လူရင္း ထိုးတဲ့ဓါး က ပိုနက္တယ္ေနာ္…
ဘယ္သူ႔ကိုမွ သင့္စကားအကုန္ မေျပာလိုက္ပါနဲ႔ ။ လူရင္းထိုးတဲ့ဓားက ပိုနက္တယ္ ။ ဘယ္သူ႔ကိုမွ စကားအကုန္ မေျပာပါနဲ႔ ။
မင္းကေတာ့ ယုံၾကည္လြန္းလို႔… မင္းမိသားစု အေၾကာင္းေတြ၊ မင္းအလုပ္အေၾကာင္းေတြ၊ မင္းရဲ့ ျပႆနာေတြ၊
မင္းရဲ့ ထင္ျမင္ယူဆခ်က္ေတြ ဘာရယ္ မဟုတ္ဘူး လြတ္လပ္စြာ ရင္းႏွီးစြာ ပြင့္လင္းစြာနဲ႔ ေျပာဆို ရင္ဖြင့္လိုက္တာပဲ…..။
ဒါေပမယ့္ …… သူတို႔က မင္းဆီကေန ပြင့္လင္းမႈေတြ၊ ခံယူခ်က္ေတြ အျမင္ေတြကို နားေထာင္ရင္း… သူတို႔ စိတ္ထဲမွာ မင္းကို တေျဖးေျဖး ပုံေဖာ္လာၾကတာ ဒါကို မင္းမသိလိုက္ဘူး။
မင္းရဲ့ ေအာက္ဖဲေတြကို တေျဖးေျဖး ရိပ္မိလာၾကတာကို မင္းမသိလိုက္ဘူး။ မင္းကေတာ့ ပုံမွန္ပဲ ဆက္ေျပာေနတယ္….။
တစ္ေန႔ၿပီး တစ္ေန႔ တစ္ရက္ၿပီး တစ္ရက္ တစ္ႏွစ္ၿပီး တစ္ႏွစ္ၾကာလာတဲ့အခါ သူတို႔ စိတ္အျမင္မွာ မင္းဟာ တံဆိပ္တစ္ခုကပ္ထားတဲ့ လူသားတစ္ေယာက္ျဖစ္လာတယ္။
အဲဒီတံဆိပ္က…. မင္းဟာ အရည္အခ်င္း ထင္သေလာက္မရွိဘူး။ မင္းဟာ ေငြမက္တယ္။မင္းဟာ ထင္သေလာက္ စိတ္ထားမေကာင္းဘူး။ မင္းဟာ စိတ္မမွန္ဘူး။
မင္းက ငေပါတစ္ေယာက္ျဖစ္တယ္။ မင္းက အ႐ူးတစ္ေယာက္ ျဖစ္တယ္။ မင္းက သိပ္အထင္ႀကီးစရာ မေကာင္းဘူး။ မင္းဟာ တရား မရွိဘူး။ မင္းဟာ ပါးစပ္ မလုံဘူး စသည္စသည္ျဖင့္…။
သူတို႔ထင္ရာ ျမင္ရာ ေတြးမိရာ တံဆိပ္တစ္ခုကို ကပ္လိုက္ၾကတယ္။ ေနာက္ပိုင္းမွာေတာ့ သူတို႔ကပ္ထားတဲ့ အဲဒီတံဆိပ္ကို ၾကည့္ၿပီး။
မင္းကိုသူတို႔က ရာသက္ပန္ အဲဒီအတိုင္း ဆက္ဆံသြားၾကေတာ့တယ္…..။ မင္းကိုျမင္တာနဲ႔ အဲဒီတံဆိပ္ကို သူတို႔မ်က္လုံးထဲ တန္းျမင္ၾကေတာ့တာပါ။
အဲဒါဘာလဲ သိလား စကားကို အကုန္ေျပာခဲ့လို႔ ရင္ေတြ အကုန္ဖြင့္ခဲ့မိလို။ “လူရင္းလုပ္ၿပီး ” ဘာမွမျဖစ္ေလာက္ပါဘူးေလ ဆိုၿပီး အရာရာကို ဖြင့္ေျပာခဲ့လို႔။
ဟုတ္ကဲ့ “လက္ေဆာင္ေလးတစ္ခု ေပးလိုက္ခ်င္ပါတယ္….” ဘယ္သူ႔ကိုမွ စကားကိုအကုန္မေျပာပါနဲ႔။ မင္းကို ဘယ္သူကမွ ရိုက္မစစ္ပါဘူး။ ဘယ္သူကမွ ႀကိဳးတုပ္မေမးပါဘူး။
လူရင္းထိုးတဲ့ဓားက ပိုနက္တယ္ဆိုတာ သတိထားေစလိုပါတယ္။Crd
Unicode
လူရင်း ထိုးတဲ့ဓါး က ပိုနက်တယ်နော်…
