ငါမကုန္ဘူး… မင္းကုန္တာ (တန္ဖိုးရိွတဲ့ စကားေလးပါ)

ငါမကုန္ဘူး... မင္းကုန္တာ (တန္ဖိုးရိွတဲ့ စကားေလးပါ)
ငါမကုန္ဘူး... မင္းကုန္တာ (တန္ဖိုးရိွတဲ့ စကားေလးပါ)

ငါမကုန္ဘူး… မင္းကုန္တာ (တန္ဖိုးရိွတဲ့ စကားေလးပါ)

တခါတုန္းက သူေဌးႀကီးတစ္ေယာက္ဆီမွာ ေမာင္ျမဆိုတဲ့ အလုပ္သမားတစ္ေယာက္ရွိတယ္… တေန႔ေတာ့ သူေဌးႀကီးက အလုပ္သမားကိုေခၚၿပီး ႐ိုးသားဖို႔ ဆုံးမတယ္။

အဲ့ဒါကို ေမာင္ျမက သူေဌးႀကီးကိုႀကိမ္းဝါးတယ္… ဒီသူေဌး ငါလည္တာ သူသိမလားေပါ့ aေနာက္ေန႔ကစၿပီး သူေဌးကအလုပ္သမားေတြကို မနက္စာ ပဲျပဳတ္ထမင္းေကြၽးရာမွာ သူက တမင္သက္သက္ပိုစားပစ္တယ္။

အဲ့လိုနဲ႔ ပိုပိုစားလာလိုက္တာ ၃ – ၄ ပန္းကန္ စားႏိုင္ေတာ့ ဝမ္းသာတယ္။ သူေဌးႀကီးတေန႔ေတာ့ ေဘးကျဖတ္သြားရင္းေျပာတယ္… “ငါမကုန္ဘူး၊ မင္းကုန္မွာ” တဲ့။ အဲ့ဒါနဲ႔ ေမာင္ျမက အလုပ္သမားေတြဝါးဖို႔ ထားတဲ့ ကြမ္းကို တေန႔လုံးမျပတ္ ဝါးတယ္။

သူေဌးႀကီးကသိတယ္ဘာမွမေျပာဘူး။ ေမာင္ျမက သူေဌးပိုက္ဆံ ပိုကုန္မယ့္ နည္းလမ္းရွာတယ္။ ေန႔လည္နဲ႔ ညစာကို ၃ – ၄ ပန္းကန္ စားပစ္တယ္။ သူေဌးကို က်န္အလုပ္သမားေတြက တိုင္ၾကတယ္။

သူေဌးက “ငါမကုန္ဘူး။ သူကုန္မွာ” လို႔ေျပာေတာ့ က်န္တဲ့သူေတြက နားမလည္ဘူး။ ဒါတင္အားမရေတာ့ ေမာင္ျမက ဧည့္သည္တည္တဲ့ ေဆးေပါ့လိပ္ကို ယူေသာက္တယ္။ ေသာက္တာမွ တေန႔လုံးတဟြတ္ဟြတ္နဲ႔ ဖြာတာ။

ေနာက္ဆုံးအလုပ္သမားေတြေသာက္တဲ့ အၾကမ္းအိုးထဲမွာေတာင္ လက္ဖက္ေျခာက္ကို တေန႔ထက္တေန႔ ပိုတိုးတိုးၿပီးခတ္တယ္။ က်န္တဲ့သူေတြက သူနဲ႔မေသာက္ႏိုင္လို႔ သူ႔အတြက္အၾကမ္းအိုးသပ္သပ္ထားရတယ္။

သူေဌးႀကီးက “ေမာင္ျမ … ငါမကုန္ဘူး။ မင္းကုန္မွာလို႔ ေျပာတယ္။” ေမာင္ျမက ဒီသူေဌး သူကုန္ေနတာေတာင္မသိဘူး။ အ႐ူးလို႔ ရယ္တယ္။

အဲ့ဒီလိုနဲ႔ ႏွစ္အနည္းငယ္အၾကာမွာ အလုပ္ထဲမွာပါ အေခ်ာင္ခို က်န္ အလုပ္သမားေတြကိုပါ ပ်က္စီးေအာင္လုပ္လာေတာ့ သူေဌးႀကီးကေမာင္ျမကို အလုပ္ထုတ္လိုက္ရတယ္။ အဲ့ဒီမွာ ေမာင္ျမ ျပႆနာတက္တာပဲ…။

၁။ ဒီလိုသူေဌးေကာင္းဆီမွာ သူ လုပ္ခဲ့တဲ့လုပ္ရပ္ သတင္းျပန႔္သြားလို႔ သူ႔ကို ဘယ္သူမွ အလုပ္မေပးဘူး။

