ရာထူးတိုးလိုခ်င္လို႔႔ ေျပာင္းေရႊ႔ေလွ်ာက္္ျခင္း အေတြ႔အၾကံဳ

ရာထူးတိုးလိုခ်င္လို႔႔ ေျပာင္းေရႊ႔ေလွ်ာက္္ျခင္း အေတြ႔အၾကံဳ

ရာထူးတိုးလိုခ်င္လို႔႔ ေျပာင္းေရႊ႔ေလွ်ာက္္ျခင္း အေတြ႔အၾကံဳ

ရာထူးတိုး အေျပာင္းအေရႊ႕ကာလ ဆိုေတာ့ ရာထူး တိုး လိုိခ်င္ ေလၽွာက္ခ်င္တဲ့ မိတ္ေဆြတို႔ ညီငယ္ ညီမငယ္ တို႔ စဥ္းစားသင့္တဲ့ အခ်က္ေလးေတြ မၽွေဝေပးခ်င္ပါတယ္…!

လက္ခံသင့္ လက္မခံသင့္ ကိုယ္တိုင္ စဥ္းစားပါဗ်…!

ကၽြန္ေတာ့္္ သူငယ္ခ်င္းအခ်ိဴ႕ လုပ္သက္ ႏွွစ္ႏွစ္ ျပည့္ေတာ့ ရာထူးတိုး ပါသြားၾကတယ္… ကၽြန္ေတာ္လည္း ပါခ်င္တာပဲ…

ႏွွစ္ႏွစ္ျပည့္ၿပီးကတည္းက ေလၽွာက္တာပဲ…မပါဘူး ျမန္မာနိူင္ငံအတြင္္း ေဒသမေရြးသြားလိုိ ဆိုၿပီး ေလၽွာက္တယ္္…မပါဘူး… ရွမ္းျပည္နယ္ေတာင္ပိုိင္း ေဒသမေရြး သြားလို ေလၽွာက္တယ္…မပါဘူး…

ေလးႀကိမ္ေျမာက္္ ေလၽွာက္မွွ လုပ္သက္ ၆ ႏွစ္ေက်ာ္ မွ ရာထူးတိုးပါခဲ့တယ္…ေျမျပန္႔နဲဲ႔ အလွမ္းေဝးတဲ့ ေတာင္ေပၚေဒသရြာ ေလးေပါ့ဗ်ာ…

နယ္စိိမ္းမွာ သင္တန္း ၁၄ ရက္္ တက္ရတယ္…အသိိမိတ္ ေဆြမရွိဘူး…ဆရာ့ဆရာႀကီးေတြက မိိတ္ဆက္ေပးတဲ့ ဆရာ/မ ေတြေတာ့ ရွိိပါရဲ့… ဒါေပမဲ့ဲ အကူညီမေတာင္း ရဲဘူး… သင္တန္း ၁၄ ရက္ပိတ္ရက္မရွိ…နယ္ပယ္စိမ္း မွာ သင္တန္း ၁၄ ရက္ဆက္တိုက္တက္လိုက္တာ ပါလာ တဲ့ ပိုက္ဆံ ၂ သိန္းခြဲ တက္တက္စင္ေျပာင္ပဲ…

အဲ့မွာ လြိဳိင္ေကာ္က ျပန္လာတဲ့ ေက်ာင္းဆရာေတြ နဲ႔ ထမင္းဆိုင္မွာ ထမင္းအတူစားျဖစ္ေတာ့ အဲ့ဆရာက သူတိုိ႔ ဘက္က အေတြ႕အၾကဳံေျပာတယ္… သူငယ္ခ်င္း တစ္ေယာက္ ဖ႐ူးဆိုး မွာ တာဝန္က်တယ္ လို႔ေျပာေတာ့ ဟာ ဟုတ္လားတဲ့… လမ္းခရီးတအားၾကမ္းတယ္ ဆရာ တဲ့… ဆရာ ေရာက္စက ဆိုင္ကယ္နဲ႔ တာဝန္က်တဲ့ ရြာကို တစ္ေနကုန္ စီးရတယ္ တဲ့… အဲ့မွာ လူၾကဳံ လိုက္ ခ်င္တဲ့ ဆရာမ က အဲ့ဆရာဆီ အကူညီေတာင္းတယ္…

ရြာက လာမႀကိဳဘူးေလ…ကိုိယ့္အစီအစဥ္နဲ႔ကိုိယ္ တဲ့…ခရီးစရိိတ္ ေဒသစရိတ္ရေတာ့ ဆရာ/မ ေတြ အသြား ပဲ ျဖစ္ျဖစ္ အျပန္ပဲျဖစ္ျဖစ္ ေစ်းက တစ္ေခါက္သြား တစ္ေခါက္ျပန္ သုံးေသာင္းတဲ့…

