ကေလးကိုဖုန္းေပးသုံးတဲ့ မိဘမ်ားသတိထားဖို႔ပါ
ဒီေန႔မနက္ တူအႀကီးေကာင္ေလး မ်က္စိ ႏွစ္ဖက္လုံးခြဲရတယ္.. အေၾကာင္းကေတာ့ မ်က္လုံးေစြသြားလို႔ ျပန္တည့္မတ္ဖို႔အတြက္ ခြဲရတယ္ေပါ့..
ကေလးက ခုမွ အသက္က ၅ ႏွစ္ခြဲ.. ေမ့ေဆးပါ ေပးၿပီးမွ ခြဲရတယ္.. ခြဲစိတ္ခန္း ဝင္ခ်ိန္က ၁ နာရီၾကာၿပီး ခြဲစိတ္ခ်ိန္က မိနစ္ ၄၀ ေလာက္ရွိတယ္.. ေရာက္ခါစေတာ့ ဆရာမေတြေၾကာက္ၿပီး ခေလးက ေျပာသမွ်လုပ္ရွာတယ္…
ခြဲပီးျပန္ထြတ္လာေတာ့ ၿဖဲငိုေရာပဲ… ငိုဆို ကေလးကို.. မ်က္လုံးကို ပတ္တီးနဲ႔ပိတ္ထားတာ ႏိုးလာေတာ့ ဘာမွမျမင္ရေတာ့ ငိုပီေပါ့.. ဒါေတာင္ ဆရာဝန္က တစ္ဖက္ကို ပတ္တီးအျပည့္မအုပ္ေပးလိုက္ဘူး…တျခားကေလးေတြဆို ခြဲခန္းက ထြက္တာနဲ႔ အေသငိုၿပီး႐ုန္းတာ..
ဆရာမ ၂-၃ ေလာက္က ဝိုင္းခ်ဳပ္ၿပီး အျပင္ထုတ္ရတယ္… ငိုသံေတြဆိုတာ စိတ္ကို ေတာ္ေတာ္ထိခိုက္ေစတယ္…. ဒီအသက္အ႐ြယ္ေလးေတြနဲ႔ မ်က္လုံးဘာေၾကာင့္ ေစြရတာလဲ.. ဘာေၾကာင့္ ခြဲစိတ္ဖို႔ လိုလဲဆိုတာ ေလ့လာၾကည့္မိတယ္….
Childhood Squint ဆိုတာက မ်က္လုံးရဲ႕ စုံခ်က္ေတြက တေနရာထဲကို မၾကည့္ႏိုင္တာပါ။ တဖက္က မ်က္လုံးက တေနရာကို အာ႐ုံစူးစိုက္ၾကည့္ခ်ိန္မွာ တျခားမ်က္လုံးေနာက္တစ္ဖက္က အဲ့ object ရဲ႕ ေရွ႕ေနာက္ အေပၚေအာက္ ေဘးဘယ္ တေနရာရာ ေရာက္ေနတာမ်ိဳး။
ဒီမွာ အမ်ားစု ေခၚေတာ့ ေတာင္တစ္လုံး ေျမာက္တစ္လုံးေပါ့။ ေဘးကို ကြဲထြက္ၿပီး ေတာင္ေျမာက္ျဖစ္သလို အလယ္ကို ျပန္စုပီး ေစြတာလဲရွိတယ္။ မ်က္လုံးေစြျခင္းက အျပင္ပုံပန္းသ႑ာအရကို ထင္ရွားစြာျမင္ရတယ္… မ်က္လုံးေစြျခင္း (Squint) နဲ႔ သူငယ္အိမ္ေစာင္းျခင္း (astigmatism) ကမတူဘူးလို႔ ဖတ္ရတယ္…
မ်က္လုံးေစြတာကေန ေခါင္းကိုက္တာ မ်က္လုံးေစြေစာင္းတာ ႂကြက္သားက်ဳံ႔လာတာေတြ ျဖစ္ႏိုင္တယ္…႐ိုး႐ိုး မ်က္လုံးေစြတာက သူငယ္အိမ္ေစာင္းျခင္းကို မျဖစ္ႏိုင္ဘူးတဲ့.. သူငယ္အိမ္ေစာင္းတာကက်ေတာ့ အျမင္ေဝဝါးသြားတာ..
