ေခၽြးထြက္လြန္ၿပီး ခႏၶာကိုယ္အနံ့အသက္ မေကာင္းသူမ်ားအတြက္ သဘာ၀နည္းလမ္းေကာင္းလေးမ်ား

ေခၽြးထြက္လြန္ၿပီး ခႏၶာကိုယ္အနံ့အသက္ မေကာင္းသူမ်ားအတြက္ သဘာ၀နည္းလမ္းေကာင္းလေးမ်ား
ေခၽြးထြက္လြန္ၿပီး ခႏၶာကိုယ္အနံ့အသက္ မေကာင္းသူမ်ားအတြက္ သဘာ၀နည္းလမ္းေကာင္းလေးမ်ား

ေခၽြးထြက္လြန္ၿပီး ခႏၶာကိုယ္အနံ့အသက္ မေကာင္းသူမ်ားအတြက္ သဘာ၀နည္းလမ္းေကာင္းလေးမ်ား

ရာသီဥတု ပူေလာင္အိုက္စပ္တဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္မွ ေခၽြးထြက္မ်ားျခင္း၊ ေခၽြးထြက္လြန္ျခင္းတို႔ေၾကာင့္ ျပင္းထန္ စူးရွတဲ့ ကိုယ္နံ့ေတြက စိတ္အေႏွာင့္အယွက္ျဖစ္ေစတာ အ မွန္ပါပဲ။ ေခၽြးထြက္လြန္ၿပီး အနံ့အသက္ မေကာင္းတဲ့ အတြက္ေၾကာင့္

လူၾကားထဲမွာ မဝံ့မရဲနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈလည္း ေလ်ာ့က်ေစပါတယ္။ ကိုယ္နံ့ကို ဖုံးကြယ္ဖို႔အတြက္ ေရေမႊးေတြ၊ Roll-On ေတြ သုံးေပမယ့္ သူတို႔ေတြကလည္း ခဏ နာရီပိုင္းေလာက္ပဲ ကူညီေပးနိုင္ၾက တာ ပါ။

ဒါဆိုရင္ လူၾကားထဲမွာ မဝံ့မရဲျဖစ္ေစတဲ့ ျပင္းထန္တဲ့ကိုယ္နံ့ကို ေဖ်ာက္ဖ်က္ေပးနိုင္တဲ့… ေဆးစြမ္းေကာင္းေတြ မရွိေတာ့ဘူးလား။ ရွိတာေပါ့… သဘာဝေဆးစြမ္းေကာင္းေတြက

ေပါမွ ေပါပါ။ အလြယ္တကူ ဝယ္ယူ ရရွိနိုင္ၿပီး… ေဘးထြက္ဆိုးက်ိဳးေတြ မခံစားရတဲ့ အတြက္ေၾကာင့္ စိတ္ခ်လက္ခ် အသုံးျပဳနိုင္တဲ့ သဘာဝပစၥည္းေလးေတြပါပဲ။

(၁) အုန္းဆီ

ကိုယ္သင္းနံ့ေလး ကို သင္းပ်ံ႕ေစဖို႔အတြက္ အုန္းဆီက ေကာင္းေကာင္း ကူညီေပးနိုင္ပါတယ္။ခႏၶာကိုယ္ေပၚမွာ ကပ္ၿငိေနတဲ့ ဘက္တီးရီးယားမ်ားကို ဖယ္ရွားေပးၿပီး ျပင္းထန္တဲ့ ကိုယ္နံ့ မနံေအာင္ ကူညီေပးပါတယ္။ ေရခ်ိဳးၿပီးတဲ့ အခ်ိန္တိုင္း

ဂ်ိဳင္းၾကားေနရာကို အုန္းဆီေလးနဲ႔ တစ္ေန႔ႏွစ္ႀကိမ္ခန႔္ သုတ္လိမ္းေပးလိုက္ပါ။ အစားအစာ စားသုံးတဲ့အခါမွာလည္း အုန္းဆီ အသုံးျပဳမယ္ဆိုရင္ အက်ိဳးသက္ေရာက္မႈ ပိုမိုေကာင္းမြန္ ပါ တယ္။

