စီးပြားေရးလုပ္တဲ့အခါ ကိုယ့္ရဲ႕ စီးပြားမိတ္ဖက္အေပၚ ဘယ္ေတာ့မွ မာနမထားမိပါေစနဲ႔
တခါတုန္းက ႐ြာတစ္႐ြာမွာ သစ္ခုတ္ၿပီး အသက္ေမြးဝမ္းေက်ာင္းလုပ္တဲ့သူတစ္ဦးရွိတယ္။သစ္ခုတ္သမား ရဲ႕ အိမ္ေဘးမွာ လက္သမားဆရာ တစ္ေယာက္ရွိတယ္။ သူတို႔ႏွစ္ဦးက အလြန္းရင္းႏွီးၾကသလိုစီးပြားေရး မိတ္ဖက္လို႔လည္းေျပာလို႔ရတယ္။
သစ္ခုတ္သမား ခုတ္လို႔ရတဲ့သစ္ေတြ ကိုလက္သမားဆရာက ဝယ္ယူၿပီးခြဲျခမ္းစိတ္ျဖာတယ္ၿပီးေတာ့ သူ႔ရဲ႕အလုပ္မွာ အသုံးျပဳတယ္။ သုံးမရလို႔ ထြက္လာတဲ့ ပကာေတြကို သစ္ခုတ္သမားျပန္ေပးရၿပီး သစ္ခုတ္သမားက ထင္းအျဖစ္ ျပန္ေရာင္းရင္း သူ႔တို႔ႏွစ္ေယာက္ စီးပြားေရး မိတ္ဖက္ျဖစ္လာတယ္။
တေန႔ၾကေတာ့ သစ္ခုတ္သမားရဲ႕မိန္းမကို လက္သမားဆရာရဲ႕ မိန္းမက တကယ္ေတာ့ နင့္တို႔လင္မယား ငါတို႔လင္မယားကိုေက်းဇူးတင္သင့္တယ္။
ဘာလို႔လဲဟ.. ဟုတ္တယ္ေလ ငါ့ေယာက္်ားကနင့္ေယာက္်ားခုတ္လာတဲ့ထင္းတုံးေတြကို သစ္ခြဲစက္မွာခြဲဖို႔ ပိုက္ဆံပိုေပးၿပီးဝယ္တယ္၊ ခြဲလို႔ ပိုတဲ့ပကာသား ေတြကိုလည္း နင့္ေယာက္်ားကိုျပန္ေပးတယ္ေလ..အဲ့ေတာ့ နင့္တို႔မိသားစု အရင္ကထက္ပိုအဆင္ေျပလာတာ ငါ့ေယာက္်ားေၾကာင့္မဟုတ္လို႔ ဘယ္သူ႔ေၾကာင့္လဲ။
ဒါနဲ႔ သစ္ခုတ္သမား ရဲ႕မိန္းမက ညေရာက္ေတာ့ေယာက္်ား ျဖစ္သူကို အက်ိဳးအေၾကာင္းေျပာျပၿပီးေမးေတာ့.. သစ္ခုတ္သမားက ေျပာျပတယ္။ မိန္းမ ေရရရွိဖို႔ ေရတြင္းတူးရတယ္၊ အဲ့ေရက ေျမေအာက္ကတူးရေပမယ့္ေရဘယ္ေလာက္ျမင့္ျမင့္ေျမဆိုတဲ့ၾကမ္းျပင္ ရွိရျပန္တယ္အားလုံးဟာ အျပန္အလွန္ ပဲမိန္းမရယ္..ဘာမဟုတ္တဲ့မခံခ်င္စိတ္နဲ႔ ခိုင္ခံ့တဲ့အရာေတြကိုမပ်က္စီးပါေစနဲ႔ လို႔ေျပာၿပီး ထြက္သြားတယ္။