မ်က္စိရဲ႕ ပုံရိပ္ဖမ္းတဲ့ retina မွာ ဝင္တဲ့အလင္းက မစုႏိုင္ေတာ့တာ.. အလင္းဆုံခ်က္ေတြကို မဆုံႏိုင္ေတာ့ပဲ ေဝဝါးတာ.. အနီးမႈန္၊ အေဝးမႈန္၊ ဆလင္ဒါ ဘာညာေတြက အဲ့ သူငယ္အိမ္ေစာင္းတာမ်ိဳးေတြ.. သူငယ္အိမ္ေစာင္းတာ ျပင္းထန္သြားရင္ေတာ့ မ်က္လုံးေစြေစာင္းျခင္းကို ျဖစ္ေစႏိုင္တယ္တဲ့…
သူငယ္အိမ္ေစာင္းတာက မ်က္မွန္တပ္လို႔ရတယ္.. မ်က္လုံးေစြတာက အရမ္းမျပင္းထန္ရင္ မ်က္မွန္တပ္ရေပမယ့္ ေစာင္းတဲ့ ဒီကရီမ်ားသြားရင္ ခြဲစိတ္မွပဲရတယ္.. ျပန္တည့္ေပးရတာေပါ့.. သူျပန္တည့္သြားရင္ အေနာက္က သူငယ္အိမ္ေစာင္းတာလည္း တိုးတက္လာႏိုင္တယ္.. မ်က္မွန္ေတာ့ တပ္ရအုံးမယ္…
ဒါေပမယ့္ ပါဝါေတြ စလင္ဒါေတြ ေျပာင္းသြားႏိုင္တယ္… ဒါကေတာ့ ဖတ္မိသေလာက္ေပါ့ေနာ္..
ေဆး႐ုံမွာ လူနာအမ်ားစုက ခေလးေတြ.. ခြဲစိတ္မည့္ ဘုတ္မွာေရးထားတာရဲ႕ လူနာအမ်ားစုကလည္း squint eye ႀကီးပဲ.. ဒါဆို ခေလးေတြ ဘာလို႔မ်က္လုံးေစြၾကလဲ… မ်က္လုံးေစြရာမွာ ေမြးရာပါနဲ႔ ေမြးၿပီးမွ ျဖစ္တာ ႏွစ္မ်ိဳးရွိတယ္..
ေမြးရာပါကေတာ့ မ်ိဳး႐ိုးလိုက္တာ ဒါမွမဟုတ္ အေၾကာင္းအမည္မသိပဲ ျဖစ္တတ္တယ္ (ဖတ္ၾကည့္တဲ့ ဝဘ္ဆိုဒ္ေတြေရးတဲ့အတိုင္းေျပာတာ… သူတို႔လည္း အေျဖရွာမရဘူးနဲ႔ တူပါတယ္)…
တူေလးဆိုရင္ ေမြးရာပါ မဟုတ္ဘူး.. ေမြးတုန္းက အေကာင္း… မ်က္လုံးကျပႆနာစသိတာ ရန္ကုန္ေရာက္ၿပီး ေက်ာင္းစေနမွ သိတာ.. ေက်ာင္းက ဆရာက အိမ္လာပို႔လိုက္တယ္.. မ်က္လုံးဆရာဝန္နဲ႔ျပပါ..
