အသက္ႀကီးတဲ့အထိ ႏုပ်ိဳေနေစမယ့္… လွ်ိဳ႕ဝွက္ခ်က္ (၇) ခ်က္

အသက္ႀကီးတဲ့အထိ ႏုပ်ိဳေနေစမယ့္... လွ်ိဳ႕ဝွက္ခ်က္ (၇) ခ်က္အသက္ႀကီးတဲ့အထိ ႏုပ်ိဳေနေစမယ့္... လွ်ိဳ႕ဝွက္ခ်က္ (၇) ခ်က္
အသက္ႀကီးတဲ့အထိ ႏုပ်ိဳေနေစမယ့္... လွ်ိဳ႕ဝွက္ခ်က္ (၇) ခ်က္

အသက္ႀကီးတဲ့အထိ ႏုပ်ိဳေနေစမယ့္… လွ်ိဳ႕ဝွက္ခ်က္ (၇) ခ်က္

ဇရာကို ဘယ္အရာကမွ မတားဆီးႏိုင္ပါဘူး။ ဒါေပမယ့္… အသက္ႀကီးတဲ့ အထိ ႏုပ်ိဳလွပခ်င္တာက လူတိုင္းရဲ႕ ဆႏၵပါပဲ။

အဲဒါေၾကာင့္… ေငြကုန္ သက္သာၿပီး အၿမဲ ႏုပ်ိဳလွပေနေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ပါ

စိတ္ဖိစီးမႈေတြမ်ားေလ ႐ုပ္ရည္က ပိုက်လာေလပါပဲ။ အၿမဲတမ္းလိုလို စိတ္ဖိစီးမႈမ်ားတာေၾကာင့္ ရွိသင့္တဲ့အ႐ြယ္ထက္

ပိုမိုအိုစာေနတ္ပါတယ္။ တရားထိုင္တာ၊ ေယာဂက်င့္တာ စတဲ့နည္းလမ္းေတြနဲ႔ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

(၂) အေပါင္းအသင္း မ်ားမ်ားဖြဲ႕ပါ

အိမ္မွာ တစ္ေယာက္တည္း အေတြးမ်ားၿပီး အထီးက်န္ေနတာက ျမန္ျမန္ အိုလြယ္ေစပါတယ္။ စိတ္ပ်ိဳကိုယ္ႏုဆိုတဲ့ အတိုင္း စိတ္ကို ေပ်ာ္႐ႊင္ေအာင္ ထားတာက ႏုပ်ိဳေစတဲ့

လွ်ိဳ႕ဝွက္ခ်က္ပါ။ အေပါင္းအသင္း သူငယ္ခ်င္းေတြနဲ႔ အဆက္အသြယ္ လုပ္တာ၊ အျပင္ သြားတာ၊ ခရီးထြက္တာတို႔က က်န္းမာေပ်ာ္႐ႊင္ေစမွာပါ။

(၃) နည္းနည္းပဲ စားပါ

အသက္ႀကီးလာတဲ့အခါ နညး္နည္းပဲ စားျခင္းက အသက္ ရွည္ေစပါတယ္။ အစားအစာထဲမွာ ဘယ္ရီသီးေတြ ၊ ေခ်ာကလက္ ၊ အေစ့အဆန္ ၊ ငါး၊ ေထာပတ္သီး ၊ နႏြင္းစတာေတြကို

ေန႔စဥ္ ထည့္သြင္းစားေပးသင့္ပါတယ္။ ဒီလို အစားအစာေတြကို စားေပးတာက ႏွလုံးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးၿပီး အသားအေရကို လွပေစပါတယ္။

(၄) ဦးေႏွာက္ ကို အလုပ္ေပးပါ

ခႏၶာကိုယ္ က်န္းမာဖို႔ ေလ့က်င့္ခန္း လုပ္သင့္သလို… ဦးေႏွာက္ က်န္းမာဖို႔လည္း ဦးေႏွာက္ကို အလုပ္ ေပးသင့္ပါတယ္။ စာအုပ္ဖတ္တာ၊ ဘာသာစကားအသစ္ သင္ယူတာ၊ ဂိမ္းေဆာ့တာ စတဲ့

နည္းလမ္းေတြက ဦးေႏွာက္ကို အၿမဲလိုလို အလုပ္ ေပးထားႏိုင္တဲ့ အရာေတြပါ။ အၿမဲတမ္းလိုလိုေလ့လာေနတာက ဦးေႏွာက္ကို ႏုပ်ိဳေစပါတယ္။

(၅) က ပါ

ကတာက ခႏၶာကိုယ္အတြက္ေရာ… စိတ္အတြက္ပါ အက်ိဳးရွိေစပါတယ္။ ကတဲ့ အခါမွာ စိတ္ဖိစီးမႈေတြလည္း ေလ်ာ့က်သြားပါတယ္။ အသက္အ႐ြယ္ အိုမင္းလြယ္တာက ကတာက ေႏွးသြားေစပါတယ္။

(၆) အိပ္ရာေစာေစာဝင္ပါ

အၿမဲတမ္ းႏုပ်ိဳဖို႔ဆိုရင္… အိပ္ခ်ိန္ ျပည့္ဝဖို႔ အေရးႀကီးပါတယ္။ တစ္ရက္ကို အိပ္စက္ခ်ိန္ ၈ နာရီ ရွိမွသာ အသက္ႀကီးတဲ့အခါ က်န္းမာေနမွာပါ။ ေစာေစာအိပ္တာက ေသြးဖိအားကို ေလ်ာ့က်ေစၿပီး ေလျဖတ္နဲ႔ ႏွလုံးေရာဂါကို ကာကြယ္ေပးပါတယ္။

