မ်က္ႏွာေလးက ႏုဖတ္ေနတာပဲလို႔ အေျပာခံခ်င္ခ်င္သူမ်ားအတြက္

မ်က္ႏွာေလးက ႏုဖတ္ေနတာပဲလို႔ အေျပာခံခ်င္ခ်င္သူမ်ားအတြက္

မ်က္ႏွာေလးက ႏုဖတ္ေနတာပဲလို႔ အေျပာခံခ်င္ခ်င္သူမ်ားအတြက္

ကိုယ္လိမ္းေနက် ေထာပတ္ေစ့အေၾကာင္းေလးပါ။ အခ်ိန္ရရင္ ဖတ္ၾကည့္ေပးေစခ်င္ပါတယ္။မေန႔က ကိုယ့္အကိုတစ္ေယာက္နဲ႔ video call ေျပာရင္း ဒီပို႔စ္ေလးေရးဖို႔ စိတ္ကူးရတယ္ဆိုပါေတာ့…..

ကိုယ့္အကိုအမေတြကို ကိုယ့္လိုလွေစခ်င္တဲ့ေစတနာကေတာ့အဓိကေပါ့ေနာ္….ကိုယ့္သူငယ္ခ်င္းေတြနဲ႔ ကိုယ့္အကိုအမေတြထဲမွာ မ်က္ႏွာမွာ အဆီဖုေလးေတြ တင္းတိပ္ မွဲ႕ေျခာက္ ဝက္ၿခံ နဲ႔ မ်က္ႏွာအေရးအေၾကာင္းထင္တာေတြ ေတာ္ေတာ္မ်ားမ်ားေတြ႕ရလို႔ပါ

ေထာပတ္ေစ့အေၾကာင္းေလးမေျပာခင္ ကိုယ့္အေၾကာင္းကို အရင္ေျပာပါေစ…ကိုယ္ကေတာသူပီပီ နယ္မွာေနတဲ့ တေလ်ာက္လုံးသနပ္ခါးပဲလိမ္းပါတယ္ ။ရန္ကုန္ေရာက္ၿပီး ၃ႏွစ္ေက်ာ္ကာလေလးအတြင္းမွာ ကိုယ္ပိုင္ Cosmetics ဝယ္လိမ္းဖူးတာဆိုလို႔ Bella ေပၚၿပီးတဲ့ေနာက္မွ စုစုေပါင္း ၂ႀကိမ္ရယ္ပါ ….

ဝယ္ျဖစ္ခဲ့တဲ့အေၾကာင္းရင္းကလဲ ခရီးသြားတဲ့အခါ ေပါ့ေပါ့ပါးပါးသယ္ရတာ အဆင္ေျပလို႔ပါ က်န္တဲ့႐ုံးခ်ိန္ေတြမွာေတာ့ သနပ္ခါးပဲအမ်ားဆုံးလိမ္းျဖစ္ၿပီး ပြဲေတြရွိတဲ့အခါနဲ႔ စိတ္ရတဲ့အခါက်ရင္ ကိုယ့္အမရဲ့ Cosmetics ေတြယူလိမ္းပါတယ္….

သနပ္ခါးပဲလိမ္းလိမ္း မိတ္ကပ္ပဲလိမ္းလိမ္းညဘက္အိမ္ျပန္ေရာက္တဲ့အခါ ေရခ်ိဳးၿပီးတာနဲ႔ အျမဲလိမ္းျဖစ္တဲ့အရာ ေထာပတ္ေစ့ရယ္ပါ။ဝယ္ရတာလဲလြယ္ကူသလို အကုန္အက်လဲနဲတာမို႔ ေန႔တိုင္းလိုလိုလိမ္းျဖစ္ပါတယ္

ဘယ္လိုလုပ္ၿပီးလိမ္းရလဲဆိုေတာ့ ကိုယ္တို႔ေထာပတ္သီးစားၾကတဲ့အခါ အတြင္းသားေလးေတြ ယူလိုက္ရင္ အထဲကအေစ့ေလးက်န္ပါမယ္။လူအမ်ားစုက ဒီေထာပတ္ေစ့ေတြကို ဘယ္ေဈးႀကီးတဲ့ Cosmetics မွဝယ္သုံးစရာမလိုပဲ ကိုယ္တို႔မ်က္ႏွာကို အမ်ားႀကီး လွသြားေအာင္လုပ္ေပးနိုင္တယ္ဆိုတာ မသိေတာ့ အလြယ္တကူလြင့္ပစ္တတ္ၾကတယ္