ဒီကေလး ဘုတ္ကို မျမင္ရဘူးဆိုပီး ေျပာလို႔မွသိတာ.. ဒါလည္း ႏိုင္ငံတကာေက်ာင္းမို႔.. အစိုးရမူလတန္းေက်ာင္းလိုဆို ဒီကိစၥက ေပၚအုံးမွာ မဟုတ္ေသး.. ကိုယ္ေတြ ငယ္ငယ္တုန္းကလို မျမင္ရရင္ ေရွ႕တိုးထိုင္ေပါ့…
ဒါနဲ႔ ေဆးခန္းျပေတာ့ မ်က္လုံးက မျမင္ရတာ အမွန္ပဲ.. ဆလင္ဒါေရာ ပါဝါေရာ ရွိတဲ့အျပင္ သူက ပါဝါအႏုတ္ဘက္တဲ့.. ၁၀၀ မွာ ၁-၂ ေလာက္ပဲ ပါတတ္တယ္တဲ့.. ဒါနဲ႔ စစ္ေဆးၿပီးေတာ့ မ်က္မွန္လဲ စတပ္ေရာ မ်က္လုံးက အလယ္ေထာင့္ကပ္ပီးကို ေစြသြားေရာ… မ်က္မွန္ခြၽတ္လိုက္ရင္ ပုံမွန္ျပန္ျဖစ္သြားတယ္…
ဒီေတာ့ ဆရာဝန္ေတြ ျပန္ျပ.. သူ႔အေမလည္း ဒုကၡခံရွာတယ္.. ရန္ကုန္မွာ အကုန္ပတ္ျပတယ္.. မေက်နပ္ေသးေတာ့ မန္းေလးမွာပါ လိုက္ျပတယ္.. ေနာက္ဆုံး အေျဖက တစ္သံထဲထြက္တယ္.. ခြဲရမယ္.. ခြဲဖို႔လည္း ဆရာဝန္ေတြကိုယ္တိုင္ျပန္ၫြန္းရတဲ့ ခေလးမ်က္လုံး အဓိက ကုတဲ့ နာမည္ႀကီးဆရာဝန္နဲ႔ပဲ..
ခုေတာ့ ခြဲစိတ္ၿပီးေတာ့ မ်က္လုံးက ခ်က္ျခင္းတည့္သြားတယ္.. ခု ဆရာဝန္နဲ႔ စကားေျပာေတာ့လဆရာက ေနာက္ဆရာဝန္ကို ဒီကေလးကိစၥ ရွင္းျပတယ္..record လုပ္ထားဖို႔နဲ႔ ထူးထူးဆန္းဆန္း အမႈျဖစ္ေၾကာင္းေပါ့… သာမာန္လူေတြက မ်က္လုံးေစာင္းလို႔ မ်က္မွန္တပ္ရင္ တည့္သြားတယ္..မ်က္မွန္ခြၽတ္ရင္ ျပန္ေစာင္းတယိ..
တကယ္လို႔ မ်က္မွန္တပ္လို႔ ေစာင္းရင္ေတာင္ ခြၽတ္လိုက္ရင္ ဆန႔္က်င္ဘက္ကို ျပန္ေစြရမယ္.. ခုက မတပ္တဲ့အခ်ိန္မွာ ပုံမွန္ပဲ.. ေဆးပညာစကားရပ္ေတြနဲ႔ သူတို႔ အခ်င္းခ်င္းရွင္းျပ ေျပာျပၾကတယ္… ဆရာက သူရွာတာလဲ မေတြ႕ဘူးတဲ့.. literature မွာ မရွိသလို အင္တာနက္ကေန လိုက္ရွာတာလဲ မေတြ႕ဘူးတဲ့..
သူတို႔အတြက္ေတာ့ ထူးဆန္းေနတယ္.. မခြဲလို႔ကလဲ မရဘူး.. မ်က္မွန္မတပ္ရင္ မျမင္ရေတာ့ တပ္
ျပန္ေရာ..တပ္ေတာ့လဲ ေစာင္းေနတာေၾကာင့္ ႂကြက္သားေတြက ပိတ္ေနျပန္ေရာ.. ခုေတာ့ မွ်ေအာင္ ခြဲစိတ္လိုက္ရတယ္ေပါ့…
ဘာေၾကာင့္ျဖစ္လဲဆိုတဲ့ အေျဖထဲ အဓိကပါတာတခုက အိုင္ပတ္နဲ႔ ဖုန္းပဲ…
အသက္ ၆ လထဲကေန device ေတြကို ၾကည့္တယ္… အေဖအေမက အလုပ္သြားေတာ့ ထားခဲ့ရတဲ့ အိမ္အကူကလည္း က်န္းမာေရးအသိက အဲ့ေလာက္မရွိဘူး… ထမင္းစားတိုင္း အိုင္ပတ္၊ ဖုန္း.. ေနာက္တခါ ႀကီးလာေတာ့လဲ ဒီ device ေတြနဲ႔ပဲ တအားကစားတယ္..