အဲ့မွာ ဆရာမ ကို ဆရာ က ေမးတယ္တဲ့… ဆရာမ ကၽြန္ေတာ့္ကို မေၾကာက္ဘူးလား…တဲ့…မေၾကာက္ပါဘူးတဲ့…ကန္ေတာ့ ပါရဲ့…လမ္းမွာ ဆရာမ ကိုိ မ်ား အနိူင္က်င့္ မယ္ဆိုရင္ ဘယ္နဲ႔လုပ္မလဲ တဲ့…

အဲ့ေတာ့ ဆရာမ က ျပန္ေျပာတယ္…ဘယ္တတ္နိူိင္မလဲ… ရာထူးတိုး လိုိခ်င္လို႔ လာခဲ့တာတဲ့… အဲ့ဆရာက လည္း မိိသားစု စိိတ္ဓာတ္နဲ႔ သြားသြားျပန္ျပန္ သနားလို႔ိ ေခၚျပန္ တယ္တဲ့…

အခ်ိဴ႕က က်ေတာ့ အဲ့လို ဆိုိင္ကယ္ အသြားအျပန္ လိုက္ပို႔ေပးတဲ့ ကာလသား ေတြနဲ႔ အိိမ္ေထာင္က်ကုန္ ျပန္တယ္တဲ့…

တစ္ခါ က ႐ုံးထဲမွာ ေျမျပန္္႔က ဆရာမ တစ္ေယာက္နဲ႔ ေတြ႕တယ္… အမ်ိဴးသား လည္းပါတယ္…ကေလး ေလး ခ်ီလို႔… ကၽြန္ေတာ္က ဆရာမေယာက္်ား တဲ့…အသံဝဲဝဲ နဲ႔စကားေျပာတယ္…စဥ္းစားၾကည့္ပါတယ္… ဒီဆရာမ က ဒီဘက္မွာ တာဝန္က်ၿပီး ဒီဘက္မွာ အိမ္ေထာင္ျပဳ တာလား ေပါ့… ဒါလည္း ထားပါ လက္ခုပ္ဆို တာ ႏွစ္ဖက္ တီးမွ ျမည္တာပါ…ဆရာမ ကလည္း ခ်စ္လို႔ ႀကိဳက္လို႔ ယူတာပဲေနမွာပါလို႔ ေတြးၾကည့္မိပါတယ္…

အဲ့ဆရာမ ေနရာကေန ျပန္ေတြးမိတယ္…ဒီဆရာမ က ရြာသား ကိုိ ယူတယ္… အိိမ္ျပန္ဖို႔ သြားလိုိက္ ျပန္လိုက္ လုပ္ရင္း ရည္းစား စကား ေျပာ မလႊဲသာ မေရွာင္သာ ပဲ လက္ခံ ခ်စ္ႀကိဳက္ ရည္ငံၿပီး ယူလိုက္ရသလား ေပါ့…

သူ႔ မွာလည္း ရည္စူးၿပီးသား ခ်စ္သူေမာင္ မရွိနိူင္ဘူး လို႔ ဘယ္သူေျပာနိူင္မလဲ… ဒီေတာ ဒီေတာင္ထဲမွာ ဘဝ တစ္ခု တည္ေဆာက္ နစ္မြန္း ခံလိုက္ ကတည္းက အဲ့ ဆရာမ ကို သနားမိတယ္… ရာထူးတိုး လိုခ်င္တယ္…

ဘဝရည္မွန္းခ်က္ တက္လမ္း ေတြကို ေမၽွာ္ၾကည့္ၿပီး မိိသားစု နဲ႔ ေဝးကြာ ခ်စ္သူ ခင္သူ ေတြနဲ႔ ခြဲခြါၿပီး နိူိင္ငံ တာဝန္ ထမ္းေဆာင္ရတဲ့ ပညာေရးေလာက သား ေတြ ဒီလိုဘဝမ်ိဴးေတြနဲ႔ နစ္မြန္း သြားခဲ့ရတာ ေတြ ဘယ္ေလာက္မ်ားေနၿပီလဲ ဆိုတာ မသိနိူင္ဘူး…

ရာထူး မရခင္ တုန္းက အိိမ္နဲ႔နီးတယ္…စေန တနဂၤေႏြ ေက်ာင္းပိတ္ရက္ အိမ္ျပန္ရတယ္…မိသားစု နဲ႔ ထမင္း လက္ဆုံစားရတယ္… ရာထူးမတိုးတာကလြဲ၍ စိတ္ခ်မ္း သာ ကိုယ္က်န္းမာ စိတ္ေပ်ာ္ ကိုယ္ေပ်ာ္ပါပဲ…

