၅ ႏွစ္ေလာက္ မိေက်ာင္းႀကီးလည္ပင္းမွာ စြပ္မိေနတဲ့ တာယာကြင္းကို ေအာင္ျမင္စြာျဖဳတ္ေပးႏိုင္ခဲ့သူ

၅ ႏွစ္ေလာက္ မိေက်ာင္းႀကီးလည္ပင္းမွာ စြပ္မိေနတဲ့ တာယာကြင္းကို ေအာင္ျမင္စြာျဖဳတ္ေပးႏိုင္ခဲ့သူ
၅ ႏွစ္ေလာက္ မိေက်ာင္းႀကီးလည္ပင္းမွာ စြပ္မိေနတဲ့ တာယာကြင္းကို ေအာင္ျမင္စြာျဖဳတ္ေပးႏိုင္ခဲ့သူ

၅ ႏွစ္ေလာက္ မိေက်ာင္းႀကီးလည္ပင္းမွာ စြပ္မိေနတဲ့ တာယာကြင္းကို ေအာင္ျမင္စြာျဖဳတ္ေပးႏိုင္ခဲ့သူ

လြန္ခဲ့တဲ့ ၂ ႏွစ္က က်ေနာ္ post တင္ဖူးတဲ့ မိေက်ာင္းႀကီးဟာ လည္ပင္းမွာ စြပ္ေနတဲ့တာယာကြင္းက လြတ္ေျမာက္သြားပါၿပီ။

အဲ့ဒီတုန္းက အင္ဒိုနီးရွားအစိုးရက ဆူလာေဝစီကြၽန္း Palu city နားရွိ (၁၇) ေပရွည္တဲ့ မိေက်ာင္းႀကီးလည္ပင္းမွာ ရာဘာတာယာစြပ္ေနတာကိုေတြ႕ရလို႔ ျဖဳတ္ေပးႏိုင္သူကို ဆုခ်ီးျမႇင့္မယ္လို႔ ေၾကညာခ်က္ ထုတ္ခဲ့တာ ျဖစ္ပါတယ္။

အခုလို မိေက်ာင္းႀကီးလည္ပင္းမွာ တာယာကြင္းစြပ္ေနတာ ၅ ႏွစ္ရွိပါၿပီ။ မိေက်ာင္းခိုးဖမ္းတဲ့အဖြဲ႕တစ္ဖြဲ႕က တာယာကြင္းစြပ္ၿပီး ဖမ္းဖို႔ႀကိဳးစားခဲ့တယ္လို႔ ယူဆထားၾကပါတယ္။

ဩစေတးလ်မွ တီဗီမင္းသား မိေက်ာင္းဖမ္းသူတစ္ေယာက္လည္း ဒီမိေက်ာင္းႀကီးကို ဖမ္းဖို႔ ႀကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

အခုေတာ့ Titi တီတီအမည္ရွိ အသက္ ၃၄ ႏွစ္ရွိ ငွက္ေရာင္းသမား တစ္ေယာက္က ႀကိဳးစားဖမ္းခဲ့ရာမွာ ေအာင္ျမင္သြားတာျဖစ္ပါတယ္။

တီတီဟာ ၾကက္ေတြနဲ႔မွ်ားၿပီး မိေက်ာင္းႀကီးကို ႀကိဳးေတြနဲ႔ဖမ္းဖို႔ ၃ ပတ္ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ တီတီက ပထမအႀကိမ္ဖမ္းရာမွာ ႀကိဳးမခိုင္လို႔ မေအာင္ျမင္ခဲ့ပဲ ေနာက္ဆုံးသေဘၤာဆြဲတဲ့ Tagging boat ကႏိုင္လြန္ႀကိဳးကို သုံးမွ ေအာင္ျမင္ခဲ့ပါတယ္။

တီတီက မိေက်ာင္းႀကီးကို ႀကိဳးနဲ႔ဖမ္းအၿပီးမွာ လူေပါင္း တစ္ဒါဇင္ေလာက္က ဝင္ကူၿပီး မိေက်ာင္းႀကီးရဲ႕လည္ပင္းက တာယာကို ျဖတ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။

တီတီက မိေက်ာင္းႀကီးက မယုံႏိုင္ေလာက္ေအာင္ ေလးလံလြန္းလို႔ သူေျခကုန္လက္ပန္းက်ေနၿပီမို႔ က်န္တဲ့လူေတြ ဝိုင္းကယ္ပါေစလို႔ ထိုင္ၾကည့္ေနခဲ့တယ္လို႔ ဆိုပါတယ္။

“က်ေနာ့္အေနနဲ႔ တိရိစာၦန္တစ္ေကာင္ ကာလၾကာရွည္စြာ ခံစားေနရတဲ့ ဒုကၡကို မၾကည့္ႏိုင္လို႔ အခုလိုႀကိဳးစားကယ္ခဲ့တာ” လို႔ တီတီက ဆိုပါတယ္။

မိေက်ာင္းႀကီးကို တာယာကြင္းျဖဳတ္ၿပီးၿပီးခ်င္း ေရထဲ ျပန္လႊတ္ေပးခဲ့ပါတယ္။ တိရိစာၦန္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ေခါင္းေဆာင္က အခုလိုတီတီရဲ႕ ရဲစြမ္းသတၱိနဲ႔ႀကိဳးပမ္းမႈအတြက္ ဆုထိုက္ထိုက္တန္တန္ခ်ီးျမႇင့္မယ္လို႔ ဆိုပါတယ္။

