အခ်ိန္လြန္မွ ဆြမ္းေတာ္စြန႔္ျခင္းသည္ ငရဲႀကီးႏိုင္ပါသလား…? (ဗုဒၶဘာသာဝင္တိုင္း သိသင့္ပါတယ္)

အခ်ိန္လြန္မွ ဆြမ္းေတာ္စြန႔္ျခင္းသည္ ငရဲႀကီးႏိုင္ပါသလား...? (ဗုဒၶဘာသာဝင္တိုင္း သိသင့္ပါတယ္)
အခ်ိန္လြန္မွ ဆြမ္းေတာ္စြန႔္ျခင္းသည္ ငရဲႀကီးႏိုင္ပါသလား...? (ဗုဒၶဘာသာဝင္တိုင္း သိသင့္ပါတယ္)

အခ်ိန္လြန္မွ ဆြမ္းေတာ္စြန႔္ျခင္းသည္ ငရဲႀကီးႏိုင္ပါသလား…? (ဗုဒၶဘာသာဝင္တိုင္း သိသင့္ပါတယ္)

အရွင္ဘုရား တပည့္ေတာ္မ ေမးခ်င္တာေလး ရွိလို႔ပါဘုရား… အရွင္ဘုရား ေျဖေပးမယ္ဆိုရင္ တကယ္ကို ဝမ္းသာမိမွာပါ ဘုရား။ တပည့္ေတာ္မတို႔က အလုပ္ကို မနက္အေစာႀကီးသြား ညမိုးခ်ဳပ္မွ ျပန္ေရာက္ပါတယ္ ဘုရား။

အလုပ္ မသြားခင္မွာ ဆြမ္းေတာ္နဲ႔ ေသာက္ေတာ္ေရခ်မ္းကို အၿမဲကပ္လႉပါတယ္။ ည မိုးခ်ဳပ္ ျပန္ေရာက္မွပဲ စြန႔္ရပါတယ္ ဘုရား။ အဲ့ဒီ့အတြက္ တပည့္ေတာ္မစိတ္ထဲ မတင္မက် ျဖစ္မိပါတယ္။ ျပန္ေရာက္မွ စြန႔္ရတဲ့အတြက္

ကုသိုလ္မရ ငရဲရမွာ ေၾကာက္ပါတယ္ဘုရား။ မိုးခ်ဳပ္မွ စြန႔္ေကာင္းလား ။ မစြန႔္ေကာင္းလား သိခ်င္ပါတယ္ ဘုရား။ ( ပန္းအိမ္စံ ) လူေတြမွာ ရွစ္ပါး သီလ ေဆာက္တည္ထားပါလွ်င္ ညစာ မစားရပါဘူး။ ထို႔ေၾကာင့္ ျမတ္စြာဘုရားရွင္ကို ဆြမ္းေတာ္တင္တာ ေကာင္းပါတယ္။

ဒါေပမယ့္ ၁၂ နာရီမေက်ာ္ခင္ စြန႔္ပါလို႔ အႀကံျပဳပါတယ္။ ကိုယ္တိုင္ မစြန႔္ႏိုင္ပါလွ်င္ အိမ္မွာရွိသူ တစ္ဦးဦးအား စြန႔္ခိုင္း ေစခ်င္ပါတယ္… သို႔မဟုတ္ ႐ုံးမသြားခင္ အ႐ုဏ္ျဖစ္ျဖစ္ ေသာ္လည္းေကာင္း ၊

ခ်က္ျပဳတ္ၿပီးစီးလွ်င္ ေသာ္လည္းေကာင္း ဆြမ္းေတာ္တင္ၿပီး ႐ုံးသြားခါနီး စြန႔္ႏိုင္ပါတယ္.. ဒကာမ။ ညေနထိေတာ့ မထားေကာင္းပါ။ အ႐ုဏ္ဆြမ္း ကပ္လွ်င္လည္း အ႐ုဏ္တက္မွသာ ကပ္ေကာင္း ပါ၏။

