လင္းယုန္ငွက္ေတြဆီကေန ေလ့လာသင္ယူသင့္တဲ့ ဘ၀ေနထိုင္မႈသင္ခန္းစာမ်ား

လင္းယုန္ငွက္ေတြဆီကေန ေလ့လာသင္ယူသင့္တဲ့ ဘ၀ေနထိုင္မႈသင္ခန္းစာမ်ား
လင္းယုန္ငွက္ေတြဆီကေန ေလ့လာသင္ယူသင့္တဲ့ ဘ၀ေနထိုင္မႈသင္ခန္းစာမ်ား

လင္းယုန္ငွက္ေတြဆီကေန ေလ့လာသင္ယူသင့္တဲ့ ဘ၀ေနထိုင္မႈသင္ခန္းစာမ်ား

ဘယ္ေနရာကမဆို ယူတတ္ရင္ ပညာရစရာေတြခ်ည္းပဲဆိုတဲ့ စကားေလး ရွိပါတယ္။ အဲဒါေၾကာင့္ ေခါင္းေဆာင္မႈကိုျဖစ္ျဖစ္၊ အျခားဘာသာရပ္မ်ားကိုျဖစ္ျဖစ္ ဆက္စပ္ၿပီး ပညာရႏိုင္တဲ့ ေနရာအသီးသီးကေန ပညာ ယူသင့္ပါတယ္

အခုဆက္ၿပီး ကြၽန္ေတာ့္ မိတ္ေဆြမ်ားအတြက္ အင္တာနက္ကေန ဖတ္ရတဲ့ လင္းယုန္ငွက္ေတြဆီကေန ေလ့လာသင့္တဲ့ ေခါင္းေဆာင္မႈ သင္ခန္းစာမ်ား ဆိုတာေလးကို ေဝမွ်ခ်င္ပါတယ္

ဒါကို ေလ့လာတဲ့အခါမွာ လင္းယုန္ငွက္ေတြရဲ႕ တကယ့္သဘာဝထက္ ခ်ဲ႕ကားၿပီး ေရးထားတာေတြ ပါေကာင္း ပါႏိုင္ေပမယ့္ ကိုယ့္ရဲ႕ ေခါင္းေဆာင္မႈနဲ႔ ဘဝဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေရးႀကီးတဲ့ သင္ခန္းစာမ်ား ပါဝင္တာေၾကာင့္ ေလ့လာျခင္းအားျဖင့္ အက်ိဳးရွိမွာ ေသခ်ာပါတယ္

လင္းယုန္ငွက္တစ္ေကာင္ ဆီကေန ေလ့လာသင့္တဲ့ ေခါင္းေဆာင္မႈ ဥပေဒသ(၇)ခ်က္

၁။ လင္းယုန္ငွက္ေတြဟာ ျမင့္မားတဲ့အထက္ကေန တစ္ကိုယ္တည္း ပ်ံသန္းၾကတယ္။ သူတို႔ေတြဟာ စာကေလးတို႔ ေတာက်ီးကန္းတို႔လို ေသးငယ္တဲ့ အေကာင္ေလးေတြနဲ႔ ဘယ္ေတာ့မွ အတူ မပ်ံသန္းၾကပါဘူး။

သင္ခန္းစာ… အဲဒါေၾကာင့္ သင့္ကို ေအာက္ကို ဆြဲခ်မယ့္ သေဘာထားေသးၿပီး သည္းမခံတတ္တဲ့ သူေတြကို ေဝးေဝးေရွာင္ပါ။ လင္းယုန္ငွက္က လင္းယုန္ငွက္ေတြနဲ႔ပဲ ပ်ံသန္းပါတယ္။ သင္ရဲ႕ အေပါင္းအသင္း အသိုင္းအဝိုင္းကို ေကာင္းေအာင္ ဆက္ထိန္းထားပါ။

၂။ လင္းယုန္ငွက္ေတြဟာ တိက်ေသခ်ာတဲ့ အျမင္ရွိၾကတယ္။ (၅)ကီလိုမီတာ အကြာအေဝးရွိတဲ့ အရာတစ္ခုကို သူတို႔ေတြ focus ထားႏိုင္တဲ့ စြမ္းရည္ရွိၾကတယ္။

