ကောင်မလေး ။ ။ ” နင် ရယ်နိုင်တယ်နော် ”
Crd
Unicode
“ချစ်တတ်သူများ ဖတ်ကြည့်ပါ ” (အသည်းမာသူတောင် မျက်ရည်ကျလောက်တယ် )
ကောင်မလေး ။ ။” ငါ့မှာ ရောဂါရှိနေပြီတဲ့ ……”
ကောင်လေး ဘာမှမပြောပဲ ပြုံးနေတယ်…..
ကောင်မလေး ။ ။ ”ငါ့ရောဂါက ဒီလောကကြီးထဲမှာ ကြာကြာ နေရတော့မှာ မဟုတ်ဘူးတဲ့ ……….”
ကောင်လေးက ဒီတစ်ခါလဲ ပြုံးနေခဲ့တယ် ……. ကောင်မလေး ဝမ်းနည်းသွားတယ်………..
” ကိုယ်က သူနဲ့ခွဲရတော့မှာ တွေးပြီး စိတ်မကောင်းဖြစ်နေပေမယ့် သူက ရယ်နေနိုင်တယ်လေ ”
ကောင်မလေး ။ ။ ” နင် ရယ်နိုင်တယ်နော် ”
ကောင်လေး ။ ။ ” မပူပါနဲ့ နင်ဘာမှ မဖြစ်စေရဘူ…. ”
ကောင်မလေး ။ ။” ငါ့ရောဂါကြောင်း ငါပဲသိတယ်…..” ”နင့်လို မရယ်နိုင်ဘူး …. အင်းလေ..နင်က ငါမရှိလဲ အသစ်ရှာလို့ရတယ်မလား”
ကောင်လေးက ပြုံးကြည့်နေတာပဲ…. ဒီလိုနဲ့…ကောင်မလေး ရောဂါ ပိုဆိုးလာတော့ ဆေးရုံတင်လိုက်ရတယ်……
လူနာကုတင်ပေါ်မှာ ကောင်မလေးက မျက်ရည်တွေနဲ့ ကောင်လေးကို ကြည့်နေတယ် ……..
ကောင်မလေး ။ ။ ” ငါ နင့်ကို အရမ်းချစ်တယ် ……..” ” ငါ နင်နဲ့မခွဲနိုင်ဘူးဟာ ……”
ကောင်လေးက ပြုံးပြီး…”နင်ဘာမှ မဖြစ်ပါဘူး” လို့ ပြောလိုက်တော့ ……
ကောင်မလေး ။ ။ ” နင်က ရယ်နိုင်တယ်နော် …..ငါ့အတွက် ပူဆွေးမှုဆိုတာ မမြင်ရဘူး ” ” သွား..နင်ထွက်သွား….. ”
ကောင်မလေးက ငိုပြီး နှင်လွှတ်တော့ ကောင်လေး အသာလေး ထွက်လာခဲ့တယ် ….ကောင်မလေးရဲ့ ကွယ်ရာရောက်လာတော့ ကောင်လေးဟာ မျက်ရည်တွေ စီးကျလာတယ်……
ပြီးတော့ ကောင်လေး ကြေကွဲစွာ ငိုနေမိတယ် သူငိုနေတာ အခုမှ မဟုတ်ပါဘူး…… ကောင်မလေး ရောဂါဖြစ်မှန်း သိတဲ့နေ့ထဲက..ကောင်မလေးဟာ အသည်းရောဂါ ခံစားနေရတာပါ ဆရာဝန်နဲ့တိုင်ပင်ကြည့်တော့ ကောင်မလေးရဲ့ အခြေနေဟာ အသည်းအစားထိုး ကုမှ ပြန်ကောင်းနိုင်တော့မယ်ဆိုတာ ကောင်လေး သိခဲ့ရတယ်..ကောင်လေးဟာ မျက်ရည်တွေသုတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့တယ် …..။
“ ကောင်မလေး ခွဲစိပ်မည့်နေ့ ´´
ကောင်လေး ရောက်မလာခဲ့ပါ ……. ကောင်မလေးဟာ ကောင်လေး ရောက်လာမလားလို့ မျှော်နေခဲ့ပါတယ် …….
ကောင်မလေး ။ ။” ငါက သေလူဆိုပြီး နင် ပြစ်ထားခဲ့ပြီမလား…… ငါ့အသက်ဆက်ရှင်ဖို့ အသည်းအလှူရှင် ပေါ်လာပြီဆိုတာ နင်သိရင် သိပ်ကောင်းမှာပဲ”
ကောင်မလေးဟာ နာကျင်မဲ့ပြုံးနဲ့အတူ ခွဲစိပ်ခန်းထဲ ဝင်သွားခဲ့ပါပြီ …….. တစ်ချိန်ထဲမှာပဲ…..အခြားသော လူနာတစ်ဦး ခွဲစိပ်ခံနေခဲ့ပါတယ် သူ………?
