ထန္းရည္ အေၾကာင္း သိေကာင္းစရာ… (ထန္းဋီကာ)
ပင္က်ေရ ဆိုတာ ထန္းပင္က ခ်စဆို ခ်ိဳ တာႀကီးပဲ။ အလ်င္(အနယ္) ေလးထည့္လိုက္မွ ကေဇာ္ေပါက္ၿပီး မူးတာ။ တခ်ိဳ့က ထန္းမတက္ခင္ ထန္းေရခံမယ့္ ျမဴအိုး ဒါမွမဟုတ္ ဝါးက်ည္မွာ တခါတည္း အလ်င္ကို ထည့္လိုက္တယ္။
တခ်ိဳ့က ေအာက္ေရာက္မွ အလ်င္ထည့္တယ္။အလ်င္ဆိုတာ ထန္းေရအနည္အႏွစ္ကိုေျပာတာ။ ထန္းေရခံတာမ်ားလာရင္ ေအာက္ေျခမွာ အနည္ေတြစုလာၿပီး အဲ့အနည္ကို သိမ္းထားလိုက္တယ္။
ထန္းေရခ်ိဳထဲကို အလ်င္နည္းနည္းေလးထည့္လိုက္ၿပီး အခ်ိန္တစ္ခုေရာက္ရင္ ထန္းေရ ကခ်ဥ္ခါးလာတာ။ ၾကာေလ ျပင္းလာေလေပါ့။ ဒါေၾကာင့္ ေနေက်ာ္ ထန္းေရ က ျပင္းတာ။ တခ်ိဳ့က ထန္းအလ်င္ကို ေနပူလွန္း ထားတယ္။
မိုးတြင္းလို ထန္းေရခံ လို့မရရင္ ထန္းအလ်င္ကို ေရေႏြးထဲ ထည့္ေဖ်ာ္ေသာက္တယ္တဲ့။ အာသာေျပေပါ့။ ျမဴအိုးမွာ အလ်င္ခံၿပီး ထန္းေရ ခံတဲ့ အေရကို ပင္က်ေရလို့ေခၚတယ္။ အရသာလည္း ေဖာက္တဲ့ထန္းေရထက္ပိုေကာင္းတယ္။ ထန္းေရထဲ ကေဖာ္ထည့္လိုက္ရင္ အျမဳတ္ေတြထလာၿပီး စိမ္းျပာေရာင္ေလးသန္းလာရင္ ငွက္ခါးေတာင္အေရေပါ့။
ထန္းေရဆိုတာက သၾကားေရထက္ ပိုခ်ိဳတယ္။ ဒါေၾကာင့္ ထန္းေရခ်ၿပီဆို အိုးမွာ ပုရြက္တို့ ပ်ားတို့ ပါလာတတ္တယ္။ တကယ့္ထန္းေရသမားေတြက ပုရြက္တို့ ပ်ားတို့ကို ဖယ္မေနဘူး။ အုန္းမုတ္ခြက္ထဲ့ ထည့္ ေသာက္ခါနီး ပုရြက္ ပ်ား တို့ ပါးစပ္ထဲ မဝင္ေအာင္ ဖူး ဖူး ဆိုမွုတ္ၿပီး ေသာက္ၾကတယ္။
ထန္းအမွုန္အႏွစ္ ေတြ ပါတာမို့ အရသာ ပိုေလး ပိုေကာင္းတယ္တဲ့။ ေရစစ္ ပိတ္ပါးေတြ နဲ႔ စစ္ၿပီးေသာက္ရင္ အရသာေပါ့တယ္တဲ့။ ထန္းပင္ မွာ အဖိုပင္ အမပင္ ရွိတယ္တဲ့။ အဖိုပင္ က အရသာ ပိုေကာင္းတယ္။
ထန္းသီးကို ေမွာက္စိုက္ရင္ အဖို ပက္လက္စိုက္ရင္ အမ ပင္ရတယ္တဲ့
ထန္းေရ ေကာင္း မေကာင္းက ထန္းနို့ ကိုင္တဲ့ လူေပၚမွာလည္းမူတည္တယ္။ ထန္းတက္သမားက ထန္းနို့ကို ထုရတယ္ လွီးရတယ္ ။ ထုခ်က္ညီ မွလည္း ထန္းေရက ေကာင္းမွာ။
