ကံဆိုးဖို႔ ျဖစ္လာတာလား… ကံေကာင္းဖို႔ ျဖစ္လာတာလား…?

ကံဆိုးဖို႔ ျဖစ္လာတာလား... ကံေကာင္းဖို႔ ျဖစ္လာတာလား...?
ကံဆိုးဖို႔ ျဖစ္လာတာလား... ကံေကာင္းဖို႔ ျဖစ္လာတာလား...?

ကံဆိုးဖို႔ ျဖစ္လာတာလား… ကံေကာင္းဖို႔ ျဖစ္လာတာလား…?

လယ္သမားအိုႀကီး တစ္ေယာက္မွာ သူ႔လယ္ကို ထြန္ယက္ေပးဖို႔ ျမင္းအိုႀကီး တစ္ေကာင္ ရွိပါတယ္။ တစ္ေန႔မွာ သူ႔ ျမင္းႀကီးဟာ ေတာင္တန္းေတြ ရွိတဲ့ဘက္ဆီ ကို ထြက္ေျပး သြားပါေလေရာ..။

အဲဒီ့ေတာ့… လယ္သမားႀကီးရဲ႕ အိမ္နီးခ်င္းေတြက လယ္သမားႀကီး ကံဆိုးလိုက္တာ ဆိုၿပီး… သနားေနၾကသတဲ့။ လယ္သမားႀကီးက “ ကံဆိုးတာလား? ကံေကာင္းတာလား? ဘယ္သူက သိမွာလဲ?” လို႔ ေျပာသတဲ့။

တစ္ပတ္ေလာက္လဲ ၾကာေရာ… ျမင္းအိုႀကီးဟာ တျခား ျမင္း႐ိုင္းအုပ္ႀကီးကို ေခၚလာၿပီး ျပန္ေရာက္လာသတဲ့။ အဲဒီ့အခ်ိန္လဲ က်ေရာ… အိမ္နီးခ်င္းေတြက လယ္သမားႀကီးရဲ႕ ကံေကာင္းမႈ ကို ခ်ီးက်ဴးဂုဏ္ျပဳ ၾကျပန္တယ္..။

လယ္သမားႀကီးကေတာ့… “ကံဆိုးတာလား? ကံေကာင္းတာလား? ဘယ္သူက သိမွာလဲ?” လို႔ပဲ ေျပာသတဲ့..။ ရက္နဲနဲလည္းၾကာေလေရာ… လယ္သမားႀကီးရဲ႕ သားဟာ ျမင္း႐ိုင္းေတြကို

ယဥ္ပါးေအာင္ လုပ္ရင္းနဲ႔ တစ္ေကာင္ကို တက္အစီးမွာ ျပဳတ္က်ၿပီး ေျခေထာက္သြင္သြင္ က်ိဳးသြားပါေလေရာ..။ အားလုံးကေတာ့ ကံဆိုးလိုက္ေလျခင္း ဆိုၿပီး ေတြးသတဲ့..။

လယ္သမားႀကီးကေတာ့… သူ႔ရဲ႕ထုံးစံအတိုင္းပါပဲ.. “ကံဆိုးတာလား? ကံေကာင္းတာလား? ဘယ္သူကသိမွာလဲ?” တဲ့..။

ရက္သတၱပတ္ အနည္းငယ္အၾကာမွာ… စစ္တပ္ တစ္ခုဟာ အဲဒီ့ ႐ြာေလးဆီကို ခ်ီတက္ လာေလသတဲ့..။ က်န္းမာ သန္စြမ္းတဲ့ လူငယ္ ေယာက္်ားေလး မွန္သမွ် စစ္မႈ မထမ္းမေနရ စနစ္ေၾကာင့္

ဒီ႐ြာမွာ စစ္သားသစ္ေတြ လာရွာၾကတာတဲ့..။ အဲဒီ့အခ်ိန္မွာ လယ္သမားႀကီးရဲ႕ သားဟာ ေျခေထာက္ က်ိဳးေနတဲ့ အတြက္ ကင္းလြတ္ခြင့္ ရသြားခဲ့တယ္..။

ဒါေၾကာင့္ အေၾကာင္း တစ္စုံတစ္ရာ ျဖစ္ေပၚလာျခင္းဟာ… “ကံဆိုးဖို႔ ျဖစ္လာ တာလား? ကံေကာင္းဖို႔ ျဖစ္လာ တာလား? ဘယ္သူက သိႏိုင္မွာလဲ?”

