Unicode
အင်ဂျင်ဝိုင် ပိုထည့်မိခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ…
မိတ်ဆွေတို့ကားတွေဟာ ပုံမှန် ကီလို ၅၀၀၀ တစ်ခါ အင်ဂျင်ဝိုင် လဲပေးရပါတယ်။ အင်ဂျင်တစ်လုံးရဲ့ ရပ်တည်မှု အသက်ဟာ အင်ဂျင်ဝိုင်ဖြစ်ပါတယ်။ အင်ဂျင်ဟာဆိုရင် အင်ဂျင်ဝိုင်မရှိဘဲ ဘယ်လိုမှ မလည်ပတ်နိုင်ပါဘူးခင်ဗျ။
၎င်းအတွက် လိုအပ်တဲ့ အင်ဂျင်ဝိုင်ပမာဏ နဲ့ အပျစ်အကျဲကို မှန်ကန်မှု ရှိအောင် ချင့်ချိန်ပြီး သုံးပေးရပါတယ်။ ဒီနေရာမှာ မိတ်ဆွေတို့ သိရှိပြီးသားဖြစ်တဲ့ အကြောင်းအရာလေး တစ်ခုကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။
အဲ့ဒါဘာလဲဆိုရင် မိတ်ဆွေတို့ကားတွေ အင်ဂျင်ဝိုင်လဲတော့မယ်ဆိုရင် အမူမဲ့အမှတ်ဘဲ လိုအပ်တာထက် ပိုထည့်မိရင် တဖက်မှာ အင်ဂျင်ဘယ်လိုပြဿနာတွေ ကြုံလာနိုင်လဲဆိုတာပါ။ ဘာတွေ ကြုံရနိုင်လဲဆိုရင်
ပထမဆုံး oil pressure များလာပါမယ်။ အင်ဂျင်ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ အင်ဂျင်ဝိုင် အမောက်ဟာ များပြားနေတာကြောင့် မလိုလားတဲ့ နေရာတွေထိ အင်ဂျင်ဝိုင်ရောက်ရှိသွားမယ်။ ဥပမာအားဖြင့်
အင်လက်ကနေ ဆီကျော်လာမျိုး ၊ အင်ဂျင်မကျဘဲ တခါတရံ မီးခိုးပြာလိုက်နေတာမျိုးဖြစ်တက်တယ်။ အကြောင်းကတော့ အင်ဂျင်ဝိုင်ပရက်ရှာများနေလို့ oil ring က ဆလင်ဒါနဲ့ပစ္စတင်မှာကပ်နေတဲ့ အင်ဂျင်ဝိုင်တွေကို အကုန်လုံးမခြစ်ချနိုင်တော့ဘူး။
နောက်ပြီး crankcase ventilation ပမာဏများလာမယ်။ ဝိုင်းစီးလ်တွေ ၊ ဂတ်စကက် တွေဟာ လွန်ကဲလှတဲ့ အင်ဂျင်ဝိုင်ပမာဏကို ပုံမှန်ထက် ပိုမိုကာကွယ်ရမယ်။ ဒါကြောင့် အဝိုင်းစီး၊ဂက်စကတ်၊တိုက်ပစ်စီးလ် စတဲ့ အစိတ်အပိုင်းတွေ အချိန်မတိုင်ခင် ပျက်စီးရတယ်။
အင်လက်ထဲ အဲယားကရင်ဒါတွေ အင်ဂျင်ဝိုင်စိုမယ်။ ပိုလျံနေတဲ့ အင်ဂျင်ဝိုင်ပမာဏဟာ အင်ဂျင်ထဲရှိ လည်ပတ်နေတဲ့ အစိတ်အပိုင်းတွေနဲ့ အမြဲတစေ ပွတ်တိုက်နေရသောကြောင့် အမြှုပ်ထမယ် ၊ အနည်ကျမယ်။
ဓာတ်ဆီအင်ဂျင်တွေမှာ ထိုပြစ်ရပ်မျိုးသည် ကြာလာရင် အင်ဂျင်ဝိုင်ကန်နဲ့တိုက်ပစ်အဖုံးတွေမှာ ဂျယ်လီလို အနည်အနှစ်တွေ သွားကပ်နေတော့မှာဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ပိုထည့်မိခြင်း overfilling ပြစ်ချက်တွေကတော့ ….
အင်ဂျင်ဝိုင်မီးခိုးလိုက်မယ်။ အင်ဂျင်အရုန်းအဆွဲကျမယ်။ အင်ဂျင်သံ ကျယ်လောင်မယ်။ အင်ဂျင် အိုဗာဟိတက်မယ်။ အင်ဂျင်မီးပေါက်စဉ်မှားမယ်။ အင်ဂျင်စလိုးကြမ်းမယ်။ အခက်မသင့်ရင် စက်ထိုးရပ်မယ်။
အင်ဂျင် ဝိုင်ပရက်ရှာများမယ်။ အင်ဂျင်ဝိုင်အချက်ပြမီးလင်းမယ်။ မကြာမကြာအင်ဂျင်ဝိုင်အနံ့နံနေမယ်။
အထက်ပါ ပြစ်ချက်မျိုးတွေသည် အင်ဂျင်အတွက် ရေရှည်မကောင်းတဲ့ အချက်တွေ ဖြစ်တယ်။ အင်ဂျင်သက်တမ်းပိုတိုစေပါတယ်။ ဥပမာ probox 1NZ ဆိုရင် 3.7L ထည့်ဖို့ Toyota က ပြောထားပေမဲ့ 4L ထည့်လို့ရတယ်။
ဒါပေမဲ့ 5L သွားထည့်ရင်တော့ အပေါ်မှာ ရှင်းခဲ့တဲ့ ပြစ်ချက်တွေ ကြုံရတော့မှာဖြစ်ပါတယ်။ ပိုချင်တယ်ဆိုရင် 1/3L လောက် ပိုလို့ရတယ်။ 1L နဲ့ ပိုလိုတော့မရဘူး။ အင်ဂျင်အသက်တိုသွားမှာဖြစ်ပါတယ်။
34L လောက်ထည့်ရတဲ့ 13L ဒီဇယ်အင်ဂျင်ကြီးတွေမှာတော့ ကိစ္စမရှိဘူး။ ဘယ်လိုကိစ္စမရှိတာလဲဆိုတော့ ၎င်းတို့က အနည်းဆုံး ဆီတစ်လီတာလောက် အလျော့အတင်းခွာပေးထားလို့ဖြစ်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*