မိမိရဲ႕ကားတာယာ လဲသင့္တဲ့ အခ်ိန္ႏွင့္ တာယာဝယ္မယ္ဆိုရင္လည္း ဂ်င္းမမိၾကေစဖို႔…

မိမိရဲ႕ကားတာယာ လဲသင့္တဲ့ အခ်ိန္ႏွင့္ တာယာဝယ္မယ္ဆိုရင္လည္း ဂ်င္းမမိၾကေစဖို႔..
မိမိရဲ႕ကားတာယာ လဲသင့္တဲ့ အခ်ိန္ႏွင့္ တာယာဝယ္မယ္ဆိုရင္လည္း ဂ်င္းမမိၾကေစဖို႔..

မိမိရဲ႕ကားတာယာ လဲသင့္တဲ့ အခ်ိန္ႏွင့္ တာယာဝယ္မယ္ဆိုရင္လည္း ဂ်င္းမမိၾကေစဖို႔…

ကားတာယာဆိုတာ… ကားတစ္စီးအတြက္ အရမ္း အေရးႀကီးတဲ့ အစိတ္အပိုင္းပါ။ ကားဘရိတ္ ဘယ္ေလာက္ ေကာင္းေကာင္း၊ ကားေမာင္းသူ ဘယ္ေလာက္ ကြၽမ္းကြၽမ္း၊

လမ္း ဘယ္ေလာက္ ေကာင္းေကာင္း… ကားတာယာ မေကာင္းရင္ အရမ္း အႏၲရာယ္ႀကီးပါတယ္။ ယခင္က ကားပိုင္ရွင္တခ်ိဳ႕က… ကားတာယာကို ႀကိဳးေပၚတဲ့အထိ (တာယာပန္းကုန္) အသုံးျပဳၾကပါတယ္။

ယေန႔ေခတ္မွာေတာ့… ကားႏွင့္ ပါတ္သက္ၿပီး အေတြ႕အႀကဳံမ်ားလာျခင္း၊ ဗဟုသုတ ၾကြယ္ဝလာျခင္းႏွင့္ အတူ လိုအပ္တဲ့ အစိတ္အပိုင္းေတြကို သတ္မွတ္အခ်ိန္၊ သတ္မွတ္ကာလာ၊ သတ္မွတ္ ကီလို (မိုင္) အလိုက္

လဲလွယ္ လာၾကပါတယ္။ ဒါေပမယ့္ ေလာဘသားေကာင္မ်ားက ေဈးႏႈန္းေလ်ာ့ခ် မက္လုံးမ်ားေပးကာ… ကားပစၥည္းမ်ားကို ျပဳျပင္ ျပင္ဆင္ၿပီး ျပန္ေရာင္းေနၾကပါတယ္။

အင္ဂ်င္ကူးလန႔္ အတု၊ အင္ဂ်င္ဝိုင္ အတု၊ ဒီဇယ္ဆီ အတု၊ ပလပ္ အတု စသည္ေတြအျပင္… ကားရဲ႕ အေရးႀကီး အစိတ္အပိုင္းျဖစ္တဲ့… ကားတာယာေတြကိုလည္း ထုတ္လုပ္သည့္ ခုႏွစ္မ်ား ျပင္ဆင္ကာ

ေဈးကြက္မွာ တင္သြင္းလာၾကပါတယ္။ ကားရဲ႕ တျခား အစိတ္အပိုင္းေတြက ကားအသုံးျပဳသူကို အႏၲရာယ္ ျဖစ္ေလာက္သည္အထိ တိုက္႐ိုက္ မထိခိုက္ႏိုင္ေသာ္လည္း… ကားတာယာကို

ထုတ္လုပ္သည့္ ခုႏွစ္ (Tire Date) ေျပာင္းလဲၿပီး ျပန္ေရာင္းတာကေတာ့… ေတာ္ေတာ္ေလးကို ေအာက္တန္းက်တဲ့ စီးပြားရွာနည္းဘဲ ျဖစ္ပါတယ္။ သက္တမ္းလြန္ေနတဲ့ ကားတာယာေတြရဲ႕ ထုတ္လုပ္သည့္ ခုႏွစ္ (Tire Date) ေတြကို

ေသခ်ာျပဳျပင္ၿပီး… ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ၾကပါတယ္။ ကားတာယာရဲ႕သက္တမ္းက ထုတ္လုပ္ထားတဲ့ အခ်ိန္မွစၿပီး အမ်ားဆုံး ၆ ႏွစ္သာ အသုံးျပဳသင့္တာပါ။ အကယ္၍…

လုံးဝ အသုံးမျပဳရေသးဘဲ… တာယာဂိုေဒါင္၊ တာယာအေရာင္းဆိုင္မွာ သက္တမ္း ၆ ႏွစ္ျပည့္သြားခဲ့တယ္ဆိုရင္လည္း အဲ့ဒီတာယာကို မသုံးသင့္ေတာ့ပါဘူး။

