မိဘေတြရဲ႕ အထီးက်န္မႈကို ကိုယ္ခ်င္းစာ နားလည္ေပးၾကပါ…

မိဘေတြရဲ႕ အထီးက်န္မႈကို ကိုယ္ခ်င္းစာ နားလည္ေပးၾကပါ...
မိဘေတြရဲ႕ အထီးက်န္မႈကို ကိုယ္ခ်င္းစာ နားလည္ေပးၾကပါ...

မိဘေတြရဲ႕ အထီးက်န္မႈကို ကိုယ္ခ်င္းစာ နားလည္ေပးၾကပါ…

ကြၽန္ေတာ့္အေမမွာ အက်င့္တစ္ခုရွိပါတယ္… TV ကို ၂၄နာရီ ဖြင့္ထားတတ္တာပါ ။ ထိုင္ၾကည့္ေနတာမ်ိဳး မဟုတ္ဘဲနဲ႔ ဖြင့္ထားၿပီး လုပ္စရာရွိတာကို လုပ္ေနတာမ်ိဳးပါ ။

ကြၽန္ေတာ္အိမ္ေရာက္တဲ့အခါ ၾကည့္မယ့္သူမရွိဘဲ ဖြင့္ထားတာမို႔ ကြၽန္ေတာ္က ပိတ္ ,အေမက ျပန္ဖြင့္နဲ႔ မၾကာခဏစကားမ်ားေလ့ရွိပါတယ္…။

အဲဒါနဲ႔ ပတ္သတ္ၿပီး ေနာက္ဆုံး အေမ ေျပာေနက်က… “နင္ တို႔နားမလည္ပါဘူး” တဲ့ …။ ကြၽန္ေတာ္ အဲဒီတုန္းက တကယ္ နားမလည္ခဲ့တာပါ..။

တစ္ရက္… ကိစၥတစ္ခုနဲ႔ တစ္ေယာက္ထဲ ခရီးထြက္ျဖစ္တယ္…။ မိုင္ (၄၀၀) ေလာက္ေဝးတဲ့ ခရီးကို အသြားမွာ ေမာင္းေနတုန္းက ဘာမွမျဖစ္ေပမယ့္…

အျပန္ခရီးမွာေတာ့ တစ္ေယာက္ထဲ ကားေမာင္းရတာဟာ သိပ္ၿငီးေငြ႕လာပါတယ္ ။ အပ်င္းေျပလို ေျပျငား ပီေက ဝါးေပမယ့္လည္း ကားေမာင္းေနရတာဟာ သိပ္ အထီးက်န္လြန္းပါတယ္ ။

ေနာက္ဆုံး FM ေတြဖြင့္တယ္… ဟုတ္တယ္ ။ FM က ဘာပဲလာေနေန ဘာသီခ်င္းသံပဲလာလာ အနည္းဆုံး လူတစ္ေယာက္ အသံၾကားေနရတယ္…။

ကိုယ္တစ္ေယာက္ထဲ အထီးက်န္သလို ျဖစ္ေနတယ္လို႔ မခံစားရေတာ့ဘူး ။ FM က ဘာပဲလာလာ ကြၽန္ေတာ့္အတြက္ အေရးမႀကီးဘူး ။

ဘယ္လို အသံပဲ ထြက္ေနေန အနည္းဆုံး ကြၽန္ေတာ့္မွာ အေဖာ္ ရွိတယ္လို႔ ခံစားေစရတယ္ ။ ေတြးမိ စဥ္းစားေနရင္း ကြၽန္ေတာ့္ စိတ္ထဲမွာ ဖ်တ္ခနဲ တစ္ေယာက္ေယာက္ကို

အေျပးအလႊား သတိရသြားမိတယ္ . . အ ေမ !!! မိုင္ေပါင္း ၄၀၀ ေလာက္ေလးကို တစ္ေယာက္ထဲ ျဖတ္ေနရတဲ့ ကြၽန္ေတာ္လို လူလတ္ပိုင္း အ႐ြယ္ေတာင္ ၿငီးေငြ႕အထီးက်န္လြန္းေနရင္…

ႏွစ္ေပါင္းမ်ားစြာ အိမ္ထဲမွာ တစ္ေယာက္ထဲ ေနရွာတဲ့ အသက္ ရ၀ေက်ာ္အေမဟာ ဘယ္ေလာက္မ်ား အထီးက်န္ရွာ လိမ့္မလဲ…?