“တခ်ိဳ႕အလုပ္ေတြဟာ အႏၲရာယ္မ်ားသလို ဝန္ႀကီးမားလွတဲ့ အတြက္ ရဲစြမ္းသတၱိ ရွိ႐ုံတင္မကပဲ ဇြဲရွိရွိနဲ႔ အေလ်ာ့မေပးပဲ ႀကိဳးပမ္းဖို႔ လိုပါတယ္။”

“အႏၲရာယ္မ်ားတဲ့ အလုပ္တစ္ခုခု စတင္ခ်ိန္မွာ ရပ္ၾကည့္ေနတဲ့သူေတြ မ်ားေပမယ့္ တကယ့္ေအာင္ျမင္မႈ ရလုလုမွာ ဝင္ပါမယ့္သူေတြ ရွိစၿမဲပါ။ ဒီလူေတြလည္း လိုအပ္ပါတယ္။”

မူရင္းေရးသားသူ Richard Myo Thant အား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

၅ နှစ်လောက် မိကျောင်းကြီးလည်ပင်းမှာ စွပ်မိနေတဲ့ တာယာကွင်းကို အောင်မြင်စွာဖြုတ်ပေးနိုင်ခဲ့သူ

လွန်ခဲ့တဲ့ ၂ နှစ်က ကျနော် post တင်ဖူးတဲ့ မိကျောင်းကြီးဟာ လည်ပင်းမှာ စွပ်နေတဲ့တာယာကွင်းက လွတ်မြောက်သွားပါပြီ။

အဲ့ဒီတုန်းက အင်ဒိုနီးရှားအစိုးရက ဆူလာဝေစီကျွန်း Palu city နားရှိ (၁၇) ပေရှည်တဲ့ မိကျောင်းကြီးလည်ပင်းမှာ ရာဘာတာယာစွပ်နေတာကိုတွေ့ရလို့ ဖြုတ်ပေးနိုင်သူကို ဆုချီးမြှင့်မယ်လို့ ကြေညာချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို မိကျောင်းကြီးလည်ပင်းမှာ တာယာကွင်းစွပ်နေတာ ၅ နှစ်ရှိပါပြီ။ မိကျောင်းခိုးဖမ်းတဲ့အဖွဲ့တစ်ဖွဲ့က တာယာကွင်းစွပ်ပြီး ဖမ်းဖို့ကြိုးစားခဲ့တယ်လို့ ယူဆထားကြပါတယ်။

ဩစတေးလျမှ တီဗီမင်းသား မိကျောင်းဖမ်းသူတစ်ယောက်လည်း ဒီမိကျောင်းကြီးကို ဖမ်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အခုတော့ Titi တီတီအမည်ရှိ အသက် ၃၄ နှစ်ရှိ ငှက်ရောင်းသမား တစ်ယောက်က ကြိုးစားဖမ်းခဲ့ရာမှာ အောင်မြင်သွားတာဖြစ်ပါတယ်။

တီတီဟာ ကြက်တွေနဲ့မျှားပြီး မိကျောင်းကြီးကို ကြိုးတွေနဲ့ဖမ်းဖို့ ၃ ပတ် ကြိုးစားခဲ့တာဖြစ်ပါတယ်။ တီတီက ပထမအကြိမ်ဖမ်းရာမှာ ကြိုးမခိုင်လို့ မအောင်မြင်ခဲ့ပဲ နောက်ဆုံးသင်္ဘောဆွဲတဲ့ Tagging boat ကနိုင်လွန်ကြိုးကို သုံးမှ အောင်မြင်ခဲ့ပါတယ်။

တီတီက မိကျောင်းကြီးကို ကြိုးနဲ့ဖမ်းအပြီးမှာ လူပေါင်း တစ်ဒါဇင်လောက်က ဝင်ကူပြီး မိကျောင်းကြီးရဲ့လည်ပင်းက တာယာကို ဖြတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

တီတီက မိကျောင်းကြီးက မယုံနိုင်လောက်အောင် လေးလံလွန်းလို့ သူခြေကုန်လက်ပန်းကျနေပြီမို့ ကျန်တဲ့လူတွေ ဝိုင်းကယ်ပါစေလို့ ထိုင်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော့်အနေနဲ့ တိရိစ္ဆာန်တစ်ကောင် ကာလကြာရှည်စွာ ခံစားနေရတဲ့ ဒုက္ခကို မကြည့်နိုင်လို့ အခုလိုကြိုးစားကယ်ခဲ့တာ” လို့ တီတီက ဆိုပါတယ်။

မိကျောင်းကြီးကို တာယာကွင်းဖြုတ်ပြီးပြီးချင်း ရေထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင်က အခုလိုတီတီရဲ့ ရဲစွမ်းသတ္တိနဲ့ကြိုးပမ်းမှုအတွက် ဆုထိုက်ထိုက်တန်တန်ချီးမြှင့်မယ်လို့ ဆိုပါတယ်။

“တချို့အလုပ်တွေဟာ အန္တရာယ်များသလို ဝန်ကြီးမားလှတဲ့ အတွက် ရဲစွမ်းသတ္တိ ရှိရုံတင်မကပဲ ဇွဲရှိရှိနဲ့ အလျော့မပေးပဲ ကြိုးပမ်းဖို့ လိုပါတယ်။”

“အန္တရာယ်များတဲ့ အလုပ်တစ်ခုခု စတင်ချိန်မှာ ရပ်ကြည့်နေတဲ့သူတွေ များပေမယ့် တကယ့်အောင်မြင်မှု ရလုလုမှာ ဝင်ပါမယ့်သူတွေ ရှိစမြဲပါ။ ဒီလူတွေလည်း လိုအပ်ပါတယ်။”

မူရင်းရေးသားသူ Richard Myo Thant အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*