႀကီးလို႔ဆိုၿပီး ကယန္းင႐ုတ္သီးကို သိပ္မဝယ္ႏိုင္ၾကဘူးတဲ့..။

(င႐ုပ္ဆုံႀကီး ေထာင္းကာေထာင္းကာနဲ႔ ပင္လယ္စာေတြကို င႐ုတ္သီးႏိုင္းခ်င္းထည့္ၿပီးတ႐ူး႐ူးတရွဲရွဲစားျပတဲ့ ထိုင္းဆယ္လီကိုေတာင္မ်က္လုံးထဲျမင္ေယာင္မိၿပီး သူစားေနတာ ငါတို႔ျမန္မာျပည္က ကယန္း င႐ုတ္သီးမ်ားလားရယ္လို႔ ေတြးမိေသးတယ္..)

“အခုေတာ့ ကယန္းေဒသက င႐ုတ္သီးကို ထိုင္းကမဝယ္ေတာ့ဘူး အကိုေရ..”တဲ့..

“ေဟ ..ဘာျဖစ္လို႔လဲ..”

“ကယန္း င႐ုတ္သီးမ်ိဳးကို ထိုင္းမွာစိုက္ပ်ိဳးတာ ေအာင္ျမင္သြားၿပီေလ..”

“ေအာ္…”

မေန႔က ညီမေလးခင္ႏွင္းၾကည္သာနဲ႔ အဲဒီအေၾကာင္းေတြ ေျပာမိတဲ့အခါ သူကလည္းျပန္ေျပာတယ္..။

“စိန္တစ္လုံးသရက္သီးကို အရင္က တ႐ုတ္က အရမ္းဝယ္တာေလ..အခုေတာ့ မဝယ္ေတာ့ဘူး တ႐ုတ္မွာ စိုက္လို႔ျဖစ္သြားၿပီအကိုရ..” ကိုယ့္ႏိုင္ငံက အဖိုးတန္တဲ့အရာေတြကို တျခားႏိုင္ငံကေန အသာေလးယူၿပီး မ်ိဳးပြားေအာင္ျမင္ေနတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ကေရာ သူတို႔ႏိုင္ငံကေန ဘာေတြ ျပန္မ်ိဳးပြားႏိုင္ၿပီလဲ..

ငယ္ငယ္ကၾကားဖူးတဲ့ အေၾကာင္းအရာေလး..။ အစၥေရးက စိုက္ပ်ိဳးေရး ပညာရွင္ႀကီးကို ျမန္မာႏိုင္ငံက ငွါးတဲ့အခါ သူလာၾကည့္ၿပီးစိတ္ဆိုးၿပီးျပန္သြားတယ္တဲ့…..မင္းတို႔ႏိုင္ငံက ဘာစိုက္စိုက္ျဖစ္တဲ့ဟာကိုငါ့ကိုဘာျဖစ္လို႔ေခၚတာလဲ..တဲ့..

ဂ်င္းေတြ ..ဂ်င္းေတြ..ကိုယ္တို႔ ျမန္မာေတြ မာန္ေတြတက္ေနၾကတာ..။

အခုကြၽန္ေတာ္တို႔ႏိုင္ငံကေနျပည္ပကို ဂုဏ္ရွိရွိပို႔ႏိုင္တဲ့ အသီးအႏွံက ဘာရွိလို႔လဲ..။ ပို႔ႏိုင္လည္း ခဏပဲ..ဟိုက စမ္းသပ္ၿပီး မ်ိဳးယူသြားၾကတာပဲ..

သူတို႔ႏိုင္ငံက သီးႏွံေတြက်ေတာ့ အဆင့္ျမင့္နည္းပညာေတြသုံးၿပီး တျခားႏိုင္ငံကပုံတူကူးမရေအာင္ ကာကြယ္ထားၾကတယ္..။ ထိုင္းက ကမာၻေက်ာ္အုန္းသီးအပါအဝင္ သီးႏွံေတြရဲ႕ မ်ိဳးေတြကို သူမ်ားႏိုင္ငံက ယူမရေအာင္အထူးစီမံထားၾကတယ္..။

ပညာနိမ့္သြားတဲ့အခါ ပတ္ဝန္းက်င္ႏိုင္ငံကအစစ အရာရာ အႏိုင္က်င့္သမွ် ခံရေတာ့တာပဲ..ဘယ္ေလာက္ နာက်င္ဖို႔ေကာင္းလဲ..။ ကြၽန္ေတာ့္တပည့္ လယ္သမား တစ္ေယာက္ကိုရီးယားကိုသြားတယ္..။သူ႔မွာလယ္ပိုင္ ၁၀ ဧကရွိပါတယ္..။ အဲဒါကို အငွါးခ်ၿပီး ကိုရီးယားသြားေတာ့လည္းဟိုမွာ စိုက္ပ်ိဳးေရးပဲ လုပ္ရတာတဲ့..။

တစ္လကို သိန္း ၂၀ ေက်ာ္ အိမ္ျပန္ပို႔ေနတဲ့သူ႔ကို ကြၽန္ေတာ္က ဖုန္းဆက္တဲ့အခါ စပ္စုတယ္..

