တစ္ကိုယ္လံုး မီးေလာင္ဒဏ္ရာ ရခဲ့သူ မိန္းကေလး အတြက္ အမွန္တရားကို ဝိုင္းဝန္း ကူညီ ေဖာ္ထုတ္ေပးၾကပါ

တစ္ကိုယ္လံုး မီးေလာင္ဒဏ္ရာ ရခဲ့သူ မိန္းကေလး အတြက္ အမွန္တရားကို ဝိုင္းဝန္း ကူညီ ေဖာ္ထုတ္ေပးၾကပါ

တစ္ကိုယ္လံုး မီးေလာင္ဒဏ္ရာ ရခဲ့သူ မိန္းကေလး အတြက္ အမွန္တရားကို ဝိုင္းဝန္း ကူညီ ေဖာ္ထုတ္ေပးၾကပါ

အရင္ဆုံး ကၽြန္ေတာ္အားလုံးကို ေတာင္းပန္အပ္ပါတယ္။ သတင္းေကာင္းတစ္ခုမဟုတ္ပါဘူး။ သတင္းဆိုးတစ္ခုပါ။ စိတ္အေႏွာင့္အယွက္ ျဖစ္နိုင္မယ့္ အေျခအေန နဲ႔ ႏွလုံးမေကာင္း, ခံ နိုင္ ရည္မရွိသူမ်ားမဖတ္ၾကပါရန္ ေမတၱာရပ္ခံ အပ္ပါတယ္။

သို့ေသာ္ မွန္ကန္မွု တစ္ ခု ကို ျမတ္နိုးတဲ့သူေတြ နဲ႔ အမ်ိဳးသမီးထု တစ္ရပ္လုံး ကိုေတာ့ ပါဝင္ ဝန္းရံေစခ်င္တာေတာ့ အ မွန္ ပါ။

ယခုပုံပါ အမ်ိဳးသမီးဟာ ကၽႊန္ေတာ့္ညီမေလးပါ။ ကၽႊန္ေတာ့္ညီမေလးကို သူ႔အမ်ိဳးသား(ကြာရွင္းစာခ်ဳပ္ျဖင့္ တရားသူႀကီး ေရွ႕ေမွာက္ကြဲကြာထားသူ) ေတာင္ဒဂုံ (26) ရပ္ကြက္ ဂ်ပန္ကုန္း ကန္ဘက္ ဝန္းက်င္တြင္ ေနထိုင္သူ စိုးသူရ(ေခၚ)စိုးႀကီး သည္ 11/01/2020 စေန႔ေန႔ မနက္အေစာပိုင္း ျဖစ္ေသာ 3:00AM ႏွင့္ 4:00AM ၾကားက မိဘအုပ္ထိန္းသူတို့ႏွင့္ ေနထိုင္ အိပ္စက္ေနစဥ္ လာေရာက္ ေခၚ ေဆာင္သြားၿပီး မနက္11:00 AMဝန္းက်င္ က ရန္ကုန္ေဆး႐ုံႀကီးတြင္ အေရးေပၚခြဲစိတ္မွုျပဳလုပ္ရန္ ေစာင့္ေနရေသာ မီးေလာင္ဒဏ္ရာမ်ားႏွင့္ ႐ုပ္ပ်က္ ဆင္းပ်က္ျဖစ္ေနေသာ ကၽြန္ေတာ့္ညီမေလးကို ျမင္ေတြ႕လိုက္ ရ ပါတယ္။

ထို အ ခ်င္းအရာတို့ေၾကာင့္ ကၽြန္ေတာ္ႏွင့္ဖခင္ျဖစ္သူ မွ လာေရာက္ေခၚယူသြားေသာ စိုးသူရ(ေခၚ )စိုးႀကီးအား စုံစမ္းစစ္ေဆးေပးရန္ အတြက္ ေတာင္ဒဂုံ ရဲစခန္းတြင္ အမွုဖြင့္ တိုင္တန္း ခဲ့ပါသည္။

ထိုတိုင္တန္းစစ္ေဆးမွုမ်ားကို အမွန္အတိုင္းႏွင့္အျမန္ဆုံးထိေရာက္ေအာင္ လုပ္ငန္းစဥ္မ်ားမွန္ကန္မွုရွိေရးကို ဝိုင္းဝန္းကူညီေဆာင္ရြက္ေပးၾကပါရန္ ဒဂုံၿမိဳ့သစ္ေတာင္ပိုင္း အုပ္ခ်ဳပ္ေရးအရာရွိမ်ား , ရဲလုပ္ငန္းကိုအခ်ိန္ႏွင့္တစ္ေျပးညီေဆာင္ရြက္ေနေသာ ေတာင္ဒဂုံရဲစခန္းမွ လူႀကီးမင္းမ်ားႏွင့္ သက္ဆိုင္ရာ လူမွုေစာင့္ေရွာက္ေရးအဖြဲ႕အစည္းမ်ားကို အကူအညီေတာင္းခံအပ္ပါတယ္။

ကၽြန္ေတာ္လိုခ်င္တာ အမွန္တရားပါ ။ ဘယ္သူ႔ဘယ္သူကိုမွ အတင္းအဓမၼမလုပ္ခ်င္ပါ ။ အမွန္တရားတစ္ခုအျမန္ဆုံးေပၚေပါက္လာဖို့ ဝိုင္းဝန္းကူညီေပးၾကပါရန္ ေတာင္းဆိုအပ္ပါတယ္။