(၂) သစ္ၾကမ္းပိုးေခါက္

အစားအေသာက္ေတြထဲ ကို သစ္ၾကမ္းပိုးေခါက္ ထည့္ခ်က္ၿပီး စားသုံးျခင္းက အေလ့အက်င့္ေကာင္း တစ္ခုပဲျဖစ္ပါတယ္။ ခံတြင္းနံ့ နံျခင္းကို သက္သာေပ်ာက္ကင္းေစတဲ့…

သဘာဝေဆးစြမ္းေကာင္း တစ္ခုပါပဲ။ ေန႔စဥ္ မွန္မွန္မွီဝဲမယ္ဆိုရင္… ေခၽြးထြက္လြန္ျခင္းမွ ကာကြယ္ေပးၿပီး အနံ့အသက္ဆိုးမ်ား ဖယ္ရွားေပးပါတယ္။

(၃) သံပုရာသီး၊ သံပုရိုသီး၊ ေရွာက္သီးမ်ား

ဂ်ိဳင္းေခၽြးနံ့ တစ္ခုတည္း အနံ့အသက္ျပင္းတာ မဟုတ္ပါဘူး… ေျခေထာက္နံ့ေတြကလည္း စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ သံပုရိုရည္ (သို႔) သံပုရာရည္ တစ္ဖန္ခြက္ကို မနက္ပိုင္းမွာ

ေသာက္သုံးေပးပါ။ ေနာက္ထပ္နည္းလမ္း တစ္ခုကေတာ့… သံပုရာသီးကို ထက္ျခမ္းျခမ္းၿပီး ေျခဖဝါး၊ ဂ်ိဳင္းၾကား ေနရာေတြမွာ ပြတ္တိုက္ေပးပါ။ မိနစ္အနည္းငယ္ ေလသလပ္ထားၿပီးေနာက္ ေရခ်ိဳးေပးလိုက္ပါ။

(၄) လက္ဖက္စိမ္း

လက္ဖက္စိမ္း ေန႔စဥ္ေသာက္သုံးျခင္းက ေခၽြးထြက္လြန္ေစတဲ့… ဘက္တီးရီးယားပိုးမႊားမ်ား ေပါက္ဖြားႏႈန္းကို တားဆီးေပးၿပီး ေျခေထာက္အနံ့ နံျခင္း၊ ခႏၶာကိုယ္ အနံ့အသက္ ျပင္းျခင္းနဲ႔

ခံတြင္ းအနံ့ဆိုးျခင္းတို႔ကိုလည္း ဖယ္ရွားေပးပါတယ္။ ဒါတင္ မကေသးပါဘူး… ခႏၶာကိုယ္ကို က်စ္လ်စ္သြယ္လ်ေစတာေၾကာင့္ ဝိတ္ခ်ခ်င္သူေတြအတြက္လည္း သင့္ေတာ္ပါတယ္။

လက္ေတြ႕အသုံးျပဳျခင္းျဖင့္ ေခၽြးနံ့ ကင္းစင္၍ သန႔္ရွင္း က်န္း မာၾကပါေစ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အနံ့အသက် မကောင်းသူများအတွက် သဘာဝနည်းလမ်းကောင်းလေးများ

ရာသီဥတု ပူလောင်အိုက်စပ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှ ချွေးထွက်များခြင်း၊ ချွေးထွက်လွန်ခြင်းတို့ကြောင့် ပြင်းထန် စူးရှတဲ့ ကိုယ်နံ့တွေက စိတ်အနှောင့်အယှက်ဖြစ်စေတာ အ မှန်ပါပဲ။ ချွေးထွက်လွန်ပြီး အနံ့အသက် မကောင်းတဲ့ အတွက်ကြောင့်

လူကြားထဲမှာ မဝံ့မရဲနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်။ ကိုယ်နံ့ကို ဖုံးကွယ်ဖို့အတွက် ရေမွှေးတွေ၊ Roll-On တွေ သုံးပေမယ့် သူတို့တွေကလည်း ခဏ နာရီပိုင်းလောက်ပဲ ကူညီပေးနိုင်ကြ တာ ပါ။

