လူတေယာက္ရဲ႕ ဗီဇ ဆိုတာ ေသရင္ေတာင္ အရိုးမွာ ကပ္က်န္ခဲ့တာမ်ိဳးပါ
ခ်စ္သူ ဘဝထဲက ဆဲတတ္တဲ့ေယာက္်ားဟာ အိမ္ေထာင္က်တဲ့ အခါ မိသားစုကို ဆဲပါလိမ့္မယ္ ။ ခ်စ္သူ ဘဝထဲက အရက္ေသာက္တဲ့ ေယာက္်ားဟာ အိမ္ေထာင္က်တဲ့ အခါ မိသားစုေရွ႕ဆက္ေသာက္ ေနမွာပါပဲ ။
ခ်စ္သူဘဝထဲက ေလာင္းကစား တပ္မက္တဲ့ ေယာက္်ားဟာ အိမ္ေထာင္က်တဲ့ အခါ မိသားစု စီးပြားေရး ထိခိုက္တဲ့အထိ ျပဳလုပ္ေနမွာပါပဲ ။ ခ်စ္သူ ဘဝထဲက မူးယစ္ေဆး သုံးစြဲတတ္တဲ့ ေယာက္်ားဟာ အိမ္ေထာင္က်တဲ့အခါ ဆက္ၿပီး သုံးစြဲေနမွာပါပဲ ။
ခ်စ္သူဘဝထဲက ေဖာက္ျပန္တတ္တဲ့ ေယာက္်ားဟာ အိမ္ေထာင္က်တဲ့အခါ ေဖာက္ျပန္မႈကို သိေအာင္ တမ်ိဳး မသိေအာင္တမ်ိဳး က်ဴးလြန္ေနမွာပါပဲ ။
ငါ့ကိုခ်စ္ရင္ သူျပဳျပင္မွာပါလို႔ မေတြးပါနဲ႔။ မင္းကိုရရင္ ငါျပဳျပင္ပါ့မယ္ဆိုလည္း မယုံပါနဲ႔။ ေျပာင္းလဲျပတယ္ဆိုလည္း ခဏပါပဲ။
ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ဆိုသလို တခ်ိန္ခ်ိန္ ပင္ကိုယ္ ဗီဇျပလာပါလိမ့္မယ္။ ေယာက္်ားတစ္ေယာက္ကို ခ်စ္လို႔ ရပါတယ္။ အခ်စ္ေတြဖုံးၿပီး အျပစ္ေတြ မျမင္သူ မျဖစ္ၾကဖို႔သာ လိုပါတယ္။
ဘဝအတြက္ လက္တြဲေဖာ္ ေ႐ြးခ်ယ္မႈမွားရင္ ဒူးနဲ႔မ်က္ရည္သုတ္ေနၾကရမွာ မိန္းကေလးေတြပါပဲ ။ အိမ္ေထာင္တစ္ခု တည္ေထာင္တယ္ဆိုတာ လြယ္မေယာင္နဲ႔ခက္ တိမ္မေယာင္နဲ႔ နက္နဲၾကပါတယ္။
အခ်စ္ကိုပဲ ဦးစားမေပးဘဲ မွန္ကန္တဲ့ အသိဉာဏ္နဲ႔ ဆုံးျဖတ္တတ္မွသာ ေရရွည္ ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးတခု ျဖစ္မွာပါ ။တစ္ဦးတစ္ဖက္တည္း ေကာင္းေန႐ုံနဲ႔ မရပါဘူး ။
လင္ဆိုးမယား တဖားဖား ဆိုသလို ဒုကၡမ်ိဳးစုံကို ဒူးနဲ႔မ်က္ရည္သုတ္ ခံစားတတ္ၾကရသလို မိသားစုၾကား ပတ္ဝန္းက်င္ၾကားမွာ မ်က္ႏွာငယ္စြာ ရပ္တည္တတ္ၾကရပါတယ္ ။
သားဆိုးေအမ ေတေပပ ဆိုသလို လင္နဲ႔ ကြဲသြားေပမဲ့ ဗီဇညံ့တဲ့ ေယာက္်ားနဲ႔ ရတဲ့ရင္ေသြးဟာ ထိုသူရဲ႕ အက်င့္စ႐ိုက္ အမ်ား အနည္း ပါေနတတ္ၾကလို႔ ဒါကို ျပဳျပင္ ေပးရင္း စိတ္ေမာလူေမာ ျဖစ္တတ္ၾကပါတယ္
ဒါဟာ အေမြဆိုးတခုပါပဲ ။ ဒါေၾကာင့္ အိမ္ေထာင္ေရးကို ကိုရီးယားဇာတ္လမ္းတြဲေတြလို ျမန္မာကားေတြလို သီခ်င္းေတြလို စိတ္ကူးယဥ္လို႔ မရပါဘူး။ လက္ေတြ႕ဘဝမွာ မေသမခ်င္း ေလွ်ာက္ၾကရမွာပါ ။
လိမ္ေနတဲ့ အရာတိုင္းက လွေနတတ္တယ္။ လူတေယာက္ရဲ႕ ဗီဇစိတ္ဆိုတာ အပင္တစ္ပင္ အျမစ္တြယ္ရွင္သန္ ေနသလိုပါပဲ ေသမွ ေပ်ာက္ၾကတာပါ ။
ဘယ္သူမျပဳ မိမိမႈ ဆိုသလို ကံကိုယုံၿပီး ဆူးပုံခ်နင္းမယ္ ဆိုရင္ေတာ့ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ ကိုယ္ျဖစ္ကိုယ္ခံ ဆိုသလို မေသမခ်င္း ဘဝကို အေမာေတြနဲ႔သာ ျဖတ္ေက်ာ္ရမယ္ဆိုတာ…..သိၾကဖို႔ ။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။
