ကမာၻတစ္လႊား၌ ဗုဒၶ ေျခေတာ္ရာခ်ခဲ့သည့္ ေနရာ (၁၀) ေနရာ…

ကမာၻတစ္လႊား၌ ဗုဒၶ ေျခေတာ္ရာခ်ခဲ့သည့္ ေနရာ (၁၀) ေနရာ...
ကမာၻတစ္လႊား၌ ဗုဒၶ ေျခေတာ္ရာခ်ခဲ့သည့္ ေနရာ (၁၀) ေနရာ...

ကမာၻတစ္လႊား၌ ဗုဒၶ ေျခေတာ္ရာခ်ခဲ့သည့္ ေနရာ (၁၀) ေနရာ…

ကမာၻတစ္လႊား၌ ဗုဒၶ ေျခေတာ္ရာခ်ခဲ့သည့္ ေနရာမွာ ( ၁၀ ) ေနရာ ျဖစ္ေၾကာင္းကို ေလ့လာသိရွိရေပသည္ ။ ၎တို႔မွာ…

(၁) အိႏၵိယျပည္၊ ဘုံဘိုင္ ေျမာက္ပိုင္း၊ နမၼဒါ ျမစ္ ထဲ၌ ေျခေတာ္ရာ တစ္ဆူ။

(၂) အိႏၵိယျပည္၊ ဘုံဘိုင္ နယ္ ေျမာက္ပိုင္း၊ နမၼဒါျမစ္ အထက္ သစၥပန္ ေတာင္ ေပၚ၌ ေျခေတာ္ရာ တစ္ဆူ။

(၃) အိႏၵိယ ျပည္ေျမာက္ပိုင္း ဥဒယာန တိုင္း၌ ေျခေတာ္ရာ တစ္ဆူ။ ( တ႐ုတ္ ဘုန္းေတာ္ႀကီး ဖာယီယန္ ၏ မွတ္တမ္း အရ )

(၄) အိႏၵိယ ျပည္၊ ပါတလိပုတ္ ၿမိဳ႕ေတာ္ ၏ ေတာင္ဘက္ သုံးလီ အကြာ ၌ ေျခေတာ္ရာ တစ္ဆူ …။ ( ဖာယီယန္၏ မွတ္တမ္း အရ )

(၅) သီရိလကၤာႏိုင္ငံ ( သီဟိုဠ္ကြၽန္း ) သုမနကုဋ ( SriPada ) ေတာင္ထိပ္ ၌ ေျခေတာ္ရာ တစ္ဆူ။

(၆) ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း၊ (၆)မယူကမ္း ပုံစည္း ကြၽန္း၊ သာစည္ေထာင့္ ႐ႊာအနီး ၌ ေျခေတာ္ရာ တစ္ဆူ။

(၇) ျမန္မာႏိုင္ငံ၊ ရခိုင္ ျပည္နယ္၊ စစ္ေတြ ၿမိဳ႕ ကုလားတန္ ျမစ္ဝ ရွိ ဖ႐ုံကာ ကြၽန္းစု၊ ေျမငူကြၽန္း၊ဆံေတာ္ရွင္ ဓာတ္ေတာ္ အနီး ရွိ ေျခေတာ္ရာ တစ္ဆူ။

(၈) ျမန္မာႏိုင္ငံ၊ မေကြးတိုင္း ေဒသႀကီး၊ မင္းဘူး ခ႐ိုင္၊ မန္းေခ်ာင္း ( မန္း ေ႐ႊစက္ေတာ္ ) ၌ ေအာက္ , အထက္ ေျခေတာ္ရာ ႏွစ္ဆူ။

(၉) ျမန္မာႏိုင္ငံ ေျမာက္ပိုင္း ဝနယ္၊ လြိဳင္မူေတာင္ အေရွ႕ေျမာက္ ဘက္ ေတာင္ေစာင္း ၌ ေျခေတာ္ရာ တစ္ဆူ။