“မင္း အဲဒီမွာ လယ္လုပ္ရတာ ပင္ပန္းလားကြ..”

“မပင္ပန္းပါဘူး အကို..ခ်မ္းတာပဲ ရွိတယ္..”

“မင္းတို႔သူေဌးက လယ္ဘယ္ႏွစ္ဧကရွိလဲ..”

“ငါး ဧကေလာက္ရွိမယ္..”

“ေဟ..လယ္ေလး ၅ ဧကနဲ႔ မင္းကို တစ္လ သိန္း၃၀ ေလာက္ေပးႏိုင္တယ္ေနာ္..”

“ဟာ..အကိုကလည္း ကြၽန္ေတာ္တစ္ေယာက္ထဲေတာင္မဟုတ္ဘူး..အလုပ္သမား ၆ ေယာက္ေလာက္ရွိေသးတယ္ဗ်..”

“ေဟ..”

တ႐ုတ္ႏိုင္ငံကေန လွလို႔ဆိုၿပီး ယူလာခဲ့တဲ့ေ႐ႊေရာင္ ခ႐ုမ်ိဳးစိတ္ဟာ ျမန္မာျပည္မွာ စပါးပင္ကို အႀကီးအက်ယ္ဖ်က္စီးတဲ့ခ႐ု ကပ္ေရာဂါတစ္ခုျဖစ္သြားတယ္.။

ဂ်ပန္ကို ျမန္မာျပည္က သစ္သီးေတြ ကုန္ကူးခြင့္ မရွိဘူး..ဘာျဖစ္လို႔လည္းဆိုေတာ့ ဂ်ပန္မွာ သီးလုံးေဖာက္ပိုးမရွိလို႔..ျမန္မာျပည္ကသစ္သီးေတြမွာ သီးလုံးေဖာက္ပိုးပါလာရင္သူတို႔တိုင္းျပည္က တစ္ျခားသီးႏွံေတြကို မ်ိဳးပြားကုန္မွာစိုးလို႔..။

အခုလည္း စကၤာပူမွာ ျမန္မာျပည္က ၾကက္ဥ ဘဲဥေတြယူလို႔မရ..။ ကိုယ့္ဆီက အဆီအႏွစ္ေတြ လုပ္အားေတြ ေကာင္းေပ့ဆိုတဲ့အရာေတြကိုက်ေတာ့ေပၚတင္တစ္မ်ိဳး ၊ ခိုးၿပီးတစ္သြယ္ ယူသြားၾကလိုက္တာ..

သူတို႔ဆီက ေကာင္းတဲ့အရာေတြက်ကိုယ္ေတြက ျပန္ယူခြင့္မရွိ..။ သူတို႔ဆီက မေကာင္းမကန္းေတြက် ကိုယ့္ဆီ ဒလေဟာဝင္လာလိုက္တာ..ကိုယ့္ဆီက မေကာင္းတာေတြက် သူတို႔ဆီဝင္လာမွာ အေသအလဲကာကြယ္..။

ဟား……….ဆက္မေရးခ်င္…ေရးေနရင္း ရင္နာရပါတယ္..။ အဖက္ဖက္က နိမ့္ၿပီးက်န္ခဲ့တဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံေရွ႕လည္း တိုးတက္ဖို႔ရာလည္း လမ္းမျမင္ေသး..။ သူမ်ား အႏိုင္က်င့္သမွ်သာ လူးလိမ့္ေနေအာင္ ခံေနရတယ္

Credit – ကိုစိုးထိုက္ (ဖဒို)

Unicode

တခြားနိုင်ငံက အနိုင်ကျင့်သမျှ ခံနေရတဲ့ မြန်မာ

မြန်မာပြည်က ကြက်ဥကို စင်ကာပူ ယူသွားလိုက်သောအခါ စင်္ကာပူကို ကြက်ဥ ၊ ဘဲဥတွေ ယူမိရင် ဒဏ်ငွေ အပြင် ထောင်ဒဏ်ပါ ကျနိုင်ကြောင်း သတင်းကိုတွေ့တော့ မချိပြုံး ပြုံးမိတယ်..။