အဲ့အေၾကာင္းကို ေနာက္ေတာ့ လက္သမားဆရာသိသြားတယ္။ ေနာက္ေန႔ၾကေတာ့လက္သမားဆရာက သူ႔အမ်ိဳးသမီးကိုေခၚၿပီး သစ္ခုတ္သမားဆီက ပ်ဥ္းကတိုးသား ကို ယခင္သစ္တုံးေတြထက္ ေဈးႏွစ္ဆေပးၿပီးယူလိုက္တယ္။ ၿပီးေတာ့ သစ္သားခြဲၿပီး ဗီ႐ိုႀကီးႀကီးတစ္လုံး႐ိုက္တယ္။ကႏုတ္ေဖာ္တာေတြ ေပၚလစ္တင္တာေတြပါ လုပ္တယ္ အားလုံးၿပီးေတာ့ သူ႔သြင္းေနၾက ဆိုင္ကိုသြားတယ္။
ဗီ႐ိုရဲ႕အသားကိုၾကည့္တယ္ လက္ရာကိုၾကည့္တယ္ ဆိုင္ရွင္က သေဘာက်ၿပီး လက္သမားဆရာေခၚတဲ့ေဈးနဲ႔ ယူလိုက္တယ္။ သူသစ္တုံးကိုဝယ္တုန္းက ဘယ္ေလာက္မွမေပးရေပမယ့္ သူရဲ႕အတတ္ပညာနဲ႔ ေပါင္းစပ္ပုံေဖာ္ၿပီးခ်ိန္မွာေတာ့ သစ္တုံးကို သူေပးဝယ္ရတဲ့ေဈးထက္ ဆယ္ဆေလာက္အျမတ္က်န္တယ္။
မိန္းမ ငါ သစ္ခုတ္သမားရွိက ဝယ္တုန္းက မင္းကေဈးပိုေပးလို႔ဆိုၿပီး ငါ့ကိုေျပာတယ္။ ခု ငါေရာင္းလို႔ျပန္ရတဲ့ ပိုက္ဆံနဲ႔တြက္ရင္ သစ္ခုတ္သမားစီက ငါဝယ္လိုက္တာေဈးမမ်ားဘူးေလ.. တကယ္ေတာ့ သစ္ခုတ္သမားဟာ ငါ့အတြက္ေက်းဇူးရွင္ပဲ။ အဲ့လိုပဲ မနက္ျဖန္ ခုေရာင္းလိုက္တဲ့ဗီ႐ိုကို ျပန္လာေမးၾကည့္ပါ၊ ငါတို႔ေရာင္းတဲ့ေဈးထက္သုံးဆျဖစ္ေနပါလိမ့္မယ္မိန္းမ။
ဘယ္ေလာက္ေတာ္တဲ့ပန္းပုဆရာျဖစ္ပါေစ..။ထုဆစ္စရာ မရွိရင္သူ႔ပညာဟာအလကားပဲအဲ့လိုပဲ ထုဆစ္စ ရာ သစ္တုံးရွိပါရက္နဲ႔ထုဆစ္ပုံေဖာ္တဲ့အတတ္ပညာမရွိခဲ့ရင္လည္းသစ္တုံးဟာ တံတားတစ္ခု ထင္းတစ္ခုသာျဖစ္ေနမွာပဲ..အားလုံးဟာအ ျပန္အလွန္ေက်းဇူးျပဳၾကရတယ္။
အဲ့လိုအျပန္အလွန္မွီခိုၾကရင္း ကိုယ့္အတတ္ပညာကို ေပါင္းစပ္ၾကတယ္။ အဆင္ေျပေအာင္လုပ္ကိုင္ၾကရတယ္။ ဥပမာ မင္းေဈးသြားတယ္.. ေရာင္းမယ့္သူရွိလို႔ ဝယ္တဲ့သူရွိတာ။ အဲ့လိုပဲ ဝယ္တဲ့သူရွိေနလို႔ ေရာင္းတဲ့သူေတြေရာင္းေနၾကတာပါ။ မာနတစ္ခုကိုအေျခခံၿပီး ကိုယ့္ကိုယ္ကို အျမင့္ဆုံးမမွတ္ပါနဲ႔..။
ေက်းဇူးဆိုတာ လြယ္လြယ္ေျပာရရင္ ကိုယ့္ရဲ႕အက်ိဳးကို လိုလားသူကိုယ့္ရဲ႕အက်ိဳးကိုျဖစ္ထြန္းေစလူအားလုံးဟာ ေက်းဇူးရွိေနတာပါ။Credit – မူရင္းေရးသားသူအား ေလးစားစြာျဖင့္
Unicode
စီးပွားရေးလုပ်တဲ့အခါ ကိုယ့်ရဲ့ စီးပွားမိတ်ဖက်အပေါ် ဘယ်တော့မှ မာနမထားမိပါစေနဲ့