ကဲဲ အခု ရာထူးတိုး ယူလိုက္မိပါၿပီတဲ့… ေဝးလံေခါင္ဖ်ား ေတာင္ေပၚေဒသ ေရာက္ပါၿပီတဲ့…စေန တနဂၤေႏြ မျပန္ ရ…ဝါဆိုဦး မျပန္ ရ နဲ႔ စိိတ္ပင္ပန္း ဆင္းရဲလွပါတယ္…

သီတင္းကၽြတ္ ေက်ာင္းပိတ္ရက္နဲ႔ ဒီဇင္ဘာ ေက်ာင္းပိတ္ ရက္ရက္ ရွည္ ပိတ္တဲ့ အခ်ိန္မွာ လည္း မိဘ ရပ္ထံျပန္…အသြား အျပန္ တစ္ေခါက္္ ငါးေသာင္း…ႏွွစ္ေခါက္ျပန္ရင္ တစ္သိန္း ဘယ္မလဲ လစာ … မိိဘ ကို ျပန္မအပ္နိူင္ဘူး…

ေတာင္ေပၚေဒသ ေက်ာင္း ေတြ ဆိုတာ အစစအရာရာ ခက္ခဲတယ္… စားစရာ အသီးအႏွံ က လြဲ အကုန္ရွားတယ္… က်န္းမာ ေရးခ်ဴခ်ာ ရင္ ေဒသ မေရြး ရာထူးတိုး မယူတာ ေကာင္းပါတယ္…

ေနမေကာင္းလို႔ ေဆးျပခ်င္ရင္္ အသက္နဲ႔ရင္းရတယ္…

ေဆးခန္းမရွိိ ေဆး႐ုံမနီး…ေတာင္ေပၚေဒသေတြဆိုတာ မိုးတြင္း ဆို သြားရလာရ သိပ္ခက္တာ… ဆန္ဆီဆား ေထာက္ပံ့တာ…ဆရာ/မ အႀကိဳအပို႔ လုပ္တာ… ဟင္းခ်က္စရာ ဟင္းသီးဟင္းရြက္ လာပို႔တာနဲ႔ သူတို႔ ရဲ့ ရိုးသားမွုကလြဲရင္ အားလုံးခက္ခဲတယ္…

အရင္က ၾကားဖူးတယ္္… ျပည္နယ္ေတြ ေတာင္ေပၚေဒသ ေတြက ဆရာ/မ ေတြဆို သိိပ္ရိုေသ တာ သိိပ္ေလးစား တာ သိိပ္တန္ဖိုးထားတာ ဆိုတာေလ ၾကားရတာ အားရ စရာႀကီးပါ…မထင္ပါနဲ႔ကြာ…ပညာေရးဦးစားမေပးၾက ပါဘူး…လမ္းေဘးေက်ာင္းကလြဲရင္ အားမေပးၾကပါဘူး

ပညာတန္ဖိုး မသိၾကပါဘူး…ပညာကို မလိုိခ်င္ၾကပါဘူး…ေတာင္ေပၚတက္ အလုပ္လုပ္မယ္ ေလာက္ စိတ္ကူး ရွိ တယ္… ေလးတန္းေအာင္ရင္ေက်ာင္းထြက္မယ္ ဆိုတဲ့ ကေလးနဲ႔…

ကေလးကို ေက်ာင္းမလႊတ္ခ်င္တဲ့ ေက်ာင္းသား မိဘ ေတြပဲ ရွိတာပါကြာ… ဆရာ/မ ေတြ ရက္ရွည္ပိတ္လို႔ အိမ္ျပန္ခ်င္တဲ့အခါ…အေရး ကိစၥ ရွိလို႔ အသြားအလာ လိုတဲ့အခါ ရြာက အစီအစဥ္ ရွိ တယ္ဆိုေပမဲ့ လိုက္မပို႔ခ်င္ၾကပါဘူးကြာ…ဒီၾကား ထဲ ဖူးစာ ေရးနတ္က ဆုံေပးရင္ ရြာသား ေတြနဲ႔ က ညား နိူင္ေသးတယ္… ခြဲျခား တာ မဟုတ္ပါဘူး…