အ႐ုဏ္မတက္ဘဲ ကပ္ပါက ညဆြမ္းလို ျဖစ္ၿပီး အျပစ္ျဖစ္ႏိုင္ပါသည္ ။ အ႐ုဏ္တက္ခ်ိန္က လစဥ္ ေျပာင္းလဲေလ့ရွိသျဖင့္ အနည္းဆုံး လစဥ္ နံနက္ ၅း၃၀ ေလာက္ ကပ္မွ သင့္ေတာ္မည္ ျဖစ္ပါသည္။

၄း၃၀၊ ၄း၄၀၊ ၅ နာရီ စသည္ျဖင့္ အ႐ုဏ္တက္ခ်ိန္ လစဥ္ ေျပာင္းလဲေလ့ ရွိသည္ကို သတိျပဳအပ္၏။ ထို႔ေၾကာင့္ မယုတ္ မလြန္ လစဥ္ နံနက္ ( ၅း၃၀ ) နာရီဆိုပါလွ်င္ ကပ္မည္ဆိုပါက လစဥ္လတိုင္း အဆင္ေျပမည္ ျဖစ္ပါသည္ ။

အဘယ့္ေၾကာင့္ဆိုေသာ္ အကယ္၍ ( ၄း၃၀ ) ကို လစဥ္ လတိုင္း ကပ္မည္ဆိုပါက ( ၅ ) နာရီ ၊ ( ၅း၁၀ )နာရီ စသည့္ ျဖင့္ အ႐ုဏ္ တက္သည့္ လမ်ားတြင္ ကိုယ္က ( ၄း၃၀ ) လစဥ္ လတိုင္း ကပ္မိပါက ညဆြမ္းလို ျဖစ္ၿပီး

အျပစ္ျဖစ္ ႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္။ အခ်ဳပ္အားျဖင့္ ေန႔ဆြမ္းဆိုလွ်င္ ေန႔လည္ ၁၂ နာရီ မထိုးခင္ စြန႔္သင့္ၿပီး အ႐ုဏ္ဆြမ္း ဆိုပါလွ်င္ ေရွလြတ္ ၊ ေနာက္လြတ္ ( ၅း၃၀ ) နာရီ ေလာက္ ကပ္သင့္ေၾကာင္း ေျဖၾကားလိုက္ပါသည္ ။

သစ္သီးဆြမ္းမ်ားကိုလည္း ထိုနည္းအတူ မွတ္ပါ။ ေရွးက မသိခဲ့လို႔ မစြန႔္မိတာကို စိတ္ထဲ စြဲလန္း မထားဘဲ… ယခု သိလိုက္သည့္အခ်ိန္တြင္… ေနာက္ မလုပ္မိေအာင္သာ ဂ႐ုစိုက္ပါ။ သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ၍ လိုရာဆႏၵမ်ားတစ္လုံး တစ္ဝတည္း ျပည့္ဝပါေစ။

ခရက္ဒစ္#အရွင္ဝိမလဝံသ( နာလႏၵာတကၠသိုလ္ )#ျပန္လည္ မွ်ေ၀ ပူေဇာ္ပါသည္။

Unicode

အချိန်လွန်မှ ဆွမ်းတော်စွန့်ခြင်းသည် ငရဲကြီးနိုင်ပါသလား…? (ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်ပါတယ်)

အရှင်ဘုရား တပည့်တော်မ မေးချင်တာလေး ရှိလို့ပါဘုရား… အရှင်ဘုရား ဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာမိမှာပါ ဘုရား။ တပည့်တော်မတို့က အလုပ်ကို မနက်အစောကြီးသွား ညမိုးချုပ်မှ ပြန်ရောက်ပါတယ် ဘုရား။

အလုပ် မသွားခင်မှာ ဆွမ်းတော်နဲ့ သောက်တော်ရေချမ်းကို အမြဲကပ်လှူပါတယ်။ ည မိုးချုပ် ပြန်ရောက်မှပဲ စွန့်ရပါတယ် ဘုရား။ အဲ့ဒီ့အတွက် တပည့်တော်မစိတ်ထဲ မတင်မကျ ဖြစ်မိပါတယ်။ ပြန်ရောက်မှ စွန့်ရတဲ့အတွက်