ဖြံ႕ၿဖိဳးကာစ early childhood အဆင့္မွာ ကေလးေတြကို အရမ္းဂ႐ုစိုက္ရတယ္… အဲ့ခ်ိန္မွာ မွားယြင္းသြားရင္ ဖြံ႕ၿဖိဳးလာတဲ့ အစိတ္အပိုင္းေတြမွာ ထိခိုက္မႈေတြျဖစ္လာတယ္…
လူႀကီးေတြက ခေလးၿငိမ္တယ္၊ မငိုဘူး အဆင္ေျပတယ္ဆိုပီး ျပေပမယ့္ ခေလးက ဒီ device ေတြကို ၾကည့္တဲ့ angle ေတြ၊ အနီးကပ္တာေတြ၊ အားစိုက္တာေတြ မတူၾကဘူး… ေစာင္းပီးလည္းၾကည့္ရင္ၾကည့္မယ္.. ေစြပီးလဲ ၾကည့္ရင္ၾကည့္မယ္… impact ကေတာ့ ေတာ္ေတာ္မ်ားတယ္… ခုလည္းဆရာဝန္က ဖုန္းလုံးဝ မျပဖို႔ ေသခ်ာမွာလိုက္တယ္..
အိမ္မွာ တူမေလးရွိေသးတယ္… ခုဆို ၄ ႏွစ္ေက်ာ္လာပီ… ဒီႏွစ္စေလာက္မွာ စကားေျပာရင္ မ်က္ေတာင္အရမ္းခတ္တာ သတိထားမိတယ္… မ်က္လုံးေထာင့္ေတြ အေၾကာဆြဲသလိုျဖစ္တယ္…
သူလည္း ဖုန္းကို အေသၾကည့္တယ္… ယူက်ဳတ့္ကေန ကာတြန္း၊ သီခ်င္း ဖြင့္ေပးမွ ထမင္းစားတယ္.. ညအိပ္ရင္ ပုခက္ထဲ tablet လဲ ဗိုက္ေပၚတင္ၾကည့္ရင္း အိပ္တယ္… သိသိခ်င္းပဲ ေဆးခန္းျပပီး အေၾကာအားေဆးတိုက္တယ္… အကုန္ျဖတ္ပစ္တယ္…
၃ လေလာက္ၾကာမွ မ်က္ေတာင္ခတ္တာ ၿငိမ္ၿပီး ျပန္ေကာင္းသြားတယ္… ခုထိကို ဖုန္း tablet လုံးဝ ဖ်တ္လိုက္ပီ… ကာတြန္းကို တီဗီအႀကီးမွာ ဟိုးအေနာက္ကေနပဲ ၾကည့္ခြင့္ေပးတယ္… ခုပုံမွန္အတိုင္း ျပန္ျဖစ္သြားတယ္…
ခေလးေတြဟာ early childhood ဘဝမွာ ဂ႐ုစိုက္ဖို႔ အရမ္းအေရးႀကီးတယ္…
ဒါက သူတို႔ဘဝပဲ… ေရွ႕ေလွ်ာက္ အသက္ရွင္ရမယ့္ သူတို႔ ဘဝမွာ အားနည္းခ်က္တခု မျဖစ္သြားဖို႔က လူႀကီးေတြမွာ တာဝန္ရွိတယ္… တခ်ိဳ႕ အင္တာနယ္ရွင္နယ္ ေက်ာင္းေတြမွာ စာအုပ္အစား tablet နဲ႔သင္တယ္… သူတို႔မွာက နည္းစနစ္ေတာ့ရွိတယ္..