၂။ မနက္၊ ေန႔လည္၊ ညစာကို ထမင္း ၃ -၄ ပန္းကန္မွ မစားရရင္ မတင္းတိမ္ဘူး။ အလုပ္မရွိရတဲ့အထဲ တေန႔လုံး ဗိုက္ကဆာေနေတာ့တာ။

၃။ ကြမ္းနဲ႔ ေဆးလိပ္ကလည္း အဆက္မျပတ္ မဝါးရ၊ မေသာက္ရရင္ မေနႏိုင္ေတာ့ဘူး။ ခံတြင္းခ်ဥ္တာ တေန႔လုံး ဘယ္လိုမွ ေနလို႔မရဘူး။

၄။ ဆန္မရွိရတဲ့အထဲ ေရပါေသာက္လို႔ အဆင္မေျပဘူး။ လက္ဖက္ေျခာက္ လက္တစ္ဆုပ္ ႏွစ္ဆုပ္မွမခတ္ရရင္ ေရေႏြးေတာင္ ေသာက္ရတာ အရသာ မရွိေတာ့ဘူး။

၅။ အဆိုးဆုံးက ကြမ္း၊ ေဆးလိပ္နဲ႔ ထမင္းကို တနင့္တပိုး ႏွစ္နဲ႔ခ်ီစားထားေတာ့ ေရာဂါျဖစ္တာ။ အဲ့ဒီေတာ့မွ ေမာင္ျမက ကိုယ့္လုပ္ရပ္ရဲ႕အက်ိဳးဆက္ကို ကိုယ္ျပန္ျမင္ၿပီး “ငါမကုန္ဘူး… မင္းကုန္မွာ”ဆိုတာကို သေဘာေပါက္သြားတယ္။

လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္က ဆရာေတာ္တစ္ပါးက ေက်ာင္းမွာပန္းရံနဲ႔လက္သမားအဖြဲ႕ကို ေက်ာင္းလာရင္ ဆြမ္းဟင္းအပိုနဲ႔ ထမင္းေကြၽးေလ့ရွိတယ္။ တညေနေတာ့ ဆရာေတာ္က ထမင္းအတြက္ စီစဥ္ေပးၿပီးေတာ့

အဲ့ဒီအဖြဲ႕ျပန္သြားတဲ့အခါမွာ ဝတၱဳေငြသိမ္းဖို႔ၾကည့္လိုက္ေတာ့ မေတြ႕ေတာ့ဘူး။ ေစာေစာက ဒကာတစ္ေယာက္လာလႉသြားတဲ့ ေငြ ၄ ေသာင္းေလာက္ ပါသြားတယ္။ ဆရာေတာ္က ေခၚေမးေတာ့ သူတို႔ မယူပါဘူးေပါ့။

ဒကာျပန္တာနဲ႔ မင္းတို႔အဖြဲ႕လာတယ္။ မင္တို႔ျပန္တာနဲ႔ ဝတၱဳေငြ စာအိတ္က ရွာမေတြ႕ေတာ့ဘူး။ မင္းတို႔သိေအာင္ ေျပာျပမယ္။
“#ကိုယ့္ကို ပံ့ပိုးေကြၽးေမြးေနတဲ့ လူေတြဆီက မခိုး မလိမ္နဲ႔။ အဲ့လို လုပ္ခဲ့ရင္ သံသရာတစ္ခုလုံး မႀကီးပြားဘူး။”

“ငါမကုန္ဘူး။ ဒကာလည္းမကုန္ဘူး။ ဒကာကလည္း လႉကတည္းက စိတ္ျပတ္သားၿပီးသား။” “ငါတို႔မကုန္ဘူး၊ မင္းတို႔ကုန္မွာ” လို႔ ဆရာေတာ္က ဆုံးမတယ္။

ဒါကိုလိမ္ရင္ – ေထာက္ပံ့ေနတဲ့သူေတြ မကုန္မခမ္းဘူး။ မင္းတို႔ပဲ ကုန္မွာ။ လိမ္မွစားရရင္… တသက္လုံးလိမ္မွ ထမင္းဝတတ္တယ္။ အက်င့္နဲ႔ၾကမၼာက ေရာင္ျပန္ဟပ္တယ္။

အဓိကေျပာခ်င္တာက မိမိကို အေထာက္အပံ့ျဖစ္ေစတဲ့ မည္သူ႔ကိုမဆို မလိမ္နဲ႔ မခိုးမဝွက္နဲ႔။ ယုံၾကည္လို႔ေငြေခ်းတာမ်ိဳးကိုလည္း ျပန္မေပးပဲမေနၾကနဲ႔။ ပို ဆင္းရဲတတ္တယ္။