ကိုယ့္ရြာကို လာၿပီး တာဝန္ထမ္းေဆာင္တဲ့ ဆရာ/မ ေတြရဲ့ လုံျခဳံေရး အစစအရာ ရာ အဆင္ေျပေရး ကို ဦးစား ေပးလုပ္ေဆာင္ရမဲ့အစား… ဆရာမ ကို မျပန္နိူင္ ေအာင္ ရည္းစားစကားေျပာၿပီး ဆရာမ ကို ရြာသူ ျဖစ္ေအာင္ လုပ္တာကေတာ့ မျဖစ္သင့္ဘူးထင္တာေပါ့…

ဒီေတာ့ စဥ္းစားပါ… မူၿပ လစာ နဲ႔ လယ္ၿပ လစာ က သိပ္မကြာဘူး…လယ္ၿပ လစာ နဲ႔ ထက္ၿပ လစာ သိပ္မကြာဘူး…လစာ သိပ္မကြာေပမဲ့ လုပ္ရတဲ့ အလုပ္ ကလည္း သိပ္မကြာဘူး… ျမန္မာ့ ပညာေရးမွာ ရာထူးက အဓိက ဆိုေတာ့ ပုထုဇဥ္ ပီပီ ႐ူးၾကတာပါပဲ… အဲ့ဒီ ႐ူးျခင္း ေနာက္ကြယ္မွာေတာ့ ဆင္းရဲျခင္းမ်ားစြာ ရွိပါတယ္…

အခုဆို ပ္ိုဆိုးၿပီ…မတ္လကုန္ထိ ေက်ာင္းတက္ရမယ္… သၾကၤန္ တြင္းေလး အိမ္ျပန္ ၿပီး ဖင္ပူေအာင္ မေနနိူင္… သိပ္မၾကာခင္ သင္တန္း ေပါင္းစုံတက္ရေတာ့မယ္…

သင္တန္းၿပီးတာ နဲ႔ ေက်ာင္းစဖြင့္ၿပီ…ဘယ္မလဲ မိိသားစု နဲ႔အတူေနခ်ိန္… အေဖ့အိမ္ရဲ့ လုံျခဳံမွုေတြ အေမ့အိမ္ ရဲ့ ေႏြးေထြးမွုေတြ ဘယ္မွာလဲ…

ကိုိယ့္ၿမိဳ႕နယ္ ကိုယ္ ခရိုင္းအတြင္းမွာ တာဝန္က်ဖို႔ ရာထူးတိုးဖို႔က်ေတာ့ လည္း လာဘ္ေပးလာဘ္ယူ ကိစၥ ေတြက အပုံအပင္ … လုပ္သက္ ဆယ္ႏွစ္ေက်ာ္ ေတြ ၁၅ ႏွစ္ေက်ာ္ေတြေတာင္ မတိုးနိူင္… တကယ္ေတာ့ ရာထူး တိုး ယူလိုက္ၿပီဆိုတာနဲ႔ ဆင္းရဲျခင္း ဒုကၡ ေတြ တန္းစီခံ ရေတာ့ မယ္… ဒီဒုကၡ အခက္အခဲေတြ ရင္ဆိုင္နိူင္မွ ေဒသ မေရြး ရာထူးတိုး ေလၽွာက္ဖို႔ ဆုံးျဖတ္ၾကပါ…

ေယာက္်ားေလး ေတြမွ မဟုတ္ရင္ ေဒသမေရြး ရာထူး တိုး ၾကမဲ့ ဆရာမေလး ေတြအတြက္ကေတာ့ ေရွ႕ေလၽွာက္ ရင္ဆိုင္ရမဲ့ စိန္ေခၚမွု ေတြကေတာ့ ေၾကာက္ စရာေကာင္းပါတယ္… အဲ့စိန္ေခၚမွုေတြကို စိတ္ဝင္စားတယ္ဆိုရင္ ေတာ့ ႀကိဳဆိုပါတယ္…

ဒါေပမဲ့ မိဘအိမ္မွာလိုိ ဝက္သားဟင္းေလး ခ်က္စား လိုက္ ၾကက္သားဟင္းေလး ခ်က္စားလိုက္ အဝတ္အစား ေက်ာ့ေက်ာ့ ေလးဝတ္ ေစ်းဝယ္ေလး ထြက္လိုက္ လုပ္ေနဖို႔မစဥ္းစားနဲ႔…အလွျပင္ၿပီး ေအးေအးေဆးေဆး ေနလို႔ရမယ္မထင္နဲ႔ ေခ်ာင္းဆိုး ႏွာေစးလို႔ ေဆးခန္းျပဖို႔စိတ္မကူးနဲ႔…အိမ္မွာလို ဖဲေမြ႕ရာ ေရႊေကာ္ေဇာနဲ႔ ေနရမယ္မထင္နဲ႔… ကိုယ့္ဆိုင္ ကယ္ေလးထုတ္ အလြယ္တကူ အိမ္ျပန္ရမယ္မထင္နဲ႔…