အခုထိ ကၽြန္ေတာ္ညီမေလး ေဆး႐ုံမွာအတြင္းလူနာအျဖစ္ဆက္လက္ကုသေနလ်က္ရွိပါတယ္ အသက္အႏၲာရာယ္စိုးရိမ္ရတဲ့အေနအထားတစ္ခုျဖစ္ၿပီး လူေလာင္ကၽႊမ္းပ်က္စီးမွု 70% ျဖစ္ပါတယ္။ ကၽြန္ေတာ္ကိုဝိုင္းဝန္းကူညီေပးၾကပါ။

Aung Aung Oo/အကိုအရင္းေတာ္စပ္သူ/09795928275

Unicode

တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာ ရခဲ့သူ မိန်းကလေး အတွက် အမှန်တရားကို ဝိုင်းဝန်း ကူညီ ဖော်ထုတ်ပေးကြပါ

အရင်ဆုံး ကျွန်တော်အားလုံးကို တောင်းပန်အပ်ပါတယ်။ သတင်းကောင်းတစ်ခုမဟုတ်ပါဘူး။ သတင်းဆိုးတစ်ခုပါ။ စိတ်အနှောင့်အယှက် ဖြစ်နိုင်မယ့် အခြေအနေ နဲ့ နှလုံးမကောင်း, ခံ နိုင် ရည်မရှိသူများမဖတ်ကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။

သို့သော် မှန်ကန်မှု တစ် ခု ကို မြတ်နိုးတဲ့သူတွေ နဲ့ အမျိုးသမီးထု တစ်ရပ်လုံး ကိုတော့ ပါဝင် ဝန်းရံစေချင်တာတော့ အ မှန် ပါ။

ယခုပုံပါ အမျိုးသမီးဟာ ကျွှန်တော့်ညီမလေးပါ။ ကျွှန်တော့်ညီမလေးကို သူ့အမျိုးသား(ကွာရှင်းစာချုပ်ဖြင့် တရားသူကြီး ရှေ့မှောက်ကွဲကွာထားသူ) တောင်ဒဂုံ (26) ရပ်ကွက် ဂျပန်ကုန်း ကန်ဘက် ဝန်းကျင်တွင် နေထိုင်သူ စိုးသူရ(ခေါ်)စိုးကြီး သည် 11/01/2020 စနေ့နေ့ မနက်အစောပိုင်း ဖြစ်သော 3:00AM နှင့် 4:00AM ကြားက မိဘအုပ်ထိန်းသူတို့နှင့် နေထိုင် အိပ်စက်နေစဉ် လာရောက် ခေါ် ဆောင်သွားပြီး မနက်11:00 AMဝန်းကျင် က ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရန် စောင့်နေရသော မီးလောင်ဒဏ်ရာများနှင့် ရုပ်ပျက် ဆင်းပျက်ဖြစ်နေသော ကျွန်တော့်ညီမလေးကို မြင်တွေ့လိုက် ရ ပါတယ်။

ထို အ ချင်းအရာတို့ကြောင့် ကျွန်တော်နှင့်ဖခင်ဖြစ်သူ မှ လာရောက်ခေါ်ယူသွားသော စိုးသူရ(ခေါ် )စိုးကြီးအား စုံစမ်းစစ်ဆေးပေးရန် အတွက် တောင်ဒဂုံ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း ခဲ့ပါသည်။

ထိုတိုင်တန်းစစ်ဆေးမှုများကို အမှန်အတိုင်းနှင့်အမြန်ဆုံးထိရောက်အောင် လုပ်ငန်းစဉ်များမှန်ကန်မှုရှိရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် ဒဂုံမြို့သစ်တောင်ပိုင်း အုပ်ချုပ်ရေးအရာရှိများ , ရဲလုပ်ငန်းကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေသော တောင်ဒဂုံရဲစခန်းမှ လူကြီးမင်းများနှင့် သက်ဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့အစည်းများကို အကူအညီတောင်းခံအပ်ပါတယ်။

ကျွန်တော်လိုချင်တာ အမှန်တရားပါ ။ ဘယ်သူ့ဘယ်သူကိုမှ အတင်းအဓမ္မမလုပ်ချင်ပါ ။ အမှန်တရားတစ်ခုအမြန်ဆုံးပေါ်ပေါက်လာဖို့ ဝိုင်းဝန်းကူညီပေးကြပါရန် တောင်းဆိုအပ်ပါတယ်။

အခုထိ ကျွန်တော်ညီမလေး ဆေးရုံမှာအတွင်းလူနာအဖြစ်ဆက်လက်ကုသနေလျက်ရှိပါတယ် အသက်အန္တာရာယ်စိုးရိမ်ရတဲ့အနေအထားတစ်ခုဖြစ်ပြီး လူလောင်ကျွှမ်းပျက်စီးမှု 70% ဖြစ်ပါတယ်။ ကျွန်တော်ကိုဝိုင်းဝန်းကူညီပေးကြပါ။

Aung Aung Oo/အကိုအရင်းတော်စပ်သူ/09795928275

Unicode

Be the first to comment

Leave a Reply

Your email address will not be published.


*