ယုံၾကည္မႈကိုအလြဲသုံးစားမလုပ္နဲ႔။ ယုံၾကည္မႈတသက္လုံးဆုံးရႈံးတတ္တယ္။ အဲ့လို လိမ္လည္ခိုးဝွက္ခဲ့ရင္ ဘယ္ေတာ့ထမင္းမဝဘူး။ ငါမကုန္ဘူး။ မင္းကုန္တာ။

ခရက္ဒစ္#Richard Myo Than#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ငါမကုန်ဘူး… မင်းကုန်တာ (တန်ဖိုးရှိတဲ့ စကားလေးပါ)

တခါတုန်းက သူဌေးကြီးတစ်ယောက်ဆီမှာ မောင်မြဆိုတဲ့ အလုပ်သမားတစ်ယောက်ရှိတယ်… တနေ့တော့ သူဌေးကြီးက အလုပ်သမားကိုခေါ်ပြီး ရိုးသားဖို့ ဆုံးမတယ်။

အဲ့ဒါကို မောင်မြက သူဌေးကြီးကိုကြိမ်းဝါးတယ်… ဒီသူဌေး ငါလည်တာ သူသိမလားပေါ့ aနောက်နေ့ကစပြီး သူဌေးကအလုပ်သမားတွေကို မနက်စာ ပဲပြုတ်ထမင်းကျွေးရာမှာ သူက တမင်သက်သက်ပိုစားပစ်တယ်။

အဲ့လိုနဲ့ ပိုပိုစားလာလိုက်တာ ၃ – ၄ ပန်းကန် စားနိုင်တော့ ဝမ်းသာတယ်။ သူဌေးကြီးတနေ့တော့ ဘေးကဖြတ်သွားရင်းပြောတယ်… “ငါမကုန်ဘူး၊ မင်းကုန်မှာ” တဲ့။ အဲ့ဒါနဲ့ မောင်မြက အလုပ်သမားတွေဝါးဖို့ ထားတဲ့ ကွမ်းကို တနေ့လုံးမပြတ် ဝါးတယ်။

သူဌေးကြီးကသိတယ်ဘာမှမပြောဘူး။ မောင်မြက သူဌေးပိုက်ဆံ ပိုကုန်မယ့် နည်းလမ်းရှာတယ်။ နေ့လည်နဲ့ ညစာကို ၃ – ၄ ပန်းကန် စားပစ်တယ်။ သူဌေးကို ကျန်အလုပ်သမားတွေက တိုင်ကြတယ်။

သူဌေးက “ငါမကုန်ဘူး။ သူကုန်မှာ” လို့ပြောတော့ ကျန်တဲ့သူတွေက နားမလည်ဘူး။ ဒါတင်အားမရတော့ မောင်မြက ဧည့်သည်တည်တဲ့ ဆေးပေါ့လိပ်ကို ယူသောက်တယ်။ သောက်တာမှ တနေ့လုံးတဟွတ်ဟွတ်နဲ့ ဖွာတာ။

နောက်ဆုံးအလုပ်သမားတွေသောက်တဲ့ အကြမ်းအိုးထဲမှာတောင် လက်ဖက်ခြောက်ကို တနေ့ထက်တနေ့ ပိုတိုးတိုးပြီးခတ်တယ်။ ကျန်တဲ့သူတွေက သူနဲ့မသောက်နိုင်လို့ သူ့အတွက်အကြမ်းအိုးသပ်သပ်ထားရတယ်။

သူဌေးကြီးက “မောင်မြ … ငါမကုန်ဘူး။ မင်းကုန်မှာလို့ ပြောတယ်။” မောင်မြက ဒီသူဌေး သူကုန်နေတာတောင်မသိဘူး။ အရူးလို့ ရယ်တယ်။

အဲ့ဒီလိုနဲ့ နှစ်အနည်းငယ်အကြာမှာ အလုပ်ထဲမှာပါ အချောင်ခို ကျန် အလုပ်သမားတွေကိုပါ ပျက်စီးအောင်လုပ်လာတော့ သူဌေးကြီးကမောင်မြကို အလုပ်ထုတ်လိုက်ရတယ်။ အဲ့ဒီမှာ မောင်မြ ပြဿနာတက်တာပဲ…။

၁။ ဒီလိုသူဌေးကောင်းဆီမှာ သူ လုပ်ခဲ့တဲ့လုပ်ရပ် သတင်းပြန့်သွားလို့ သူ့ကို ဘယ်သူမှ အလုပ်မပေးဘူး။

