ဘ၀ေနနည္း လမ္းညႊန္ “အေမာက္ေထာင္ပီး သည္းခံပါ”
တစ္ခါတုန္းက ႐ြာတစ္႐ြာမွာ အင္မတန္ အဆိပ္ျပင္းတဲ့ ေႁမြေဟာက္ႀကီး တစ္ေကာင္သည္ ႐ြာရဲ႕ အနီးလယ္ျပင္မွာ ႐ွိေနခဲ့တယ္။
အဲဒီ ေႁမြေဟာက္ႀကီးဟာ ႐ြာအျပင္ လယ္ကြင္းထဲ ထြက္လာသူ အားလုံးကို လိုက္၍ ကိုက္သတ္ေနေသာေၾကာင့္ ႐ြာသားေတြဟာ ႐ြာျပင္ လယ္ကြင္းထဲကို မည္သူမွ် မသြားရဲၾကေခ်။
ထိုအခါ ရေသ့ႀကီး တစ္ပါးသည္ ႐ြာထဲသို႔ ဆြမ္းခံႂကြလာေသာအခါ ႐ြာသားမ်ားက ရေသ့ႀကီးအား ေႁမြေဟာက္ႀကီး အေၾကာင္းကို ေလ်ာက္ထားၾကရာ ရေသ့ႀကီးသည္ ေႁမြေဟာက္ႀကီးကို ေမတၱာပို႔သ၍ ခႏၲီတရား
လက္ကိုင္းထားကာ ေႁမြေဟာက္ႀကီး႐ွိရာ ႐ြာအျပင္ လယ္ကြင္းထဲသို႔ သြားေလ၏။ ေႁမြေဟာက္ႀကီးလည္း ရေသ့ႀကီး လယ္ကြင္းထဲ ထြက္လာသည္ကို ျမင္လိုက္တာနဲ႔ အေမာက္ေထာင္ကာ ရေသ့ႀကီး႐ွိရာသို႔ ေျပးကာကိုက္ေလ၏။
ရေသ့ႀကီးသည္ ေႁမြေဟာက္ႀကီး မည္မွ် ကိုက္ေနပါမူ ဘာမွ်မျဖစ္ ၊ အျပဳံးမပ်က္ပဲ သီးခံေတာ္မူ၍ ေမတၱာကိုသာ ႀကိမ္ဖန္မ်ားစြာ ပြားမ်ားေနေလသည္။
ထိုအခါ ေႁမြေဟာက္ႀကီးသည္ ထိတ္လန္႔၍ ရေသ့ႀကီးကို ေမးေလသည္။
” အ႐ွင္ရေသ့ ကြၽႏ္ုပ္၏ အဆိပ္ဟာ အင္မတန္ျပင္းသည္။ ကြၽႏ္ုပ္ကိုက္၍ ကြမ္းတစ္ယာ ညက္မွ်ၾကာလွ်င္ လူသားေတြဟာ ေသကုန္ပါတယ္။ သို႔ေသာ္ အ႐ွင္ရေသ့က အဘယ္ေၾကာင့္ မေသပါသနည္း။ ”
ထိုသို႔ ေမးေလေသာအခါ ရေသ့ႀကီးက သင္ေႁမြေဟာက္ ေမတၱာထား၍ သီးခံျခင္းေၾကာင့္သာ သင့္အဆိပ္ကို ကြၽႏ္ုပ္ေအာင္ႏိုင္ျခင္း ျဖစ္တယ္။