ဘယ္လိုၾကည့္ရမလဲ ဘယ္ေလာက္အခ်ိန္ထိပဲ သုံးခြင့္ရွိတယ္ စသျဖင့္ရွိတယ္… ဒါကိုလည္း မိဘေတြက ပညာေရးအခ်ိန္ကလြဲရင္ က်န္အခ်ိန္ေတြမွာ ထိန္းေပးဖို႔ လိုမယ္… အဆင္ေျပတာပဲ… ပညာေရးပဲဆိုၿပီးလဲ လုံးဝ လႊတ္ထားလို႔မရဘူး… အရာအားလုံးဟာ တန္ေဆး လြန္ေဘးပဲ… ကိုယ္ေတြကေတာ့ ကိုယ္တိုင္လဲ မ်က္မွန္ေတြ တပ္ရသလို ခုလိုကိစၥလဲ တူေရာ တူမေရာ ေတြ႕ဖူးလိုက္ၿပီ…
မိဘေတြ အေနနဲ႔ ကေလးေတြကို ျပဳစုၿပိဳးေထာင္တဲ့ေနရာမွာ ပိုၿပီးသတိထားေစခ်င္လို႔ ေလ့လာမိသေလာက္ ေရးေပးလိုက္တာ… ခေလးေတြမွာ အနာဂတ္ရွိတယ္… ကိုယ့္ေၾကာင့္ ကိုယ္ခေလးရဲ႕ အနာဂတ္မွာ အားနည္းခ်က္ မျဖစ္ေအာင္ ဂ႐ုစိုက္ၾကေစခ်င္တယ္…
Unicode
ကလေးကိုဖုန်းပေးသုံးတဲ့ မိဘများသတိထားဖို့ပါ
ဒီနေ့မနက် တူအကြီးကောင်လေး မျက်စိ နှစ်ဖက်လုံးခွဲရတယ်.. အကြောင်းကတော့ မျက်လုံးစွေသွားလို့ ပြန်တည့်မတ်ဖို့အတွက် ခွဲရတယ်ပေါ့..
ကလေးက ခုမှ အသက်က ၅ နှစ်ခွဲ.. မေ့ဆေးပါ ပေးပြီးမှ ခွဲရတယ်.. ခွဲစိတ်ခန်း ဝင်ချိန်က ၁ နာရီကြာပြီး ခွဲစိတ်ချိန်က မိနစ် ၄၀ လောက်ရှိတယ်.. ရောက်ခါစတော့ ဆရာမတွေကြောက်ပြီး ခလေးက ပြောသမျှလုပ်ရှာတယ်…
ခွဲပီးပြန်ထွတ်လာတော့ ဖြဲငိုရောပဲ… ငိုဆို ကလေးကို.. မျက်လုံးကို ပတ်တီးနဲ့ပိတ်ထားတာ နိုးလာတော့ ဘာမှမမြင်ရတော့ ငိုပီပေါ့.. ဒါတောင် ဆရာဝန်က တစ်ဖက်ကို ပတ်တီးအပြည့်မအုပ်ပေးလိုက်ဘူး…တခြားကလေးတွေဆို ခွဲခန်းက ထွက်တာနဲ့ အသေငိုပြီးရုန်းတာ..
ဆရာမ ၂-၃ လောက်က ဝိုင်းချုပ်ပြီး အပြင်ထုတ်ရတယ်… ငိုသံတွေဆိုတာ စိတ်ကို တော်တော်ထိခိုက်စေတယ်…. ဒီအသက်အရွယ်လေးတွေနဲ့ မျက်လုံးဘာကြောင့် စွေရတာလဲ.. ဘာကြောင့် ခွဲစိတ်ဖို့ လိုလဲဆိုတာ လေ့လာကြည့်မိတယ်….
Childhood Squint ဆိုတာက မျက်လုံးရဲ့ စုံချက်တွေက တနေရာထဲကို မကြည့်နိုင်တာ.. တဖက်က မျက်လုံးက တနေရာကို အာရုံစူးစိုက်ကြည့်ချိန်မှာ တခြားမျက်လုံးနောက်တစ်ဖက်က အဲ့ object ရဲ့ ရှေ့နောက် အပေါ်အောက် ဘေးဘယ် တနေရာရာ ရောက်နေတာမျိုး.. ဒီမှာ အများစု ခေါ်တော့ တောင်တစ်လုံး မြောက်တစ်လုံးပေါ့..
ဘေးကို ကွဲထွက်ပြီး တောင်မြောက်ဖြစ်သလို အလယ်ကို ပြန်စုပီး စွေတာလဲရှိတယ်.. မျက်လုံးစွေခြင်းက အပြင်ပုံပန်းသဏ္ဍာအရကို ထင်ရှားစွာမြင်ရတယ်… မျက်လုံးစွေခြင်း (Squint) နဲ့ သူငယ်အိမ်စောင်းခြင်း (astigmatism) ကမတူဘူးလို့ ဖတ်ရတယ်…
မျက်လုံးစွေတာကနေ ခေါင်းကိုက်တာ မျက်လုံးစွေစောင်းတာ ကြွက်သားကျုံ့လာတာတွေ ဖြစ်နိုင်တယ်…ရိုးရိုး မျက်လုံးစွေတာက သူငယ်အိမ်စောင်းခြင်းကို မဖြစ်နိုင်ဘူးတဲ့.. သူငယ်အိမ်စောင်းတာကကျတော့ အမြင်ဝေဝါးသွားတာ..