ဘယ်သူ့ကိုမှ သင့်စကားအကုန် မပြောလိုက်ပါနဲ့ ။ လူရင်းထိုးတဲ့ဓားက ပိုနက်တယ် ။ ဘယ်သူ့ကိုမှ စကားအကုန် မပြောပါနဲ့ ။
မင်းကတော့ ယုံကြည်လွန်းလို့… မင်းမိသားစု အကြောင်းတွေ၊ မင်းအလုပ်အကြောင်းတွေ၊ မင်းရဲ့ ပြဿနာတွေ၊
မင်းရဲ့ ထင်မြင်ယူဆချက်တွေ ဘာရယ် မဟုတ်ဘူး လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့ ပြောဆို ရင်ဖွင့်လိုက်တာပဲ…..။
ဒါပေမယ့် …… သူတို့က မင်းဆီကနေ ပွင့်လင်းမှုတွေ၊ ခံယူချက်တွေ အမြင်တွေကို နားထောင်ရင်း… သူတို့ စိတ်ထဲမှာ မင်းကို တဖြေးဖြေး ပုံဖော်လာကြတာ ဒါကို မင်းမသိလိုက်ဘူး။
မင်းရဲ့ အောက်ဖဲတွေကို တဖြေးဖြေး ရိပ်မိလာကြတာကို မင်းမသိလိုက်ဘူး။ မင်းကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ်….။
တစ်နေ့ပြီး တစ်နေ့ တစ်ရက်ပြီး တစ်ရက် တစ်နှစ်ပြီး တစ်နှစ်ကြာလာတဲ့အခါ သူတို့ စိတ်အမြင်မှာ မင်းဟာ တံဆိပ်တစ်ခုကပ်ထားတဲ့ လူသားတစ်ယောက်ဖြစ်လာတယ်။
အဲဒီတံဆိပ်က…. မင်းဟာ အရည်အချင်း ထင်သလောက်မရှိဘူး။ မင်းဟာ ငွေမက်တယ်။မင်းဟာ ထင်သလောက် စိတ်ထားမကောင်းဘူး။ မင်းဟာ စိတ်မမှန်ဘူး။
မင်းက ငပေါတစ်ယောက်ဖြစ်တယ်။ မင်းက အရူးတစ်ယောက် ဖြစ်တယ်။ မင်းက သိပ်အထင်ကြီးစရာ မကောင်းဘူး။ မင်းဟာ တရား မရှိဘူး။ မင်းဟာ ပါးစပ် မလုံဘူး စသည်စသည်ဖြင့်…။
သူတို့ထင်ရာ မြင်ရာ တွေးမိရာ တံဆိပ်တစ်ခုကို ကပ်လိုက်ကြတယ်။ နောက်ပိုင်းမှာတော့ သူတို့ကပ်ထားတဲ့ အဲဒီတံဆိပ်ကို ကြည့်ပြီး။
မင်းကိုသူတို့က ရာသက်ပန် အဲဒီအတိုင်း ဆက်ဆံသွားကြတော့တယ်…..။ မင်းကိုမြင်တာနဲ့ အဲဒီတံဆိပ်ကို သူတို့မျက်လုံးထဲ တန်းမြင်ကြတော့တာပါ။
အဲဒါဘာလဲ သိလား စကားကို အကုန်ပြောခဲ့လို့ ရင်တွေ အကုန်ဖွင့်ခဲ့မိလို။ “လူရင်းလုပ်ပြီး ” ဘာမှမဖြစ်လောက်ပါဘူးလေ ဆိုပြီး အရာရာကို ဖွင့်ပြောခဲ့လို့။
ဟုတ်ကဲ့ “လက်ဆောင်လေးတစ်ခု ပေးလိုက်ချင်ပါတယ်….” ဘယ်သူ့ကိုမှ စကားကိုအကုန်မပြောပါနဲ့။ မင်းကို ဘယ်သူကမှ ရိုက်မစစ်ပါဘူး။ ဘယ်သူကမှ ကြိုးတုပ်မမေးပါဘူး။
လူရင်းထိုးတဲ့ဓားက ပိုနက်တယ်ဆိုတာ သတိထားစေလိုပါတယ်။Crd
Leave a Reply