TV က စကားသံေတြ နားေထာင္ၿပီး အဝတ္ေတြ ေလွ်ာ္ေနတဲ့… TVက ေၾကာ္ျငာသံေတြၾကားၿပီး တံျမတ္စည္းေတြ လွည္းေနတဲ့… TVက ဟာသေတြ ၾကည့္ၿပီး မွ ရယ္ေနတဲ့ အေမ

TV က…TV ထဲက… အေမရယ္… ဘယ္အခ်ိန္ကတည္းက ဘယ္ေလာက္ေတာင္ အထီးက်န္ ျဖစ္ေနခဲ့တာလဲ အေမရယ္…။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိဘတွေရဲ့ အထီးကျန်မှုကို ကိုယ်ချင်းစာ နားလည်ပေးကြပါ…

ကျွန်တော့်အမေမှာ အကျင့်တစ်ခုရှိပါတယ်… TV ကို ၂၄နာရီ ဖွင့်ထားတတ်တာပါ ။ ထိုင်ကြည့်နေတာမျိုး မဟုတ်ဘဲနဲ့ ဖွင့်ထားပြီး လုပ်စရာရှိတာကို လုပ်နေတာမျိုးပါ ။

ကျွန်တော်အိမ်ရောက်တဲ့အခါ ကြည့်မယ့်သူမရှိဘဲ ဖွင့်ထားတာမို့ ကျွန်တော်က ပိတ် ,အမေက ပြန်ဖွင့်နဲ့ မကြာခဏစကားများလေ့ရှိပါတယ်…။

အဲဒါနဲ့ ပတ်သတ်ပြီး နောက်ဆုံး အမေ ပြောနေကျက… “နင် တို့နားမလည်ပါဘူး” တဲ့ …။ ကျွန်တော် အဲဒီတုန်းက တကယ် နားမလည်ခဲ့တာပါ..။

တစ်ရက်… ကိစ္စတစ်ခုနဲ့ တစ်ယောက်ထဲ ခရီးထွက်ဖြစ်တယ်…။ မိုင် (၄၀၀) လောက်ဝေးတဲ့ ခရီးကို အသွားမှာ မောင်းနေတုန်းက ဘာမှမဖြစ်ပေမယ့်…

အပြန်ခရီးမှာတော့ တစ်ယောက်ထဲ ကားမောင်းရတာဟာ သိပ်ငြီးငွေ့လာပါတယ် ။ အပျင်းပြေလို ပြေငြား ပီကေ ဝါးပေမယ့်လည်း ကားမောင်းနေရတာဟာ သိပ် အထီးကျန်လွန်းပါတယ် ။

နောက်ဆုံး FM တွေဖွင့်တယ်… ဟုတ်တယ် ။ FM က ဘာပဲလာနေနေ ဘာသီချင်းသံပဲလာလာ အနည်းဆုံး လူတစ်ယောက် အသံကြားနေရတယ်…။

ကိုယ်တစ်ယောက်ထဲ အထီးကျန်သလို ဖြစ်နေတယ်လို့ မခံစားရတော့ဘူး ။ FM က ဘာပဲလာလာ ကျွန်တော့်အတွက် အရေးမကြီးဘူး ။

ဘယ်လို အသံပဲ ထွက်နေနေ အနည်းဆုံး ကျွန်တော့်မှာ အဖော် ရှိတယ်လို့ ခံစားစေရတယ် ။ တွေးမိ စဉ်းစားနေရင်း ကျွန်တော့် စိတ်ထဲမှာ ဖျတ်ခနဲ တစ်ယောက်ယောက်ကို

အပြေးအလွှား သတိရသွားမိတယ် . . အ မေ !!! မိုင်ပေါင်း ၄၀၀ လောက်လေးကို တစ်ယောက်ထဲ ဖြတ်နေရတဲ့ ကျွန်တော်လို လူလတ်ပိုင်း အရွယ်တောင် ငြီးငွေ့အထီးကျန်လွန်းနေရင်…

နှစ်ပေါင်းများစွာ အိမ်ထဲမှာ တစ်ယောက်ထဲ နေရှာတဲ့ အသက် ရဝကျော်အမေဟာ ဘယ်လောက်များ အထီးကျန်ရှာ လိမ့်မလဲ…?

TV က စကားသံတွေ နားထောင်ပြီး အဝတ်တွေ လျှော်နေတဲ့… TVက ကြော်ငြာသံတွေကြားပြီး တံမြတ်စည်းတွေ လှည်းနေတဲ့… TVက ဟာသတွေ ကြည့်ပြီး မှ ရယ်နေတဲ့ အမေ

TV က…TV ထဲက… အမေရယ်… ဘယ်အချိန်ကတည်းက ဘယ်လောက်တောင် အထီးကျန် ဖြစ်နေခဲ့တာလဲ အမေရယ်…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*