အဲဒီအေစ့ကို မလႊင့္ပစ္ပဲ အရင္ဆုံးအေစ့ေပၚကေထာပတ္သီးအစေလးေတြကို စင္ေအာင္ေရေဆးေပးရပါတယ္။ ၿပီးရင္ သူ႔ကိုေနလွမ္းထားလိုက္ပါ။၂ရက္ေလာက္လွမ္းထားၿပီးရင္ ေထာပတ္ေစ့ေပၚကအေပၚခြံေလးႂကြလာတဲ့အခါ ဖယ္ပစ္လိုက္ပါ

ဘယ္ေလာက္ထိလွမ္းရလဲဆိုရင္ ေထာပတ္ေစ့ေလး အလယ္၂ျခမ္းကြဲပီး သံေခ်းေရာင္ထၿပီး အရမ္းကၽြတ္ဆတ္ဆတ္ေလာက္ျဖစ္ေနၿပီဆိုရင္လိမ္းလို႔ရပါၿပီ။ ၃ပတ္နဲ႔ ၄ပတ္ဝန္းက်င္ေလာက္လွမ္းရပါမယ္။

တခါတေလ အေပၚခြံသံေခ်းေရာင္ျဖစ္ေနေပမဲ့ အတြင္းအစိုဓာတ္မကုန္ေသးရင္ လိမ္းလို႔မရေသးပါဘူး။လုံးဝေျခာက္သြားၿပီဆိုရင္ေတာ့ ညတိုင္းအိပ္ခါနီးတိုင္း ခပ္ပါးပါးေလးေသြးလိမ္းလို႔ရၿပီ

သူ႔မွာ သနပ္ခါးနဲ႔တူတာတခုက ကိုယ္တို႔သနပ္ခါးတုံးမွာ အေပၚကအေပြးေတြေသြးလိမ္းၾကတဲ့အခါ အတြင္းေခါက္ထက္ပိုၿပီးဝါဝါေလးနဲ႔လွသလို ေထာပတ္ေစ့မွာလဲ သူ႔အေပၚယံေဘးသားေတြက အတြင္းသားထက္ အသားကိုပိုေခ်ာၿပီးဝင္းေျပာင္ေစတယ္

ကိုယ္ တခါတေလအိပ္ေရးပ်က္တဲ့အခါမ်ိဳးမွာ အဖုေလးေတြထြက္ရင္ အေပၚယံေလးေတြခ်ည္းေသြးလိမ္းရင္ ေနာက္ေန႔မနက္ထရင္လုံးဝေပ်ာက္သြားပါတယ္။ယုံမလားေတာ့မသိဘူး ….

အရမ္းသိသာတာတခုကအဆီဖုေလးေတြပါ ။ကိုယ္ကသနပ္ခါးလိမ္းတာမ်ားေပမဲ့ တခါတေလ အဆီဖုေလးေတြ ထြက္တတ္ပါတယ္ ။ကိုယ္ေတာ့ေထာပတ္ေစ့အားကိုးနဲ႔ မ်က္ႏွာကို တျခားဘာပစၥည္းမွ ေထြေထြထူးထူးခုထိဝယ္မသုံးဖူးပါဘူး

ကိုယ္မ်က္ႏွာမွာ ထြက္သမၽွ ဘာပဲလာလာ ေထာပတ္ေစ့ပဲေသြးလိမ္းပါတယ္။ပုံမွန္ဆို အတြင္းသားကိုေသြးလိမ္းၿပီးခရီးသြားလို႔ အသားအရည္အရမ္းပ်က္စီးတဲ့အခါ အျပင္သားေတြခ်ည္းေသြးလိမ္းပါတယ္။လိမ္းၿပီး ေနာက္ေန႔မနက္မ်က္ႏွာသစ္တာနဲ႔ သိသိသာသာေျပာင္းလဲတာပါ

အသိအမတေယာက္ကို သူ႔မ်က္ႏွာမွာတင္းတိပ္ေတြေတြ႕လို႔ ကိုယ္ညႊန္းလိုက္ေတာ့ အေရးအေၾကာင္းေတြပါ ေတာ္ေတာ္သက္သာတယ္လို႔ေျပာတယ္ အကိုတေယာက္ကေတာ့ ဝက္ၿခံေတြသက္သာတယ္လို႔ေျပာတယ္

