တန္ဖိုး …! (အရမ္းေကာင္းလို႔ အခ်ိန္ ၃ မိနစ္ေလာက္ေပးၿပီး ဖတ္ၾကည့္ပါ )

တန္ဖိုး …! (အရမ္းေကာင္းလို႔ အခ်ိန္ ၃ မိနစ္ေလာက္ေပးၿပီး ဖတ္ၾကည့္ပါ )
တန္ဖိုး …! (အရမ္းေကာင္းလို႔ အခ်ိန္ ၃ မိနစ္ေလာက္ေပးၿပီး ဖတ္ၾကည့္ပါ )

တန္ဖိုး …! (အရမ္းေကာင္းလို႔ အခ်ိန္ ၃ မိနစ္ေလာက္ေပးၿပီး ဖတ္ၾကည့္ပါ )

တစ္ခါတုံးက  ႐ြာတစ္႐ြာ မွာ ေရထမ္း တဲ့လူ တစ္ေယာက္  ရွိတယ္။ သူဟာ ႀကီးမားတဲ့ ေရအိုး ႏွစ္လုံး ကို ပခုံး တစ္ဘက္ တစ္ခ်က္မွာ ထမ္းၿပီး  ေရသယ္ေလ့ ရွိတယ္တဲ့။

အိုးတစ္လုံးက နဲနဲ အက္ေနတယ္။ အိုးက မလုံဘူး၊ ေရတြင္း ကေန သူ႔အိမ္ဘက္ ေရသယ္ လာတိုင္း စိမ့္တာေပါ့။ ဒီေတာ့ အိမ္ေရာက္တဲ့  အခါ ေ ရတစ္ဝက္ ပဲ ပါသတဲ့။

က်န္တဲ့ အိုးတစ္လုံး ကေတာ့ အျပစ္ အနာအဆာ မရွိဘူး။ ဒီေတာ့  သူ ေရတြင္း ကေန ေရထမ္းၿပီး ျပန္လာတိုင္း ေရအျပည့္ ပါတာေပါ့။

ဒီလိုနဲ႔  အိမ္ေရာက္ရင္ အိုး တစ္လုံး နဲ႔ တစ္ဝက္ ပဲ… ေရသယ္ လာလိုက္တာ ႏွစ္ႏွစ္ေလာက္ ၾကာ သြားသတဲ့။ ဒီေတာ့ အိုး အေကာင္းေလး က သူ႔ ကိုယ္သူ သိပ္ဂုဏ္ယူ သတဲ့။ ငါက အျပစ္ အနာအဆာ မရွိဘူး… ဒါေၾကာင့္ မ်ားမ်ား သယ္ႏိုင္တယ္ လို႔ အထင္ရွိေနတယ္တယ္ တဲ့။

အက္ေနတဲ့ အိုးကေလး က စိတ္ထဲမွာ ေတာ္ေတာ္ေလး သိမ္ငယ္ ေနရွာ တယ္။ ေအာ္.. ငါ့မွာ အားနည္း ခ်က္ရွိတယ္ …သူမ်ား လို အျပည့္မသယ္ႏိုင္ဘူး… တစ္ဝက္ပဲ သယ္ႏိုင္တယ္ ေပါ့။ ဝမ္းနည္းလဲ ဝမ္းနည္း ေနတယ္တဲ့။

ဒီလိုနဲ႔  တရက္မွ ာ အက္ေနတဲ့ အိုးကေလး က ေရထမ္းသမား ကို ရင္ဖြင့္  ရွာတယ္။ သခင္ရယ္… ကြၽန္ေတာ္  သခင့္ကို ေတာင္းပန္ခ် င္ပါတယ္။ ကြၽန္ေတာ့္  ကိုယ္ ကြၽန္ေတာ္လည္း ရွက္မိပါတယ္။ သခင္ကေတာ့ သခင့္ဘက္က အျပည့္ အ၀ အားစိုက္ၿပီး ေရသယ္ ရတယ္။

ဒါေပမဲ့ ကြၽန္ေတာ့္ ေဘးဘက္မွာ ရွိတဲ့ အက္ေၾကာင္းေလး ေၾကာင့္ သခင္ သယ္သမွ် ေရေတြ အျပည့္မရဘူး… တစ္ဝက္က အလဟႆ ျဖစ္ရတယ္… လို႔ ဝမ္းနည္း ပက္လက္နဲ႔ ေျပာမိတယ္။

အဲဒီ အခါမွာ ေရထမ္းသမား က ဘယ္လိုျပန္ေျပာသလဲ ဆိုေတာ့… အိုးကေလး… မင္းၾကည့္လိုက္စမ္း…. ေရခပ္ လမ္း တေလွ်ာက္မွာ မင္း ရွိတဲ့ ဘက္ျခမ္း တစ္ေလ်ာက္လုံး ပန္းေတြ ပြင့္ေနတာ မင္း သတိျပဳမိရဲ႕လား… တဲ့။