ထန္းနို့ တစ္စတည္း က ခံတဲ့အရည္ကို တစ္စရည္။ ထန္းနို့ကို လွီးလိုက္ ထုလိုက္ လုပ္ေတာ့ ထန္းနို့က တို တိုလာၿပီး အငုတ္ပဲက်န္ေတာ့တယ္။ အငုတ္က ထြက္တဲ့ အေရကို လက္ငုတ္ရည္။ သူလည္း ေလးၿပီးေကာင္းတယ္တဲ့။
ထန္းေရ ေပၚဦးေပၚဖ်ားဆို အတီေရ။ ဟိုးေရွးေရွးတုန္း အတီေတအသီတ တုန္း ဗရာဏသီျပည္မွာ ဆိုၿပီး ပုံျပင္ေတြ မွာၾကားဖူးတယ္မွတ္လား။ အဲ့ဒါကို စြဲၿပီးေခၚတာ။
ၿပီးေတာ့ အျမဳပ္ေလး တစီစီျဖစ္ေနတဲ့ အေရကို ပုဇြန္ဆိပ္ခုန္။ တခ်ိဳ့က အဲ့လို အျမဳပ္တစီစီေလးျဖစ္ေနမွ ပိုႀကိဳက္ၾကတယ္။ ထန္းပင္ေပၚေရာက္ခါနီး gas အသံတ႐ူး႐ူးၾကားရင္ ေႁမြေဟာက္ပင္ ။ သူခါ ရွတတ ေလး။
တပို့တြဲလ ဆိုတာ ထန္းပို့တြဲ ကျဖစ္လာတာ။ ထန္းသီးေတြ တြဲ ေနတဲ့ လမို့။ ၿပီးေတာ့ ေအာက္ျပည္ကထန္းေရ နဲ႔ အညာက ထန္းေရ မတူဘူး။ ေအာက္ျပည္က ထန္းေရက ေရနဲ႔နီးလို ေပါ့တယ္။ အညာက ေရနဲ႔ေဝးလို့ ပိုျပင္းတယ္။
ထန္းေရ က ေလတိုက္ေလမူးေလ။ မူးရင္လည္း ဘယ္ေတာ့မွ ေမွာက္လဲမလဲဘူး။ ပက္လက္ပဲ။ ထန္းေရေသာက္ရင္ ေဂ့ ဆို ေလခ်ဥ္တက္တုန္း ထန္းေရအရသာပါ ျပန္ခံစားရတာ ဇိမ္ပဲ မဟုတ္လား။
ေယာဖက္မွာဆို ထန္းပင္ေပၚမွာပဲ လင့္ထိုးၿပီး ထန္းေရေသာက္ၾကတယ္။ေသာက္ၿပီး ဘယ္လိုျပန္ဆင္းလဲ မသိ။ ထန္းပင္ေပၚက မူးၿပီးျပဳတ္က် တာမရွိလားေမးေတာ့။ ရွိေတာ့ရွိတယ္ ရွားတယ္တဲ့။
ထန္းေရကို က်ိဳခ်က္ၿပီး ပြက္လာတဲ့ေရ ကို ပြက္ေရလို့ေခၚတယ္။ တင္လဲရည္လို့လည္းေခၚတယ္။ အရက္ခ်က္တဲ့ ေနရာမွာသုံးတာေပါ့။ ထန္းေရ ကို က်ိဳ ။ ဒယ္မွာ မတူးရေအာင္ေမႊ ႂကြက္ၿမီးတန္းလားရင္ မီးဖိုကခ် မေအးခင္ လက္နဲ႔ ဆုပ္ဆုပ္ၿပီး လုံး ။ အေအးခံလိုက္ရင္ ထန္းလ်က္ရၿပီ။
ထန္းပင္တက္ရင္ ပင္စည္က ေထာင္ထားတဲ့ ဝါးကို ရင္းေထာင္ အပင္တစ္ဝက္မွာ ထန္းပင္ေပၚက တြဲလဲ ခ်ထားတာကို ရင္းဆြဲ ။ ထန္းတက္သမားက ရင္းေထာင္ကို ထန္းပင္နားကပ္ ႏွီးေခ်ာင္းႀကီးနဲ႔ ပင္စည္ကို ခ်ည္တုပ္။