ရာထူးတိုးဆိုိတဲ့ေနာက္ကြယ္မွာ ဓါးေတာင္ေတြ ရွိတယ္…မီးပင္လယ္ေတြရွိတယ္… အဲ့ဒီ ဓါးေတာင္ေတြ ကို ေက်ာ္ မီးပင္လယ္ကို ျဖတ္နိူင္မွ ရာထူးတိုး ယူဖို႔ဆုံးျဖတ္ပါ…

စဥ္းစား ခ်င့္ခ်ိန္တတ္ဖို႔ အတြက္သာ ဤ ပို႔စ္ကို ေရးပါတယ္… ဘယ္သူ႔ဘယ္သူ ကိုမွ နစ္နာေစလို ျခင္း အလ်ဥ္းမရွိပါ… ။ ။

ဆရာတိိမ္ထြဋ္ေခါင္

Unicode

ရာထူးတိုးလိုချင်လို့ ပြောင်းရွှေ့လျှောက်ခြင်း အတွေ့အကြုံ

ရာထူးတိုး အပြောင်းအရွှေ့ကာလ ဆိုတော့ ရာထူး တိုး လိုချင် လျှောက်ချင်တဲ့ မိတ်ဆွေတို့ ညီငယ် ညီမငယ် တို့ စဉ်းစားသင့်တဲ့ အချက်လေးတွေ မျှဝေပေးချင်ပါတယ်…!

လက်ခံသင့် လက်မခံသင့် ကိုယ်တိုင် စဉ်းစားပါဗျ…!

ကျွန်တော့်် သူငယ်ချင်းအချိူ့ လုပ်သက် နှစ်နှစ် ပြည့်တော့ ရာထူးတိုး ပါသွားကြတယ်… ကျွန်တော်လည်း ပါချင်တာပဲ…

နှစ်နှစ်ပြည့်ပြီးကတည်းက လျှောက်တာပဲ…မပါဘူး မြန်မာနိူင်ငံအတွင်း ဒေသမရွေးသွားလို ဆိုပြီး လျှောက်တယ်…မပါဘူး… ရှမ်းပြည်နယ်တောင်ပိုင်း ဒေသမရွေး သွားလို လျှောက်တယ်…မပါဘူး…

လေးကြိမ်မြောက် လျှောက်မှ လုပ်သက် ၆ နှစ်ကျော် မှ ရာထူးတိုးပါခဲ့တယ်…မြေပြန့်နဲ့ အလှမ်းဝေးတဲ့ တောင်ပေါ်ဒေသရွာ လေးပေါ့ဗျာ…

နယ်စိမ်းမှာ သင်တန်း ၁၄ ရက် တက်ရတယ်…အသိမိတ် ဆွေမရှိဘူး…ဆရာ့ဆရာကြီးတွေက မိတ်ဆက်ပေးတဲ့ ဆရာ/မ တွေတော့ ရှိပါရဲ့… ဒါပေမဲ့ဲ အကူညီမတောင်း ရဲဘူး… သင်တန်း ၁၄ ရက်ပိတ်ရက်မရှိ…နယ်ပယ်စိမ်း မှာ သင်တန်း ၁၄ ရက်ဆက်တိုက်တက်လိုက်တာ ပါလာ တဲ့ ပိုက်ဆံ ၂ သိန်းခွဲ တက်တက်စင်ပြောင်ပဲ…

အဲ့မှာ လွိုင်ကော်က ပြန်လာတဲ့ ကျောင်းဆရာတွေ နဲ့ ထမင်းဆိုင်မှာ ထမင်းအတူစားဖြစ်တော့ အဲ့ဆရာက သူတို့ ဘက်က အတွေ့အကြုံပြောတယ်… သူငယ်ချင်း တစ်ယောက် ဖရူးဆိုး မှာ တာဝန်ကျတယ် လို့ပြောတော့ ဟာ ဟုတ်လားတဲ့… လမ်းခရီးတအားကြမ်းတယ် ဆရာ တဲ့… ဆရာ ရောက်စက ဆိုင်ကယ်နဲ့ တာဝန်ကျတဲ့ ရွာကို တစ်နေကုန် စီးရတယ် တဲ့… အဲ့မှာ လူကြုံ လိုက် ချင်တဲ့ ဆရာမ က အဲ့ဆရာဆီ အကူညီတောင်းတယ်…