စိုက်ပျိုးရေး ဆေး ရောင်းသူကျွန်တော်ဟာ ပရဟိတအလုပ်တွေနဲ့ တစ်နိုင်ငံလုံး ခြေဆန့်မိတဲ့အခါ ဒေသပေါင်းစုံက စိုက်ပျိုးရေးအခြေအနေလေးတွေကို ဂရုစိုက်ပြီး ကြည့်မိတယ်..။

ကယန်းဒေသမှာ အဓိကထွက်ကုန်ဟာ ငရုတ်သီးဖြစ်ပါတယ်။ ဘဝတစ်လျှောက် စားဖူးသမျှ ငရုတ်သီးတွေထဲ ကယန်းငရုတ်သီးလောက်စပ်တာ မတွေ့ဖူးပါ.. ဒါ့အပြင် ကယန်းငရုတ်သီးရဲ့ ထူးခြားချက်က “ဘယ်လောက်စားစား ပါးစပ်ကသာစပ်တာ ဝမ်းထဲ မပူပါဘူး..” တဲ့.. အဟုတ်ပါပဲ.. ငရုတ်သီး အစားများလို့ ဗိုက်ထဲ ပူနေတာတို့ မစင်စွန့်တဲ့အခါ ပူနေတာတို့ မရှိပါဘူး..

ဒီလောက်စပါယ်ရှယ်ကောင်းတဲ့ငရုတ်သီးကို ဘယ်ကိုရောင်းတာလဲဆိုတော့ ထိုင်းကိုတင်ပို့တာပါတဲ့.. ပြည်တွင်းမှာက သာမန်ငရုတ်သီးထက် ဈေးကြီးလို့ဆိုပြီး ကယန်းငရုတ်သီးကို သိပ်မဝယ်နိုင်ကြဘူးတဲ့..။

(ငရုပ်ဆုံကြီး ထောင်းကာထောင်းကာနဲ့ ပင်လယ်စာတွေကို ငရုတ်သီးနိုင်းချင်းထည့်ပြီးတရူးရူးတရှဲရှဲစားပြတဲ့ ထိုင်းဆယ်လီကိုတောင်မျက်လုံးထဲမြင်ယောင်မိပြီး သူစားနေတာ ငါတို့မြန်မာပြည်က ကယန်း ငရုတ်သီးများလားရယ်လို့ တွေးမိသေးတယ်..)

“အခုတော့ ကယန်းဒေသက ငရုတ်သီးကို ထိုင်းကမဝယ်တော့ဘူး အကိုရေ..”တဲ့..

“ဟေ ..ဘာဖြစ်လို့လဲ..”

“ကယန်း ငရုတ်သီးမျိုးကို ထိုင်းမှာစိုက်ပျိုးတာ အောင်မြင်သွားပြီလေ..”

“အော်…”

မနေ့က ညီမလေးခင်နှင်းကြည်သာနဲ့ အဲဒီအကြောင်းတွေ ပြောမိတဲ့အခါ သူကလည်းပြန်ပြောတယ်..။

“စိန်တစ်လုံးသရက်သီးကို အရင်က တရုတ်က အရမ်းဝယ်တာလေ..အခုတော့ မဝယ်တော့ဘူး တရုတ်မှာ စိုက်လို့ဖြစ်သွားပြီအကိုရ..” ကိုယ့်နိုင်ငံက အဖိုးတန်တဲ့အရာတွေကို တခြားနိုင်ငံကနေ အသာလေးယူပြီး မျိုးပွားအောင်မြင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကရော သူတို့နိုင်ငံကနေ ဘာတွေ ပြန်မျိုးပွားနိုင်ပြီလဲ..

ငယ်ငယ်ကကြားဖူးတဲ့ အကြောင်းအရာလေး..။ အစ္စရေးက စိုက်ပျိုးရေး ပညာရှင်ကြီးကို မြန်မာနိုင်ငံက ငှါးတဲ့အခါ သူလာကြည့်ပြီးစိတ်ဆိုးပြီးပြန်သွားတယ်တဲ့…..မင်းတို့နိုင်ငံက ဘာစိုက်စိုက်ဖြစ်တဲ့ဟာကိုငါ့ကိုဘာဖြစ်လို့ခေါ်တာလဲ..တဲ့..

ဂျင်းတွေ ..ဂျင်းတွေ..ကိုယ်တို့ မြန်မာတွေ မာန်တွေတက်နေကြတာ..။

အခုကျွန်တော်တို့နိုင်ငံကနေပြည်ပကို ဂုဏ်ရှိရှိပို့နိုင်တဲ့ အသီးအနှံက ဘာရှိလို့လဲ..။ ပို့နိုင်လည်း ခဏပဲ..ဟိုက စမ်းသပ်ပြီး မျိုးယူသွားကြတာပဲ..