ဒါေၾကာင့္ သင္သည္လည္း လူသားေတြကို ေဒါသအဆိပ္ျဖင့္ အႏိုင္ယူျခင္းထက္ ေမတၱာထား၍ သီးခံျခင္းဟာ အရာအားလုံးကို ေအာင္ျမင္ႏိုင္ပါတယ္။
သင္သည္လည္း ယေန႔ကစပီး လူသားေတြကို မကိုက္သတ္ပါနဲ႔ ။ ေမတၱာထား၍ သည္းခံေပးပါလို႔ ဆုံးမေတာ္မူေလသည္။ ထိုအခါ ေႁမြေဟာက္ႀကီးလည္း သေဘာက် ႏွစ္သက္၍ ကတိသစၥာ ေပးလိုက္၏။
ေႁမြေဟာက္ႀကီး မကိုက္ေတာ့မွန္း သိေလေသာအခါ ႐ြာသားမ်ားသည္ ေႁမြေဟာက္ႀကီး အေပၚကေန ေက်ာ္ခြသြားေလ၏။ ေႁမြေဟာက္ႀကီးက ေမာ့ၾကည့္ကာ ေအာ္ေမတၱာထား သည္းခံရမယ္ေလ ဆိုကာ သည္းခံ၍သာ ေနေလ၏။
တဖန္ ႐ြာသားမ်ားဟာ ေႁမြေဟာက္ႀကီးကို နင္း၍ သြားၾက၏။ ထိုအခါမွာလည္း ေမာ့ၾကည့္ကာ ေအာ္ေမတၱာထား သည္းခံရမယ္ေလ ဆိုကာ သည္းခံ၍သာ ေနေလ၏။
အခ်ိန္ၾကာလာသည္ႏွင့္အမွ် ႐ြာသားမ်ားဟာ ေႁမြေဟာက္ႀကီးကို ပ်က္ရယ္ျပဳက ကေလးေတြကအစ ေခြေခါက္ ကစားလာၾကသည္။ ထိုအခါတြင္လည္း ေအာ္ေမတၱာထား သည္းခံရမယ္ေလ ဆိုကာ သည္းခံ၍သာ ေနေလ၏။
ဒါနဲ႔႐ြာသားမ်ားဟာ မကိုက္မွန္းသိေလေတာ့ ပို၍တိုး၍ ေႁမြေဟာက္ႀကီးကို ညႇဥ္းဆဲလာၾကသည္။ အေျခအေနက ဘယ္အထိ ေရာက္လာသလဲ ဆိုရင္
အၿမီးကိုင္ ေဝွ႔ယမ္းကစားၾကေလသည္။ ဒီေတာ့ မျဖစ္ေလဘူး ဒီအတိုင္းဆို ငါေသလိမ့္မည္ ။ အ႐ွင္ရေသ့ထံ သြားေမးေလွ်ာက္အုံးမွပဲလို႔ ၾကံကာ ထြက္လာခဲ့၏။
ရေသ့ႀကီးထံ ေရာက္တဲ့အခါ အ႐ွင္ရေသ့ ေျပာေတာ့ သီးခံျခင္း ေမတၱာထားျခင္းဟာ အရာရာ ေအာင္ျမင္ႏိုင္တယ္ဆို ခုေတာ့ ေသရေတာ့မယ့္ အေျခအေနေရာက္လာပါၿပီ ဘုရား။ ဒီလိုေလွ်ာက္ေတာ့ ရေသ့ႀကီးက ရယ္ေလ၏။ ထိုအခါ ေႁမြေဟာက္ႀကီးက..
