
အင်ဒိုနီးရှားက ကျွန်း ၂ ကျွန်း ရာသီဥတုအပြောင်းလဲကြောင့် ပင်လယ်ရေအောက် စုန်းစုန်းမြုတ်သွားပြီ ရာသီဥတု အပြောင်းလဲများကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာကာ အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားကျွန်းစုများမှ ကျွန်း၂ ကျွန်း ပက်လယ်အောက်သို့ စုန်းစုန်းနစ်မြုတ်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်လိုက်ပြီး နောက်ထက် ကျွန်း ၄ ကျွန်း မကြာမီ ထပ်မံနစ်မြုတ်သွားတော့မည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ အင်ဒိုနီးရှား၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်များအရ ဘတက်ကျွန်း(Betet) နှင့် ဂန်ဒွယ်ကျွန်း(Gundul) နှစ်ကျွန်းစလုံး ပင်လည်ရေအောက် ၁ မီတာကနေ ၃ မီတာအောက် ကို နစ်မြုတ်သွားပြီ ဖြစ်ကြောင်း သိရသည်။ ဒီ ကျွန်း နှစ်ကျွန်းစလုံးမှာ လူတွေ အခြေချနေထိုင်ခြင်း မရှိပါဘူး။ ဘတက်ကျွန်းကတော့ ဘာဘက်ဆန်းဘလင်း အမျိုးသားပန်းဥယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်” လို့ ဆူမားထရား တောင်ပိုင်းမှ အမှုဆောင်ဒါရိုက်တာ Hairul Sobri က ဇန်နဝါရီလ ၁၄ ရက်က ပြော ကြား ခဲ့ပါတယ်။ ပင်လယ်ရေ မြင့်တက်မှုဟာ ဒီအတိုင်းပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင် နောက်ထပ် ကျွန်း ၄ ကျွန်းဖြစ်တဲ့ Bueung, Kalong, Salah Namo နဲ့ Kramat ကျွန်းတို့ဟာ ဆက်လက် နစ်မြုပ် ဖွယ်ရာ ရှိကြောင်း ကြိုတင် ခန့်မှန်းထား ပါတယ်။ လက် ရှိ အခြေအနေအရ ဆူမားထရားတောင်ပိုင်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ကျွန်းငယ်ပေါင်း ၂၃ ခု ရှိပြီး အချို့သော ကျွန်းတွေမှာ လူတွေ အခြေချနေထိုင်တာတွေ ရှိနေပါတယ်။ Salah Namo ကျွန်းမှာ နေထိုင်ကြသူတွေရဲ့ ဦးစီးဦးဆောင်ဖြစ်တဲ့ Syahrul က ကျွန်းကြီး ရေအာက်ကို နစ်မြုတ်နိုင်မည့် အန္တရာယ်ကို သိရှိပြီးဖြစ်ကာ လူတွေကို မူလနေရပ်သို့ ပြန်လည်ပြောင်းရွေ့နေထိုင်ကြရန် သတိပေးနှိုးဆော်ထားပြီး အားလုံးပြောင်းရွေ့နေပြီဖြစ်ကြောင်း သိရသည်။








Unicode

အင်ဒိုနီးရှားက ကျွန်း ၂ ကျွန်း ရာသီဥတုအပြောင်းလဲကြောင့် ပင်လယ်ရေအောက် စုန်းစုန်းမြုတ်သွားပြီ

ရာသီဥတု အပြောင်းလဲများကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာကာ အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားကျွန်းစုများမှ ကျွန်း၂ ကျွန်း ပက်လယ်အောက်သို့ စုန်းစုန်းနစ်မြုတ်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်လိုက်ပြီး နောက်ထက် ကျွန်း ၄ ကျွန်း မကြာမီ ထပ်မံနစ်မြုတ်သွားတော့မည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။

အင်ဒိုနီးရှား၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်များအရ ဘတက်ကျွန်း(Betet) နှင့် ဂန်ဒွယ်ကျွန်း(Gundul) နှစ်ကျွန်းစလုံး ပင်လည်ရေအောက် ၁ မီတာကနေ ၃ မီတာအောက် ကို နစ်မြုတ်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဒီ ကျွန်း နှစ်ကျွန်းစလုံးမှာ လူတွေ အခြေချနေထိုင်ခြင်း မရှိပါဘူး။ ဘတက်ကျွန်းကတော့ ဘာဘက်ဆန်းဘလင်း အမျိုးသားပန်းဥယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်” လို့ ဆူမားထရား တောင်ပိုင်းမှ အမှုဆောင်ဒါရိုက်တာ Hairul Sobri က ဇန်နဝါရီလ ၁၄ ရက်က ပြော ကြား ခဲ့ပါတယ်။

ပင်လယ်ရေ မြင့်တက်မှုဟာ ဒီအတိုင်းပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင် နောက်ထပ် ကျွန်း ၄ ကျွန်းဖြစ်တဲ့ Bueung, Kalong, Salah Namo နဲ့ Kramat ကျွန်းတို့ဟာ ဆက်လက် နစ်မြုပ် ဖွယ်ရာ ရှိကြောင်း ကြိုတင် ခန့်မှန်းထား ပါတယ်။

လက် ရှိ အခြေအနေအရ ဆူမားထရားတောင်ပိုင်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ကျွန်းငယ်ပေါင်း ၂၃ ခု ရှိပြီး အချို့သော ကျွန်းတွေမှာ လူတွေ အခြေချနေထိုင်တာတွေ ရှိနေပါတယ်။

Salah Namo ကျွန်းမှာ နေထိုင်ကြသူတွေရဲ့ ဦးစီးဦးဆောင်ဖြစ်တဲ့ Syahrul က ကျွန်းကြီး ရေအာက်ကို နစ်မြုတ်နိုင်မည့် အန္တရာယ်ကို သိရှိပြီးဖြစ်ကာ လူတွေကို မူလနေရပ်သို့ ပြန်လည်ပြောင်းရွေ့နေထိုင်ကြရန် သတိပေးနှိုးဆော်ထားပြီး အားလုံးပြောင်းရွေ့နေပြီဖြစ်ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*