သူတို့နိုင်ငံက သီးနှံတွေကျတော့ အဆင့်မြင့်နည်းပညာတွေသုံးပြီး တခြားနိုင်ငံကပုံတူကူးမရအောင် ကာကွယ်ထားကြတယ်..။ ထိုင်းက ကမ္ဘာကျော်အုန်းသီးအပါအဝင် သီးနှံတွေရဲ့ မျိုးတွေကို သူများနိုင်ငံက ယူမရအောင်အထူးစီမံထားကြတယ်..။

ပညာနိမ့်သွားတဲ့အခါ ပတ်ဝန်းကျင်နိုင်ငံကအစစ အရာရာ အနိုင်ကျင့်သမျှ ခံရတော့တာပဲ..ဘယ်လောက် နာကျင်ဖို့ကောင်းလဲ..။ ကျွန်တော့်တပည့် လယ်သမား တစ်ယောက်ကိုရီးယားကိုသွားတယ်..။သူ့မှာလယ်ပိုင် ၁၀ ဧကရှိပါတယ်..။ အဲဒါကို အငှါးချပြီး ကိုရီးယားသွားတော့လည်းဟိုမှာ စိုက်ပျိုးရေးပဲ လုပ်ရတာတဲ့..။

တစ်လကို သိန်း ၂၀ ကျော် အိမ်ပြန်ပို့နေတဲ့သူ့ကို ကျွန်တော်က ဖုန်းဆက်တဲ့အခါ စပ်စုတယ်..

“မင်း အဲဒီမှာ လယ်လုပ်ရတာ ပင်ပန်းလားကွ..”

“မပင်ပန်းပါဘူး အကို..ချမ်းတာပဲ ရှိတယ်..”

“မင်းတို့သူဌေးက လယ်ဘယ်နှစ်ဧကရှိလဲ..”

“ငါး ဧကလောက်ရှိမယ်..”

“ဟေ..လယ်လေး ၅ ဧကနဲ့ မင်းကို တစ်လ သိန်း၃၀ လောက်ပေးနိုင်တယ်နော်..”

“ဟာ..အကိုကလည်း ကျွန်တော်တစ်ယောက်ထဲတောင်မဟုတ်ဘူး..အလုပ်သမား ၆ ယောက်လောက်ရှိသေးတယ်ဗျ..”

“ဟေ..”

တရုတ်နိုင်ငံကနေ လှလို့ဆိုပြီး ယူလာခဲ့တဲ့ရွှေရောင် ခရုမျိုးစိတ်ဟာ မြန်မာပြည်မှာ စပါးပင်ကို အကြီးအကျယ်ဖျက်စီးတဲ့ခရု ကပ်ရောဂါတစ်ခုဖြစ်သွားတယ်.။

ဂျပန်ကို မြန်မာပြည်က သစ်သီးတွေ ကုန်ကူးခွင့် မရှိဘူး..ဘာဖြစ်လို့လည်းဆိုတော့ ဂျပန်မှာ သီးလုံးဖောက်ပိုးမရှိလို့..မြန်မာပြည်ကသစ်သီးတွေမှာ သီးလုံးဖောက်ပိုးပါလာရင်သူတို့တိုင်းပြည်က တစ်ခြားသီးနှံတွေကို မျိုးပွားကုန်မှာစိုးလို့..။

အခုလည်း စင်္ကာပူမှာ မြန်မာပြည်က ကြက်ဥ ဘဲဥတွေယူလို့မရ..။ ကိုယ့်ဆီက အဆီအနှစ်တွေ လုပ်အားတွေ ကောင်းပေ့ဆိုတဲ့အရာတွေကိုကျတော့ပေါ်တင်တစ်မျိုး ၊ ခိုးပြီးတစ်သွယ် ယူသွားကြလိုက်တာ..

သူတို့ဆီက ကောင်းတဲ့အရာတွေကျကိုယ်တွေက ပြန်ယူခွင့်မရှိ..။ သူတို့ဆီက မကောင်းမကန်းတွေကျ ကိုယ့်ဆီ ဒလဟောဝင်လာလိုက်တာ..ကိုယ့်ဆီက မကောင်းတာတွေကျ သူတို့ဆီဝင်လာမှာ အသေအလဲကာကွယ်..။

ဟား……….ဆက်မရေးချင်…ရေးနေရင်း ရင်နာရပါတယ်..။ အဖက်ဖက်က နိမ့်ပြီးကျန်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရှေ့လည်း တိုးတက်ဖို့ရာလည်း လမ်းမမြင်သေး..။ သူများ အနိုင်ကျင့်သမျှသာ လူးလိမ့်နေအောင် ခံနေရတယ်

Credit – ကိုစိုးထိုက် (ဖဒို)

Be the first to comment

Leave a Reply

Your email address will not be published.


*