စိပ္ပုတီးမွာ ပုတီးအလုံးေရ ၁၀၈ လုံး ထားရျခင္းအေၾကာင္း (မသိေသးသူမ်ား အတြက္)

စိပ္ပုတီးမွာ ပုတီးအလုံးေရ ၁၀၈ လုံး ထားရျခင္းအေၾကာင္း (မသိေသးသူမ်ား အတြက္)
စိပ္ပုတီးမွာ ပုတီးအလုံးေရ ၁၀၈ လုံး ထားရျခင္းအေၾကာင္း (မသိေသးသူမ်ား အတြက္)

စိပ္ပုတီးမွာ ပုတီးအလုံးေရ ၁၀၈ လုံး ထားရျခင္းအေၾကာင္း (မသိေသးသူမ်ား အတြက္)

ေရွးက ခ်ည္ႀကိဳးမ်ားကိုအထုံးျပဳလုပ္ၾကၿပီး ဖုထုံး ၃ ခုသာရွိသည့္ ၃ လုံးပုတီး ျဖစ္သည္။ ရတနာျမတ္ ၃ ပါးအား ( ဝါ ) အနိစၥ ဒုကၡ အနတၱ စေသာ လကၡဏါေရး ၃ ပါးအား ရည္စူးၾကသည္။

ေနာင္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးအရ… အလုံးေရ တိုးလာပါသည္။ ၉ လုံး ။ ၂၇ လုံး။ ၄၅ လုံး။ ၁၀၈ လုံး… စသျဖင့္ တိုးလာခဲ့သည္။

ခုဒၵက နိပါတ္ အဌကထာ တြင္ ( ဆပညာသ ဗုဒၶဂုဏံ အဌဝီသတိ ဓမၼဂုဏံ စတုသတိ သံဃဂုဏံ ကၠဒံ ဓမၼႆ လကၡဏံ ) ဟု ပုတီး၏ လကၡဏါကို မိန႔္မွာခ်က္အရ… ဤသို႔ အလုံးေရ ကြဲျပားလာခဲ့သည္။

ေဗာဇၩင္ခုႏွစ္ပါး ရည္စူးကာ ၇ လုံး ၊ ကိုးနဝင္းရည္စူးကာ ၉ လုံး ၊ သုံးဆယ့္ႏွစ္ေကာဌာသ ရည္စူးကာ ၃၂ လုံး ၊ ဘုရားဝါေတာ္ ေလးဆယ့္ငါး ရည္စူးကာ ၄၅ လုံး စသျဖင့္တိုးလာပါသည္။

သို႔ေသာ္ အသုံးအမ်ားဆုံးျဖစ္သည့္ ၁၀၈ လုံး ထားရွိရျခင္းႏွင့္ပတ္သက္၍ တင္ျပရေသာ္… ဘုရားဂုဏ္ေတာ္ ၅၆ ပါး၊ တရားဂုဏ္ေတာ္ ၂၈ ပါး၊ သံဃဂုဏ္ေတာ္ ၂၄ ပါး စသည္ကို ပူေဇာ္ကာ ( ၁၀၈ ) လုံးထားရွိျခင္း။

တနည္း

ဘုရားဂုဏ္ေတာ္ ၄၈ ပါး ၊ တရားဂုဏ္ေတာ္ ၃၈ ပါး ၊သံဃဂုဏ္ေတာ္ ၂၂ ပါး စသည္ကို ပူေဇာ္ကာ ( ၁၀၈ ) လုံး ထားရွိျခင္း။

ေလာကီနည္းအရ

ၿဂိဳဟ္သက္ ၁၀၈ လုံးအရ လည္းေကာင္း…သတၱမိႆ နကၡတ္ ၁၀၈ လုံးအရ လည္းေကာင္း… ၾတင္းေၾက နဝင္းေၾက ျဖစ္ရန္ ၁၀၈ လုံး အရ လည္းေကာင္း။

ဂါထာမႏၲန္မ်ားကို ၇ အုပ္မွ ၁၀၀၀၀၀ အတြင္း စိပ္ျခင္း စုပ္ျခင္း ျပဳရန္ အလုံးအလီကိုက္ ၁၀၈ လုံး ထားရွိျခင္း။

