zawgyi
”ကျွန်တော်ဖုန်းတစ်လုံးဖြစ်ချင်တယ်”
မိဘေတြ ဖုန္းႀကီးပဲ ႏွိပ္မေနနဲ႔ေနာ္ ဖတ္ျဖစ္ေအာင္ဖတ္လိုက္ပါ
ေက်ာင္းဆရာမတစ္ေယာက္ ညစာစားၿပီးတာနဲ႔ ေက်ာင္းသားေတြရဲ႕ အိမ္စာေတြကို စစ္ေပးေနတယ္။
သူ႔ေယာက္်ားကေတာ့ ေဘးနားမွာ ထုံးစံအတိုင္း ဖုန္းနဲ႔ဂိမ္းကစားေနတာေပါ့။
ေနာက္ဆုံးအိမ္စာစစ္ေနတုန္းမွာ ဆရာမက မ်က္ရည္ေတြက်လာတယ္။ သူ႔ေယာက္်ားကလဲ ျမင္ေရာ
“မိန္းမ ဘာျဖစ္လို႔ငိုတာလဲ၊ ဘာျဖစ္တာလဲ”
လို႔ေမးတယ္။
မိန္းမ – မေန႔တုန္းက ကြၽန္မေက်ာင္းသားေတြကို “ကြၽႏ္ုပ္၏ဆႏၵ” ဆိုၿပီး စာစီစာကုံး ေရးခိုင္းလိုက္တယ္။
ေယာက္်ား – ေအး အဲဒါနဲ႔ မင္းက ဘာလို႔ ငိုေနတာလဲ။
မိန္းမ – ေနာက္ဆုံးစာအုပ္ကို စစ္ရတာ ငိုခ်င္လာလို႔ပါ။
ေယာက္်ား – ဘာမ်ားေရးထားလို႔လဲ။
မိန္းမ – သူေရးထားတာ နားေထာင္ၾကည့္။
“ကြၽန္ေတာ့္ရဲ႕ ဆႏၵကေတာ့ ဖုန္းတစ္လုံးျဖစ္ဖို႔ပါ။
ကြၽန္ေတာ့္ရဲ႕အေဖနဲ႔အေမဟာ သူတို႔ဖုန္းေတြကို သိပ္ခ်စ္တယ္။ အဲဒီဖုန္းေတြကိုပဲ ဂ႐ုစိုက္ၿပီး အခ်ိန္ယူေနရလို႔ တခါတေလ ကြၽန္ေတာ့္ ကိုေတာင္ သိပ္ဂ႐ုမစိုက္ႏိုင္ဘူး။
ကြၽန္ေတာ့္အေဖ႐ုံးက ပင္ပန္းၿပီးျပန္လာတဲ့အခါလဲ ဖုန္းကိုေတာ့ အခ်ိန္ေပးတယ္။ ကြၽန္ေတာ့္အတြက္အခ်ိန္မရွိဘူး။ သူတို႔ေတြ အေရးႀကီးတဲ့အလုပ္လုပ္ေနတုန္း ဖုန္းျမည္ရင္ ခ်က္ခ်င္း သြားကိုင္တယ္။
ဒါေပမယ့္ သူတို႔ေတြ အေရးႀကီးတဲ့ အလုပ္လုပ္ေနတုန္း ကြၽန္ေတာ္ငိုေနရင္ ဂ႐ုစိုက္ခ်င္မွ စိုက္တာ။
သူတို႔ေတြ ဖုန္းနဲ႔ ကစားၾကတယ္။ ကြၽန္ေတာ္ နဲ႔ မကစားၾကဘူး။ သူတို႔ေတြ သူမ်ားနဲ႔ဖုန္းေျပာေနရင္ ကြၽန္ေတာ္ ေျပာေနတာ အေရးႀကီးရင္ေတာင္မွ နားမေထာင္ဘူး။
အဲဒါေၾကာင့္ …
”ကြၽန္ေတာ္ဖုန္းတစ္လုံးျဖစ္ခ်င္တယ္”
ဇာတ္လမ္း ကိုလဲ ၾကားၿပီးေရာ ေယာက္်ား ျဖစ္သူပါ အရမ္း စိတ္မေကာင္း ျဖစ္သြားၿပီး “ဘယ္သူေရးတာလဲ” လို႔ ေမးတယ္။
မိန္းမ ျဖစ္သူ ေျဖလိုက္တာက “ငါတို႔ သားေရးတာ” တဲ့။
ေခတ္မွီပစၥည္းေတြ ဟာ ေကာင္းပါတယ္။ ဒါေပမယ့္ ဒါေတြဟာ မိသားစုနဲ႔ ဆက္သြယ္တာ လြယ္ကူေစဖို႔ ျဖစ္ရမယ္။ စိတ္ပိုင္းဆိုင္ရာ … အဆက္အသြယ္ ျပတ္ဖို႔ မျဖစ္ရဘူး။
ကေလးေတြဆိုတာ သူတို႔ အနီးအနားမွာ ျဖစ္ပ်က္ ေနတာ မွန္သမွ် ျမင္တယ္။ ခံစားတယ္။ အဲဒါ ေတြကို သူတို႔ ရဲ႕ စိတ္ႏွလုံးထဲမွာစြဲၿပီး သူတို႔ ဘဝမွာ အမ်ားႀကီး သက္ေရာက္မႈရွိတယ္။
သူတို႔ေလးေတြ ေကာင္းေကာင္း ႀကီးျပင္းေစဖို႔ ကေလးေတြကို လိုအပ္တဲ့ ဂ႐ုစိုက္မႈေပးရေအာင္………..
