





ဒေးဗစ်လား ရဲ့ ဘာသာရေးပွဲ တက်ရောက်ခဲ့တဲ့ အမျိုးသမီး ရဲ့ ခင်ပွန်း ကိုဗစ် ဖြစ် သေဆုံး2




ဒေးဗစ်လား ရဲ့ ဘာသာရေးပွဲ တက်ရောက်ခဲ့တဲ့ အမျိုးသမီး ရဲ့ ခင်ပွန်း ကိုဗစ် ဖြစ် သေဆုံ3း


ယခုချိန်မှာတော့ လူနာအမှတ် ၈၆ သေဆုံးသွားတဲ့ မရမ်းကုန်း ခဝဲခြံ မှတ်တိုင် အနီးရှိ တိုက်ကို ၄င်းမနက်မှာဘဲ lock down ချလိုက်ကြောင်း သတင်းရရှိပါတယ်။

Crd အဘလေး

Unicode

ဒေးဗစ်လား ရဲ့ ဘာသာရေးပွဲ တက်ရောက်ခဲ့တဲ့ အမျိုးသမီး ရဲ့ ခင်ပွန်း ကိုဗစ် ဖြစ် သေဆုံး

၁၈.၄.၂၀၂၀ နံနက် ၁၀နာရီက ထုတ်ပြန်လိုက်တဲ့အထဲ မှာ ရန်ကုန်းတိုင်း မရမ်းကုန်မြို့နယ် ခဝဲခြံ မှတ်တိုင်အနီးတွင် နေထိုင်သော

လူနာအမှတ်- ၈၆ အသက် ၇၈ နှစ် ( ကျား) ဟာ အင်းစိန် ဆေးရုံးကြီး မှ ဝေဘာဂီသို့ ပို့ဆောင်စဉ် ၁၈.၄.၂၀၂၀ နံနက် ၂:၀၀ နာရီ အချိန်တွင် သေးဆုံးသွားကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

ယခု သေဆုံးသူရဲ့ တိုက်ကသူတွေ ပြောကြားချက်အရ သေဆုံးသူ “လူနာအမှတ် ၈၆ “ဟာ ဒေးဗစ်လား လုပ်တဲ့ အင်းစိန် ဘာသာရေးပွဲ တိုက်ရိုက်တက်ခဲ့သူ မဟုတ်ပါဘူး။

ဒေးဗစ်လား ရဲ့ ဘာသာရေးပွဲ တက်ရောက်ခဲ့တဲ့ အမျိုးသမီး ရဲ့ ခင်ပွန်း ကိုဗစ် ဖြစ် သေဆုံး1

အင်းစိန် ဘာသာရေးပွဲကို သေဆုံးသူရဲ့ အမျိုးသမီးက တက်ရောက်ခဲ့ပြီး ကူးစက် ခံလာရကာ သေဆုံးသူက ထပ်မံ ကူးစက် ခံရကြောင်းသိရပါတယ်။

သေးဆုံးသူ နှင့် အမျိုးသမီးဟာ ဘာသာရေးပွဲကနေ ကူးစက်ခံရပြီး ဖျားနေတဲ့ အချိန်တွင် အိမ်တွင်းမှာ ကြိတ်ပြီး ကုသခဲ့ကြောင်း သိရပါတယ်။

ဒေးဗစ်လား တို့ အင်းစိန်က ဘာသာရေး အခမ်းအနား ဓါတ်ပုံတွေ ဖေ့ဘွတ်ပေါ်မှာ ပျံနှံ့လာတော့မှ သေဆုံးသူနေတဲ့ တိုက်မှာနေကျတဲ့ သူတွေ သတိထားမိလာပြီး ရပ်ကွက် လူကြီးတွေဆီ ဝိုင်းတိုင်ကျတော့မှ တာဝန်ရှိသူတွေက လာရောက် ခေါ်ယူပြီး အင်းစိန် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ထိုနောက် အင်းစိန်ဆေးရုံကြီးမှ တဆင့် ဝေဘာဂီ ဆေးရုံကြီးကို ထပ်မံ ပို့ဆောင်ချိန်တွင် လူနာအမှတ် ၈၆ ဟာ ၁၈.၄.၂၀၂၀ နံနက် ၂ နာရီမှာ သေဆုံးခဲ့ကြောင်း သတင်း ထုတ်ပြန်ချိန်တွင် သိရပါတယ်။

ယခုချိန်မှာတော့ လူနာအမှတ် ၈၆ သေဆုံးသွားတဲ့ မရမ်းကုန်း ခဝဲခြံ မှတ်တိုင် အနီးရှိ တိုက်ကို ၎င်းမနက်မှာဘဲ lock down ချလိုက်ကြောင်း သတင်းရရှိပါတယ်။

Crd အဘလေး

Be the first to comment

Leave a Reply

Your email address will not be published.


*