
ဒီအချက်တွေနဲ့ပြည့်စုံမှ တကယ့် သူဌေးစစ်စစ်ပါ...ဒီအချက်တွေနဲ့ပြည့်စုံမှ တကယ့် သူဌေးစစ်စစ်ပါ...ဒီအချက်တွေနဲ့ပြည့်စုံမှ တကယ့် သူဌေးစစ်စစ်ပါ...











Unicode

ဒီအချက်တွေနဲ့ပြည့်စုံမှ တကယ့် သူဌေးစစ်စစ်ပါ…

ပိုက်ဆံတွေ ချမ်းသာပေမယ့်… အလုပ် တစ်ရက် မပိတ်နိုင် လို့ ပိတ်ရက် မရှိ၊ နာဖျားခွင့် မရှိ တဲ့ သူဌေးတွေ ရှိတယ်။

သိန်း ရာချီ၊ ထောင်ချီ လှူ နိုင်ပေမယ့်… ဒီ တစ်သက် မကြေနိုင် တော့တဲ့ အကြွေးတွေ ပတ်လည် ဝိုင်းပြီး မသေခင် အချိန်ထိ သူဌေး လုပ်နေသူ တွေလဲ ရှိတယ်။

တန်ဖိုးကြီး အသုံးအဆောင်တွေ ဝတ်ပြပြီး… ကိုယ် အကြွေး ပေးရမယ့် သူတွေကို ရှောင်နေ ရတဲ့ မျက်နှာပြောင် သဌေးတွေလဲ ရှိတယ်။

ငယ်တုန်း အချိန်မှာ ပိုက်ဆံ ကုန်း ရှာပြီး… အသက် ကြီးလာတဲ့ အချိန်… အိမ်မှာ မြေးထိန်း၊ အိမ်စောင့် နေရတဲ… ဆန်ရေ မသိတဲ့ သူဌေးတွေလဲ ရှိတယ်..။

သူဌေး နာမည် တပ်ခံ ရပြီး မပျော်ရွှင်တဲ့ သူဌေးတွေမှ အများကြီး.တွေ့နေရသော လောကကြီး ထဲမှ တကယ့် သူဌေး စစ်စစ် ဆိုတာ…

ဘဝ ဆိုတာ… အချိန်လေး တစ်ခုမှာ အေးချမ်းတဲ့ ဘဝကို ရှာနိုင်သူ… ကိုယ်ရှိတာ ကိုယ်သိ… လူတွေရှေ့ ထွက်ပြနိုင်သူ… ကိုယ့် ဘဝအတွက် သီသန့် အချိန်များ ပိုင်းခြား ပေးနိုင်သူ

ကျေးဇူ းရှိသူကို ကျေးဇူး ပြန် ဆပ်နိုင်သူ… ကိုယ်ရှိတဲ့ ငွေနဲ့ လုပ်ငန်း တိုးချဲ့ အကြွေး မရှိသူ… မိသားစု အတွက်plan ချ ရိုးသား ကြိုးစားသူ

ကိုယ်ဝါသနာပါရာ ကောင်းသော အလုပ်ကို ကြိုးစား နိုင်ခွင့် ရှိသူ.. အဲ့လို အချက်တွေ နဲ့ ပြည်စုံ အေးချမ်းသူ သာ သူဌေးလို့ ပြောရမှာ…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*