ငါက မင္း ေရစိမ့္ေန တယ္  ဆိုတာ သိတာေပါ့။ ဒါေၾကာင့္ မင္းရွိတဲ့ ဘက္ျခမ္း မွာ ပန္းမ်ိဳးေစ့ေတြ ခ်ထားခဲ့တယ္။ ႏွစ္ႏွစ္ လုံးလုံး ေရခပ္လမ္း က အျပန္မွာ မင္း က ဒီ ပန္းပင္ေလးေတြ ကို ေရမွန္မွန္ ေလာင္းေပးခဲ့တယ္။ အခုဆိုၾကည့္စမ္း … လွပတဲ့ ပန္းေတြပြင့္ေနၿပီ။

အိမ္မွာလည္း ပန္းအိုးေလးေတြ မွာလည္း ပန္းေတြ နဲ႔ အလွဆင္ႏိုင္ၿပီ… မင္းသာမရွိရင္ ဒီလို ပန္းပြင့္ေလးေတြနဲ႔ က်က္သေရ ရွိတဲ့ အိမ္ ျဖစ္လာပါ့မလား။ စဥ္းစားၾကည့္စမ္း…

သင္ခန္းစာ ။ ။ လူတိုင္း မွာ အားနည္းခ်က္ ေလးေတြ ကိုယ္စီ ရွိပါတယ္။ ဒါေပမယ့္ ဒီ အားနည္း ခ်က္ကေလး ေတြ ရွိေနတာေၾကာင့္ပဲ ပိုၿပီး unique ျဖစ္လာတယ္…

ပိုၿပီး ခ်စ္စရာလည္း ေကာင္းပါတယ္။

ဒီ အားနည္းခ်က္ အတြက္ သဘာ၀ တရားႀကီးက အစားတစ္ခုခု လည္း ျပန္ေပးတတ္ပါတယ္။ ဒါေပမယ့္  ျမင္သာခ်င္ မွ လည္း ျမင္သာမယ္၊ ခ်က္ျခင္း ရခ်င္မွလည း  ရမယ္။

အရွင္ ဇာေနယ်(ေမတၱာအလင္းေရာင္)

Unicode

တန်ဖိုး …! (အရမ်းကောင်းလို့ အချိန် ၃ မိနစ်လောက်ပေးပြီး ဖတ်ကြည့်ပါ )

တစ်ခါတုံးက ရွာတစ်ရွာ မှာ ရေထမ်း တဲ့လူ တစ်ယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။

အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်း ကနေ သူ့အိမ်ဘက် ရေသယ် လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက် ပဲ ပါသတဲ့။

ကျန်တဲ့ အိုးတစ်လုံး ကတော့ အပြစ် အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်း ကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။

ဒီလိုနဲ့ အိမ်ရောက်ရင် အိုး တစ်လုံး နဲ့ တစ်ဝက် ပဲ… ရေသယ် လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုး အကောင်းလေး က သူ့ ကိုယ်သူ  သိပ်ဂုဏ်ယူ သတဲ့။ ငါက အပြစ် အနာအဆာ မရှိဘူး…   ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိ နေတယ်တယ် တဲ့။

အက်နေတဲ့ အိုးကလေး က စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ  တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် …သူများ လို အပြည့်မသယ်နိုင်ဘူး… တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ဝမ်းနည်းလဲ ဝမ်းနည်း နေတယ်တဲ့။

ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေး က ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်… ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ ။  ကျွန်တော့် ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့် အ၀ အားစိုက်ပြီး ရေသယ် ရတယ်။

ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင် သယ်သမျှ ရေတွေ အပြည့်မရဘူး… တစ်ဝက်က အလဟဿ ဖြစ်ရတယ်… လို့  ဝမ်းနည်း ပက်လက်နဲ့ ပြောမိတယ်။

အဲဒီ အခါမှာ ရေထမ်းသမား က ဘယ်လိုပြန်ပြောသလဲ ဆိုတော့… အိုးကလေး… မင်းကြည့်လိုက်စမ်း…. ရေခပ် လမ်း တလျှောက်မှာ မင်း ရှိတဲ့ ဘက်ခြမ်း တစ်လျောက်လုံး ပန်းတွေ ပွင့်နေတာ မင်း သတိပြုမိရဲ့လား… တဲ့။

ငါက မင်း ရေစိမ့်နေ တယ် ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်း မှာ ပန်းမျိုးစေ့တွေ ချထား ခဲ့တယ်။ နှစ်နှစ် လုံးလုံး ရေခပ်လမ်း က အပြန်မှာ မင်း က ဒီ ပန်းပင်လေးတွေ ကို ရေမှန်မှန်  လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း … လှပတဲ့ ပန်းတွေပွင့်နေပြီ။

အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့ အလှဆင်နိုင်ပြီ… မင်းသာမရှိရင်  ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့ အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း…

သင်ခန်းစာ ။ ။ လူတိုင်း မှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီ အားနည်း ချက်ကလေး တွေ ရှိနေတာ ကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်…

ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။

ဒီ အားနည်းချက် အတွက် သဘာ၀ တရားကြီးက အစားတစ်ခုခု လည်း ပြန်ပေးတတ် ပါတယ်။ ဒါပေမယ့် မြင်သာချင် မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှ လည်းရမယ်။

အရှင် ဇာနေယျ(မေတ္တာအလင်းရောင်)

Be the first to comment

Leave a Reply

Your email address will not be published.


*