ကံဆိုးဖို႔ ျဖစ္လာတာလား၊ ကံေကာင္းဖို႔ ျဖစ္လာတာလား၊ ဘယ္သူက သိႏိုင္မွာလဲဆိုတဲ့ “တ႐ုတ္လယ္သမား ပုံျပင္” ေလးပါ။ Ref – The Chinese farmer

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ကံဆိုးဖို့ ဖြစ်လာတာလား… ကံကောင်းဖို့ ဖြစ်လာတာလား…?

လယ်သမားအိုကြီး တစ်ယောက်မှာ သူ့လယ်ကို ထွန်ယက်ပေးဖို့ မြင်းအိုကြီး တစ်ကောင် ရှိပါတယ်။ တစ်နေ့မှာ သူ့ မြင်းကြီးဟာ တောင်တန်းတွေ ရှိတဲ့ဘက်ဆီ ကို ထွက်ပြေး သွားပါလေရော..။

အဲဒီ့တော့… လယ်သမားကြီးရဲ့ အိမ်နီးချင်းတွေက လယ်သမားကြီး ကံဆိုးလိုက်တာ ဆိုပြီး… သနားနေကြသတဲ့။ လယ်သမားကြီးက “ ကံဆိုးတာလား? ကံကောင်းတာလား? ဘယ်သူက သိမှာလဲ?” လို့ ပြောသတဲ့။

တစ်ပတ်လောက်လဲ ကြာရော… မြင်းအိုကြီးဟာ တခြား မြင်းရိုင်းအုပ်ကြီးကို ခေါ်လာပြီး ပြန်ရောက်လာသတဲ့။ အဲဒီ့အချိန်လဲ ကျရော… အိမ်နီးချင်းတွေက လယ်သမားကြီးရဲ့ ကံကောင်းမှု ကို ချီးကျူးဂုဏ်ပြု ကြပြန်တယ်..။

လယ်သမားကြီးကတော့… “ကံဆိုးတာလား? ကံကောင်းတာလား? ဘယ်သူက သိမှာလဲ?” လို့ပဲ ပြောသတဲ့..။ ရက်နဲနဲလည်းကြာလေရော… လယ်သမားကြီးရဲ့ သားဟာ မြင်းရိုင်းတွေကို

ယဉ်ပါးအောင် လုပ်ရင်းနဲ့ တစ်ကောင်ကို တက်အစီးမှာ ပြုတ်ကျပြီး ခြေထောက်သွင်သွင် ကျိုးသွားပါလေရော..။ အားလုံးကတော့ ကံဆိုးလိုက်လေခြင်း ဆိုပြီး တွေးသတဲ့..။

လယ်သမားကြီးကတော့… သူ့ရဲ့ထုံးစံအတိုင်းပါပဲ.. “ကံဆိုးတာလား? ကံကောင်းတာလား? ဘယ်သူကသိမှာလဲ?” တဲ့..။

ရက်သတ္တပတ် အနည်းငယ်အကြာမှာ… စစ်တပ် တစ်ခုဟာ အဲဒီ့ ရွာလေးဆီကို ချီတက် လာလေသတဲ့..။ ကျန်းမာ သန်စွမ်းတဲ့ လူငယ် ယောက်ျားလေး မှန်သမျှ စစ်မှု မထမ်းမနေရ စနစ်ကြောင့်

ဒီရွာမှာ စစ်သားသစ်တွေ လာရှာကြတာတဲ့..။ အဲဒီ့အချိန်မှာ လယ်သမားကြီးရဲ့ သားဟာ ခြေထောက် ကျိုးနေတဲ့ အတွက် ကင်းလွတ်ခွင့် ရသွားခဲ့တယ်..။

ဒါကြောင့် အကြောင်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်းဟာ… “ကံဆိုးဖို့ ဖြစ်လာ တာလား? ကံကောင်းဖို့ ဖြစ်လာ တာလား? ဘယ်သူက သိနိုင်မှာလဲ?”

ကံဆိုးဖို့ ဖြစ်လာတာလား၊ ကံကောင်းဖို့ ဖြစ်လာတာလား၊ ဘယ်သူက သိနိုင်မှာလဲဆိုတဲ့ “တရုတ်လယ်သမား ပုံပြင်” လေးပါ။ Ref – The Chinese farmer

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*