ကုသိုလ်မရ ငရဲရမှာ ကြောက်ပါတယ်ဘုရား။ မိုးချုပ်မှ စွန့်ကောင်းလား ။ မစွန့်ကောင်းလား သိချင်ပါတယ် ဘုရား။ ( ပန်းအိမ်စံ ) လူတွေမှာ ရှစ်ပါး သီလ ဆောက်တည်ထားပါလျှင် ညစာ မစားရပါဘူး။ ထို့ကြောင့် မြတ်စွာဘုရားရှင်ကို ဆွမ်းတော်တင်တာ ကောင်းပါတယ်။

ဒါပေမယ့် ၁၂ နာရီမကျော်ခင် စွန့်ပါလို့ အကြံပြုပါတယ်။ ကိုယ်တိုင် မစွန့်နိုင်ပါလျှင် အိမ်မှာရှိသူ တစ်ဦးဦးအား စွန့်ခိုင်း စေချင်ပါတယ်… သို့မဟုတ် ရုံးမသွားခင် အရုဏ်ဖြစ်ဖြစ် သော်လည်းကောင်း ၊

ချက်ပြုတ်ပြီးစီးလျှင် သော်လည်းကောင်း ဆွမ်းတော်တင်ပြီး ရုံးသွားခါနီး စွန့်နိုင်ပါတယ်.. ဒကာမ။ ညနေထိတော့ မထားကောင်းပါ။ အရုဏ်ဆွမ်း ကပ်လျှင်လည်း အရုဏ်တက်မှသာ ကပ်ကောင်း ပါ၏။

အရုဏ်မတက်ဘဲ ကပ်ပါက ညဆွမ်းလို ဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည် ။ အရုဏ်တက်ချိန်က လစဉ် ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုံး လစဉ် နံနက် ၅း၃၀ လောက် ကပ်မှ သင့်တော်မည် ဖြစ်ပါသည်။

၄း၃၀၊ ၄း၄၀၊ ၅ နာရီ စသည်ဖြင့် အရုဏ်တက်ချိန် လစဉ် ပြောင်းလဲလေ့ ရှိသည်ကို သတိပြုအပ်၏။ ထို့ကြောင့် မယုတ် မလွန် လစဉ် နံနက် ( ၅း၃၀ ) နာရီဆိုပါလျှင် ကပ်မည်ဆိုပါက လစဉ်လတိုင်း အဆင်ပြေမည် ဖြစ်ပါသည် ။

အဘယ့်ကြောင့်ဆိုသော် အကယ်၍ ( ၄း၃၀ ) ကို လစဉ် လတိုင်း ကပ်မည်ဆိုပါက ( ၅ ) နာရီ ၊ ( ၅း၁၀ )နာရီ စသည့် ဖြင့် အရုဏ် တက်သည့် လများတွင် ကိုယ်က ( ၄း၃၀ ) လစဉ် လတိုင်း ကပ်မိပါက ညဆွမ်းလို ဖြစ်ပြီး

အပြစ်ဖြစ် နိုင်သောကြောင့် ဖြစ်ပါသည်။ အချုပ်အားဖြင့် နေ့ဆွမ်းဆိုလျှင် နေ့လည် ၁၂ နာရီ မထိုးခင် စွန့်သင့်ပြီး အရုဏ်ဆွမ်း ဆိုပါလျှင် ရှေလွတ် ၊ နောက်လွတ် ( ၅း၃၀ ) နာရီ လောက် ကပ်သင့်ကြောင်း ဖြေကြားလိုက်ပါသည် ။

သစ်သီးဆွမ်းများကိုလည်း ထိုနည်းအတူ မှတ်ပါ။ ရှေးက မသိခဲ့လို့ မစွန့်မိတာကို စိတ်ထဲ စွဲလန်း မထားဘဲ… ယခု သိလိုက်သည့်အချိန်တွင်… နောက် မလုပ်မိအောင်သာ ဂရုစိုက်ပါ။ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံး တစ်ဝတည်း ပြည့်ဝပါစေ။

ခရက်ဒစ်#အရှင်ဝိမလဝံသ( နာလန္ဒာတက္ကသိုလ် )#ပြန်လည် မျှေ၀ ပူဇော်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*