(၁၀) ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္၊ မဟီ ( မအီ ) ျမစ္ အတြင္း၌ အထက္ ေအာက္ ဝဲယာ ေျခေတာ္ရာ တစ္စုံ… စသည္တို႔ ျဖစ္ၾကေၾကာင္း ရန္ကုန္ၿမိဳ႕၊ တာေမြ ၿမိဳ႕နယ္၊ ေက်ာက္ေျမာက္ရပ္၊ မဟာသုခပါဠိတကၠသိုလ္မွ ဆရာေတာ္ ဦးအရိယာဝံသ၏ ရခိုင္ ျပည္နယ္၊ မအီ စက္ေတာ္ရာ သမိုင္း စာအုပ္တြင္ မွတ္တမ္းျပဳထားပါသည္ ။

ျမတ္စြာဘုရားရွင္သည္ မဟာသကၠရာဇ္ ၁၂၄ ခုႏွစ္တြင္ ရဟႏၲာငါးရာႏွင့္ တကြ သုနာပရႏၲေယာနက တိုင္း ( ယခု ျမန္မာႏိုင္ငံ မေကြးတိုင္း ေဒသႀကီး မင္းဘူးခ႐ိုင္ စကု ၿမိဳ႕နယ္လယ္ ကိုင္းေက်ာင္းေတာ္ရာ ေဒသ ) သို႔လည္း ႂကြေရာက္ ခဲ့ေတာ္မူ၏။

ဘုရားရွင္သည္ သာဝတၳိ ျပည္၊ ေဇတဝန္ေက်ာင္းေတာ္သို႔ ျပန္အႂကြ နမၼဒါျမစ္( ယခု မန္းေခ်ာင္း ) အနီးသို႔ ေရာက္သည္တြင္ နမၼဒါနဂါးမင္း၏ ေတာင္းပန္ခ်က္ေၾကာင့္ ျမစ္ကမ္းနဖူး ေက်ာက္ဖ်ာထက္ တြင္ လက္ဝဲ ေျခေတာ္ရာကို ခ်ေပး ခဲ့၏။

ယင္းကို ေအာက္ ေျခေတာ္ရာဟုေခၚဆိုၾကသည္။ ဆက္လက္၍ ႂကြျမန္း စဥ္ ထိုျမစ္အနီး သစၥဗႏၶက ေတာင္ေပၚသို႔ ေရာက္ျပန္ေသာ္ ရေသ့၏ ေလွ်ာက္ထား ေတာင္းပန္ခ်က္ေၾကာင့္ မကုလေျမ ေက်ာက္ေပၚတြင္ လက္ဝဲဘက္ ေျခေတာ္ရာကို တံဆိပ္ခတ္ႏွိပ္ေပးခဲ့ ျပန္သည္။

ထို အထက္ေျခေတာ္ရာ ကို အထက္စက္ေတာ္ရာဟု သမုတ္ခဲ့ၾကသည္ဟု ဆိုၾကသည္။ သို႔ျဖင့္ ထို ေနရာမ်ားတြင္ ေစတီမ်ားတည္ထားကာ ႏွစ္စဥ္ ေျခေတာ္ရာဖူးရင္း ေစတီမ်ားတြင္ ပြဲေတာ္မ်ားက်င္းပခဲ့ေလသည္ ။

အဆိုပါ ေျခေတာ္ရာသည္ ကာလအတန္ၾကာကြယ္ေပ်ာက္ ေနခဲ့ၿပီး ေတာင္ဖီလာ ဆရာ ေတာ္ႀကီး ( ဓားမကူး ဆရာေတာ္ ) ၏ ေဖာ္ထုတ္ မႈျဖင့္ ပြင့္ေပၚလာျခင္း ျဖစ္ေၾကာင္း မွတ္သားရပါသည္။

မူရင္းေရးသားသူအားေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

ကမ္ဘာတစ်လွှား၌ ဗုဒ္ဓ ခြေတော်ရာချခဲ့သည့် နေရာ (၁၀) နေရာ…

ကမ္ဘာတစ်လွှား၌ ဗုဒ္ဓ ခြေတော်ရာချခဲ့သည့် နေရာမှာ ( ၁၀ ) နေရာ ဖြစ်ကြောင်းကို လေ့လာသိရှိရပေသည် ။ ၎င်းတို့မှာ…

