၀၄. ကျွန်မကို မထိပါနဲ့
၀၅. အလုပ်အရမ်းများတယ်။
၀၉. စားလိုက်တာကွာ
Unicode
“ယောက်ျားလေးတိုင်း သိထားဖို့ ကိုယ်ဝန်ဆောင် မိန်းကလေးတွေအပေါ် မလုပ်သင့်သော အချက် (၁၄) ချက်”
ကိုယ်ဝန်ဆောင် မိန်းကလေးတွေအပေါ် မလုပ်သင့်သော ၁၄ ချက်…
ကိုယ်ချစ်ရတဲ့ ဇနီးဖြစ်သူက ကိုယ့်ရဲ့ရင်သွေးလေးကို မွေးပေးမယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းမလဲ။
ကိုယ်ဝန်ဆောင်တယ်ဆိုတာဟာ မိန်းကလေးတွေသာ သိပြီး ယောင်္ကျားဖြစ်သူက မသိတဲ့အချက်တွေ အများကြီးရှိပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာလည်း မိခင်လောင်း မိန်းကလေး အနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမူတွေ အများကြီးရှိတယ်ဆိုတာ သိထားဖို့လိုပါလိမ့်မယ်။
မသိထားရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မူတွေ လွဲပြီး ပြသာနာတွေနဲ့ ကြုံရမှာ အမှန်ပါ။ ဒါကြောင့် မဖြစ်သင့်တဲ့ ပြသာနာတွေကို ကြိုတင်ပြီး သိအောင် မလုပ်သင့်သော အချက်လေးတွေကို တင်ပြလိုက်ပါတယ်။
၀၁. တစ်လိပ်လောက် သောက်လိုက်ဦးမယ်။ ဆေးလိပ်ကို ကိုယ်ဝန်ဆောင် မိန်းကလေးရဲ့ဘေးမှာ မသောက်သင့်ပါ။
ကလေးမှာ အဆုပ်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။ မိန်းကလေး ကိုယ်တိုင်လည်း ဆေးလိပ် မသောက်သင့်ပါ။ သောက်ခဲ့သည်ရှိသော် ကလေးက ကျန်းမာရေးချို့တဲ့သူဖြစ်တတ်ပါတယ်။
၀၂. အရက်ကို နည်းနည်းသောက်ချင်တယ်။
ဆေးလိပ် တခုတည်း မဟုတ်ပါ။ အရက်ကိုလည်း မသောက်စေချင်ပါ။ ကိုယ်လည်းမသောက်နဲ့။ သူ့ကိုလည်း မသောက်စေပါနဲ့။
၀၃. ဘာလို့ ဟင်းမချက်တာလဲ
အလုပ်ကနေမောပြီး ပြန်လာ ဗိုက်ကလည်း ဆာနေပင်မဲ့ အမျိုးသမီးက အကြောင်းအမျိုးမျိုးကြောင့် ဟင်းမချက်နိုင်ခဲ့ရင်လည်း စိတ်မဆိုးပါနဲ့။ ခွင့်လွတ်ပေးပါ။ သူမှာ ကိုယ်ဝန်ကြီးနဲ့ မအီမသာ ဖြစ်နေရင်လည်း ဖြစ်နေနိုင်ပါတယ်။
၀၄. ကျွန်မကို မထိပါနဲ့
ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားနေပြီး စိတ်မငြိမ်တဲ့ အချိန်လည်း ဖြစ်နိုင်တဲ့အတွက် ခဏခဏ ဒေါသထွက်နေတတ်ပါတယ်။ အိမ်ထောင်သည်ဘဝ ချစ်ရသော မိန်းမဖြစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်ပင်မဲ့ ဒီအချိန်လေးမှာတော့ သည်းခံပေးလိုက်ပါ။
၀၅. အလုပ်အရမ်းများတယ်။
သူ့မှာ ကိုယ်ထင်ထားတာထက် စိတ်ဖိစီးမူတွေ၊ အားငယ်နေနိုင်ပါတယ်။ ဒါတွေကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် အလုပ်ကနေ Message လေးပဲဖြစ်ဖြစ် ပို့ဖြစ်အောင် ပို့ပေးလိုက်ပါ။ အဆက်အသွယ် မပြတ်ဖို့ အရေးကြီးပါတယ်။
၀၆. အရင်တုန်းက လှခဲ့ပင်မဲ့လည်းနော်