တခါတုန်းက ရွာတစ်ရွာမှာ သစ်ခုတ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်တဲ့သူတစ်ဦးရှိတယ်။သစ်ခုတ်သမား ရဲ့ အိမ်ဘေးမှာ လက်သမားဆရာ တစ်ယောက်ရှိတယ်။ သူတို့နှစ်ဦးက အလွန်းရင်းနှီးကြသလိုစီးပွားရေး မိတ်ဖက်လို့လည်းပြောလို့ရတယ်။
သစ်ခုတ်သမား ခုတ်လို့ရတဲ့သစ်တွေ ကိုလက်သမားဆရာက ဝယ်ယူပြီးခွဲခြမ်းစိတ်ဖြာတယ်ပြီးတော့ သူ့ရဲ့အလုပ်မှာ အသုံးပြုတယ်။ သုံးမရလို့ ထွက်လာတဲ့ ပကာတွေကို သစ်ခုတ်သမားပြန်ပေးရပြီး သစ်ခုတ်သမားက ထင်းအဖြစ် ပြန်ရောင်းရင်း သူ့တို့နှစ်ယောက် စီးပွားရေး မိတ်ဖက်ဖြစ်လာတယ်။
တနေ့ကြတော့ သစ်ခုတ်သမားရဲ့မိန်းမကို လက်သမားဆရာရဲ့ မိန်းမက တကယ်တော့ နင့်တို့လင်မယား ငါတို့လင်မယားကိုကျေးဇူးတင်သင့်တယ်။
ဘာလို့လဲဟ.. ဟုတ်တယ်လေ ငါ့ယောက်ျားကနင့်ယောက်ျားခုတ်လာတဲ့ထင်းတုံးတွေကို သစ်ခွဲစက်မှာခွဲဖို့ ပိုက်ဆံပိုပေးပြီးဝယ်တယ်၊ ခွဲလို့ ပိုတဲ့ပကာသား တွေကိုလည်း နင့်ယောက်ျားကိုပြန်ပေးတယ်လေ..အဲ့တော့ နင့်တို့မိသားစု အရင်ကထက်ပိုအဆင်ပြေလာတာ ငါ့ယောက်ျားကြောင့်မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ။
ဒါနဲ့ သစ်ခုတ်သမား ရဲ့မိန်းမက ညရောက်တော့ယောက်ျား ဖြစ်သူကို အကျိုးအကြောင်းပြောပြပြီးမေးတော့.. သစ်ခုတ်သမားက ပြောပြတယ်။ မိန်းမ ရေရရှိဖို့ ရေတွင်းတူးရတယ်၊ အဲ့ရေက မြေအောက်ကတူးရပေမယ့်ရေဘယ်လောက်မြင့်မြင့်မြေဆိုတဲ့ကြမ်းပြင် ရှိရပြန်တယ်အားလုံးဟာ အပြန်အလှန် ပဲမိန်းမရယ်..ဘာမဟုတ်တဲ့မခံချင်စိတ်နဲ့ ခိုင်ခံ့တဲ့အရာတွေကိုမပျက်စီးပါစေနဲ့ လို့ပြောပြီး ထွက်သွားတယ်။