ဘာေတြပဲ တားဆီး ပိတ္ဆို႔ေနပါေစ သူတို႔ ပစ္မွတ္ ထားထားတဲ့ သားေကာင္ကို ဖမ္းမိတဲ့ အထိ အဲ့ဒီ သားေကာင္ဆီကေန သူ႔တို႔ရဲ႕ focusကို လုံးဝ မေ႐ႊ႕ပါဘူး။

သင္ခန္းစာ… တားဆီးပိတ္ဆို႔ေနတဲ့ အရာဟာ ဘာပဲျဖစ္ေနျဖစ္ေန တိက်ေသခ်ာတဲ့ အျမင္နဲ႔ အာ႐ုံစူးစိုက္မႈ ရွိေနမယ္ဆိုရင္ သင္ ေအာင္ျမင္ပါလိမ့္မယ္။

၃။ လင္းယုန္ငွက္ေတြဟာ ေသၿပီးသား အသားကို မစားၾကပါဘူး။ လတ္ဆတ္တဲ့ သားေကာင္ေတြကိုပဲ စားသုံး ၾကတယ္။

သင္ခန္းစာ… အတိတ္က ေအာင္ျမင္မႈ ရခဲ့တာေတြကို မွီခို မေနပါနဲ႔။ နယ္ေျမ အသစ္အသစ္ေတြကို သိမ္းပိုက္ ေအာင္ျမင္ႏိုင္ဖို႔ နည္းလမ္းေတြ ရွာေဖြပါ။ အတိတ္ကို အတိတ္မွာပဲ ထားခဲ့ပါ။

၄။ လင္းယုန္ငွက္ေတြက မုန္တိုင္းေတြကို ႏွစ္သက္ၾကတယ္။ တိမ္ေတြစုေဝးသြားၿပီ ဆိုတာနဲ႔ လင္းယုန္ငွက္ေတြက စိတ္လႈပ္ရွား လာၾကတယ္။ မုန္တိုင္းထန္တဲ့ ေလကို အသုံးခ်ၿပီး သူတို႔ေတြက ပိုၿပီး ျမင့္သထက္ျမင့္ေအာင္ ပ်ံသန္းၾကတယ္။

ေလမုန္တိုင္းတိုက္ၿပီဆိုတာနဲ႔ ျပင္းထန္စြာ တိုက္ခတ္ေနတဲ့ ေလမုန္တိုင္းကို အသုံးခ်ၿပီး သူတို႔ကိုယ္သူတို႔ တိမ္ေတြရဲ႕အေပၚကို ေရာက္ေအာင္ ႐ုန္းကန္ပ်ံသန္းၾကတယ္။

ဒီလို ႐ုန္းကန္ၿပီးတဲ့ေနာက္မွာ လင္းယုန္ငွက္ေတြဟာ သူတို႔ရဲ႕ အေတာင္ပံေတြကို အနားေပးႏိုင္ၿပီး အားစိုက္စရာ မလိုဘဲ ေလထဲ ဝဲေနႏိုင္တဲ့ အခြင့္အေရးတစ္ခု ရလိုက္ပါတယ္။ အဲ့လိုအခ်ိန္မွာ တျခားငွက္ေတြက သစ္ကိုင္းေတြ သစ္႐ြက္ေတြကို ကြယ္ၿပီး ပုန္းေနၾကတယ္။

သင္ခန္းစာ… စိန္ေခၚမႈေတြ ဟာ သင့္ကို အရင္ကထက္ပိုေတာ္ၿပီး ပိုသန္မာတဲ့ သူျဖစ္ေအာင္ လုပ္ေပးမွာ ျဖစ္တဲ့အတြက္ စိန္ေခၚမႈေတြကို ရင္ဆိုလိုက္ပါ။ ကြၽန္ေတာ္တို႔ေတြဟာ ဘဝမုန္တိုင္းေတြကို အသုံးခ်ၿပီး ျမင့္သထက္ျမင့္ေအာင္ တက္ရပါမယ္။