ကိုယ်ဝန်ဆောင် မိန်းကလေးဆိုတာ ရင်သွေးလေးရဲ့ ကျန်းမာရေးနဲ့ ကိုယ်ရဲ့ကျန်းမာရေးကို ဂရုစိုက်နေရတဲ့အတွက် လက်ထပ်သာစ အချိန်ကလို လှမှာတော့မဟုတ်ပါ။ ဝရင်လည်း ဝလာလိမ့်မယ်။ အလှလည်း ပြင်နိုင်ချင်မှ ပြင်နိုင်လိမ့်မယ်။ အပြစ်ပြောတဲ့အလုပ်ကို မလုပ်ပါနဲ့။ မိန်းကလေးမှာတော့ ပါးစပ်ကထုတ်မပြောပင်မဲ့ ရင်ထဲမှာတော့ ခံစားရမှာ အမှန်ပါ။
၀၇. အပြင်သွားမယ်? မသွားချင်ဘူးကွာ
ကလေးမွေးလာရင်တော့ နှစ်ယေက်တည်း နေနိုင်တဲ့ အချိန်ကတော့ ပြီးဆုံးသွားပါပြီ။ အဲဒီအတွက် မမေးခင်အချိန်လေးမှာ နှစ်ယောက်အတူတူ သွားလာလှုပ်ရှားသင့်ပါတယ်။
၀၈. ကလေးရှေ့ရေးလား မစဉ်းစားနိုင်သေးပါဘူးကွာ
မိန်းကလေးမှာတော့ ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်ကနေ ကလေးအတွက်ကို စဉ်းစားနေပါပြီ။ ကလေးကို ခင်ပွန်းဖြစ်သူထက် ဦးစားပေးလာမှာပါ။ သူနဲ့အတူတူ ကလေးအတွက် စဉ်းစားပေးပါ။ ကိုယ့်ကိုတော့ ဂရုမစိုက်ဘူးလို့ မတွေးပါနဲ့။ မနာလို မဖြစ်ပါနဲ့။ ကလေးမှာ သင့်ကလေးပါ။
၀၉. စားလိုက်တာကွာ
နှစ်ယောက်စာ စားနေတာကို စားမှာပေါ့။ စားတာကိုလည်း အပြစ်မတင်ပါနဲ့။
၁၀. အဲဒီလောက်နဲ့ မငိုနဲ့ဟေ့
စိတ်လှုပ်ရှားနေတဲ့ ကိုယ်ဝန်ဆောင် မိန်းကလေးတွေမှာ စိတ်အခြေအနေ အပေါ်မှာ မူတည်ပြီး ဝမ်းနည်းနေတဲ့အချိန်လည်း ရှိပါတယ်။ ဘာရယ်လို့မဟုတ် တခုခုကြောင့် ချက်ချင်း မျက်ရည်ကျလာနိုင်တဲ့အခါလည်း ရှိနိုင်ပါတယ်။
၁၁. မြန်မြန်လျှောက်ကွာ။ မပြောသင့်သော စကားပါ။ သူ့မှာ ကိုယ်ဝန်ဆောင်ထားရတော့ ကိုယ်အလေးချိန်ကလည်း အရင်ကထက်စာရင် ပိုပြီး လေးပင်နေပါလိမ့်မယ်။ သူနဲ့အတူတူ လိုက်လျှောက်ပေးလိုက်ပါ။
၁၂. ငါလည်း စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်နေပြီ
ယောင်္ကျားဖြစ်သူက ပင်ပန်းနေပြီး စိတ်ဖိစီးမှုတွေ များနေပင်မဲ့လည်း ဇနီးဖြစ်သူကိုတော့ အနိုင်မကျင့်ပါနဲ့။ ပြသာနာကို ဖြေရှင်းတဲ့နေရာမှာ တိုင်ပင်ပြီး ဖြေရှင်းတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။
၁၃. ဘာလို့ အိမ်အလုပ် မလုပ်တာလဲ
အိမ်အလုပ်ဆိုတာ ပြောတော့သာလွယ်တာပါ။ တကယ်လုပ်ကြည့်ရင် တော်တော်ပင်ပန်းတဲ့အလုပ်ပါ။အားတဲ့အချိန်မှာတော့ သူနဲ့အတူတူ အိမ်အလုပ်တွေကို ဝိုင်းလုပ်ကြည့်ပါ။
၁၄. အဲဒါကို မင်းပဲ လုပ်ထားလိုက်ပါ
ဇနီးဖြစ်သူရဲ့ ဗိုက်ထဲမှာ သင့်ရဲ့ ရင်သွေးလေးကရှိနေပြီး မမွေးခင်အချိန်ကနေ စပြီး ကလေးကသာ အပြင်လောကကြီးကို မရောက်လာသေးပင်မဲ့ ရင်သွေးလေးအတွက် ဦးစားပေးပြီး ဘဝကိုဆက်လက်ပြီး လျှောက်လှမ်းရတော့မှာပါ။ နှစ်ယောက်လုံးအတွက် တန်ဖိုးအရှိဆုံးသော အချိန်တွေ ဖြစ်မှာပါ။
Be the first to comment
Leave a Reply
Your email address will not be published.
*