ကောင်မလေး အောင်မြင်စွာ အသည်းအစားထိုး ကုသနိုင်ခဲ့တယ်…… ကောင်လေးကတော့ အခုချိန်ထိ အရိပ်တောင် မမြင်ပါဘူး …… ကောင်မလေးဟာ ကောင်လေးပေါ် စိတ်နာပြီး မေ့ပစ်ဖို့ တွေးလိုက်တော့တယ်…. ထိုချိန်..ကောင်မလေးရဲ့ ခွဲစိပ်ဆရာဝန်ကြီး ရောက်လာတယ်…… ပြီးတော့ ကောင်မလေးရဲ့ ကုတင်နားမှာထိုင်ပြီး စာအိပ်လေး တစ်အိပ် ပေးလိုက်တယ်………
ဆရာဝန် ။ ။ ” ဒါ..သမီးရဲ့ ချစ်သူက သမီးကို ပေးခိုင်းတဲ့ စာပါ ” ကောင်မလေး ဖွင့်ဖတ်လိုက်တယ်………. ဆရာဝန်ကြီးကတော့ မျက်နှာမကောင်းပါ………
”နင်..ဒီစာကို ဖတ်နေချိန်မှာ ငါကတော့ နင်နဲ့အဝေးဆုံး တစ်နေရာကို ထွက်ခွာသွားပါပြီ ” ” နင်သိလား နင့်မှာ ရောဂါရှိတယ်လို့ စသိထဲက ငါ ငိုခဲ့ရတယ်” ”နင့်အတွက် ဘာမှ လုပ်မပေးနိုင်တဲ့ ငါ့ကိုယ်ငါလဲ အရမ်း ဝမ်းနည်းခဲ့တယ်… ”
” ငါဆုံးဖြတ်ခဲ့တယ် နင့်အသက်ဆက်ရှင်ဖို့ လုပ်ပေးနိုင်တာဆိုလို့ ငါ့ရဲ့အသည်းကို နင့်အတွက်ပေးဖို့ပါပဲ… ” ” နင်…ငါ့ကို ချစ်တယ်ဆို ကောင်းကောင်း အသက်ဆက်ရှင်ပါ ပျော်ပျော်နေပါနော်….. ”
” နင်…ချစ်သူ အသစ်တွေ့ခဲ့ရင် ထားပါနော်…….. ငါ သဝန်မတိုပါဘူး ” ” ငါလေ ဒီလောကကြီးထဲက နင့်ကို အရင်ထွက်သွားခွင့်မပြုနိုင်ဘူး ” ” နင်ထွက်သွားရင် အလွမ်းတွေ သတိရစိတ်တွေနဲ့ကျန်ခဲ့မှာ ငါ မခံစားနိုင်ဘူး ”
” ငါ အတ္တကြီးတယ် ပြောပြော ငါ့ကို အရင်ထွက်သွားခွင့်ပြုပါနော်…… ” ” နင်ငါ့ကို လွမ်းနေဖို့ သတိရနေဖို့ မမျော်လင့်ပါဘူး……..” ” နင့်အတွက်…ကောင်လေး….. ”
စာ အဆုံးမှာ ကောင်မလေး အရမ်းစိတ်ထိခိုက်သွားတော့တယ် ငိုဖို့တောင်မေ့နေခဲ့ပါတယ် ……..။
” အလွမ်းတွေနဲ့ ကျန်ခဲ့မှာ ကြောက်တယ်တဲ့ နင်က ငါ့ကိုတော့ တစ်သက်စာ အလွမ်းတွေနဲ့ ထားရစ်ခဲ့ပြီလားဟာ ”
ကောင်မလေး တိတ်တိတ်လေး မျက်ရည်တွေ ကျနေခဲ့တယ် …… ။ ဆရာဝန်ကြီးကတော့ ထွက်သွားခဲ့ပါပြီ …… ။ ဒီလိုနဲ့…ကောင်မလေးဟာ ကောင်လေးကို သတိရစိတ် လွမ်းတဲ့စိတ်တွေနဲ့သာ သူမရဲ့ ဘဝကို ရှင်သန်ခဲ့တော့တယ်……… ။
ဒါပါပဲ… ။ အချို့လူတွေက အပြင်ပန်းမှာသာ မချစ်သလို မကြင်နာသလို နေပေမယ့် ရင်ထဲမှာတော့ ချစ်သူတွက် အရာရာပေးဆပ်ဖို့ ပြင်နေခဲ့ပါတယ်…….။
Crd
Be the first to comment
Leave a Reply
Your email address will not be published.
*