ဒါ ေၾကာင့္ မိတ္ေဆြတို႔အေနနဲ႔ ကားတာယာ ဝယ္ေတာ့မယ္ဆိုရင္ တာယာသက္တမ္း ကို ေသခ်ာစစ္ေဆးသင့္သလို မိမိ ယုံၾကည္စိတ္ခ် ရတဲ့

တာယာဆိုင္ေတြမွာသာ ဝယ္ယူ အသုံးျပဳသင့္ၿပီး… နားလည္ တတ္ကြၽမ္းသူမ်ားႏွင့္သာ ဝန္ေဆာင္မႈ ရယူေစခ်င္ပါတယ္။ (လူအခ်င္းခ်င္း လွည့္ပတ္ျခင္း ကင္းေဝးၾကပါေစ)

Credit#ခရမ္းသားေလး#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိမိရဲ့ကားတာယာ လဲသင့်တဲ့ အချိန်နှင့် တာယာဝယ်မယ်ဆိုရင်လည်း ဂျင်းမမိကြစေဖို့…

ကားတာယာဆိုတာ… ကားတစ်စီးအတွက် အရမ်း အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ ကားဘရိတ် ဘယ်လောက် ကောင်းကောင်း၊ ကားမောင်းသူ ဘယ်လောက် ကျွမ်းကျွမ်း၊

လမ်း ဘယ်လောက် ကောင်းကောင်း… ကားတာယာ မကောင်းရင် အရမ်း အန္တရာယ်ကြီးပါတယ်။ ယခင်က ကားပိုင်ရှင်တချို့က… ကားတာယာကို ကြိုးပေါ်တဲ့အထိ (တာယာပန်းကုန်) အသုံးပြုကြပါတယ်။

ယနေ့ခေတ်မှာတော့… ကားနှင့် ပါတ်သက်ပြီး အတွေ့အကြုံများလာခြင်း၊ ဗဟုသုတ ကြွယ်ဝလာခြင်းနှင့် အတူ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို သတ်မှတ်အချိန်၊ သတ်မှတ်ကာလာ၊ သတ်မှတ် ကီလို (မိုင်) အလိုက်

လဲလှယ် လာကြပါတယ်။ ဒါပေမယ့် လောဘသားကောင်များက ဈေးနှုန်းလျော့ချ မက်လုံးများပေးကာ… ကားပစ္စည်းများကို ပြုပြင် ပြင်ဆင်ပြီး ပြန်ရောင်းနေကြပါတယ်။

အင်ဂျင်ကူးလန့် အတု၊ အင်ဂျင်ဝိုင် အတု၊ ဒီဇယ်ဆီ အတု၊ ပလပ် အတု စသည်တွေအပြင်… ကားရဲ့ အရေးကြီး အစိတ်အပိုင်းဖြစ်တဲ့… ကားတာယာတွေကိုလည်း ထုတ်လုပ်သည့် ခုနှစ်များ ပြင်ဆင်ကာ

ဈေးကွက်မှာ တင်သွင်းလာကြပါတယ်။ ကားရဲ့ တခြား အစိတ်အပိုင်းတွေက ကားအသုံးပြုသူကို အန္တရာယ် ဖြစ်လောက်သည်အထိ တိုက်ရိုက် မထိခိုက်နိုင်သော်လည်း… ကားတာယာကို

ထုတ်လုပ်သည့် ခုနှစ် (Tire Date) ပြောင်းလဲပြီး ပြန်ရောင်းတာကတော့… တော်တော်လေးကို အောက်တန်းကျတဲ့ စီးပွားရှာနည်းဘဲ ဖြစ်ပါတယ်။ သက်တမ်းလွန်နေတဲ့ ကားတာယာတွေရဲ့ ထုတ်လုပ်သည့် ခုနှစ် (Tire Date) တွေကို

သေချာပြုပြင်ပြီး… ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချကြပါတယ်။ ကားတာယာရဲ့သက်တမ်းက ထုတ်လုပ်ထားတဲ့ အချိန်မှစပြီး အများဆုံး ၆ နှစ်သာ အသုံးပြုသင့်တာပါ။ အကယ်၍…

လုံးဝ အသုံးမပြုရသေးဘဲ… တာယာဂိုဒေါင်၊ တာယာအရောင်းဆိုင်မှာ သက်တမ်း ၆ နှစ်ပြည့်သွားခဲ့တယ်ဆိုရင်လည်း အဲ့ဒီတာယာကို မသုံးသင့်တော့ပါဘူး။

ဒါ ကြောင့် မိတ်ဆွေတို့အနေနဲ့ ကားတာယာ ဝယ်တော့မယ်ဆိုရင် တာယာသက်တမ်း ကို သေချာစစ်ဆေးသင့်သလို မိမိ ယုံကြည်စိတ်ချ ရတဲ့

တာယာဆိုင်တွေမှာသာ ဝယ်ယူ အသုံးပြုသင့်ပြီး… နားလည် တတ်ကျွမ်းသူများနှင့်သာ ဝန်ဆောင်မှု ရယူစေချင်ပါတယ်။ (လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ)

Credit#ခရမ်းသားလေး#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*