မေတာ္တဆ မွားယြင္းတီထြင္မိလိုက္ျပီး… ကမာၻေက်ာ္လာတဲ့ အစားအစာ (၇) ခု

မေတာ္တဆ မွားယြင္းတီထြင္မိလိုက္ျပီး... ကမာၻေက်ာ္လာတဲ့ အစားအစာ (၇) ခု
မေတာ္တဆ မွားယြင္းတီထြင္မိလိုက္ျပီး... ကမာၻေက်ာ္လာတဲ့ အစားအစာ (၇) ခု

မေတာ္တဆ မွားယြင္းတီထြင္မိလိုက္ျပီး… ကမာၻေက်ာ္လာတဲ့ အစားအစာ (၇) ခု

အခုတစ္ေခါက္ ေျပာျပေပးသြားမယ့္အေၾကာင္းအရာကေတာ့ မေတာ္တဆ မွားယြင္း တီထြင္မိလိုက္တဲ့ ကမာၻေက်ာ္ အစားအစာေတြပဲ ျဖစ္ပါတယ္။ လူသားေတြရဲ႕ သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အမွားေပါင္းမ်ိဳးစုံ က်ဳးလြန္ခဲ့ၾကၿပီး

အဲဒီထဲက အခုအမွားေတြကေတာ့ အမွားေကာင္းေတြလို႔ပဲ သတ္မွတ္ရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ကိုယ္တိုင္ မသိခဲ့ဘဲ က်ဳးလြန္ခဲ့တဲ့ အမွားေတြက ဘယ္သူ႔ကိုမွ မထိမထိုက္ဘဲ အဲဒီအမွားေတြကေန

အလြန္ အရသာရွိတဲ့ အစားအစာေတြ ျဖစ္လာေစခဲ့လို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္လို အစားအစာေတြက ဘယ္လို အမွားအယြင္းေတြကေန ျဖစ္လာခဲ့သလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။

(၁) ေရခဲေခ်ာင္း (Frank Epperson)

ေရခဲေခ်ာင္းေတြက အခုအခ်ိန္မွာေတာ့ အရသာေပါင္းစုံနဲ႔ အခ်ိန္မေ႐ြး ထုတ္လုပ္လာႏိုင္ခဲ့ၿပီး လူတိုင္း အလြယ္တကူ ဝယ္ယူစားေသာက္ႏိုင္ပါတယ္။ အဲဒီေရခဲေခ်ာင္းေတြကို စတင္ တီထြင္ခဲ့သူကေတာ့ အသက္ ၁၁ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့

ကေလးတစ္ေယာက္သာ ျဖစ္ပါတယ္။ သူ႔ရဲ႕နာမည္ကေတာ့ ဖရန႔္ခ္ အက္ပါဆန္ျဖစ္ၿပီး ၁၉၀၅ ခုႏွစ္မွာ ေရခဲေခ်ာင္းလုပ္နည္းကို အမွတ္မထင္ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲဒီ အသက္ ၁၁ ႏွစ္အ႐ြယ္ကေလးတစ္ေယာက္က တစ္ခုေသာ ညမွာ

ေရနဲ႔သၾကား အခ်ိဳခဲေတြကို ေရာေႏွာၿပီး အလည္မွာ တုတ္တစ္ေခ်ာင္ထည့္ကာ အိမ္အျပင္ဘက္ ပစ္ထားမိခဲ့ပါတယ္။ တစ္ညလုံး ဆီးႏွင္းေတြၾကားထဲ က်န္ရစ္ခဲ့တဲ့ အဲဒီ ေရေတြက မနက္ေရာက္ခ်ိန္မွာ အလြန္ေအးခဲသြားၿပီး ေရခဲေခ်ာင္းတစ္ခု ျဖစ္လာခဲ့ပါတယ္။

အဲဒီ ၁၁ ႏွစ္သားေကာင္ေလးက သူ ေမ့ေမ့ေလ်ာ့ေလ်ာ့ ပစ္ထားခဲ့တဲ့ သၾကားရည္က ျဖစ္လာတဲ့ ေရခဲေတြကို လွ်ာနဲ႔ ေကာက္လ်က္ၾကည့္လိုက္ခ်ိန္မွာေတာ့ သူဘဝမွာ တစ္ႀကိမ္ တစ္ခါမွ မရရွိခဲ့ဖူးတဲ့ အရသာတစ္မ်ိဳးကို ရရွိခဲ့ပါတယ္။ ဒါေၾကာင့္

အဲ့ဒီ ေရခဲေခ်ာင္းက ကမာၻ႔ပထမဆုံး ေရခဲေခ်ာင္းျဖစ္ၿပီး ေနာင္တစ္ခ်ိန္မွာေတာ့ သူ ကိုယ္တိုင္ပဲ အရသာမ်ိဳးစုံ၊ အေရာင္မ်ိဳးစုံနဲ႔ ေရခဲေခ်ာင္းေတြကို ထုတ္လုပ္ ေရာင္းခ်ခဲ့ပါတယ္။