ေအာင္ျမင္မႈ ရရွိတဲ့သူေတြဟာ ပိုျမင့္တဲ့ေနရာကို ေရာက္ေအာင္တက္လွမ္းဖို႔ ေၾကာက္႐ြံ႕မေနၾကဘူး။ ေအာင္ျမင္တဲ့သူေတြဟာ စိန္ေခၚမႈေတြကို မေၾကာက္တဲ့ အျပင္ အဲ့ဒီ စိန္ေခၚမႈေတြကေန အက်ိဳးအျမတ္ ထြက္လာလို႔ ပိုေတာင္ သေဘာက် ႏွစ္သက္ၾကပါတယ္။

၅။ လင္းယုန္မနဲ႔ လင္းယုန္ထီးတို႔ တစ္ေကာင္နဲ႔ တစ္ေကာင္ ေတြ႕ဆုံၾကတဲ့အခါ လင္းယုန္ငွက္မဟာ ေျမျပင္ေပၚကို ဆင္းသက္လာၿပီး သစ္ကိုင္ေျခာက္တစ္ခုကို ကိုက္ယူသြားပါတယ္။ ၿပီးေတာ့ လင္းယုန္ထီးကို သစ္ကိုင္ေျခာက္ ဖမ္းခိုင္းတဲ့ activity လုပ္ဖို႔ ေကာင္းကင္ေပၚ ျပန္တက္သြားပါတယ္။

သူမအတြက္ လုံေလာက္တဲ့ အျမင့္တေနရာ ေရာက္ၿပီလို႔ ယူဆတဲ့ေနရာကေန သစ္ကိုင္းေျခာက္ကို ပစ္ခ်လိုက္ၿပီး သူမကေတာ့ ဒီတိုင္းၾကည့္ေနပါတယ္။

အဲ့ဒီအခ်ိန္မွာ လင္းယုန္ထီးက သစ္ကိုင္းေျခာက္ေလး ေျမျပင္ေပၚကို က်မသြားခင္ အမွီလိုက္ဖမ္းၿပီး လင္းယုန္ငွက္မေလးဆီ ျပန္သြားေပးပါတယ္။

ေနာက္တခါမွာလည္း လင္းယုန္မေလးက သစ္ကိုင္းေျခာက္ကို လွမ္းယူလိုက္ၿပီး ပိုျမင့္တဲ့ ပင္လယ္ေရမ်က္ႏွာျပင္ ထက္ကို ပ်ံသန္းသြားၿပီး လင္းယုန္ထီး ဖမ္းဖို႔အတြက္ သစ္ကိုင္းေျခာက္ကို ေနာက္တစ္ခါ ထပ္ခ်လိုက္ ပါတယ္။

လင္းယုန္မေလးဟာ သူစိတ္ေက်နပ္တဲ့ အတိုင္းအတာတစ္ခု ေရာက္တဲ့ အထိ နာရီေပါင္းမ်ားစြာ ၾကာေအာင္ စမ္းသပ္ၿပီးတဲ့ အခါမွ လင္းယုန္ထီးရဲ႕ ခိုင္မာတဲ့ ယုံၾကည္ခ်က္နဲ႔

သစ္ကိုင္းေျခာက္ကို ဖမ္းျပႏိုင္တဲ့ အစြမ္းအစပညာကို အသိအမွတ္ျပဳ လက္ခံပါတယ္။ အဲ့ဒီ စမ္းသပ္ပြဲ ၿပီးမွ လင္းယုန္ငွက္မေလးဟာ သူနဲ႔ လက္တြဲဖို႔ကို ခြင့္ျပဳလိုက္ပါေတာ့တယ္။

သင္ခန္းစာ… သင့္ဘဝမွာျဖစ္ျဖစ္ စီးပြားေရးလုပ္ငန္းမွာျဖစ္ျဖစ္ သင္နဲ႔လက္တြဲရမယ့္ partner ရဲ႕ ယုံၾကည္ခ်က္ခိုင္မာမႈကို ေသေသခ်ာခ်ာ စမ္းသပ္ၾကည့္သင့္တယ္။