ဘုရားစက္လကၡဏါ ၁၀၈ ပါးအတြက္ ၁၀၈ လာံး ထားရွိျခင္း စသျဖင့္ မိမိပူေဇာ္ရာ သႏၲန္အလိုက္ ၁၀၈ လုံး သည္ တြင္က်ယ္ လာခဲ့ပါသည္။

ေရွးသူေတာ္စင္ ပညာရွင္မ်ား ယူဆပုံမွာ” ေလာကီအဂၤုတၳိဳလ္မႏၲန္က်မ္း ” တြင္ ဆူးခါးဆရာေတာ္ႀကီး က ေအာက္ပါအတိုင္း ဆုံးျဖတ္ထားပါသည္။

နရဝရ ျဖစ္ေတာ္မူေသာ ျမတ္ဘုရား သာသနာကို ၾကည္ညိဳေလးျမတ္ေသာ သူေတာ္ေကာင္ တို႔သည္ သာမထ ဝိပႆနာ ဘာဝနာ ႏွစ္ပါးကိစၥ ၿပီးဖြယ္ အေၾကာင္းျဖစ္သည္ဟု ႏွလုံးသြင္းကာ တစ္ရာ့ရွစ္လုံး ျပဳလုပ္ရာဝယ္

{{ ဗုဒ္ဓဂုဏဥ္စ ဆပညာသံ။ ဓမ္မဂုဏဥ္စအဌတိသံ။ သံဃဂုဏဉျစ စုဒျဒသံ။ ကတြာ သုခံ ဇလံ လာဘတိ }}

ဟူ၍ သာမညဂါထာျပဳကာ ဘုရားဂုဏ္ေတာ္ ၅၆။ တရားဂုဏ္ေတာ္ ၃၈။ သံဃဂုဏ္ေတာ္ ၁၄။ စုစုေပါင္း ၁၀၈ ရေသာ သေကၤတစကားသည္ ပါဌိအဌကထာဋီကာမ်ားတြင္ တိုက္႐ိုက္မလာျငား ေနယ်တၱ ေထာက္ဆဆင္ျခင္က အဆင့္ဆင့္ပင္ျဖစ္သင့္သည္ ဟု ဖြင့္ျပပါသည္။

ပုတီးသည္ ျဗဟၼဏာ အစဥ္လာ ျဖစ္ေသာ္လည္း ေကာင္းေသာ စိတ္ေရွးရႈ သည့္ အမွတ္သေကၤတလကၡဏါ ေရတြက္ မွတ္ယူျခင္း ျဖစ္ရာ ယေန႔ ဗုဒၶဘါသာဝင္တို႔ လက္စြဲျပဳစရာ ဓမၼသေကၤတ အျဖစ္ ရွိေနပါသည္။

ထိုထိုေသာ အေၾကာင္းတရားတို႔ကို အသိတိုးအံ့ေစျခင္းငွါ တင္ျပလိုက္ရပါသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

စိပ်ပုတီးမှာ ပုတီးအလုံးရေ ၁၀၈ လုံး ထားရခြင်းအကြောင်း (မသိသေးသူများ အတွက်)

ရှေးက ချည်ကြိုးများကိုအထုံးပြုလုပ်ကြပြီး ဖုထုံး ၃ ခုသာရှိသည့် ၃ လုံးပုတီး ဖြစ်သည်။ ရတနာမြတ် ၃ ပါးအား ( ဝါ ) အနိစ္စ ဒုက္ခ အနတ္တ စသော လက္ခဏါရေး ၃ ပါးအား ရည်စူးကြသည်။

နောင်တွင် အကြောင်းအမျိုးမျိုးအရ… အလုံးရေ တိုးလာပါသည်။ ၉ လုံး ။ ၂၇ လုံး။ ၄၅ လုံး။ ၁၀၈ လုံး… စသဖြင့် တိုးလာခဲ့သည်။

ခုဒ္ဒက နိပါတ် အဌကထာ တွင် ( ဆပညာသ ဗုဒ္ဓဂုဏံ အဌဝီသတိ ဓမ္မဂုဏံ စတုသတိ သံဃဂုဏံ က္ကဒံ ဓမ္မဿ လက္ခဏံ ) ဟု ပုတီး၏ လက္ခဏါကို မိန့်မှာချက်အရ… ဤသို့ အလုံးရေ ကွဲပြားလာခဲ့သည်။