မျက်စိရဲ့ ပုံရိပ်ဖမ်းတဲ့ retina မှာ ဝင်တဲ့အလင်းက မစုနိုင်တော့တာ.. အလင်းဆုံချက်တွေကို မဆုံနိုင်တော့ပဲ ဝေဝါးတာ.. အနီးမှုန်၊ အဝေးမှုန်၊ ဆလင်ဒါ ဘာညာတွေက အဲ့ သူငယ်အိမ်စောင်းတာမျိုးတွေ.. သူငယ်အိမ်စောင်းတာ ပြင်းထန်သွားရင်တော့ မျက်လုံးစွေစောင်းခြင်းကို ဖြစ်စေနိုင်တယ်တဲ့…
သူငယ်အိမ်စောင်းတာက မျက်မှန်တပ်လို့ရတယ်.. မျက်လုံးစွေတာက အရမ်းမပြင်းထန်ရင် မျက်မှန်တပ်ရပေမယ့် စောင်းတဲ့ ဒီကရီများသွားရင် ခွဲစိတ်မှပဲရတယ်.. ပြန်တည့်ပေးရတာပေါ့.. သူပြန်တည့်သွားရင် အနောက်က သူငယ်အိမ်စောင်းတာလည်း တိုးတက်လာနိုင်တယ်.. မျက်မှန်တော့ တပ်ရအုံးမယ်…
ဒါပေမယ့် ပါဝါတွေ စလင်ဒါတွေ ပြောင်းသွားနိုင်တယ်… ဒါကတော့ ဖတ်မိသလောက်ပေါ့နော်..
ဆေးရုံမှာ လူနာအများစုက ခလေးတွေ.. ခွဲစိတ်မည့် ဘုတ်မှာရေးထားတာရဲ့ လူနာအများစုကလည်း squint eye ကြီးပဲ.. ဒါဆို ခလေးတွေ ဘာလို့မျက်လုံးစွေကြလဲ… မျက်လုံးစွေရာမှာ မွေးရာပါနဲ့ မွေးပြီးမှ ဖြစ်တာ နှစ်မျိုးရှိတယ်..
မွေးရာပါကတော့ မျိုးရိုးလိုက်တာ ဒါမှမဟုတ် အကြောင်းအမည်မသိပဲ ဖြစ်တတ်တယ် (ဖတ်ကြည့်တဲ့ ဝဘ်ဆိုဒ်တွေရေးတဲ့အတိုင်းပြောတာ… သူတို့လည်း အဖြေရှာမရဘူးနဲ့ တူပါတယ်)…
တူလေးဆိုရင် မွေးရာပါ မဟုတ်ဘူး.. မွေးတုန်းက အကောင်း… မျက်လုံးကပြဿနာစသိတာ ရန်ကုန်ရောက်ပြီး ကျောင်းစနေမှ သိတာ.. ကျောင်းက ဆရာက အိမ်လာပို့လိုက်တယ်.. မျက်လုံးဆရာဝန်နဲ့ပြပါ..