၆။ လင္းယုန္ငွက္ေတြက training ေတြအတြက္ ျပင္ဆင္ၾကတယ္။ လင္းယုန္ေပါက္ကေလးေတြ အပ်ံသင္ႏိုင္ဖို႔ ျပင္ဆင္ၾကတဲ့ အခါမွာ သူတို႔ေတြကို သက္ေတာင့္သက္သာ ရွိမေနေစခ်င္တဲ့ အတြက္

အသိုက္ထဲမွာရွိတဲ့ အေမႊးေတြ ျမတ္ႏုေလးေတြကို ဖယ္ရွားပစ္ၾကတယ္။ ဒီလိုနဲ႔ လင္းယုန္ေပါက္ေလးေတြက အသိုက္ထဲမွာ ေနရတာ နာက်င္ခံစားရတဲ့ အတြက္ တျဖည္းျဖည္းနဲ႔ အသိုက္ကိုစြန႔္ၿပီး ပ်ံသန္းသြားတတ္ၾကတယ္။

သင္ခန္းစာ… Comfort Zone ကေန ထြက္လိုက္ပါ။

အဲ့ဒီမွာ သင့္အတြက္ ႀကီးထြားလာမယ့္ အခြင့္အေရး မရွိပါဘူး။ လုပ္႐ိုးလုပ္စဥ္ေတြပဲ လုပ္ေနသမွ် ကာလပတ္လုံး ရ႐ိုး ရစဥ္ေတြကိုပဲ သင္ဆက္လက္ ရရွိေနမွာ ေသခ်ာပါတယ္။

၇။ လင္းယုန္ငွက္ေတြ အသက္ႀကီးလာတဲ့ အခါမွာ သူတို႔ေတြရဲ႕ အေမြးအေတာင္ေတြဟာ အိုေဟာင္းလာတဲ့ အတြက္ ဟိုးအျမင့္ထိ မပ်ံႏိုင္ၾကေတာ့သလို ျမန္ႏိုင္သေလာက္ျမန္ျမန္ မပ်ံႏိုင္ၾကေတာ့ဘူး။

အဲ့လိုအေျခအေနမွာ သူတို႔ဟာ အားနည္းလာၾကၿပီး ေသဖို႔အတြက္ ပိုၿပီး နီးကပ္လာပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ သူတို႔ေနရာကို စြန႔္ခြာသြားၾကၿပီး ဟိုးအေဝးက ေတာင္တန္းေတြဆီ ပ်ံသန္းသြားၾကတယ္။

အဲဒီကို ေရာက္သြားတဲ့ အခ်ိန္မွာ လင္းယုန္ငွက္ေတြဟာ သူတို႔ရဲ႕ အိုေဟာင္းေနတဲ့ အေမႊးအေတာင္ေတြကို သူတို႔ကိုယ္တိုင္ ဆြဲႏႈတ္ပစ္ၿပီး ေဆြးေျမ့ေနတဲ့ ႏႈတ္သီးရယ္ လက္သည္းေတြရယ္ ကိုပါ ေက်ာက္ေဆာင္နဲ႔ ထု႐ိုက္ၿပီး ခ်ိဳးပစ္ပလိုက္ၾကတယ္။

အရမ္းကို နာက်င္ခံစားရတဲ့ ေသြးထြက္သံယိုျဖစ္ေစတဲ့ လုပ္ရပ္ျဖစ္ပါတယ္။ အဲဒီလိုလုပ္ၿပီးတဲ့ ေနာက္မွာေတာ့ သူတို႔ဟာ အဲ့ဒီေနရာေလးမွာ အေမႊးအေတာင္ေတြ ၊ ႏႈတ္သီးေတြ ၊ လက္သည္းေတြ အစုံအလင္ ေပါက္တဲ့ အထိ ပုန္းကြယ္ၿပီးေနၾကတယ္။

အသစ္တဖန္ ျပန္လည္ ရွင္သန္လာတဲ့ လင္းယုန္ငွက္ ေတြဟာ အရင္ကထက္ ပိုၿပီး ျမင့္မားေအာင္ ပ်ံသန္းႏိုင္သြားၾကတယ္။