ဗောဇ္ဈင်ခုနှစ်ပါး ရည်စူးကာ ၇ လုံး ၊ ကိုးနဝင်းရည်စူးကာ ၉ လုံး ၊ သုံးဆယ့်နှစ်ကောဌာသ ရည်စူးကာ ၃၂ လုံး ၊ ဘုရားဝါတော် လေးဆယ့်ငါး ရည်စူးကာ ၄၅ လုံး စသဖြင့်တိုးလာပါသည်။

သို့သော် အသုံးအများဆုံးဖြစ်သည့် ၁၀၈ လုံး ထားရှိရခြင်းနှင့်ပတ်သက်၍ တင်ပြရသော်… ဘုရားဂုဏ်တော် ၅၆ ပါး၊ တရားဂုဏ်တော် ၂၈ ပါး၊ သံဃဂုဏ်တော် ၂၄ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံးထားရှိခြင်း။

တနည်း

ဘုရားဂုဏ်တော် ၄၈ ပါး ၊ တရားဂုဏ်တော် ၃၈ ပါး ၊သံဃဂုဏ်တော် ၂၂ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံး ထားရှိခြင်း။

လောကီနည်းအရ

ဂြိုဟ်သက် ၁၀၈ လုံးအရ လည်းကောင်း…သတ္တမိဿ နက္ခတ် ၁၀၈ လုံးအရ လည်းကောင်း… တြင်းကြေ နဝင်းကြေ ဖြစ်ရန် ၁၀၈ လုံး အရ လည်းကောင်း။

ဂါထာမန္တန်များကို ၇ အုပ်မှ ၁၀၀၀၀၀ အတွင်း စိပ်ခြင်း စုပ်ခြင်း ပြုရန် အလုံးအလီကိုက် ၁၀၈ လုံး ထားရှိခြင်း။

ဘုရားစက်လက္ခဏါ ၁၀၈ ပါးအတွက် ၁၀၈ လာံး ထားရှိခြင်း စသဖြင့် မိမိပူဇော်ရာ သန္တန်အလိုက် ၁၀၈ လုံး သည် တွင်ကျယ် လာခဲ့ပါသည်။

ရှေးသူတော်စင် ပညာရှင်များ ယူဆပုံမှာ” လောကီအင်္ဂုတ္ထိုလ်မန္တန်ကျမ်း ” တွင် ဆူးခါးဆရာတော်ကြီး က အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်။

နရဝရ ဖြစ်တော်မူသော မြတ်ဘုရား သာသနာကို ကြည်ညိုလေးမြတ်သော သူတော်ကောင် တို့သည် သာမထ ဝိပဿနာ ဘာဝနာ နှစ်ပါးကိစ္စ ပြီးဖွယ် အကြောင်းဖြစ်သည်ဟု နှလုံးသွင်းကာ တစ်ရာ့ရှစ်လုံး ပြုလုပ်ရာဝယ်

{{ ဗုဒ်ဓဂုဏဉ်စ ဆပညာသံ။ ဓမ်မဂုဏဉ်စအဌတိသံ။ သံဃဂုဏဉစြ စုဒဒြသံ။ ကတွာ သုခံ ဇလံ လာဘတိ }}

ဟူ၍ သာမညဂါထာပြုကာ ဘုရားဂုဏ်တော် ၅၆။ တရားဂုဏ်တော် ၃၈။ သံဃဂုဏ်တော် ၁၄။ စုစုပေါင်း ၁၀၈ ရသော သင်္ကေတစကားသည် ပါဌိအဌကထာဋီကာများတွင် တိုက်ရိုက်မလာငြား နေယျတ္တ ထောက်ဆဆင်ခြင်က အဆင့်ဆင့်ပင်ဖြစ်သင့်သည် ဟု ဖွင့်ပြပါသည်။

ပုတီးသည် ဗြဟ္မဏာ အစဉ်လာ ဖြစ်သော်လည်း ကောင်းသော စိတ်ရှေးရှု သည့် အမှတ်သင်္ကေတလက္ခဏါ ရေတွက် မှတ်ယူခြင်း ဖြစ်ရာ ယနေ့ ဗုဒ္ဓဘါသာဝင်တို့ လက်စွဲပြုစရာ ဓမ္မသင်္ကေတ အဖြစ် ရှိနေပါသည်။

ထိုထိုသော အကြောင်းတရားတို့ကို အသိတိုးအံ့စေခြင်းငှါ တင်ပြလိုက်ရပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*