အဲ့ဒါကြောင့် ဈေးနှုန်းချိုသာပြီး ဆေးဖက်ဝင်တဲ့ ကန်စွန်းရွက် ကို ဘာကြောင့် စားသုံးသင့်လဲ ဆိုတာသိရအောင် အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။
(၁) သွေးတိုးကျစေတယ်
(၃) ဝမ်းမှန်စေတယ်
Credit # Wint Wint
Unicode
ကန်စွန်းရွက်စားခြင်းက ရရှိလာမယ့် ကျန်းမာရေးအတွက် ကောင်းကျိုး (၅) မျိုး
အသီးအနှံပေါများကြွယ်ဝ တဲ့ မြန်မာနိုင်ငံမှာ ကန်စွန်းဟာ ဆိုရင်လည်း နေရာအနှံ့မှ ာပေါပေါများများရရှိနိုင်ပါတယ်။ ဈေးနုန်းလဲ အလွန်ချိုသာပြီး အလွယ်တကူ ဝယ်ယူစားသုံးနိုင်တဲ့ ကန်စွန်းရွက်မှ ာများစွားသော ကျန်းမာရေးကောင်းကျိုးတွေ ရှိနေတယ် ဆိုတာကိုတော့ လူသိ နည်းပါး ကြပါတယ်။
အဲ့ဒါကြောင့် ဈေးနှုန်းချိူသာပြီး ဆေးဖက်ဝင်တဲ့ ကန်စွန်းရွက် ကို ဘာကြောင့် စားသုံးသင့်လဲ ဆိုတာသိရအောင် အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။
(၁) သွေးတိုးကျစေတယ်
အသက်အရွယ်ကြီးငယ်မရွေး စားသုံးနိုင်တဲ့ ကန်စွန်းရွက်ဟာ ဆိုရင် သွေးဖိအားကို လျှော့ကျစေတာကြောင့် သွေးတိုးရောဂါရှိသူတွေအတွက အလွန် သင့်တော်ပါတယ်။ ဒါပေမယ့် သွေးကျရောဂါရှိသူ ဆိုရင်တော့ အလွန်အကျွန် မစားမိဖို့ သတိပြုသင့်ပါတယ်။
(၂) မျက်စိအားကောင်းစေတယ်
ကန်စွန်းရွက်မှ ာဗီတာမင်အေတွေ များစွားပါဝင်ပါတယ် အဲ့ဒါကြောင့်မျက်စိကျန်းမာရေးအတွက် အလွန်သင့်တော်တဲ့ အရွက်တစ်မျိုး ပါပဲ။ သတိပြုရမယ့် အချက်ကတော့ ချက်ပြုတ် စားသောက်တဲ့ အခါမှာ အရမ်းမနွမ်းစေပဲ အစိမ်းရောင်မပျောက်ပျက်အော်င ချက်ပြုတ်ဖို့ ပါပဲ။ အရမ်းနွမ်းအောင် ချက်လိုက်တဲ့ အခါ ဗီတာမင်ဓာတ်တွေ လျော့နည်းသွား နိုင်တာကြောင့် ထိရောက်မှု နည်းပါလိမ့်မယ်။
(၃) ဝမ်းမှန်စေတယ်
ကန်စွန်းရွက်မှာ အူလမ်းကြောင်းကို ကောင်းမွန်စွာ အလုပ်လုပ်စေနိုင်တဲ့ ဓာတ်တစ်မျိုး ပါဝင်တာကြောင့် ဝမ်းနဲ့ပက်သတ်ပြီး ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါအပြင် ဝမ်းလဲမှန်စေတာကြောင့် ဝမ်းချုပ်တတ်သူတွေ ပုံမှန်စားသုံးပေးသင့်ပါတယ်။
(၄) ကောင်းမွန်စွာအိပ်ပျော်စေတယ်
ကန်စွန်းရွက်ဟာ ကာင်းမွန်အိပ်ပျော်စေဖို့အတွက် အကောင်းဆုံးအရွက်တစ်မျိုးပါပဲ အိပ်ပျော်ဖို့ခက်သူတွေ နှစ်ချိုက်စွ ာအိပ်မပျော်တဲ့သူတွေ အတွက် အထောက်အကူဖြစ်စေမယ့် သဘာဝ ဆေးတစ်မျိုးပါပဲ။
(၅) အဆိပ်အတောက်ကိုပြေစေတယ်
ကန်စွန်းရွက်ရဲ့ နောက်ထပ်ကောင်းကျိုးတစ်ချက်ကတော့ အဆိပ်အတောက်ကို ပြေ စေတာပါ။ အစားမှာစားမိတဲ့အခါ အစာအဆိပ်သင့်အခါ ကန်စွန်းရွက်ကို ထုထောင်းပီး အရေကိုသောက်ပေးရင် အဆိပ်ပြေစေပါတယ်။ ဒါအပြင် မှိုနဲ့ရောကြော်ရင်လဲ အလွန်စားကောင်းပြီး မှို ရဲ့အဆိပ်အတောက်တွေကိုပြေစေပါတယ်။ ဒါပေမယ့်သတိထားရမှာက အစိမ်းစားသောက်တဲ့အခါ ဓာတုပိုးသတ်ဆေးတွေ မမြင်နိုင်တဲ့ပိုးမွှားတွေ ရှိနိုင်တာကြောင့် သေချာပြောင်စင်အောင် ဆေးပြီးမှ စားသောက်ဖု့ိလိုပါတယ်။
Credit # Wint Wint
Be the first to comment
Leave a Reply
Your email address will not be published.
*