ေဘဘီလုံမွာ အခ်မ္းသာဆုံး ပုဂၢိဳလ္စာအုပ္က ေပးတဲ့… ႀကီးပြားေၾကာင္း (၇) ရပ္

ေဘဘီလုံမွာ အခ်မ္းသာဆုံး ပုဂၢိဳလ္စာအုပ္က ေပးတဲ့... ႀကီးပြားေၾကာင္း (၇) ရပ္
ေဘဘီလုံမွာ အခ်မ္းသာဆုံး ပုဂၢိဳလ္စာအုပ္က ေပးတဲ့... ႀကီးပြားေၾကာင္း (၇) ရပ္

ေဘဘီလုံမွာ အခ်မ္းသာဆုံး ပုဂၢိဳလ္စာအုပ္က ေပးတဲ့… ႀကီးပြားေၾကာင္း (၇) ရပ္

(၁) ကိုယ့္ဆီ ဝင္လာတဲ့ ေငြရဲ႕ဆယ္ပုံ တပုံကို အၿမဲတမ္း ခ်န္ထားပါ။

(၂) ကိုယ့္ဆီ ဝင္လာေသာ ေငြမ်ားကို စနစ္တက် စီမံခန္႔ခြဲ သုံးစြဲပါ။ ေငြဝင္တဲ့ လမ္းေၾကာင္းေတြကို သိထားဖို႔ လိုသလို ထြက္တဲ့ လမ္းေၾကာင္း ေတြကို ဂဃနဏ သိထားဖို႔လည္း လိုတယ္။

မလိုအပ္ ပဲ ထြက္ ေန တဲ့ လမ္းေၾကာင္းေတြရွိရင္ အျမန္ဆုံး ပိတ္ပစ္ရန္ လိုသည္။ အဲဒီလို မလုပ္ရင္ အိတ္ေပါက္ နဲ႔ ဖားေကာက္ သလို ျဖစ္ ေနမည္။

(၃) ေငြေတြကို သက္မဲ့လို သေဘာ မထားရပါဘူး။ သူတို႔အခ်င္းခ်င္း ရင္းႏွီးၿပီး တိုးပြားမယ့္ ေနရာေတြ ကို ပို႔ရမယ္။ ႏြားေတြ၊ ၾကက္ေတြ အုပ္လိုက္ ေမြးသလိုပါပဲ… သူတို႔ အခ်င္းခ်င္း မိတ္ေတြလိုက္ၾက၊ ဥေတြ ဥၾက၊ အေကာင္ေတြ ထပ္ပြားၾကေပါ့။

ကိုယ္က ေငြမရွာဘဲ ေငြေငြခ်င္း ျပန္ရွာ သြားတာေပါ့။ ေငြကို ေသတၱာထဲ ထည့္ သိမ္းထားရင္ အေၾကာေသၿပီး ေလျဖတ္တဲ့ လူလို… ေငြေတြ ေလျဖတ္ သြားလိမ့္မယ္။ အင္အား မရွိေတာ့ဘူး။

(၄) အလုပ္ လုပ္ရာတြင္ ေလာင္းကစား မဆန္ရဘူး။ ျမတ္ခ်င္ ျမတ္၊ ရႈံးခ် င္ရႈံး ဆိုတဲ့ သေဘာမ်ိဳး မလုပ္ရဘူး။ ေသခ်ာတာေလာက္ကိုပဲ လုပ္ရမယ္။ ျမတ္ရင္ေတာ့ အမ်ားႀကီး ျမတ္မယ္၊ ရႈံးရင္ ကုန္သြားမယ္ ဆိုတာမ်ိဳးကို ဘယ္သူက ဘယ္ေလာက္ အေျပာေကာင္းေကာင္း မလုပ္ရဘူး။

မပိုင္တဲ့ အလုပ္၊ မကြၽမ္းက်င္တဲ့ အလုပ္မွာ ဘာ ရင္းႏွီးျမႇဳပ္ႏွံမႈမွ မလုပ္ရဘူး။(သူမ်ား ေျပာတာကို မယုံနဲ႔၊ ကိုယ့္မ်က္စိနဲ႔ ေတြ႕တာေတာင္ တဝက္ ပဲ ယုံ )