Unicode
လူတယောက်ရဲ့ ဗီဇ ဆိုတာ သေရင်တောင် အရိုးမှာ ကပ်ကျန်ခဲ့တာမျိုးပါ
ချစ်သူ ဘဝထဲက ဆဲတတ်တဲ့ယောက်ျားဟာ အိမ်ထောင်ကျတဲ့ အခါ မိသားစုကို ဆဲပါလိမ့်မယ် ။ ချစ်သူ ဘဝထဲက အရက်သောက်တဲ့ ယောက်ျားဟာ အိမ်ထောင်ကျတဲ့ အခါ မိသားစုရှေ့ဆက်သောက် နေမှာပါပဲ ။
ချစ်သူဘဝထဲက လောင်းကစား တပ်မက်တဲ့ ယောက်ျားဟာ အိမ်ထောင်ကျတဲ့ အခါ မိသားစု စီးပွားရေး ထိခိုက်တဲ့အထိ ပြုလုပ်နေမှာပါပဲ ။ ချစ်သူ ဘဝထဲက မူးယစ်ဆေး သုံးစွဲတတ်တဲ့ ယောက်ျားဟာ အိမ်ထောင်ကျတဲ့အခါ ဆက်ပြီး သုံးစွဲနေမှာပါပဲ ။
ချစ်သူဘဝထဲက ဖောက်ပြန်တတ်တဲ့ ယောက်ျားဟာ အိမ်ထောင်ကျတဲ့အခါ ဖောက်ပြန်မှုကို သိအောင် တမျိုး မသိအောင်တမျိုး ကျူးလွန်နေမှာပါပဲ ။
ငါ့ကိုချစ်ရင် သူပြုပြင်မှာပါလို့ မတွေးပါနဲ့။ မင်းကိုရရင် ငါပြုပြင်ပါ့မယ်ဆိုလည်း မယုံပါနဲ့။ ပြောင်းလဲပြတယ်ဆိုလည်း ခဏပါပဲ။
ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလို တချိန်ချိန် ပင်ကိုယ် ဗီဇပြလာပါလိမ့်မယ်။ ယောက်ျားတစ်ယောက်ကို ချစ်လို့ ရပါတယ်။ အချစ်တွေဖုံးပြီး အပြစ်တွေ မမြင်သူ မဖြစ်ကြဖို့သာ လိုပါတယ်။
ဘဝအတွက် လက်တွဲဖော် ရွေးချယ်မှုမှားရင် ဒူးနဲ့မျက်ရည်သုတ်နေကြရမှာ မိန်းကလေးတွေပါပဲ ။ အိမ်ထောင်တစ်ခု တည်ထောင်တယ်ဆိုတာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်နဲကြပါတယ်။
အချစ်ကိုပဲ ဦးစားမပေးဘဲ မှန်ကန်တဲ့ အသိဉာဏ်နဲ့ ဆုံးဖြတ်တတ်မှသာ ရေရှည် အောင်မြင်တဲ့ အိမ်ထောင်ရေးတခု ဖြစ်မှာပါ ။တစ်ဦးတစ်ဖက်တည်း ကောင်းနေရုံနဲ့ မရပါဘူး ။
လင်ဆိုးမယား တဖားဖား ဆိုသလို ဒုက္ခမျိုးစုံကို ဒူးနဲ့မျက်ရည်သုတ် ခံစားတတ်ကြရသလို မိသားစုကြား ပတ်ဝန်းကျင်ကြားမှာ မျက်နှာငယ်စွာ ရပ်တည်တတ်ကြရပါတယ် ။
သားဆိုးအေမ တေပေပ ဆိုသလို လင်နဲ့ ကွဲသွားပေမဲ့ ဗီဇညံ့တဲ့ ယောက်ျားနဲ့ ရတဲ့ရင်သွေးဟာ ထိုသူရဲ့ အကျင့်စရိုက် အများ အနည်း ပါနေတတ်ကြလို့ ဒါကို ပြုပြင် ပေးရင်း စိတ်မောလူမော ဖြစ်တတ်ကြပါတယ်
ဒါဟာ အမွေဆိုးတခုပါပဲ ။ ဒါကြောင့် အိမ်ထောင်ရေးကို ကိုရီးယားဇာတ်လမ်းတွဲတွေလို မြန်မာကားတွေလို သီချင်းတွေလို စိတ်ကူးယဉ်လို့ မရပါဘူး။ လက်တွေ့ဘဝမှာ မသေမချင်း လျှောက်ကြရမှာပါ ။
လိမ်နေတဲ့ အရာတိုင်းက လှနေတတ်တယ်။ လူတယောက်ရဲ့ ဗီဇစိတ်ဆိုတာ အပင်တစ်ပင် အမြစ်တွယ်ရှင်သန် နေသလိုပါပဲ သေမှ ပျောက်ကြတာပါ ။
ဘယ်သူမပြု မိမိမှု ဆိုသလို ကံကိုယုံပြီး ဆူးပုံချနင်းမယ် ဆိုရင်တော့ ကိုယ်ကြိုက်တာ ကိုယ်လုပ် ကိုယ်ဖြစ်ကိုယ်ခံ ဆိုသလို မသေမချင်း ဘဝကို အမောတွေနဲ့သာ ဖြတ်ကျော်ရမယ်ဆိုတာ…..သိကြဖို့ ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။
Leave a Reply