ရွာက လာမကြိုဘူးလေ…ကိုယ့်အစီအစဉ်နဲ့ကိုယ် တဲ့…ခရီးစရိတ် ဒေသစရိတ်ရတော့ ဆရာ/မ တွေ အသွား ပဲ ဖြစ်ဖြစ် အပြန်ပဲဖြစ်ဖြစ် ဈေးက တစ်ခေါက်သွား တစ်ခေါက်ပြန် သုံးသောင်းတဲ့…

အဲ့မှာ ဆရာမ ကို ဆရာ က မေးတယ်တဲ့… ဆရာမ ကျွန်တော့်ကို မကြောက်ဘူးလား…တဲ့…မကြောက်ပါဘူးတဲ့…ကန်တော့ ပါရဲ့…လမ်းမှာ ဆရာမ ကို များ အနိူင်ကျင့် မယ်ဆိုရင် ဘယ်နဲ့လုပ်မလဲ တဲ့…

အဲ့တော့ ဆရာမ က ပြန်ပြောတယ်…ဘယ်တတ်နိူင်မလဲ… ရာထူးတိုး လိုချင်လို့ လာခဲ့တာတဲ့… အဲ့ဆရာက လည်း မိသားစု စိတ်ဓာတ်နဲ့ သွားသွားပြန်ပြန် သနားလို့ိ ခေါ်ပြန် တယ်တဲ့…

အချိူ့က ကျတော့ အဲ့လို ဆိုင်ကယ် အသွားအပြန် လိုက်ပို့ပေးတဲ့ ကာလသား တွေနဲ့ အိမ်ထောင်ကျကုန် ပြန်တယ်တဲ့…

တစ်ခါ က ရုံးထဲမှာ မြေပြန့််က ဆရာမ တစ်ယောက်နဲ့ တွေ့တယ်… အမျိူးသား လည်းပါတယ်…ကလေး လေး ချီလို့… ကျွန်တော်က ဆရာမယောက်ျား တဲ့…အသံဝဲဝဲ နဲ့စကားပြောတယ်…စဉ်းစားကြည့်ပါတယ်… ဒီဆရာမ က ဒီဘက်မှာ တာဝန်ကျပြီး ဒီဘက်မှာ အိမ်ထောင်ပြု တာလား ပေါ့… ဒါလည်း ထားပါ လက်ခုပ်ဆို တာ နှစ်ဖက် တီးမှ မြည်တာပါ…ဆရာမ ကလည်း ချစ်လို့ ကြိုက်လို့ ယူတာပဲနေမှာပါလို့ တွေးကြည့်မိပါတယ်…

အဲ့ဆရာမ နေရာကနေ ပြန်တွေးမိတယ်…ဒီဆရာမ က ရွာသား ကို ယူတယ်… အိမ်ပြန်ဖို့ သွားလိုက် ပြန်လိုက် လုပ်ရင်း ရည်းစား စကား ပြော မလွှဲသာ မရှောင်သာ ပဲ လက်ခံ ချစ်ကြိုက် ရည်ငံပြီး ယူလိုက်ရသလား ပေါ့…

သူ့ မှာလည်း ရည်စူးပြီးသား ချစ်သူမောင် မရှိနိူင်ဘူး လို့ ဘယ်သူပြောနိူင်မလဲ… ဒီတော ဒီတောင်ထဲမှာ ဘဝ တစ်ခု တည်ဆောက် နစ်မွန်း ခံလိုက် ကတည်းက အဲ့ ဆရာမ ကို သနားမိတယ်… ရာထူးတိုး လိုချင်တယ်…

ဘဝရည်မှန်းချက် တက်လမ်း တွေကို မျှော်ကြည့်ပြီး မိသားစု နဲ့ ဝေးကွာ ချစ်သူ ခင်သူ တွေနဲ့ ခွဲခွါပြီး နိူင်ငံ တာဝန် ထမ်းဆောင်ရတဲ့ ပညာရေးလောက သား တွေ ဒီလိုဘဝမျိူးတွေနဲ့ နစ်မွန်း သွားခဲ့ရတာ တွေ ဘယ်လောက်များနေပြီလဲ ဆိုတာ မသိနိူင်ဘူး…

ရာထူး မရခင် တုန်းက အိမ်နဲ့နီးတယ်…စနေ တနင်္ဂနွေ ကျောင်းပိတ်ရက် အိမ်ပြန်ရတယ်…မိသားစု နဲ့ ထမင်း လက်ဆုံစားရတယ်… ရာထူးမတိုးတာကလွဲ၍ စိတ်ချမ်း သာ ကိုယ်ကျန်းမာ စိတ်ပျော် ကိုယ်ပျော်ပါပဲ…