(၅) အိမ္ ငွား မေနနဲ႔… အိမ္ပိုင္ ျဖစ္ေအာင္လုပ္။ ႀကိဳးစား… ဆိုင္ မငွားနဲ႔။ အပိုင္ ျဖစ္ေအာင္ ႀကိဳးစား။ ငွားတာဟာ… ၾကာေတာ့ စရိတ္ေထာင္းတယ္။ စိတ္လည္း ရႈပ္ရတယ္။ ေသးတာ ၾကီးတာ ပဓာန မဟုတ္ဘူး။ ကိုယ္ပိုင္ ျဖစ္ေအာင္ ႀကိဳးစား ဖို႔ပဲ။ အဲဒီ အေပါက္ဟာ ေငြ အထြက္ဆုံးပဲ။

(၆) မေမွ်ာ္မွန္းႏိုင္တဲ့ အနာဂတ္ အတြက္ ျပင္ဆင္မႈေတြ လုပ္ရမယ္။( မတ္တတ္စာပဲ ရွိတယ္ တုံးလုံးစာ မရွိဘူး လို႔ မေျပာရေအာင္ ျပင္ဆင္ထားပါ ။)

(၇) ႀကိဳးစားမႈ ကို ဘယ္ေတာ့မွ မေလွ်ာ့နဲ႔။ ( အားေပးတဲ့ ေဖာက္သည္တို႔၊ အားေပးတဲ့ ပရိသတ္တို႔ ဆိုတာ စိတ္ခ်ရတာမ်ိဳး မဟုတ္ဘူး။ ကိုယ့္ထက္ ေတာ္တဲ့၊ ေကာင္းတဲ့ လူရွိရင္အဲဒီကို သြားၾကမွာ )

ဆရာေဖျမင့္ရဲ႕ ” ေဘဘီလုံမွ အခ်မ္းသာဆုံးပုဂၢိဳလ္ ” စာအုပ္မွ ျပန္လည္ေကာက္ႏုတ္ေဖာ္ျပပါသည္။

Unicode

ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်စာအုပ်က ပေးတဲ့… ကြီးပွားကြောင်း (၇) ရပ်

(၁) ကိုယ့်ဆီ ဝင်လာတဲ့ ငွေရဲ့ဆယ်ပုံ တပုံကို အမြဲတမ်း ချန်ထားပါ။

(၂) ကိုယ့်ဆီ ဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့ လိုသလို ထွက်တဲ့ လမ်းကြောင်း တွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။

မလိုအပ် ပဲ ထွက် နေ တဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက် နဲ့ ဖားကောက် သလို ဖြစ် နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘော မထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေ ကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ… သူတို့ အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေ ဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။

ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာ သွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့် သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့ လူလို… ငွေတွေ လေဖြတ် သွားလိမ့်မယ်။ အင်အား မရှိတော့ဘူး။

(၄) အလုပ် လုပ်ရာတွင် လောင်းကစား မဆန်ရဘူး။ မြတ်ချင် မြတ်၊ ရှုံးချ င်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီး မြတ်မယ်၊ ရှုံးရင် ကုန်သွားမယ် ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။

မပိုင်တဲ့ အလုပ်၊ မကျွမ်းကျင်တဲ့ အလုပ်မှာ ဘာ ရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။(သူများ ပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တဝက် ပဲ ယုံ )

(၅) အိမ် ငှား မနေနဲ့… အိမ်ပိုင် ဖြစ်အောင်လုပ်။ ကြိုးစား… ဆိုင် မငှားနဲ့။ အပိုင် ဖြစ်အောင် ကြိုးစား။ ငှားတာဟာ… ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာ ကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင် ဖြစ်အောင် ကြိုးစား ဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေ အထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ် အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။( မတ်တတ်စာပဲ ရှိတယ် တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ ။)

(၇) ကြိုးစားမှု ကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ ဆိုတာ စိတ်ချရတာမျိုး မဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့ လူရှိရင်အဲဒီကို သွားကြမှာ )

ဆရာဖေမြင့်ရဲ့ ” ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် ” စာအုပ်မှ ပြန်လည်ကောက်နုတ်ဖော်ပြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*