သင္ခန္းစာ… တခါတရံမွာ ကြၽန္ေတာ္တို႔ေတြဟာ ဘယ္ေလာက္ပဲ ခက္ခဲခက္ခဲ ေဟာင္းႏြမ္းေဆြးေျမ့ေနတဲ့ အမူအက်င့္ေတြကို စြန႔္လႊတ္လိုက္ဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ ဘဝအတြက္ ဝန္ထုတ္ဝန္ပိုးျဖစ္ေနေစတဲ့ အရာေတြ၊ တန္ဖိုးမရွိတဲ့ အရာေတြကို ဆုပ္ကိုင္မထားသင့္ပါဘူး။

အတိတ္ဟာ အခုနကပဲ ၿပီးဆုံးသြားပါၿပီ။ သင္ခန္းစာေတြသာ ထားရစ္ခဲ့ပါတယ္။ အဲဒီသင္ခန္းစာေတြဟာ သင့္ရဲ႕ ေတာက္ပတဲ့ အနာဂါတ္အတြက္ အကူအညီေပးမွာ ျဖစ္ပါတယ္။သင့္အတြက္ အက်ိဳးရွိတယ္ဆိုရင္ သင့္မိတ္ေဆြေတြအတြက္လည္း မွ်ေဝေပးလိုက္ပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

လင်းယုန်ငှက်တွေဆီကနေ လေ့လာသင်ယူသင့်တဲ့ ဘဝနေထိုင်မှုသင်ခန်းစာများ

ဘယ်နေရာကမဆို ယူတတ်ရင် ပညာရစရာတွေချည်းပဲဆိုတဲ့ စကားလေး ရှိပါတယ်။ အဲဒါကြောင့် ခေါင်းဆောင်မှုကိုဖြစ်ဖြစ်၊ အခြားဘာသာရပ်များကိုဖြစ်ဖြစ် ဆက်စပ်ပြီး ပညာရနိုင်တဲ့ နေရာအသီးသီးကနေ ပညာ ယူသင့်ပါတယ်

အခုဆက်ပြီး ကျွန်တော့် မိတ်ဆွေများအတွက် အင်တာနက်ကနေ ဖတ်ရတဲ့ လင်းယုန်ငှက်တွေဆီကနေ လေ့လာသင့်တဲ့ ခေါင်းဆောင်မှု သင်ခန်းစာများ ဆိုတာလေးကို ဝေမျှချင်ပါတယ်

ဒါကို လေ့လာတဲ့အခါမှာ လင်းယုန်ငှက်တွေရဲ့ တကယ့်သဘာဝထက် ချဲ့ကားပြီး ရေးထားတာတွေ ပါကောင်း ပါနိုင်ပေမယ့် ကိုယ့်ရဲ့ ခေါင်းဆောင်မှုနဲ့ ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ပါဝင်တာကြောင့် လေ့လာခြင်းအားဖြင့် အကျိုးရှိမှာ သေချာပါတယ်

လင်းယုန်ငှက်တစ်ကောင် ဆီကနေ လေ့လာသင့်တဲ့ ခေါင်းဆောင်မှု ဥပဒေသ(၇)ချက်

၁။ လင်းယုန်ငှက်တွေဟာ မြင့်မားတဲ့အထက်ကနေ တစ်ကိုယ်တည်း ပျံသန်းကြတယ်။ သူတို့တွေဟာ စာကလေးတို့ တောကျီးကန်းတို့လို သေးငယ်တဲ့ အကောင်လေးတွေနဲ့ ဘယ်တော့မှ အတူ မပျံသန်းကြပါဘူး။

သင်ခန်းစာ… အဲဒါကြောင့် သင့်ကို အောက်ကို ဆွဲချမယ့် သဘောထားသေးပြီး သည်းမခံတတ်တဲ့ သူတွေကို ဝေးဝေးရှောင်ပါ။ လင်းယုန်ငှက်က လင်းယုန်ငှက်တွေနဲ့ပဲ ပျံသန်းပါတယ်။ သင်ရဲ့ အပေါင်းအသင်း အသိုင်းအဝိုင်းကို ကောင်းအောင် ဆက်ထိန်းထားပါ။