ကဲ အခု ရာထူးတိုး ယူလိုက်မိပါပြီတဲ့… ဝေးလံခေါင်ဖျား တောင်ပေါ်ဒေသ ရောက်ပါပြီတဲ့…စနေ တနင်္ဂနွေ မပြန် ရ…ဝါဆိုဦး မပြန် ရ နဲ့ စိတ်ပင်ပန်း ဆင်းရဲလှပါတယ်…

သီတင်းကျွတ် ကျောင်းပိတ်ရက်နဲ့ ဒီဇင်ဘာ ကျောင်းပိတ် ရက်ရက် ရှည် ပိတ်တဲ့ အချိန်မှာ လည်း မိဘ ရပ်ထံပြန်…အသွား အပြန် တစ်ခေါက် ငါးသောင်း…နှစ်ခေါက်ပြန်ရင် တစ်သိန်း ဘယ်မလဲ လစာ … မိဘ ကို ပြန်မအပ်နိူင်ဘူး…

တောင်ပေါ်ဒေသ ကျောင်း တွေ ဆိုတာ အစစအရာရာ ခက်ခဲတယ်… စားစရာ အသီးအနှံ က လွဲ အကုန်ရှားတယ်… ကျန်းမာ ရေးချူချာ ရင် ဒေသ မရွေး ရာထူးတိုး မယူတာ ကောင်းပါတယ်…

နေမကောင်းလို့ ဆေးပြချင်ရင် အသက်နဲ့ရင်းရတယ်…

ဆေးခန်းမရှိ ဆေးရုံမနီး…တောင်ပေါ်ဒေသတွေဆိုတာ မိုးတွင်း ဆို သွားရလာရ သိပ်ခက်တာ… ဆန်ဆီဆား ထောက်ပံ့တာ…ဆရာ/မ အကြိုအပို့ လုပ်တာ… ဟင်းချက်စရာ ဟင်းသီးဟင်းရွက် လာပို့တာနဲ့ သူတို့ ရဲ့ ရိုးသားမှုကလွဲရင် အားလုံးခက်ခဲတယ်…

အရင်က ကြားဖူးတယ်… ပြည်နယ်တွေ တောင်ပေါ်ဒေသ တွေက ဆရာ/မ တွေဆို သိပ်ရိုသေ တာ သိပ်လေးစား တာ သိပ်တန်ဖိုးထားတာ ဆိုတာလေ ကြားရတာ အားရ စရာကြီးပါ…မထင်ပါနဲ့ကွာ…ပညာရေးဦးစားမပေးကြ ပါဘူး…လမ်းဘေးကျောင်းကလွဲရင် အားမပေးကြပါဘူး

ပညာတန်ဖိုး မသိကြပါဘူး…ပညာကို မလိုချင်ကြပါဘူး…တောင်ပေါ်တက် အလုပ်လုပ်မယ် လောက် စိတ်ကူး ရှိ တယ်… လေးတန်းအောင်ရင်ကျောင်းထွက်မယ် ဆိုတဲ့ ကလေးနဲ့…

ကလေးကို ကျောင်းမလွှတ်ချင်တဲ့ ကျောင်းသား မိဘ တွေပဲ ရှိတာပါကွာ… ဆရာ/မ တွေ ရက်ရှည်ပိတ်လို့ အိမ်ပြန်ချင်တဲ့အခါ…အရေး ကိစ္စ ရှိလို့ အသွားအလာ လိုတဲ့အခါ ရွာက အစီအစဉ် ရှိ တယ်ဆိုပေမဲ့ လိုက်မပို့ချင်ကြပါဘူးကွာ…ဒီကြား ထဲ ဖူးစာ ရေးနတ်က ဆုံပေးရင် ရွာသား တွေနဲ့ က ညား နိူင်သေးတယ်… ခွဲခြား တာ မဟုတ်ပါဘူး…

ကိုယ့်ရွာကို လာပြီး တာဝန်ထမ်းဆောင်တဲ့ ဆရာ/မ တွေရဲ့ လုံခြုံရေး အစစအရာ ရာ အဆင်ပြေရေး ကို ဦးစား ပေးလုပ်ဆောင်ရမဲ့အစား… ဆရာမ ကို မပြန်နိူင် အောင် ရည်းစားစကားပြောပြီး ဆရာမ ကို ရွာသူ ဖြစ်အောင် လုပ်တာကတော့ မဖြစ်သင့်ဘူးထင်တာပေါ့…