ၿပီးရင္ တစ္လွမ္းတက္ ႏွီးေခ်ာင္းႀကီးနဲ႔ ထပ္ခ်ည္တုတ္ ။ ၿပီးမွ ရင္းစြဲ ကို လွမ္းကိုင္ၿပီး ထန္းပင္ေပၚတက္ ထန္းလက္ ထန္းကိုင္းေတြ ကို နင္း ၿပီးမွ ထန္းနို့လွီး ထန္းေရခံ။ ပင္ပန္းသေလာက္ ဝင္ေငြကနည္းတယ္။
ဒါေၾကာင့္ထန္းတက္သမားေတြရွား။ ထန္းတက္သမားမရွိေတာ့ ထန္းပင္ကို ေသာင္းဂဏန္း နဲ႔ေရာင္း တ႐ုတ္ျပည္ပို့။ တ႐ုတ္က နည္းပညာ နဲ႔ ထုတ္လိုက္တဲ့ ထန္းပရိေဘာဂေတြကို ေစ်းႀကီးနဲ႔ျပန္ဝယ္ ။ မိေအးက ၂ခါ မကနာ။
ထန္းပင္တစ္ပင္ျဖစ္ဖို့ကမလြယ္။ ႏွစ္ေပါင္း ၂၀ေလာက္ အခ်ိန္ေပးရတာ။ မေလယိုး ျပည္ႀကီးတ႐ုတ္ေတြ ေစာက္ေကာင္းက်ိဳးမေပးဘူး။ အညာမွာ ထန္းပင္ရွိရင္ အိမ္ေဆာက္လို့ရတယ္။
ထန္းရြက္နဲ႔ မိုးမယ္။ ထန္းလက္ရိုးေတြနဲ႔ ၿခံစည္းရိုးကာမယ္။ ထန္းလုံးေတြ နဲ႔ ၾကမ္းခင္း တိုင္ေထာင္ ထုတ္တန္းေတြ လုပ္လို့ရတယ္။ ထန္းပင္က သဘာဝက ေပးတဲ့လက္ေဆာင္။ ကၽြန္ေတာ္ကေတာ့ ထန္းပင္ေတြကိုခ်စ္တယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။
Unicode
ထန်းရည် အကြောင်း သိကောင်းစရာ… (ထန်းဋီကာ)
ပင်ကျရေ ဆိုတာ ထန်းပင်က ချစဆို ချို တာကြီးပဲ။ အလျင်(အနယ်) လေးထည့်လိုက်မှ ကဇော်ပေါက်ပြီး မူးတာ။ တချို့က ထန်းမတက်ခင် ထန်းရေခံမယ့် မြူအိုး ဒါမှမဟုတ် ဝါးကျည်မှာ တခါတည်း အလျင်ကို ထည့်လိုက်တယ်။
တချို့က အောက်ရောက်မှ အလျင်ထည့်တယ်။အလျင်ဆိုတာ ထန်းရေအနည်အနှစ်ကိုပြောတာ။ ထန်းရေခံတာများလာရင် အောက်ခြေမှာ အနည်တွေစုလာပြီး အဲ့အနည်ကို သိမ်းထားလိုက်တယ်။
ထန်းရေချိုထဲကို အလျင်နည်းနည်းလေးထည့်လိုက်ပြီး အချိန်တစ်ခုရောက်ရင် ထန်းရေ ကချဉ်ခါးလာတာ။ ကြာလေ ပြင်းလာလေပေါ့။ ဒါကြောင့် နေကျော် ထန်းရေ က ပြင်းတာ။ တချို့က ထန်းအလျင်ကို နေပူလှန်း ထားတယ်။
မိုးတွင်းလို ထန်းရေခံ လို့မရရင် ထန်းအလျင်ကို ရေနွေးထဲ ထည့်ဖျော်သောက်တယ်တဲ့။ အာသာပြေပေါ့။ မြူအိုးမှာ အလျင်ခံပြီး ထန်းရေ ခံတဲ့ အရေကို ပင်ကျရေလို့ခေါ်တယ်။ အရသာလည်း ဖောက်တဲ့ထန်းရေထက်ပိုကောင်းတယ်။ ထန်းရေထဲ ကဖော်ထည့်လိုက်ရင် အမြုတ်တွေထလာပြီး စိမ်းပြာရောင်လေးသန်းလာရင် ငှက်ခါးတောင်အရေပေါ့။