၂။ လင်းယုန်ငှက်တွေဟာ တိကျသေချာတဲ့ အမြင်ရှိကြတယ်။ (၅)ကီလိုမီတာ အကွာအဝေးရှိတဲ့ အရာတစ်ခုကို သူတို့တွေ focus ထားနိုင်တဲ့ စွမ်းရည်ရှိကြတယ်။

ဘာတွေပဲ တားဆီး ပိတ်ဆို့နေပါစေ သူတို့ ပစ်မှတ် ထားထားတဲ့ သားကောင်ကို ဖမ်းမိတဲ့ အထိ အဲ့ဒီ သားကောင်ဆီကနေ သူ့တို့ရဲ့ focusကို လုံးဝ မရွှေ့ပါဘူး။

သင်ခန်းစာ… တားဆီးပိတ်ဆို့နေတဲ့ အရာဟာ ဘာပဲဖြစ်နေဖြစ်နေ တိကျသေချာတဲ့ အမြင်နဲ့ အာရုံစူးစိုက်မှု ရှိနေမယ်ဆိုရင် သင် အောင်မြင်ပါလိမ့်မယ်။

၃။ လင်းယုန်ငှက်တွေဟာ သေပြီးသား အသားကို မစားကြပါဘူး။ လတ်ဆတ်တဲ့ သားကောင်တွေကိုပဲ စားသုံး ကြတယ်။

သင်ခန်းစာ… အတိတ်က အောင်မြင်မှု ရခဲ့တာတွေကို မှီခို မနေပါနဲ့။ နယ်မြေ အသစ်အသစ်တွေကို သိမ်းပိုက် အောင်မြင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေပါ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ။

၄။ လင်းယုန်ငှက်တွေက မုန်တိုင်းတွေကို နှစ်သက်ကြတယ်။ တိမ်တွေစုဝေးသွားပြီ ဆိုတာနဲ့ လင်းယုန်ငှက်တွေက စိတ်လှုပ်ရှား လာကြတယ်။ မုန်တိုင်းထန်တဲ့ လေကို အသုံးချပြီး သူတို့တွေက ပိုပြီး မြင့်သထက်မြင့်အောင် ပျံသန်းကြတယ်။

လေမုန်တိုင်းတိုက်ပြီဆိုတာနဲ့ ပြင်းထန်စွာ တိုက်ခတ်နေတဲ့ လေမုန်တိုင်းကို အသုံးချပြီး သူတို့ကိုယ်သူတို့ တိမ်တွေရဲ့အပေါ်ကို ရောက်အောင် ရုန်းကန်ပျံသန်းကြတယ်။

ဒီလို ရုန်းကန်ပြီးတဲ့နောက်မှာ လင်းယုန်ငှက်တွေဟာ သူတို့ရဲ့ အတောင်ပံတွေကို အနားပေးနိုင်ပြီး အားစိုက်စရာ မလိုဘဲ လေထဲ ဝဲနေနိုင်တဲ့ အခွင့်အရေးတစ်ခု ရလိုက်ပါတယ်။ အဲ့လိုအချိန်မှာ တခြားငှက်တွေက သစ်ကိုင်းတွေ သစ်ရွက်တွေကို ကွယ်ပြီး ပုန်းနေကြတယ်။

သင်ခန်းစာ… စိန်ခေါ်မှုတွေ ဟာ သင့်ကို အရင်ကထက်ပိုတော်ပြီး ပိုသန်မာတဲ့ သူဖြစ်အောင် လုပ်ပေးမှာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုလိုက်ပါ။ ကျွန်တော်တို့တွေဟာ ဘဝမုန်တိုင်းတွေကို အသုံးချပြီး မြင့်သထက်မြင့်အောင် တက်ရပါမယ်။

