“ေ သခါနီးတြင္… ေက်ာ္ျဖတ္ရမည့္ စည္း သုံးတန္”

"ေ သခါနီးတြင္... ေက်ာ္ျဖတ္ရမည့္ စည္း သုံးတန္"
"ေ သခါနီးတြင္... ေက်ာ္ျဖတ္ရမည့္ စည္း သုံးတန္"

“ေ သခါနီးတြင္… ေက်ာ္ျဖတ္ရမည့္ စည္း သုံးတန္”

(၁) ပထမ စည္း

ေဝဒနာ ျပင္းထန္လာခ်ိန္ ဒီေတာင္ကို ေက်ာ္ႏိုင္ပါ့မလား ဆိုတဲ့ စည္းျဖစ္ပါတယ္။ ဒီအခ်ိန္မွာ ကိုယ္ေစာင့္ဘာဝနာေတြ ပြားမထားခဲ့ရင္ ငါ ေ သ ေတာ့မယ္ဆိုတဲ့ အေတြးဝင္မယ္။

ေၾကာက္စိတ္ ဝင္ေတာ့မယ္… အဲ့ဒီ စိတ္နဲ႔ ေ သရင္ ေနာက္ျပန္ရမယ္။ ေနာက္ျပန္တယ္ ဆိုတာ အပယ္ေလးဘုံကို ေျပာတာပါ။

(၂) ဒုတိယ စည္း

ငါ့မိသားစုနဲ ႔ခြဲရေတာ့မယ္ ဆိုတဲ့ အသိေတြ ျဖစ္မယ္။ ဒီအသိ ဒီအေတြးနဲ႔ ေ သရင္ မိသားစုကို ခင္တြယ္ စိတ္ေၾကာင့္ ၿပိတၱာ ျဖစ္သြားတတ္တယ္။ ကိုယ္ေစာင့္ ဘာဝနာကို ပြားထားသူသာ ဒီစည္းကို ေက်ာ္ႏိုင္ၿပီး ဘဝေကာင္ းဆီသို႔ ေရွ႕ဆက္ႏိုင္မယ္။

(၃) တတိယ စည္း

မီးစာကုန္ ဆီခမ္းေနခ်ိန္ ကိုယ္တြင္းက ဓာတ္ႀကီးေလးပါး ပဋိပကၡေတြျဖစ္တဲ့ စည္း။ ၾကားသတိ မဝင္ရင္ စြဲရာဘဝ သြားရေတာ့မွာေနာ္။ လယ္တီဆရာေတာ္ႀကီး ေဟာခဲ့တာက ဝိနိပါတိကေဘးတဲ့ ထန္းသီးခိုင္ႀကီး ခ်ိဳင္ၿပီး ပစ္ခ်လိုက္သလို

ဟိုတလုံး သည္တလုံး ဖြာလန္ႀကဲၿပီး ေရာက္မိေရာက္ရာ ေရာက္ေတာ့မွာေနာ္။ ကိုယ္ေစာင့္ ဘာဝနာတရားေလးပါး ပြားထားသူကေတာ့ ထန္းသီးခိုင္ ခ်ိဳင္ၿပီး ႀကိဳးနဲ႔ ခ်ေပးသလို လိုရာ ေရာက္ပါတယ္။

ဒါေၾကာင့္ အပါယ္ေလးဘုံကို ေနာက္ေၾကာင္း မျပန္ခ်င္ရင္… လူ၊ နတ္၊ ျဗဟၼာ၊ အရိယာ ဆိုတဲ့ ဘဝေကာင္းေတြဆီ ေရွ႕ဆက္သြားခ်င္ရင္ လူ႔အသက္ကို ေစာင့္ေရွာက္ရမယ္။

ဘာနဲ႔ ေစာင့္ေရွာက္ရမလဲဆိုေတာ့ ကိုယ္ေစာင့္ ဘာဝနာတရား ေလးပါးနဲ႔ပါ။ ကိုယ္ေစာင့္ ဘာဝနာေလးပါးကဘာေတြလဲဆိုရင္…

၁။ ဗုဒၶါႏုသတိဘာဝနာ

အရဟံစသားဂုဏ္ကိုးပါးႏွင့္ ထင္ရွားစုံစြာတို႔ျမတ္စြာအား ဝပ္တြား ရွိခိုးပါ၏ဘုရား။

၂။ မတ်ေတာဘာဝနာ

လုံးစုံမ်ားစြာ မ်းသတၱဝါ က်န္းမာခ်မ္းသာၾကပါေစသား။

၃။ အသုဘ ဘာဝနာ

ငါ၏ကိုယ္မွာ ရွိေနတာ ႐ြံရွာဖြယ္ႀကီးပါတကား

၄။ မရဏႆတိ ဘာဝနာ

ငါသည္ မုခ် တစ္ေန႔က် ေသရမွာပါ တကား။

အာစိဏၰကံ ျဖစ္ေအာင္ ႀကိဳးစားပါ။ ထို႔အျပင္ ဝိပႆနာျဖင့္ ဘဝကူး ေကာင္းေအာင္လည္း ႀကိဳတင္ျပင္ဆင္၍ ရႈမွတ္မႈကို အခ်ိန္ ရရင္ ရသလို ေလ့က်င့္ ထားႏိုင္ရန္ တင္ျပအပ္ပါသည္။

