ကြၽန္ေတာ္တို႔လူေတြလည္း လင္းယုန္ငွက္ကို အတုယူျပီး ေျပာင္းလဲသင့္တယ္ေနာ္…
လင္းယုန္ငွက္ဟာ ကမာၻေပၚမွာ အသက္အရွည္ဆုံး ငွက္တစ္မ်ိဳးျဖစ္ၿပီး အသက္ ၇၀ အထိ အသက္ရွင္ ေနထိုင္ႏိုင္ပါတယ္။
ဒါေပမဲ့ သူတို႔ဟာ အသက္ရွည္ရွည္ ေနႏိုင္ဖို႔အတြက္ သူတို႔ရဲ႕အသက္ ၄၀ မွာ ခက္ခဲတဲ့ ျဖစ္စဥ္အတြက္ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္တခုကို ခ်ၾကရပါတယ္။
သူ႔အသက္ ၄၀ ေရာက္တဲ့အခါမွာ သားေကာင္ကို ဖမ္းဖို႔အတြက္ သူ႔ရဲ႕လက္သည္းေတြဟာ စတင္ ပ်က္စီးလာပါတယ္။
ႏႈတ္သီးေတြကလည္း ရင္ဘတ္ထိေအာင္ရွည္ၿပီး ေကာက္လာၿပီး အေတာင္ေတြကလည္း အရမ္း ေလးလာပါတယ္။
အေမႊးေတြကလည္း အရမ္းထူလာတဲ့အတြက္ ပ်ံရတာလည္း အရမ္းပင္ပန္းလွပါတယ္။
သူ႔မွာ ေ႐ြးခ်ယ္စရာ ႏွစ္လမ္းပဲရွိပါတယ္။ ဒီအတိုင္းေနၿပီး ဘာမွမလုပ္ေတာ့ပဲ အေသခံမလား။ နာက်င္ခက္ခဲတဲ့ ျဖစ္စဥ္ကို ျဖတ္သန္းၿပီး
အသက္ဆက္ရွင္မလား။ မစြန႔္စားပဲ ေသရတာထက္စာရင္ စြန႔္စားၿပီးေသရတာက ပိုျမတ္ပါလိမ့္မယ္။
ဒါေၾကာင့္ အလြန္ျမင့္တဲ့ ေတာင္တခုဆီ ပ်ံသန္းသြားၿပီး အသိုက္တခုတည္ေဆာက္လိုက္ပါတယ္။ ၿပီးေတာ့ ထပ္မပ်ံသန္းပဲ အဲဒီမွာပဲ နားနားေနပါတယ္။
နာက်င္ခက္ခဲတဲ့ျဖစ္စဥ္ကို ေက်ာ္ျဖတ္ဖို႔ အစကေနအဆုံးထိ ရက္ေပါင္း ၁၅၀ သို႔ ႏွစ္ဝက္နီး ပါးၾကာပါတယ္။
ဒီေတာ့ သူဟာ ပထမဦးဆုံး သူ႔ရဲ႕ႏုတ္သီးကို ေက်ာက္ေဆာင္နဲ႔႐ိုက္ၿပီး ျဖဳတ္ျပစ္ရပါတယ္။ ၿပီးေတာ့ ႏႈတ္သီးအသစ္ ထြက္လာတဲ့အထိ တိတ္ဆိတ္စြာနဲ႔ ေစာင့္ဆိုင္းေနခဲ့ရပါတယ္။
ႏႈတ္သီးအသစ္ထြက္လာေတာ့ အဲဒီ ႏႈတ္သီးနဲ႔ပဲ ေျခသည္းေတြကို တခုၿပီးတခု ဆြဲႏႈတ္ရပါတယ္။ ေျခသည္းအသစ္ေတြ ထြက္လာမွ သူ႔ရဲ႕အေတာင္ေတြကို တခုၿပီးတခု ႏႈတ္ပစ္ရျပန္ပါတယ္။
အေတာင္ပံအသစ္ေတြ ထြက္လာေတာ့ သူ႔ရဲ႕ခက္ခဲစြာျဖတ္သန္းရတဲ့ရက္ေပါင္းက ၁၅၀ ပါပဲ။ အဲဒီေနာက္မွာေတာ့ လင္းယုန္ငွက္ဟာ
သူ႔ရဲ႕ေက်ာ္ၾကားလွတဲ့ ပ်ံသန္းမႈေတြကို ေနာက္ထပ္ ႏွစ္ေပါင္း ၃၀မွ် ျပန္လည္ျပဳလုပ္ႏိုင္ခဲ့ၿပီး အသက္ ၇၀ ထိ အသက္ရွင္ ေနထိုင္ႏိုင္ခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ကေတာ့ (Change) ဆိုတဲ့ ေျပာင္းလဲမႈကို ေျပာခ်င္တာပါ။ တခါတရံမွာ ကြၽန္ေတာ္တို႔ဟာ ဘဝအသစ္အတြက္ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ေတြ ခ်ၾကရပါတယ္။
ဘဝကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ဆက္လက္ျဖတ္သန္းခ်င္ရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕အက်င့္ဆိုးေတြ၊ ထုံးစံေတြကို လႊင့္ပစ္ရပါလိမ္မယ္။
ကြၽန္ေတာ္တို႔ဟာ အေတြးအေခၚအသစ္ေတြကို လက္ခံခ်င္စိတ္ ရွိတာနဲ႔အမွ် အေတြးေခၚေဟာင္းေတြကို စြန႔္ပစ္ရလိမ့္မယ္။ ကိုယ့္ရဲ႕အစြမ္းအစေတြ ေဖာ္ထုတ္ႏိုင္ၿပီး လွပတဲ့အနာဂတ္အသစ္ေတြကို တည္ေဆာက္ႏိုင္ရပါမယ္။
တိရိစာၦန္ျဖစ္တဲ့ လင္းယုန္ငွက္ေတာင္ သူ႔ခႏၶာကိုယ္မွာရွိတဲ့ မလိုလားအပ္တဲ့အဂၤါအစိတ္အပိုင္းကို ႏုတ္ပယ္ႏိုင္ေသးရင္ အသိဉာဏ္ရွိတဲ့လူသားေတြကေရာ ကိုယ့္ကိုယ္ကို (Change) မလုပ္ႏိုင္ၾကဘူးလား? လင္းယုန္ငွက္ဟာ နာက်င္ခက္ခဲစြာေျပာင္းရတာပါ။
လူသားေတြျဖစ္တဲ့ ကြၽန္ေတာ္တို႔က နာက်င္စရာမရွိပဲ “အေတြးအေခၚအေဟာင္း အမူအက်င့္အေဟာင္း မေကာင္းတဲ့ စ႐ိုက္ေတြကို မစြန႔္လႊတ္ႏိုင္ၾကဘူးလား။ မေျပာင္းလဲႏိုင္ၾကဘူးလား။ ဒီအတိုင္းဆက္သြားမလား ဆိုတာ စဥ္းစားေစခ်င္ပါတယ္။
ေမာင္စိန္ဝင္း(ပုတီးကုန္း) စာေပေဟာေျပာပြဲမွေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္သည္။
Unicode
ကျွန်တော်တို့လူတွေလည်း လင်းယုန်ငှက်ကို အတုယူပြီး ပြောင်းလဲသင့်တယ်နော်…
လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက် ၇၀ အထိ အသက်ရှင် နေထိုင်နိုင်ပါတယ်။
ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည် နေနိုင်ဖို့အတွက် သူတို့ရဲ့အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို ချကြရပါတယ်။
သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့လက်သည်းတွေဟာ စတင် ပျက်စီးလာပါတယ်။
နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး အတောင်တွေကလည်း အရမ်း လေးလာပါတယ်။
အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက် ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။
သူ့မှာ ရွေးချယ်စရာ နှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီး ဘာမှမလုပ်တော့ပဲ အသေခံမလား။ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး
အသက်ဆက်ရှင်မလား။ မစွန့်စားပဲ သေရတာထက်စာရင် စွန့်စားပြီးသေရတာက ပိုမြတ်ပါလိမ့်မယ်။
ဒါကြောင့် အလွန်မြင့်တဲ့ တောင်တခုဆီ ပျံသန်းသွားပြီး အသိုက်တခုတည်ဆောက်လိုက်ပါတယ်။ ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲ နားနားနေပါတယ်။
နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ကျော်ဖြတ်ဖို့ အစကနေအဆုံးထိ ရက်ပေါင်း ၁၅၀ သို့ နှစ်ဝက်နီး ပါးကြာပါတယ်။
ဒီတော့ သူဟာ ပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်ဆောင်နဲ့ရိုက်ပြီး ဖြုတ်ပြစ်ရပါတယ်။ ပြီးတော့ နှုတ်သီးအသစ် ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့ စောင့်ဆိုင်းနေခဲ့ရပါတယ်။
နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို တခုပြီးတခု ဆွဲနှုတ်ရပါတယ်။ ခြေသည်းအသစ်တွေ ထွက်လာမှ သူ့ရဲ့အတောင်တွေကို တခုပြီးတခု နှုတ်ပစ်ရပြန်ပါတယ်။
အတောင်ပံအသစ်တွေ ထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက ၁၅၀ ပါပဲ။ အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ
သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀မျှ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင် နေထိုင်နိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ (Change) ဆိုတဲ့ ပြောင်းလဲမှုကို ပြောချင်တာပါ။ တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချကြရပါတယ်။
ဘဝကို အောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ၊ ထုံးစံတွေကို လွှင့်ပစ်ရပါလိမ်မယ်။
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို လက်ခံချင်စိတ် ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေကို စွန့်ပစ်ရလိမ့်မယ်။ ကိုယ့်ရဲ့အစွမ်းအစတွေ ဖော်ထုတ်နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။
တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဉာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား? လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ ကျွန်တော်တို့က နာကျင်စရာမရှိပဲ “အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့ စရိုက်တွေကို မစွန့်လွှတ်နိုင်ကြဘူးလား။ မပြောင်းလဲနိုင်ကြဘူးလား။ ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေချင်ပါတယ်။
မောင်စိန်ဝင်း(ပုတီးကုန်း) စာပေဟောပြောပွဲမှကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။
Leave a Reply