အောင်မြင်မှု ရရှိတဲ့သူတွေဟာ ပိုမြင့်တဲ့နေရာကို ရောက်အောင်တက်လှမ်းဖို့ ကြောက်ရွံ့မနေကြဘူး။ အောင်မြင်တဲ့သူတွေဟာ စိန်ခေါ်မှုတွေကို မကြောက်တဲ့ အပြင် အဲ့ဒီ စိန်ခေါ်မှုတွေကနေ အကျိုးအမြတ် ထွက်လာလို့ ပိုတောင် သဘောကျ နှစ်သက်ကြပါတယ်။

၅။ လင်းယုန်မနဲ့ လင်းယုန်ထီးတို့ တစ်ကောင်နဲ့ တစ်ကောင် တွေ့ဆုံကြတဲ့အခါ လင်းယုန်ငှက်မဟာ မြေပြင်ပေါ်ကို ဆင်းသက်လာပြီး သစ်ကိုင်ခြောက်တစ်ခုကို ကိုက်ယူသွားပါတယ်။ ပြီးတော့ လင်းယုန်ထီးကို သစ်ကိုင်ခြောက် ဖမ်းခိုင်းတဲ့ activity လုပ်ဖို့ ကောင်းကင်ပေါ် ပြန်တက်သွားပါတယ်။

သူမအတွက် လုံလောက်တဲ့ အမြင့်တနေရာ ရောက်ပြီလို့ ယူဆတဲ့နေရာကနေ သစ်ကိုင်းခြောက်ကို ပစ်ချလိုက်ပြီး သူမကတော့ ဒီတိုင်းကြည့်နေပါတယ်။

အဲ့ဒီအချိန်မှာ လင်းယုန်ထီးက သစ်ကိုင်းခြောက်လေး မြေပြင်ပေါ်ကို ကျမသွားခင် အမှီလိုက်ဖမ်းပြီး လင်းယုန်ငှက်မလေးဆီ ပြန်သွားပေးပါတယ်။

နောက်တခါမှာလည်း လင်းယုန်မလေးက သစ်ကိုင်းခြောက်ကို လှမ်းယူလိုက်ပြီး ပိုမြင့်တဲ့ ပင်လယ်ရေမျက်နှာပြင် ထက်ကို ပျံသန်းသွားပြီး လင်းယုန်ထီး ဖမ်းဖို့အတွက် သစ်ကိုင်းခြောက်ကို နောက်တစ်ခါ ထပ်ချလိုက် ပါတယ်။

လင်းယုန်မလေးဟာ သူစိတ်ကျေနပ်တဲ့ အတိုင်းအတာတစ်ခု ရောက်တဲ့ အထိ နာရီပေါင်းများစွာ ကြာအောင် စမ်းသပ်ပြီးတဲ့ အခါမှ လင်းယုန်ထီးရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့

သစ်ကိုင်းခြောက်ကို ဖမ်းပြနိုင်တဲ့ အစွမ်းအစပညာကို အသိအမှတ်ပြု လက်ခံပါတယ်။ အဲ့ဒီ စမ်းသပ်ပွဲ ပြီးမှ လင်းယုန်ငှက်မလေးဟာ သူနဲ့ လက်တွဲဖို့ကို ခွင့်ပြုလိုက်ပါတော့တယ်။

သင်ခန်းစာ… သင့်ဘဝမှာဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းမှာဖြစ်ဖြစ် သင်နဲ့လက်တွဲရမယ့် partner ရဲ့ ယုံကြည်ချက်ခိုင်မာမှုကို သေသေချာချာ စမ်းသပ်ကြည့်သင့်တယ်။

၆။ လင်းယုန်ငှက်တွေက training တွေအတွက် ပြင်ဆင်ကြတယ်။ လင်းယုန်ပေါက်ကလေးတွေ အပျံသင်နိုင်ဖို့ ပြင်ဆင်ကြတဲ့ အခါမှာ သူတို့တွေကို သက်တောင့်သက်သာ ရှိမနေစေချင်တဲ့ အတွက်