Credit to original writer
unicode
”ကျွန်တော်ဖုန်းတစ်လုံးဖြစ်ချင်တယ်”
မိဘတွေ ဖုန်းကြီးပဲ နှိပ်မနေနဲ့နော် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ
ကျောင်းဆရာမတစ်ယောက် ညစာစားပြီးတာနဲ့ ကျောင်းသားတွေရဲ့ အိမ်စာတွေကို စစ်ပေးနေတယ်။
သူ့ယောက်ျားကတော့ ဘေးနားမှာ ထုံးစံအတိုင်း ဖုန်းနဲ့ဂိမ်းကစားနေတာပေါ့။
နောက်ဆုံးအိမ်စာစစ်နေတုန်းမှာ ဆရာမက မျက်ရည်တွေကျလာတယ်။ သူ့ယောက်ျားကလဲ မြင်ရော
“မိန်းမ ဘာဖြစ်လို့ငိုတာလဲ၊ ဘာဖြစ်တာလဲ”
လို့မေးတယ်။
မိန်းမ – မနေ့တုန်းက ကျွန်မကျောင်းသားတွေကို “ကျွန်ုပ်၏ဆန္ဒ” ဆိုပြီး စာစီစာကုံး ရေးခိုင်းလိုက်တယ်။
ယောက်ျား – အေး အဲဒါနဲ့ မင်းက ဘာလို့ ငိုနေတာလဲ။
မိန်းမ – နောက်ဆုံးစာအုပ်ကို စစ်ရတာ ငိုချင်လာလို့ပါ။
ယောက်ျား – ဘာများရေးထားလို့လဲ။
မိန်းမ – သူရေးထားတာ နားထောင်ကြည့်။
“ကျွန်တော့်ရဲ့ ဆန္ဒကတော့ ဖုန်းတစ်လုံးဖြစ်ဖို့ပါ။
ကျွန်တော့်ရဲ့အဖေနဲ့အမေဟာ သူတို့ဖုန်းတွေကို သိပ်ချစ်တယ်။ အဲဒီဖုန်းတွေကိုပဲ ဂရုစိုက်ပြီး အချိန်ယူနေရလို့ တခါတလေ ကျွန်တော့် ကိုတောင် သိပ်ဂရုမစိုက်နိုင်ဘူး။
ကျွန်တော့်အဖေရုံးက ပင်ပန်းပြီးပြန်လာတဲ့အခါလဲ ဖုန်းကိုတော့ အချိန်ပေးတယ်။ ကျွန်တော့်အတွက်အချိန်မရှိဘူး။ သူတို့တွေ အရေးကြီးတဲ့အလုပ်လုပ်နေတုန်း ဖုန်းမြည်ရင် ချက်ချင်း သွားကိုင်တယ်။
ဒါပေမယ့် သူတို့တွေ အရေးကြီးတဲ့ အလုပ်လုပ်နေတုန်း ကျွန်တော်ငိုနေရင် ဂရုစိုက်ချင်မှ စိုက်တာ။
သူတို့တွေ ဖုန်းနဲ့ ကစားကြတယ်။ ကျွန်တော် နဲ့ မကစားကြဘူး။ သူတို့တွေ သူများနဲ့ဖုန်းပြောနေရင် ကျွန်တော် ပြောနေတာ အရေးကြီးရင်တောင်မှ နားမထောင်ဘူး။
အဲဒါကြောင့် …
”ကျွန်တော်ဖုန်းတစ်လုံးဖြစ်ချင်တယ်”
ဇာတ်လမ်း ကိုလဲ ကြားပြီးရော ယောက်ျား ဖြစ်သူပါ အရမ်း စိတ်မကောင်း ဖြစ်သွားပြီး “ဘယ်သူရေးတာလဲ” လို့ မေးတယ်။
မိန်းမ ဖြစ်သူ ဖြေလိုက်တာက “ငါတို့ သားရေးတာ” တဲ့။
ခေတ်မှီပစ္စည်းတွေ ဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေဟာ မိသားစုနဲ့ ဆက်သွယ်တာ လွယ်ကူစေဖို့ ဖြစ်ရမယ်။ စိတ်ပိုင်းဆိုင်ရာ … အဆက်အသွယ် ပြတ်ဖို့ မဖြစ်ရဘူး။
ကလေးတွေဆိုတာ သူတို့ အနီးအနားမှာ ဖြစ်ပျက် နေတာ မှန်သမျှ မြင်တယ်။ ခံစားတယ်။ အဲဒါ တွေကို သူတို့ ရဲ့ စိတ်နှလုံးထဲမှာစွဲပြီး သူတို့ ဘဝမှာ အများကြီး သက်ရောက်မှုရှိတယ်။
သူတို့လေးတွေ ကောင်းကောင်း ကြီးပြင်းစေဖို့ ကလေးတွေကို လိုအပ်တဲ့ ဂရုစိုက်မှုပေးရအောင်………..
Credit to original writer
Leave a Reply