၂။ မနက်၊ နေ့လည်၊ ညစာကို ထမင်း ၃ -၄ ပန်းကန်မှ မစားရရင် မတင်းတိမ်ဘူး။ အလုပ်မရှိရတဲ့အထဲ တနေ့လုံး ဗိုက်ကဆာနေတော့တာ။

၃။ ကွမ်းနဲ့ ဆေးလိပ်ကလည်း အဆက်မပြတ် မဝါးရ၊ မသောက်ရရင် မနေနိုင်တော့ဘူး။ ခံတွင်းချဉ်တာ တနေ့လုံး ဘယ်လိုမှ နေလို့မရဘူး။

၄။ ဆန်မရှိရတဲ့အထဲ ရေပါသောက်လို့ အဆင်မပြေဘူး။ လက်ဖက်ခြောက် လက်တစ်ဆုပ် နှစ်ဆုပ်မှမခတ်ရရင် ရေနွေးတောင် သောက်ရတာ အရသာ မရှိတော့ဘူး။

၅။ အဆိုးဆုံးက ကွမ်း၊ ဆေးလိပ်နဲ့ ထမင်းကို တနင့်တပိုး နှစ်နဲ့ချီစားထားတော့ ရောဂါဖြစ်တာ။ အဲ့ဒီတော့မှ မောင်မြက ကိုယ့်လုပ်ရပ်ရဲ့အကျိုးဆက်ကို ကိုယ်ပြန်မြင်ပြီး “ငါမကုန်ဘူး… မင်းကုန်မှာ”ဆိုတာကို သဘောပေါက်သွားတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဆရာတော်တစ်ပါးက ကျောင်းမှာပန်းရံနဲ့လက်သမားအဖွဲ့ကို ကျောင်းလာရင် ဆွမ်းဟင်းအပိုနဲ့ ထမင်းကျွေးလေ့ရှိတယ်။ တညနေတော့ ဆရာတော်က ထမင်းအတွက် စီစဉ်ပေးပြီးတော့

အဲ့ဒီအဖွဲ့ပြန်သွားတဲ့အခါမှာ ဝတ္တုငွေသိမ်းဖို့ကြည့်လိုက်တော့ မတွေ့တော့ဘူး။ စောစောက ဒကာတစ်ယောက်လာလှူသွားတဲ့ ငွေ ၄ သောင်းလောက် ပါသွားတယ်။ ဆရာတော်က ခေါ်မေးတော့ သူတို့ မယူပါဘူးပေါ့။

ဒကာပြန်တာနဲ့ မင်းတို့အဖွဲ့လာတယ်။ မင်တို့ပြန်တာနဲ့ ဝတ္တုငွေ စာအိတ်က ရှာမတွေ့တော့ဘူး။ မင်းတို့သိအောင် ပြောပြမယ်။
“#ကိုယ့်ကို ပံ့ပိုးကျွေးမွေးနေတဲ့ လူတွေဆီက မခိုး မလိမ်နဲ့။ အဲ့လို လုပ်ခဲ့ရင် သံသရာတစ်ခုလုံး မကြီးပွားဘူး။”

“ငါမကုန်ဘူး။ ဒကာလည်းမကုန်ဘူး။ ဒကာကလည်း လှူကတည်းက စိတ်ပြတ်သားပြီးသား။” “ငါတို့မကုန်ဘူး၊ မင်းတို့ကုန်မှာ” လို့ ဆရာတော်က ဆုံးမတယ်။

ဒါကိုလိမ်ရင် – ထောက်ပံ့နေတဲ့သူတွေ မကုန်မခမ်းဘူး။ မင်းတို့ပဲ ကုန်မှာ။ လိမ်မှစားရရင်… တသက်လုံးလိမ်မှ ထမင်းဝတတ်တယ်။ အကျင့်နဲ့ကြမ္မာက ရောင်ပြန်ဟပ်တယ်။

အဓိကပြောချင်တာက မိမိကို အထောက်အပံ့ဖြစ်စေတဲ့ မည်သူ့ကိုမဆို မလိမ်နဲ့ မခိုးမဝှက်နဲ့။ ယုံကြည်လို့ငွေချေးတာမျိုးကိုလည်း ပြန်မပေးပဲမနေကြနဲ့။ ပို ဆင်းရဲတတ်တယ်။

ယုံကြည်မှုကိုအလွဲသုံးစားမလုပ်နဲ့။ ယုံကြည်မှုတသက်လုံးဆုံးရှုံးတတ်တယ်။ အဲ့လို လိမ်လည်ခိုးဝှက်ခဲ့ရင် ဘယ်တော့ထမင်းမဝဘူး။ ငါမကုန်ဘူး။ မင်းကုန်တာ။

ခရက်ဒစ်#Richard Myo Than#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*