” အ႐ွင္ရေသ့ အဘယ္ေၾကာင့္ ရယ္ရပါသလဲ ”
” ေအာ္ ေမတၱာထား သည္းခံရမည္ ဆိုတာ လူေတြကို အႏၲရာယ္မေပး မကိုက္သတ္ဘဲ ေနရမယ္လို႔ ေျပာတာပါ ။ ဒါေပမဲ့ မင္းက အေမာက္ကေလး ေထာင္အုံးမွေပါ့။
သို႔မဟုတ္ပါက မထီေလးစား ပ်က္ရယ္ျပဳတာ ခံရႏိုင္တာေပါ့ ။ ဒါေၾကာင့္ အေမာက္ေလးေတာ့ ေထာင္ျပလိုက္ပါ ” လို႔ မွာ၍ ျပန္လႊတ္လိုက္ေလ၏။
သို႔မွသာ ေႁမြေဟာက္ႀကီးလည္း ႐ြာသားမ်ား သူ႕အနားလာသည္ႏွင့္ အေမာက္ေထာင္ျပလိုက္ရာ ႐ြာသားတို႔သည္လည္း အနားမကပ္ရဲေတာ့ဘဲ အေဝးမွ ေကြကြင္းသြားေလသည္။
သည္းခံရမယ္ ဆိုေသာ္လည္း ကိုယ့္မညံ့ဘူး အစြမ္းအဆ ႐ွိတယ္ ဆိုတာေတာ့ ျပသေပးဖို႔ မေမ့ပါနဲ႔ မိတ္ေဆြတို႔..။ဝိနယပိဋကမဟာဌာန ဦးတိႆာစာရ
Unicode
ဘဝနေနည်း လမ်းညွှန် “အမောက်ထောင်ပီး သည်းခံပါ”
တစ်ခါတုန်းက ရွာတစ်ရွာမှာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက်ကြီး တစ်ကောင်သည် ရွာရဲ့ အနီးလယ်ပြင်မှာ ရှိနေခဲ့တယ်။
အဲဒီ မြွေဟောက်ကြီးဟာ ရွာအပြင် လယ်ကွင်းထဲ ထွက်လာသူ အားလုံးကို လိုက်၍ ကိုက်သတ်နေသောကြောင့် ရွာသားတွေဟာ ရွာပြင် လယ်ကွင်းထဲကို မည်သူမျှ မသွားရဲကြချေ။
ထိုအခါ ရသေ့ကြီး တစ်ပါးသည် ရွာထဲသို့ ဆွမ်းခံကြွလာသောအခါ ရွာသားများက ရသေ့ကြီးအား မြွေဟောက်ကြီး အကြောင်းကို လျောက်ထားကြရာ ရသေ့ကြီးသည် မြွေဟောက်ကြီးကို မေတ္တာပို့သ၍ ခန္တီတရား
လက်ကိုင်းထားကာ မြွေဟောက်ကြီးရှိရာ ရွာအပြင် လယ်ကွင်းထဲသို့ သွားလေ၏။ မြွေဟောက်ကြီးလည်း ရသေ့ကြီး လယ်ကွင်းထဲ ထွက်လာသည်ကို မြင်လိုက်တာနဲ့ အမောက်ထောင်ကာ ရသေ့ကြီးရှိရာသို့ ပြေးကာကိုက်လေ၏။
ရသေ့ကြီးသည် မြွေဟောက်ကြီး မည်မျှ ကိုက်နေပါမူ ဘာမျှမဖြစ် ၊ အပြုံးမပျက်ပဲ သီးခံတော်မူ၍ မေတ္တာကိုသာ ကြိမ်ဖန်များစွာ ပွားများနေလေသည်။
ထိုအခါ မြွေဟောက်ကြီးသည် ထိတ်လန့်၍ ရသေ့ကြီးကို မေးလေသည်။
” အရှင်ရသေ့ ကျွန်ုပ်၏ အဆိပ်ဟာ အင်မတန်ပြင်းသည်။ ကျွန်ုပ်ကိုက်၍ ကွမ်းတစ်ယာ ညက်မျှကြာလျှင် လူသားတွေဟာ သေကုန်ပါတယ်။ သို့သော် အရှင်ရသေ့က အဘယ်ကြောင့် မသေပါသနည်း။ ”
ထိုသို့ မေးလေသောအခါ ရသေ့ကြီးက သင်မြွေဟောက် မေတ္တာထား၍ သီးခံခြင်းကြောင့်သာ သင့်အဆိပ်ကို ကျွန်ုပ်အောင်နိုင်ခြင်း ဖြစ်တယ်။