အဲ့အကြောင်းကို နောက်တော့ လက်သမားဆရာသိသွားတယ်။ နောက်နေ့ကြတော့လက်သမားဆရာက သူ့အမျိုးသမီးကိုခေါ်ပြီး သစ်ခုတ်သမားဆီက ပျဉ်းကတိုးသား ကို ယခင်သစ်တုံးတွေထက် ဈေးနှစ်ဆပေးပြီးယူလိုက်တယ်။ ပြီးတော့ သစ်သားခွဲပြီး ဗီရိုကြီးကြီးတစ်လုံးရိုက်တယ်။ကနုတ်ဖော်တာတွေ ပေါ်လစ်တင်တာတွေပါ လုပ်တယ် အားလုံးပြီးတော့ သူ့သွင်းနေကြ ဆိုင်ကိုသွားတယ်။
ဗီရိုရဲ့အသားကိုကြည့်တယ် လက်ရာကိုကြည့်တယ် ဆိုင်ရှင်က သဘောကျပြီး လက်သမားဆရာခေါ်တဲ့ဈေးနဲ့ ယူလိုက်တယ်။ သူသစ်တုံးကိုဝယ်တုန်းက ဘယ်လောက်မှမပေးရပေမယ့် သူရဲ့အတတ်ပညာနဲ့ ပေါင်းစပ်ပုံဖော်ပြီးချိန်မှာတော့ သစ်တုံးကို သူပေးဝယ်ရတဲ့ဈေးထက် ဆယ်ဆလောက်အမြတ်ကျန်တယ်။
မိန်းမ ငါ သစ်ခုတ်သမားရှိက ဝယ်တုန်းက မင်းကဈေးပိုပေးလို့ဆိုပြီး ငါ့ကိုပြောတယ်။ ခု ငါရောင်းလို့ပြန်ရတဲ့ ပိုက်ဆံနဲ့တွက်ရင် သစ်ခုတ်သမားစီက ငါဝယ်လိုက်တာဈေးမများဘူးလေ.. တကယ်တော့ သစ်ခုတ်သမားဟာ ငါ့အတွက်ကျေးဇူးရှင်ပဲ။ အဲ့လိုပဲ မနက်ဖြန် ခုရောင်းလိုက်တဲ့ဗီရိုကို ပြန်လာမေးကြည့်ပါ၊ ငါတို့ရောင်းတဲ့ဈေးထက်သုံးဆဖြစ်နေပါလိမ့်မယ်မိန်းမ။
ဘယ်လောက်တော်တဲ့ပန်းပုဆရာဖြစ်ပါစေ..။ထုဆစ်စရာ မရှိရင်သူ့ပညာဟာအလကားပဲအဲ့လိုပဲ ထုဆစ်စ ရာ သစ်တုံးရှိပါရက်နဲ့ထုဆစ်ပုံဖော်တဲ့အတတ်ပညာမရှိခဲ့ရင်လည်းသစ်တုံးဟာ တံတားတစ်ခု ထင်းတစ်ခုသာဖြစ်နေမှာပဲ..အားလုံးဟာအ ပြန်အလှန်ကျေးဇူးပြုကြရတယ်။
အဲ့လိုအပြန်အလှန်မှီခိုကြရင်း ကိုယ့်အတတ်ပညာကို ပေါင်းစပ်ကြတယ်။ အဆင်ပြေအောင်လုပ်ကိုင်ကြရတယ်။ ဥပမာ မင်းဈေးသွားတယ်.. ရောင်းမယ့်သူရှိလို့ ဝယ်တဲ့သူရှိတာ။ အဲ့လိုပဲ ဝယ်တဲ့သူရှိနေလို့ ရောင်းတဲ့သူတွေရောင်းနေကြတာပါ။ မာနတစ်ခုကိုအခြေခံပြီး ကိုယ့်ကိုယ်ကို အမြင့်ဆုံးမမှတ်ပါနဲ့..။
ကျေးဇူးဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်ရဲ့အကျိုးကို လိုလားသူကိုယ့်ရဲ့အကျိုးကိုဖြစ်ထွန်းစေလူအားလုံးဟာ ကျေးဇူးရှိနေတာပါ။Credit – မူရင်းရေးသားသူအား လေးစားစွာဖြင့်
Leave a Reply