ဒီကလေး ဘုတ်ကို မမြင်ရဘူးဆိုပီး ပြောလို့မှသိတာ.. ဒါလည်း နိုင်ငံတကာကျောင်းမို့.. အစိုးရမူလတန်းကျောင်းလိုဆို ဒီကိစ္စက ပေါ်အုံးမှာ မဟုတ်သေး.. ကိုယ်တွေ ငယ်ငယ်တုန်းကလို မမြင်ရရင် ရှေ့တိုးထိုင်ပေါ့…
ဒါနဲ့ ဆေးခန်းပြတော့ မျက်လုံးက မမြင်ရတာ အမှန်ပဲ.. ဆလင်ဒါရော ပါဝါရော ရှိတဲ့အပြင် သူက ပါဝါအနုတ်ဘက်တဲ့.. ၁၀၀ မှာ ၁-၂ လောက်ပဲ ပါတတ်တယ်တဲ့.. ဒါနဲ့ စစ်ဆေးပြီးတော့ မျက်မှန်လဲ စတပ်ရော မျက်လုံးက အလယ်ထောင့်ကပ်ပီးကို စွေသွားရော… မျက်မှန်ချွတ်လိုက်ရင် ပုံမှန်ပြန်ဖြစ်သွားတယ်…
ဒီတော့ ဆရာဝန်တွေ ပြန်ပြ.. သူ့အမေလည်း ဒုက္ခခံရှာတယ်.. ရန်ကုန်မှာ အကုန်ပတ်ပြတယ်.. မကျေနပ်သေးတော့ မန်းလေးမှာပါ လိုက်ပြတယ်.. နောက်ဆုံး အဖြေက တစ်သံထဲထွက်တယ်.. ခွဲရမယ်.. ခွဲဖို့လည်း ဆရာဝန်တွေကိုယ်တိုင်ပြန်ညွန်းရတဲ့ ခလေးမျက်လုံး အဓိက ကုတဲ့ နာမည်ကြီးဆရာဝန်နဲ့ပဲ..
ခုတော့ ခွဲစိတ်ပြီးတော့ မျက်လုံးက ချက်ခြင်းတည့်သွားတယ်.. ခု ဆရာဝန်နဲ့ စကားပြောတော့လဆရာက နောက်ဆရာဝန်ကို ဒီကလေးကိစ္စ ရှင်းပြတယ်..record လုပ်ထားဖို့နဲ့ ထူးထူးဆန်းဆန်း အမှုဖြစ်ကြောင်းပေါ့… သာမာန်လူတွေက မျက်လုံးစောင်းလို့ မျက်မှန်တပ်ရင် တည့်သွားတယ်..မျက်မှန်ချွတ်ရင် ပြန်စောင်းတယိ..
တကယ်လို့ မျက်မှန်တပ်လို့ စောင်းရင်တောင် ချွတ်လိုက်ရင် ဆန့်ကျင်ဘက်ကို ပြန်စွေရမယ်.. ခုက မတပ်တဲ့အချိန်မှာ ပုံမှန်ပဲ.. ဆေးပညာစကားရပ်တွေနဲ့ သူတို့ အချင်းချင်းရှင်းပြ ပြောပြကြတယ်… ဆရာက သူရှာတာလဲ မတွေ့ဘူးတဲ့.. literature မှာ မရှိသလို အင်တာနက်ကနေ လိုက်ရှာတာလဲ မတွေ့ဘူးတဲ့..
သူတို့အတွက်တော့ ထူးဆန်းနေတယ်.. မခွဲလို့ကလဲ မရဘူး.. မျက်မှန်မတပ်ရင် မမြင်ရတော့ တပ်
ပြန်ရော..တပ်တော့လဲ စောင်းနေတာကြောင့် ကြွက်သားတွေက ပိတ်နေပြန်ရော.. ခုတော့ မျှအောင် ခွဲစိတ်လိုက်ရတယ်ပေါ့…
ဘာကြောင့်ဖြစ်လဲဆိုတဲ့ အဖြေထဲ အဓိကပါတာတခုက အိုင်ပတ်နဲ့ ဖုန်းပဲ…
အသက် ၆ လထဲကနေ device တွေကို ကြည့်တယ်… အဖေအမေက အလုပ်သွားတော့ ထားခဲ့ရတဲ့ အိမ်အကူကလည်း ကျန်းမာရေးအသိက အဲ့လောက်မရှိဘူး… ထမင်းစားတိုင်း အိုင်ပတ်၊ ဖုန်း.. နောက်တခါ ကြီးလာတော့လဲ ဒီ device တွေနဲ့ပဲ တအားကစားတယ်..