(၁) အိန္ဒိယပြည်၊ ဘုံဘိုင် မြောက်ပိုင်း၊ နမ္မဒါ မြစ် ထဲ၌ ခြေတော်ရာ တစ်ဆူ။

(၂) အိန္ဒိယပြည်၊ ဘုံဘိုင် နယ် မြောက်ပိုင်း၊ နမ္မဒါမြစ် အထက် သစ္စပန် တောင် ပေါ်၌ ခြေတော်ရာ တစ်ဆူ။

(၃) အိန္ဒိယ ပြည်မြောက်ပိုင်း ဥဒယာန တိုင်း၌ ခြေတော်ရာ တစ်ဆူ။ ( တရုတ် ဘုန်းတော်ကြီး ဖာယီယန် ၏ မှတ်တမ်း အရ )

(၄) အိန္ဒိယ ပြည်၊ ပါတလိပုတ် မြို့တော် ၏ တောင်ဘက် သုံးလီ အကွာ ၌ ခြေတော်ရာ တစ်ဆူ …။ ( ဖာယီယန်၏ မှတ်တမ်း အရ )

(၅) သီရိလင်္ကာနိုင်ငံ ( သီဟိုဠ်ကျွန်း ) သုမနကုဋ ( SriPada ) တောင်ထိပ် ၌ ခြေတော်ရာ တစ်ဆူ။

(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ (၆)မယူကမ်း ပုံစည်း ကျွန်း၊ သာစည်ထောင့် ရွှာအနီး ၌ ခြေတော်ရာ တစ်ဆူ။

(၇) မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ်၊ စစ်တွေ မြို့ ကုလားတန် မြစ်ဝ ရှိ ဖရုံကာ ကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင် ဓာတ်တော် အနီး ရှိ ခြေတော်ရာ တစ်ဆူ။

(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူး ခရိုင်၊ မန်းချောင်း ( မန်း ရွှေစက်တော် ) ၌ အောက် , အထက် ခြေတော်ရာ နှစ်ဆူ။

(၉) မြန်မာနိုင်ငံ မြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက် ဘက် တောင်စောင်း ၌ ခြေတော်ရာ တစ်ဆူ။

(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ ( မအီ ) မြစ် အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာ တစ်စုံ… စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေ မြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင် ပြည်နယ်၊ မအီ စက်တော်ရာ သမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည် ။

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့် တကွ သုနာပရန္တယောနက တိုင်း ( ယခု မြန်မာနိုင်ငံ မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် စကု မြို့နယ်လယ် ကိုင်းကျောင်းတော်ရာ ဒေသ ) သို့လည်း ကြွရောက် ခဲ့တော်မူ၏။

ဘုရားရှင်သည် သာဝတ္ထိ ပြည်၊ ဇေတဝန်ကျောင်းတော်သို့ ပြန်အကြွ နမ္မဒါမြစ်( ယခု မန်းချောင်း ) အနီးသို့ ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက် တွင် လက်ဝဲ ခြေတော်ရာကို ချပေး ခဲ့၏။

ယင်းကို အောက် ခြေတော်ရာဟုခေါ်ဆိုကြသည်။ ဆက်လက်၍ ကြွမြန်း စဉ် ထိုမြစ်အနီး သစ္စဗန္ဓက တောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏ လျှောက်ထား တောင်းပန်ချက်ကြောင့် မကုလမြေ ကျောက်ပေါ်တွင် လက်ဝဲဘက် ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ ပြန်သည်။

ထို အထက်ခြေတော်ရာ ကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟု ဆိုကြသည်။ သို့ဖြင့် ထို နေရာများတွင် စေတီများတည်ထားကာ နှစ်စဉ် ခြေတော်ရာဖူးရင်း စေတီများတွင် ပွဲတော်များကျင်းပခဲ့လေသည် ။

အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာကွယ်ပျောက် နေခဲ့ပြီး တောင်ဖီလာ ဆရာ တော်ကြီး ( ဓားမကူး ဆရာတော် ) ၏ ဖော်ထုတ် မှုဖြင့် ပွင့်ပေါ်လာခြင်း ဖြစ်ကြောင်း မှတ်သားရပါသည်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*