(၂) အာလူးေၾကာ္ (George Crum)

အခုအခ်ိန္မွာေတာ့ လူတိုင္း ႀကိဳက္ႏွစ္သက္တဲ့ အာလူးေၾကာ္အျပားေတြလည္း အမွားအယြင္းတစ္ခုကေန အသစ္ ေတြ႕ရွိခဲ့တဲ့ အစားအစာတစ္မ်ိဳးသာ ျဖစ္ပါတယ္။ ယေန႔ေခတ္ ေဈးကြက္ထဲမွာ ရွိေနတဲ့ ပါးပါးလ်လ် အာလူးေၾကာ္ေတြကို

၁၈၅၃ ခုႏွစ္မွာ ေဂ်ာခ္်ခရမ္ (George Crum) ဆိုတဲ့ အေမရိကန္စားဖိုမႈ​း တစ္ေယာက္ကေန မေတာ္တဆ ေတြ႕ရွိခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက သူက နယူးေယာက္ခ္မွာ ရွိတဲ့ ဟိုတယ္တစ္ခုမွာ စားဖိုမႉးတစ္ေယာက္အျဖစ္ တာဝန္ယူထားတုန္းမွာပဲ

ဟိုတယ္ကို လာစားတဲ့ လူတစ္ေယာက္နဲ႔ ျပႆနာ တက္ခဲ့ပါတယ္။ အဲဒီစားသုံးသူက အျပားလိုက္ လွီးထားတဲ့ အာလူးေၾကာ္တစ္ပြဲကို မွာယူထားသူ တစ္ေယာက္ျဖစ္ၿပီး လာခ်တဲ့ အာလူးေၾကာ္ေတြ လုံးဝ မကြၽတ္ဆတ္လို႔ ပြဲအသစ္တစ္ခုနဲ႔ ျပန္လဲခိုင္းခဲ့ပါတယ္။

အဲဒီအခ်ိန္မွာပဲ ေဂ်ာ့ခ္်ခရမ္က ေနာက္ထပ္ေၾကာ္ရမယ့္ အာလူးေၾကာ္ကို အပါးလ်ဆုံး ျဖစ္ေအာင္ ဓားနဲ႔ ပါးပါး လွီးၿပီး ေၾကာ္လိုက္ခ်ိန္မွာေတာ့ အဲဒီအာလူးေၾကာ္က လတ္ဆတ္ ကြၽတ္ဆက္သြား႐ုံတင္မကဘဲ ေနာင္တစ္ခ်ိန္မွာ

လူႀကိဳက္မ်ားတဲ့ အစားအစာတစ္ခု ျဖစ္လာခဲ့ပါေတာ့တယ္။ သူ႔ရဲ႕ အာလူးေတြကို အပါးလ်ဆုံးျဖစ္ေအာင္ လွီးၿပီး ေၾကာ္တဲ့ပုံစံက တစ္ကမာၻလုံးကို ပ်ံႏွံ႔သြားခဲ့ၿပီး ေနာင္မွာေတာ့ အခု ျမင္ေတြ႕ေနရတဲ့ အာလူးေၾကာ္ ပုံစံေတြအျဖစ္ ေျပာင္းလဲ ေရာက္ရွိသြားခဲ့ပါတယ္။

(၃) ေရခဲမုန႔္ခြက္ (Ice cream cone)

တစ္ခ်ိန္ကေတာ့ ေရခဲမုန႔္ေတြကို အလြယ္တကူ စားႏိုင္ဖို႔ဆို မျဖစ္ႏိုင္တဲ့အရာတစ္ခုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ေရခဲမုန႔္ေတြ ခြက္ေတြ မေပၚေသးတာေၾကာင့္ ေအာက္ကေန စကၠဴစေတြ၊ ဖန္ျပားေတြနဲ႔ သတၳဳစေတြကို ခင္းကာ ခက္ခက္ခဲခဲနဲ႔ကို

စားသုံးလာခဲ့ၾကတာပါ။ ေရခဲမုန႔္ထည့္တဲ့ ခြက္ေတြ ျဖစ္လာခဲ့ပုံကလည္း အမွားအယြင္းတစ္ခုကေန ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ေရခဲမုန႔္ခြက္ ျဖစ္လာတဲ့ ဇာတ္လမ္းကိုေတာ့ အတိအက် သမိုင္းမွတ္တမ္း ေရးထိုးထားျခင္း မရွိခဲ့ေပမယ့္ မုန႔္နဲ႔ ေဝဖာထုတ္လုပ္ေရး စက္႐ုံေတြမွာ