အသိုက်ထဲမှာရှိတဲ့ အမွှေးတွေ မြတ်နုလေးတွေကို ဖယ်ရှားပစ်ကြတယ်။ ဒီလိုနဲ့ လင်းယုန်ပေါက်လေးတွေက အသိုက်ထဲမှာ နေရတာ နာကျင်ခံစားရတဲ့ အတွက် တဖြည်းဖြည်းနဲ့ အသိုက်ကိုစွန့်ပြီး ပျံသန်းသွားတတ်ကြတယ်။

သင်ခန်းစာ… Comfort Zone ကနေ ထွက်လိုက်ပါ

အဲ့ဒီမှာ သင့်အတွက် ကြီးထွားလာမယ့် အခွင့်အရေး မရှိပါဘူး။ လုပ်ရိုးလုပ်စဉ်တွေပဲ လုပ်နေသမျှ ကာလပတ်လုံး ရရိုး ရစဉ်တွေကိုပဲ သင်ဆက်လက် ရရှိနေမှာ သေချာပါတယ်။

၇။ လင်းယုန်ငှက်တွေ အသက်ကြီးလာတဲ့ အခါမှာ သူတို့တွေရဲ့ အမွေးအတောင်တွေဟာ အိုဟောင်းလာတဲ့ အတွက် ဟိုးအမြင့်ထိ မပျံနိုင်ကြတော့သလို မြန်နိုင်သလောက်မြန်မြန် မပျံနိုင်ကြတော့ဘူး။

အဲ့လိုအခြေအနေမှာ သူတို့ဟာ အားနည်းလာကြပြီး သေဖို့အတွက် ပိုပြီး နီးကပ်လာပါတယ်။ ဒါကြောင့် သူတို့ဟာ သူတို့နေရာကို စွန့်ခွာသွားကြပြီး ဟိုးအဝေးက တောင်တန်းတွေဆီ ပျံသန်းသွားကြတယ်။

အဲဒီကို ရောက်သွားတဲ့ အချိန်မှာ လင်းယုန်ငှက်တွေဟာ သူတို့ရဲ့ အိုဟောင်းနေတဲ့ အမွှေးအတောင်တွေကို သူတို့ကိုယ်တိုင် ဆွဲနှုတ်ပစ်ပြီး ဆွေးမြေ့နေတဲ့ နှုတ်သီးရယ် လက်သည်းတွေရယ် ကိုပါ ကျောက်ဆောင်နဲ့ ထုရိုက်ပြီး ချိုးပစ်ပလိုက်ကြတယ်။

အရမ်းကို နာကျင်ခံစားရတဲ့ သွေးထွက်သံယိုဖြစ်စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အဲဒီလိုလုပ်ပြီးတဲ့ နောက်မှာတော့ သူတို့ဟာ အဲ့ဒီနေရာလေးမှာ အမွှေးအတောင်တွေ ၊ နှုတ်သီးတွေ ၊ လက်သည်းတွေ အစုံအလင် ပေါက်တဲ့ အထိ ပုန်းကွယ်ပြီးနေကြတယ်။

အသစ်တဖန် ပြန်လည် ရှင်သန်လာတဲ့ လင်းယုန်ငှက် တွေဟာ အရင်ကထက် ပိုပြီး မြင့်မားအောင် ပျံသန်းနိုင်သွားကြတယ်။

သင်ခန်းစာ… တခါတရံမှာ ကျွန်တော်တို့တွေဟာ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အမူအကျင့်တွေကို စွန့်လွှတ်လိုက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘဝအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေစေတဲ့ အရာတွေ၊ တန်ဖိုးမရှိတဲ့ အရာတွေကို ဆုပ်ကိုင်မထားသင့်ပါဘူး။

အတိတ်ဟာ အခုနကပဲ ပြီးဆုံးသွားပါပြီ။ သင်ခန်းစာတွေသာ ထားရစ်ခဲ့ပါတယ်။ အဲဒီသင်ခန်းစာတွေဟာ သင့်ရဲ့ တောက်ပတဲ့ အနာဂါတ်အတွက် အကူအညီပေးမှာ ဖြစ်ပါတယ်။သင့်အတွက် အကျိုးရှိတယ်ဆိုရင် သင့်မိတ်ဆွေတွေအတွက်လည်း မျှဝေပေးလိုက်ပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*