ကိုယ့္ရဲ့ ကိုယ္ေတြ႕ကေတာ့ အဆီဖုေလးေတြ လုံးဝေပ်ာက္သြားတယ္ ေနာက္တခုက ေန႔တိုင္းလိမ္းပါမ်ားလာရင္ အသားအရည္ေလးေတြတင္းၿပီး ပါးေလးေတြဝင္းဝင္းေျပာင္ေျပာင္ေလးျဖစ္လာတယ္

အသားအရည္ေလးၾကည္ၿပီး ဘာမွလိမ္းမထားရင္ေတာင္ အလိုလိုၾကည့္ေကာင္းေနတာရယ္ တျခားသဘာဝပစၥည္းေတြလဲ လိုင္းေပၚမွာ မၾကာခဏေတြ႕ေပမဲ့ ဒီတခုကေတာ့ ကိုယ့္ကိုယ္ေတြ႕မို႔ ကိုယ့္အကိုအမေတြကို ခုလိုပိုက္ဆံအကုန္အက်သက္သာၿပီး

ဘာ side effect မွမရွိပဲ သဘာဝအသီးေတြနဲ႔ လွရေအာင္ ေထာပတ္ေစ့ေလးကို စမ္းလိမ္းၾကည့္ပါလို႔အႀကံျပဳပါရေစေနာ္…။

Credit to original writer.

Unicode

မျက်နှာလေးက နုဖတ်နေတာပဲလို့ အပြောခံချင်ချင်သူများအတွက်

ကိုယ်လိမ်းနေကျ ထောပတ်စေ့အကြောင်းလေးပါ။ အချိန်ရရင် ဖတ်ကြည့်ပေးစေချင်ပါတယ်။မနေ့က ကိုယ့်အကိုတစ်ယောက်နဲ့ video call ပြောရင်း ဒီပို့စ်လေးရေးဖို့ စိတ်ကူးရတယ်ဆိုပါတော့…..

ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်….ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့ မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ

ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေ…ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့ တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။ရန်ကုန်ရောက်ပြီး ၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bella ပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း ၂ကြိမ်ရယ်ပါ ….

ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီး ပွဲတွေရှိတဲ့အခါနဲ့ စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ်….

သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့ အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ်

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါ အတွင်းသားလေးတွေ ယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ်။လူအများစုက ဒီထောပတ်စေ့တွေကို ဘယ်ဈေးကြီးတဲ့ Cosmetics မှဝယ်သုံးစရာမလိုပဲ ကိုယ်တို့မျက်နှာကို အများကြီး လှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်

အဲဒီအစေ့ကို မလွှင့်ပစ်ပဲ အရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်။ ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါ

ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေး အလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ။ ၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက်လှမ်းရပါမယ်။

တခါတလေ အပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ်မကုန်သေးရင် လိမ်းလို့မရသေးပါဘူး။လုံးဝခြောက်သွားပြီဆိုရင်တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီ

သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီးဝင်းပြောင်စေတယ်

ကိုယ် တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင် အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။ယုံမလားတော့မသိဘူး ….

အရမ်းသိသာတာတခုကအဆီဖုလေးတွေပါ ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့ တခါတလေ အဆီဖုလေးတွေ ထွက်တတ်ပါတယ် ။ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး

ကိုယ်မျက်နှာမှာ ထွက်သမျှ ဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်။ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့ အသားအရည်အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်းသွေးလိမ်းပါတယ်။လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့ သိသိသာသာပြောင်းလဲတာပါ

အသိအမတယောက်ကို သူ့မျက်နှာမှာတင်းတိပ်တွေတွေ့လို့ ကိုယ်ညွှန်းလိုက်တော့ အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ် အကိုတယောက်ကတော့ ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်

ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ် နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီး ပါးလေးတွေဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ်

အသားအရည်လေးကြည်ပြီး ဘာမှလိမ်းမထားရင်တောင် အလိုလိုကြည့်ကောင်းနေတာရယ် တခြားသဘာဝပစ္စည်းတွေလဲ လိုင်းပေါ်မှာ မကြာခဏတွေ့ပေမဲ့ ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့ ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျသက်သာပြီး

ဘာ side effect မှမရှိပဲ သဘာဝအသီးတွေနဲ့ လှရအောင် ထောပတ်စေ့လေးကို စမ်းလိမ်းကြည့်ပါလို့အကြံပြုပါရစေနော်…။original write

Be the first to comment

Leave a Reply

Your email address will not be published.


*