ဖွံ့ဖြိုးကာစ early childhood အဆင့်မှာ ကလေးတွေကို အရမ်းဂရုစိုက်ရတယ်… အဲ့ချိန်မှာ မှားယွင်းသွားရင် ဖွံ့ဖြိုးလာတဲ့ အစိတ်အပိုင်းတွေမှာ ထိခိုက်မှုတွေဖြစ်လာတယ်…
လူကြီးတွေက ခလေးငြိမ်တယ်၊ မငိုဘူး အဆင်ပြေတယ်ဆိုပီး ပြပေမယ့် ခလေးက ဒီ device တွေကို ကြည့်တဲ့ angle တွေ၊ အနီးကပ်တာတွေ၊ အားစိုက်တာတွေ မတူကြဘူး… စောင်းပီးလည်းကြည့်ရင်ကြည့်မယ်.. စွေပီးလဲ ကြည့်ရင်ကြည့်မယ်… impact ကတော့ တော်တော်များတယ်… ခုလည်းဆရာဝန်က ဖုန်းလုံးဝ မပြဖို့ သေချာမှာလိုက်တယ်..
အိမ်မှာ တူမလေးရှိသေးတယ်… ခုဆို ၄ နှစ်ကျော်လာပီ… ဒီနှစ်စလောက်မှာ စကားပြောရင် မျက်တောင်အရမ်းခတ်တာ သတိထားမိတယ်… မျက်လုံးထောင့်တွေ အကြောဆွဲသလိုဖြစ်တယ်…
သူလည်း ဖုန်းကို အသေကြည့်တယ်… ယူကျုတ့်ကနေ ကာတွန်း၊ သီချင်း ဖွင့်ပေးမှ ထမင်းစားတယ်.. ညအိပ်ရင် ပုခက်ထဲ tablet လဲ ဗိုက်ပေါ်တင်ကြည့်ရင်း အိပ်တယ်… သိသိချင်းပဲ ဆေးခန်းပြပီး အကြောအားဆေးတိုက်တယ်… အကုန်ဖြတ်ပစ်တယ်…
၃ လလောက်ကြာမှ မျက်တောင်ခတ်တာ ငြိမ်ပြီး ပြန်ကောင်းသွားတယ်… ခုထိကို ဖုန်း tablet လုံးဝ ဖျတ်လိုက်ပီ… ကာတွန်းကို တီဗီအကြီးမှာ ဟိုးအနောက်ကနေပဲ ကြည့်ခွင့်ပေးတယ်… ခုပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်…
ခလေးတွေဟာ early childhood ဘဝမှာ ဂရုစိုက်ဖို့ အရမ်းအရေးကြီးတယ်…
ဒါက သူတို့ဘဝပဲ… ရှေ့လျှောက် အသက်ရှင်ရမယ့် သူတို့ ဘဝမှာ အားနည်းချက်တခု မဖြစ်သွားဖို့က လူကြီးတွေမှာ တာဝန်ရှိတယ်… တချို့ အင်တာနယ်ရှင်နယ် ကျောင်းတွေမှာ စာအုပ်အစား tablet နဲ့သင်တယ်… သူတို့မှာက နည်းစနစ်တော့ရှိတယ်..
ဘယ်လိုကြည့်ရမလဲ ဘယ်လောက်အချိန်ထိပဲ သုံးခွင့်ရှိတယ် စသဖြင့်ရှိတယ်… ဒါကိုလည်း မိဘတွေက ပညာရေးအချိန်ကလွဲရင် ကျန်အချိန်တွေမှာ ထိန်းပေးဖို့ လိုမယ်… အဆင်ပြေတာပဲ… ပညာရေးပဲဆိုပြီးလဲ လုံးဝ လွှတ်ထားလို့မရဘူး… အရာအားလုံးဟာ တန်ဆေး လွန်ဘေးပဲ… ကိုယ်တွေကတော့ ကိုယ်တိုင်လဲ မျက်မှန်တွေ တပ်ရသလို ခုလိုကိစ္စလဲ တူရော တူမရော တွေ့ဖူးလိုက်ပြီ…
မိဘတွေ အနေနဲ့ ကလေးတွေကို ပြုစုပြိုးထောင်တဲ့နေရာမှာ ပိုပြီးသတိထားစေချင်လို့ လေ့လာမိသလောက် ရေးပေးလိုက်တာ… ခလေးတွေမှာ အနာဂတ်ရှိတယ်… ကိုယ့်ကြောင့် ကိုယ်ခလေးရဲ့ အနာဂတ်မှာ အားနည်းချက် မဖြစ်အောင် ဂရုစိုက်ကြစေချင်တယ်…
Leave a Reply