မဟာေဗာဓိၿမိဳင္ ဆရာေတာ္ဘုရားႀကီး#ျပန္္လည္ မွ်ေ၀ပူေဇာ္ပါသည္။

Unicode

“ေ သခါနီးတွင်… ကျော်ဖြတ်ရမည့် စည်း သုံးတန်”

(၁) ပထမ စည်း

ဝေဒနာ ပြင်းထန်လာချိန် ဒီတောင်ကို ကျော်နိုင်ပါ့မလား ဆိုတဲ့ စည်းဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်စောင့်ဘာဝနာတွေ ပွားမထားခဲ့ရင် ငါ ေ သ တော့မယ်ဆိုတဲ့ အတွေးဝင်မယ်။

ကြောက်စိတ် ဝင်တော့မယ်… အဲ့ဒီ စိတ်နဲ့ ေ သရင် နောက်ပြန်ရမယ်။ နောက်ပြန်တယ် ဆိုတာ အပယ်လေးဘုံကို ပြောတာပါ။

(၂) ဒုတိယ စည်း

ငါ့မိသားစုနဲ့ခွဲရတော့မယ် ဆိုတဲ့ အသိတွေ ဖြစ်မယ်။ ဒီအသိ ဒီအတွေးနဲ့ ေ သရင် မိသားစုကို ခင်တွယ် စိတ်ကြောင့် ပြိတ္တာ ဖြစ်သွားတတ်တယ်။ ကိုယ်စောင့် ဘာဝနာကို ပွားထားသူသာ ဒီစည်းကို ကျော်နိုင်ပြီး ဘဝကောင် းဆီသို့ ရှေ့ဆက်နိုင်မယ်။

(၃) တတိယ စည်း

မီးစာကုန် ဆီခမ်းနေချိန် ကိုယ်တွင်းက ဓာတ်ကြီးလေးပါး ပဋိပက္ခတွေဖြစ်တဲ့ စည်း။ ကြားသတိ မဝင်ရင် စွဲရာဘဝ သွားရတော့မှာနော်။ လယ်တီဆရာတော်ကြီး ဟောခဲ့တာက ဝိနိပါတိကဘေးတဲ့ ထန်းသီးခိုင်ကြီး ချိုင်ပြီး ပစ်ချလိုက်သလို

ဟိုတလုံး သည်တလုံး ဖွာလန်ကြဲပြီး ရောက်မိရောက်ရာ ရောက်တော့မှာနော်။ ကိုယ်စောင့် ဘာဝနာတရားလေးပါး ပွားထားသူကတော့ ထန်းသီးခိုင် ချိုင်ပြီး ကြိုးနဲ့ ချပေးသလို လိုရာ ရောက်ပါတယ်။

ဒါကြောင့် အပါယ်လေးဘုံကို နောက်ကြောင်း မပြန်ချင်ရင်… လူ၊ နတ်၊ ဗြဟ္မာ၊ အရိယာ ဆိုတဲ့ ဘဝကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင် လူ့အသက်ကို စောင့်ရှောက်ရမယ်။

ဘာနဲ့ စောင့်ရှောက်ရမလဲဆိုတော့ ကိုယ်စောင့် ဘာဝနာတရား လေးပါးနဲ့ပါ။ ကိုယ်စောင့် ဘာဝနာလေးပါးကဘာတွေလဲဆိုရင်…

၁။ ဗုဒ္ဓါနုသတိဘာဝနာ

အရဟံစသားဂုဏ်ကိုးပါးနှင့် ထင်ရှားစုံစွာတို့မြတ်စွာအား ဝပ်တွား ရှိခိုးပါ၏ဘုရား။

၂။ မတျတောဘာဝနာ

လုံးစုံများစွာ မျးသတ္တဝါ ကျန်းမာချမ်းသာကြပါစေသား။

၃။ အသုဘ ဘာဝနာ

ငါ၏ကိုယ်မှာ ရှိနေတာ ရွံရှာဖွယ်ကြီးပါတကား

၄။ မရဏဿတိ ဘာဝနာ

ငါသည် မုချ တစ်နေ့ကျ သေရမှာပါ တကား။

အာစိဏ္ဏကံ ဖြစ်အောင် ကြိုးစားပါ။ ထို့အပြင် ဝိပဿနာဖြင့် ဘဝကူး ကောင်းအောင်လည်း ကြိုတင်ပြင်ဆင်၍ ရှုမှတ်မှုကို အချိန် ရရင် ရသလို လေ့ကျင့် ထားနိုင်ရန် တင်ပြအပ်ပါသည်။

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး#ပြန်လည် မျှဝေပူဇော်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*