၇။ ဗီတာမင္ကို ထည့္သြင္း စားသုံးပါ။

အင္တီေအာက္ဆီးဒင့္ေတြက free radical ေတြကို ကာကြယ္ေပးပါတယ္။ Selenium ၊ vitamin E ၊ vitamin C တို႔က အသက္အ႐ြယ္ အိုမင္းရင့္ေရာ္တာကို ေႏွးသြားေစတဲ့

အင္တီေအာက္ဆီးဒင့္ေတြပါ။ Omega 3 ကလည္း အသားအေရအတြက္ အက်ိဳးျပဳတဲ့ အင္တီေအာက္ဆီးဒင့္ တစ္မ်ိဳးပါပဲ။

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အသက်ကြီးတဲ့အထိ နုပျိုနေစေမယ့်… လျှို့ဝှက်ချက် (၇) ချက်

ဇရာကို ဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ ဒါပေမယ့်… အသက်ကြီးတဲ့ အထိ နုပျိုလှပချင်တာက လူတိုင်းရဲ့ ဆန္ဒပါပဲ။

အဲဒါကြောင့်… ငွေကုန် သက်သာပြီး အမြဲ နုပျိုလှပနေစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) စိတ်ဖိစီးမှုတွေကို လျှော့ချပါ

စိတ်ဖိစီးမှုတွေများလေ ရုပ်ရည်က ပိုကျလာလေပါပဲ။ အမြဲတမ်းလိုလို စိတ်ဖိစီးမှုများတာကြောင့် ရှိသင့်တဲ့အရွယ်ထက်

ပိုမိုအိုစာနေတ်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။

(၂) အပေါင်းအသင်း များများဖွဲ့ပါ

အိမ်မှာ တစ်ယောက်တည်း အတွေးများပြီး အထီးကျန်နေတာက မြန်မြန် အိုလွယ်စေပါတယ်။ စိတ်ပျိုကိုယ်နုဆိုတဲ့ အတိုင်း စိတ်ကို ပျော်ရွှင်အောင် ထားတာက နုပျိုစေတဲ့

လျှို့ဝှက်ချက်ပါ။ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အဆက်အသွယ် လုပ်တာ၊ အပြင် သွားတာ၊ ခရီးထွက်တာတို့က ကျန်းမာပျော်ရွှင်စေမှာပါ။

(၃) နည်းနည်းပဲ စားပါ

အသက်ကြီးလာတဲ့အခါ နည်းနည်းပဲ စားခြင်းက အသက် ရှည်စေပါတယ်။ အစားအစာထဲမှာ ဘယ်ရီသီးတွေ ၊ ချောကလက် ၊ အစေ့အဆန် ၊ ငါး၊ ထောပတ်သီး ၊ နနွင်းစတာတွေကို

နေ့စဉ် ထည့်သွင်းစားပေးသင့်ပါတယ်။ ဒီလို အစားအစာတွေကို စားပေးတာက နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပြီး အသားအရေကို လှပစေပါတယ်။

(၄) ဦးနှောက် ကို အလုပ်ပေးပါ

ခန္ဓာကိုယ် ကျန်းမာဖို့ လေ့ကျင့်ခန်း လုပ်သင့်သလို… ဦးနှောက် ကျန်းမာဖို့လည်း ဦးနှောက်ကို အလုပ် ပေးသင့်ပါတယ်။ စာအုပ်ဖတ်တာ၊ ဘာသာစကားအသစ် သင်ယူတာ၊ ဂိမ်းဆော့တာ စတဲ့

နည်းလမ်းတွေက ဦးနှောက်ကို အမြဲလိုလို အလုပ် ပေးထားနိုင်တဲ့ အရာတွေပါ။ အမြဲတမ်းလိုလိုလေ့လာနေတာက ဦးနှောက်ကို နုပျိုစေပါတယ်။

(၅) က ပါ

ကတာက ခန္ဓာကိုယ်အတွက်ရော… စိတ်အတွက်ပါ အကျိုးရှိစေပါတယ်။ ကတဲ့ အခါမှာ စိတ်ဖိစီးမှုတွေလည်း လျော့ကျသွားပါတယ်။ အသက်အရွယ် အိုမင်းလွယ်တာက ကတာက နှေးသွားစေပါတယ်။

(၆) အိပ်ရာစောစောဝင်ပါ

အမြဲတမ် းနုပျိုဖို့ဆိုရင်… အိပ်ချိန် ပြည့်ဝဖို့ အရေးကြီးပါတယ်။ တစ်ရက်ကို အိပ်စက်ချိန် ၈ နာရီ ရှိမှသာ အသက်ကြီးတဲ့အခါ ကျန်းမာနေမှာပါ။ စောစောအိပ်တာက သွေးဖိအားကို လျော့ကျစေပြီး လေဖြတ်နဲ့ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

၇။ ဗီတာမင်ကို ထည့်သွင်း စားသုံးပါ။

အင်တီအောက်ဆီးဒင့်တွေက free radical တွေကို ကာကွယ်ပေးပါတယ်။ Selenium ၊ vitamin E ၊ vitamin C တို့က အသက်အရွယ် အိုမင်းရင့်ရော်တာကို နှေးသွားစေတဲ့

အင်တီအောက်ဆီးဒင့်တွေပါ။ Omega 3 ကလည်း အသားအရေအတွက် အကျိုးပြုတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးပါပဲ။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*