ဒီတော့ စဉ်းစားပါ… မူပြ လစာ နဲ့ လယ်ပြ လစာ က သိပ်မကွာဘူး…လယ်ပြ လစာ နဲ့ ထက်ပြ လစာ သိပ်မကွာဘူး…လစာ သိပ်မကွာပေမဲ့ လုပ်ရတဲ့ အလုပ် ကလည်း သိပ်မကွာဘူး… မြန်မာ့ ပညာရေးမှာ ရာထူးက အဓိက ဆိုတော့ ပုထုဇဉ် ပီပီ ရူးကြတာပါပဲ… အဲ့ဒီ ရူးခြင်း နောက်ကွယ်မှာတော့ ဆင်းရဲခြင်းများစွာ ရှိပါတယ်…

အခုဆို ပိုဆိုးပြီ…မတ်လကုန်ထိ ကျောင်းတက်ရမယ်… သင်္ကြန် တွင်းလေး အိမ်ပြန် ပြီး ဖင်ပူအောင် မနေနိူင်… သိပ်မကြာခင် သင်တန်း ပေါင်းစုံတက်ရတော့မယ်…

သင်တန်းပြီးတာ နဲ့ ကျောင်းစဖွင့်ပြီ…ဘယ်မလဲ မိသားစု နဲ့အတူနေချိန်… အဖေ့အိမ်ရဲ့ လုံခြုံမှုတွေ အမေ့အိမ် ရဲ့ နွေးထွေးမှုတွေ ဘယ်မှာလဲ…

ကိုယ့်မြို့နယ် ကိုယ် ခရိုင်းအတွင်းမှာ တာဝန်ကျဖို့ ရာထူးတိုးဖို့ကျတော့ လည်း လာဘ်ပေးလာဘ်ယူ ကိစ္စ တွေက အပုံအပင် … လုပ်သက် ဆယ်နှစ်ကျော် တွေ ၁၅ နှစ်ကျော်တွေတောင် မတိုးနိူင်… တကယ်တော့ ရာထူး တိုး ယူလိုက်ပြီဆိုတာနဲ့ ဆင်းရဲခြင်း ဒုက္ခ တွေ တန်းစီခံ ရတော့ မယ်… ဒီဒုက္ခ အခက်အခဲတွေ ရင်ဆိုင်နိူင်မှ ဒေသ မရွေး ရာထူးတိုး လျှောက်ဖို့ ဆုံးဖြတ်ကြပါ…

ယောက်ျားလေး တွေမှ မဟုတ်ရင် ဒေသမရွေး ရာထူး တိုး ကြမဲ့ ဆရာမလေး တွေအတွက်ကတော့ ရှေ့လျှောက် ရင်ဆိုင်ရမဲ့ စိန်ခေါ်မှု တွေကတော့ ကြောက် စရာကောင်းပါတယ်… အဲ့စိန်ခေါ်မှုတွေကို စိတ်ဝင်စားတယ်ဆိုရင် တော့ ကြိုဆိုပါတယ်…

ဒါပေမဲ့ မိဘအိမ်မှာလို ဝက်သားဟင်းလေး ချက်စား လိုက် ကြက်သားဟင်းလေး ချက်စားလိုက် အဝတ်အစား ကျော့ကျော့ လေးဝတ် ဈေးဝယ်လေး ထွက်လိုက် လုပ်နေဖို့မစဉ်းစားနဲ့…အလှပြင်ပြီး အေးအေးဆေးဆေး နေလို့ရမယ်မထင်နဲ့ ချောင်းဆိုး နှာစေးလို့ ဆေးခန်းပြဖို့စိတ်မကူးနဲ့…အိမ်မှာလို ဖဲမွေ့ရာ ရွှေကော်ဇောနဲ့ နေရမယ်မထင်နဲ့… ကိုယ့်ဆိုင် ကယ်လေးထုတ် အလွယ်တကူ အိမ်ပြန်ရမယ်မထင်နဲ့…

ရာထူးတိုးဆိုတဲ့နောက်ကွယ်မှာ ဓါးတောင်တွေ ရှိတယ်…မီးပင်လယ်တွေရှိတယ်… အဲ့ဒီ ဓါးတောင်တွေ ကို ကျော် မီးပင်လယ်ကို ဖြတ်နိူင်မှ ရာထူးတိုး ယူဖို့ဆုံးဖြတ်ပါ…

စဉ်းစား ချင့်ချိန်တတ်ဖို့ အတွက်သာ ဤ ပို့စ်ကို ရေးပါတယ်… ဘယ်သူ့ဘယ်သူ ကိုမှ နစ်နာစေလို ခြင်း အလျဉ်းမရှိပါ… ။ ။

ဆရာတိမ်ထွဋ်ခေါင်

Be the first to comment

Leave a Reply

Your email address will not be published.


*