ထန်းရေဆိုတာက သကြားရေထက် ပိုချိုတယ်။ ဒါကြောင့် ထန်းရေချပြီဆို အိုးမှာ ပုရွက်တို့ ပျားတို့ ပါလာတတ်တယ်။ တကယ့်ထန်းရေသမားတွေက ပုရွက်တို့ ပျားတို့ကို ဖယ်မနေဘူး။ အုန်းမုတ်ခွက်ထဲ့ ထည့် သောက်ခါနီး ပုရွက် ပျား တို့ ပါးစပ်ထဲ မဝင်အောင် ဖူး ဖူး ဆိုမှုတ်ပြီး သောက်ကြတယ်။
ထန်းအမှုန်အနှစ် တွေ ပါတာမို့ အရသာ ပိုလေး ပိုကောင်းတယ်တဲ့။ ရေစစ် ပိတ်ပါးတွေ နဲ့ စစ်ပြီးသောက်ရင် အရသာပေါ့တယ်တဲ့။ ထန်းပင် မှာ အဖိုပင် အမပင် ရှိတယ်တဲ့။ အဖိုပင် က အရသာ ပိုကောင်းတယ်။
ထန်းသီးကို မှောက်စိုက်ရင် အဖို ပက်လက်စိုက်ရင် အမ ပင်ရတယ်တဲ့
ထန်းရေ ကောင်း မကောင်းက ထန်းနို့ ကိုင်တဲ့ လူပေါ်မှာလည်းမူတည်တယ်။ ထန်းတက်သမားက ထန်းနို့ကို ထုရတယ် လှီးရတယ် ။ ထုချက်ညီ မှလည်း ထန်းရေက ကောင်းမှာ။
ထန်းနို့ တစ်စတည်း က ခံတဲ့အရည်ကို တစ်စရည်။ ထန်းနို့ကို လှီးလိုက် ထုလိုက် လုပ်တော့ ထန်းနို့က တို တိုလာပြီး အငုတ်ပဲကျန်တော့တယ်။ အငုတ်က ထွက်တဲ့ အရေကို လက်ငုတ်ရည်။ သူလည်း လေးပြီးကောင်းတယ်တဲ့။
ထန်းရေ ပေါ်ဦးပေါ်ဖျားဆို အတီရေ။ ဟိုးရှေးရှေးတုန်း အတီတေအသီတ တုန်း ဗရာဏသီပြည်မှာ ဆိုပြီး ပုံပြင်တွေ မှာကြားဖူးတယ်မှတ်လား။ အဲ့ဒါကို စွဲပြီးခေါ်တာ။
ပြီးတော့ အမြုပ်လေး တစီစီဖြစ်နေတဲ့ အရေကို ပုဇွန်ဆိပ်ခုန်။ တချို့က အဲ့လို အမြုပ်တစီစီလေးဖြစ်နေမှ ပိုကြိုက်ကြတယ်။ ထန်းပင်ပေါ်ရောက်ခါနီး gas အသံတရူးရူးကြားရင် မြွေဟောက်ပင် ။ သူခါ ရှတတ လေး။
တပို့တွဲလ ဆိုတာ ထန်းပို့တွဲ ကဖြစ်လာတာ။ ထန်းသီးတွေ တွဲ နေတဲ့ လမို့။ ပြီးတော့ အောက်ပြည်ကထန်းရေ နဲ့ အညာက ထန်းရေ မတူဘူး။ အောက်ပြည်က ထန်းရေက ရေနဲ့နီးလို ပေါ့တယ်။ အညာက ရေနဲ့ဝေးလို့ ပိုပြင်းတယ်။
