Zawgyi
၁ – ဆရာဝင်မလုပ် ခြင်း
၂ – မငြီးငြူ ခြင်း
၃ – စိတ်ရှည် ခြင်း
၎ – ချီးကျူးတတ် ခြင်း
၅ – မစပ်စုတတ် ခြင်း
unicode
“လူချစ် လူခင် ပေါသူ တစ်ယောက် ဖြစ်ဖို့ ပျိုးထောင် ရမယ့် အလေ့အကျင့် (၅) ခု “
၁ – ဆရာဝင်မလုပ် ခြင်း
သိပေမဲ့ အတင်း ဝင်မပြောတတ် တဲ့ အကျင့်ကို မွေးပါ ။ အရာရာ ငါသိ ငါတတ် လုပ်သူ ကို ဘယ်သူမှ သဘောမကျ ပါဘူး။ မသိဘဲ ဝင်ပြောတတ်တဲ့ အကျင့်ကိုတော့ ဖျောက်ပစ်ရမှာ ဖြစ်ပါတယ် ။
၂ – မငြီးငြူ ခြင်း
အမြဲတမ်း ငြီးငြူ နေတတ်သူကို ဘယ်သူမှ သဘောမကျ ပါဘူး ။ တော်ရုံ နဲ့ မငြီးငြူတတ်တဲ့ အကျင့်ကို လည်း ရအောင် ပျိုးထောင် ရမှာ ဖြစ်ပါတယ် ။
၃ – စိတ်ရှည် ခြင်း
စိတ်မရှည် တတ်တာကြောင့် သင့်ကို မိတ်ဆွေ တွေက ပေါင်းသင်း ရမှာ လန့်တတ် ပါတယ် ။ စိတ်ရှည်တတ်အောင် လည်း ကြိုးစားပြီး လေ့ကျင့် ထားသင့်ပါတယ် ။
၄ – ချီးကျူးတတ် ခြင်း
တစ်ဖက်လူကို ချီးကျူးဖို့ ကို လူတွေက ဝန်လေးတတ် ကြပါတယ် ။ ဒီလို ဝန်လေးမှု ကို ဖျောက်ပစ် ပါ ။ တကယ် တော်တဲ့လူကို အရှိ ကို အရှိ အတိုင်း ချီးကျူးတတ်ဖို့ လိုပါတယ် ။ သူ့ကို အသိအမှတ် ပြုတာကြောင့် သင့်ကိုလည်း ပြန် အသိအမှတ်ပြုမှာ ဖြစ်ပါတယ် ။
၅ – မစပ်စုတတ် ခြင်း
ကိုယ့်ကို မပြောတဲ့ မသိစေလိုတဲ့ ကိစ္စကို မစပ်စုတတ်တဲ့ အကျင့်က အလွန်ကောင်းပါတယ် ။ ကိုယ့်ကို မခေါ်တဲ့ စကားဝိုင်းကို လည်း ဝင်မပါ ပါနဲ့ ။ ဒီလို အကျင့်ကြောင့် သင်ဟာ လေးနက်သူ ၊ ကိုယ်ဘာကိုယ် အေးဆေးနေတတ်သူ အဖြစ် လူတွေက လေးစားမှု နဲ့ ခင်မင် ပါလိမ့်မယ် ။
credit_to_original_writer
Leave a Reply