ဒါကြောင့် သင်သည်လည်း လူသားတွေကို ဒေါသအဆိပ်ဖြင့် အနိုင်ယူခြင်းထက် မေတ္တာထား၍ သီးခံခြင်းဟာ အရာအားလုံးကို အောင်မြင်နိုင်ပါတယ်။
သင်သည်လည်း ယနေ့ကစပီး လူသားတွေကို မကိုက်သတ်ပါနဲ့ ။ မေတ္တာထား၍ သည်းခံပေးပါလို့ ဆုံးမတော်မူလေသည်။ ထိုအခါ မြွေဟောက်ကြီးလည်း သဘောကျ နှစ်သက်၍ ကတိသစ္စာ ပေးလိုက်၏။
မြွေဟောက်ကြီး မကိုက်တော့မှန်း သိလေသောအခါ ရွာသားများသည် မြွေဟောက်ကြီး အပေါ်ကနေ ကျော်ခွသွားလေ၏။ မြွေဟောက်ကြီးက မော့ကြည့်ကာ အော်မေတ္တာထား သည်းခံရမယ်လေ ဆိုကာ သည်းခံ၍သာ နေလေ၏။
တဖန် ရွာသားများဟာ မြွေဟောက်ကြီးကို နင်း၍ သွားကြ၏။ ထိုအခါမှာလည်း မော့ကြည့်ကာ အော်မေတ္တာထား သည်းခံရမယ်လေ ဆိုကာ သည်းခံ၍သာ နေလေ၏။
အချိန်ကြာလာသည်နှင့်အမျှ ရွာသားများဟာ မြွေဟောက်ကြီးကို ပျက်ရယ်ပြုက ကလေးတွေကအစ ခွေခေါက် ကစားလာကြသည်။ ထိုအခါတွင်လည်း အော်မေတ္တာထား သည်းခံရမယ်လေ ဆိုကာ သည်းခံ၍သာ နေလေ၏။
ဒါနဲ့ရွာသားများဟာ မကိုက်မှန်းသိလေတော့ ပို၍တိုး၍ မြွေဟောက်ကြီးကို ညှဉ်းဆဲလာကြသည်။ အခြေအနေက ဘယ်အထိ ရောက်လာသလဲ ဆိုရင်
အမြီးကိုင် ဝှေ့ယမ်းကစားကြလေသည်။ ဒီတော့ မဖြစ်လေဘူး ဒီအတိုင်းဆို ငါသေလိမ့်မည် ။ အရှင်ရသေ့ထံ သွားမေးလျှောက်အုံးမှပဲလို့ ကြံကာ ထွက်လာခဲ့၏။
ရသေ့ကြီးထံ ရောက်တဲ့အခါ အရှင်ရသေ့ ပြောတော့ သီးခံခြင်း မေတ္တာထားခြင်းဟာ အရာရာ အောင်မြင်နိုင်တယ်ဆို ခုတော့ သေရတော့မယ့် အခြေအနေရောက်လာပါပြီ ဘုရား။ ဒီလိုလျှောက်တော့ ရသေ့ကြီးက ရယ်လေ၏။ ထိုအခါ မြွေဟောက်ကြီးက..
” အရှင်ရသေ့ အဘယ်ကြောင့် ရယ်ရပါသလဲ ”
” အော် မေတ္တာထား သည်းခံရမည် ဆိုတာ လူတွေကို အန္တရာယ်မပေး မကိုက်သတ်ဘဲ နေရမယ်လို့ ပြောတာပါ ။ ဒါပေမဲ့ မင်းက အမောက်ကလေး ထောင်အုံးမှပေါ့။
သို့မဟုတ်ပါက မထီလေးစား ပျက်ရယ်ပြုတာ ခံရနိုင်တာပေါ့ ။ ဒါကြောင့် အမောက်လေးတော့ ထောင်ပြလိုက်ပါ ” လို့ မှာ၍ ပြန်လွှတ်လိုက်လေ၏။
သို့မှသာ မြွေဟောက်ကြီးလည်း ရွာသားများ သူ့အနားလာသည်နှင့် အမောက်ထောင်ပြလိုက်ရာ ရွာသားတို့သည်လည်း အနားမကပ်ရဲတော့ဘဲ အဝေးမှ ကွေကွင်းသွားလေသည်။
သည်းခံရမယ် ဆိုသော်လည်း ကိုယ့်မညံ့ဘူး အစွမ်းအဆ ရှိတယ် ဆိုတာတော့ ပြသပေးဖို့ မမေ့ပါနဲ့ မိတ်ဆွေတို့..။ဝိနယပိဋကမဟာဌာန ဦးတိဿာစာရ
Leave a Reply