ထန်းရေ က လေတိုက်လေမူးလေ။ မူးရင်လည်း ဘယ်တော့မှ မှောက်လဲမလဲဘူး။ ပက်လက်ပဲ။ ထန်းရေသောက်ရင် ဂေ့ ဆို လေချဉ်တက်တုန်း ထန်းရေအရသာပါ ပြန်ခံစားရတာ ဇိမ်ပဲ မဟုတ်လား။
ယောဖက်မှာဆို ထန်းပင်ပေါ်မှာပဲ လင့်ထိုးပြီး ထန်းရေသောက်ကြတယ်။သောက်ပြီး ဘယ်လိုပြန်ဆင်းလဲ မသိ။ ထန်းပင်ပေါ်က မူးပြီးပြုတ်ကျ တာမရှိလားမေးတော့။ ရှိတော့ရှိတယ် ရှားတယ်တဲ့။
ထန်းရေကို ကျိုချက်ပြီး ပွက်လာတဲ့ရေ ကို ပွက်ရေလို့ခေါ်တယ်။ တင်လဲရည်လို့လည်းခေါ်တယ်။ အရက်ချက်တဲ့ နေရာမှာသုံးတာပေါ့။ ထန်းရေ ကို ကျို ။ ဒယ်မှာ မတူးရအောင်မွှေ ကြွက်မြီးတန်းလားရင် မီးဖိုကချ မအေးခင် လက်နဲ့ ဆုပ်ဆုပ်ပြီး လုံး ။ အအေးခံလိုက်ရင် ထန်းလျက်ရပြီ။
ထန်းပင်တက်ရင် ပင်စည်က ထောင်ထားတဲ့ ဝါးကို ရင်းထောင် အပင်တစ်ဝက်မှာ ထန်းပင်ပေါ်က တွဲလဲ ချထားတာကို ရင်းဆွဲ ။ ထန်းတက်သမားက ရင်းထောင်ကို ထန်းပင်နားကပ် နှီးချောင်းကြီးနဲ့ ပင်စည်ကို ချည်တုပ်။
ပြီးရင် တစ်လှမ်းတက် နှီးချောင်းကြီးနဲ့ ထပ်ချည်တုတ် ။ ပြီးမှ ရင်းစွဲ ကို လှမ်းကိုင်ပြီး ထန်းပင်ပေါ်တက် ထန်းလက် ထန်းကိုင်းတွေ ကို နင်း ပြီးမှ ထန်းနို့လှီး ထန်းရေခံ။ ပင်ပန်းသလောက် ဝင်ငွေကနည်းတယ်။
ဒါကြောင့်ထန်းတက်သမားတွေရှား။ ထန်းတက်သမားမရှိတော့ ထန်းပင်ကို သောင်းဂဏန်း နဲ့ရောင်း တရုတ်ပြည်ပို့။ တရုတ်က နည်းပညာ နဲ့ ထုတ်လိုက်တဲ့ ထန်းပရိဘောဂတွေကို ဈေးကြီးနဲ့ပြန်ဝယ် ။ မိအေးက ၂ခါ မကနာ။
ထန်းပင်တစ်ပင်ဖြစ်ဖို့ကမလွယ်။ နှစ်ပေါင်း ၂၀လောက် အချိန်ပေးရတာ။ မလေယိုး ပြည်ကြီးတရုတ်တွေ စောက်ကောင်းကျိုးမပေးဘူး။ အညာမှာ ထန်းပင်ရှိရင် အိမ်ဆောက်လို့ရတယ်။
ထန်းရွက်နဲ့ မိုးမယ်။ ထန်းလက်ရိုးတွေနဲ့ ခြံစည်းရိုးကာမယ်။ ထန်းလုံးတွေ နဲ့ ကြမ်းခင်း တိုင်ထောင် ထုတ်တန်းတွေ လုပ်လို့ရတယ်။ ထန်းပင်က သဘာဝက ပေးတဲ့လက်ဆောင်။ ကျွန်တော်ကတော့ ထန်းပင်တွေကိုချစ်တယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Leave a Reply