ဒါဆိုရင် လူကြားထဲမှာ မဝံ့မရဲဖြစ်စေတဲ့ ပြင်းထန်တဲ့ကိုယ်နံ့ကို ဖျောက်ဖျက်ပေးနိုင်တဲ့… ဆေးစွမ်းကောင်းတွေ မရှိတော့ဘူးလား။ ရှိတာပေါ့… သဘာဝဆေးစွမ်းကောင်းတွေက

ပေါမှ ပေါပါ။ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပြီး… ဘေးထွက်ဆိုးကျိုးတွေ မခံစားရတဲ့ အတွက်ကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းလေးတွေပါပဲ။

(၁) အုန်းဆီ

ကိုယ်သင်းနံ့လေး ကို သင်းပျံ့စေဖို့အတွက် အုန်းဆီက ကောင်းကောင်း ကူညီပေးနိုင်ပါတယ်။ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ပြင်းထန်တဲ့ ကိုယ်နံ့ မနံအောင် ကူညီပေးပါတယ်။ ရေချိုးပြီးတဲ့ အချိန်တိုင်း

ဂျိုင်းကြားနေရာကို အုန်းဆီလေးနဲ့ တစ်နေ့နှစ်ကြိမ်ခန့် သုတ်လိမ်းပေးလိုက်ပါ။ အစားအစာ စားသုံးတဲ့အခါမှာလည်း အုန်းဆီ အသုံးပြုမယ်ဆိုရင် အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန် ပါ တယ်။

(၂) သစ်ကြမ်းပိုးခေါက်

အစားအသောက်တွေထဲ ကို သစ်ကြမ်းပိုးခေါက် ထည့်ချက်ပြီး စားသုံးခြင်းက အလေ့အကျင့်ကောင်း တစ်ခုပဲဖြစ်ပါတယ်။ ခံတွင်းနံ့ နံခြင်းကို သက်သာပျောက်ကင်းစေတဲ့…

သဘာဝဆေးစွမ်းကောင်း တစ်ခုပါပဲ။ နေ့စဉ် မှန်မှန်မှီဝဲမယ်ဆိုရင်… ချွေးထွက်လွန်ခြင်းမှ ကာကွယ်ပေးပြီး အနံ့အသက်ဆိုးများ ဖယ်ရှားပေးပါတယ်။

(၃) သံပုရာသီး၊ သံပုရိုသီး၊ ရှောက်သီးများ

ဂျိုင်းချွေးနံ့ တစ်ခုတည်း အနံ့အသက်ပြင်းတာ မဟုတ်ပါဘူး… ခြေထောက်နံ့တွေကလည်း စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ သံပုရိုရည် (သို့) သံပုရာရည် တစ်ဖန်ခွက်ကို မနက်ပိုင်းမှာ

သောက်သုံးပေးပါ။ နောက်ထပ်နည်းလမ်း တစ်ခုကတော့… သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ခြေဖဝါး၊ ဂျိုင်းကြား နေရာတွေမှာ ပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ် လေသလပ်ထားပြီးနောက် ရေချိုးပေးလိုက်ပါ။

(၄) လက်ဖက်စိမ်း

လက်ဖက်စိမ်း နေ့စဉ်သောက်သုံးခြင်းက ချွေးထွက်လွန်စေတဲ့… ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားနှုန်းကို တားဆီးပေးပြီး ခြေထောက်အနံ့ နံခြင်း၊ ခန္ဓာကိုယ် အနံ့အသက် ပြင်းခြင်းနဲ့

ခံတွင် းအနံ့ဆိုးခြင်းတို့ကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါတင် မကသေးပါဘူး… ခန္ဓာကိုယ်ကို ကျစ်လျစ်သွယ်လျစေတာကြောင့် ဝိတ်ချချင်သူတွေအတွက်လည်း သင့်တော်ပါတယ်။

လက်တွေ့အသုံးပြုခြင်းဖြင့် ချွေးနံ့ ကင်းစင်၍ သန့်ရှင်း ကျန်း မာကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*