အလုပ္လုပ္ကိုင္ေနတဲ့ လူတစ္ေယာက္ကေနၿပီး ေဝဖာမုန႔္တစ္ခု ထုတ္လုပ္ရာမွာ သူ ထုတ္ရမယ့္ ေဝဖာပုံစံအတိုင္း မထုတ္ခဲ့ဘဲ အမွားမွား အယြင္းယြင္းနဲ႔ ေဝဖာထုတ္လုပ္ရာကေန အခုလို လုံးခြၽန္တဲ့ ပုံသ႑ာန္ရွိတဲ့ ေရခဲမုန႔္ခြက္ေတြ ျဖစ္လာတယ္လို႔ သိရပါတယ္။

(၄) ကိုကာကိုလာ

ယေန႔အခ်ိန္မွာေတာ့ ကုတ္လို႔ ေခၚတဲ့ ကိုကာကိုလာကို အခ်ိဳရည္အျဖစ္နဲ႔သာ တစ္ကမာၻလုံး ေသာက္သုံး ေရာင္းခ်ေနၾကေပမယ့္ တစ္ခ်ိန္ကေတာ့ ကိုကာကိုလာကို ဒဏ္ရာအနာတရ ျဖစ္သူေတြကို သက္သာလာေစမယ့္ ေဆးဝါးတစ္ခုအျဖစ္ ေရာင္းခ်ဖို႔

ရည္႐ြယ္ထားခဲ့တာပဲ ျဖစ္ပါတယ္။ ကိုကာကိုလာ အခ်ိဳရည္ေတြကို ပထမဆုံး စတီထြင္တဲ့သူက ဂြၽန္ ပန္ဘာတြန္ (John Pemberton) ဆိုတဲ့ စ.စ္မႈထမ္းေဟာင္း တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူက စစ္ပြဲအတြင္းမွာ ဒဏ္ရာေတြရရွိလာတာေၾကာင့္ ေနာက္တန္းကို ျပန္လာခဲ့ခ်ိန္မွာေတာ့

ဒဏ္ရာေတြကေန သက္သာေစမယ့္ ေမာ္ဖင္းကို အင္မတန္ စြဲလမ္းေနသူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ သူက ေမာ္ဖင္းအစားထိုး ေဆးတစ္မ်ိဳးကို ေဖာ္ထုတ္ဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာေတာ့ ကိုကာကိုလာ အခ်ိဳရည္ေတြ ျဖစ္လာမယ့္

ပထမဆုံး ေဖာ္ျမဴလာကို တြက္ခ်က္ ရရွိလာခဲ့ပါတယ္။ အဲဒီ ေဖာ္ျမဴလာအရေတာ့ ကိုကာကိုလာထဲမွာ ကိုကင္းဓာတ္ အနည္းငယ္ကို ထည့္သြင္းကာ ခ်က္လုပ္မွာျဖစ္ၿပီး ဒဏ္ရာေတြကို သက္သာလာေစဖို႔နဲ႔ စိတ္ၿငိမ္ေစဖို႔အတြက္သာ မူလက ရည္႐ြယ္ထားခဲ့တာပါ။

၁၈၈၇ ခုႏွစ္မွာေတာ့ ေအစပ္ ကန္ဒဲလာ (Asa Candler) ဆိုတဲ့ စီးပြားေရးသမားတစ္ေယာက္ ေရာက္ရွိလာခဲ့ၿပီး သူလုပ္ကိုင္ေနတဲ့ ကိုကာကိုလာ ေဖာ္ျမဴလာေတြကို ေဒၚလာ ၂,၃၀၀ နဲ႔ ဝယ္ယူသြားခဲ့ပါတယ္။ သူ႔လက္ထက္ အေရာက္မွာေတာ့

တစ္ခ်ိန္က ေဆးဝါးတစ္ခုအျဖစ္နဲ႔သာ ထုတ္လုပ္ဖို႔ရည္႐ြယ္ထားတဲ့ ကိုကာကိုလာေတြက လူေတြၾကားမွာ ထင္ရွားလာတဲ့ အခ်ိဳရည္အမွတ္တံဆိပ္တစ္ခု ျဖစ္လာခဲ့ပါေတာ့တယ္။

(၅) ဘီယာ

ဘီယာကို ဘယ္လူမ်ိဳးေတြက ပထမဆုံး စတင္ ေတြ႕ရွိခဲ့သလဲဆိုတာ တိက်တဲ့ အေထာက္အထားေတြ မရွိခဲ့ေပမယ့္ ကမာၻမွာ ဘီယာလို႔ သတ္မွတ္လို႔ရႏိုင္တဲ့ အေဖ်ာ္ယာမကာတစ္မ်ိဳးကို အေစာဆုံး မွတ္တမ္းတင္ ေတြ႕ရွိခဲ့တာကေတာ့

အီဂ်စ္ေခတ္နဲ႔ မက္ဆိုပိုေတးနီးယားေခတ္မွာပဲ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁,၀၀၀ ေက်ာ္ေလာက္ကတည္းက ဘီယာေတြက စတင္ ေပၚေပါက္လာခဲ့တယ္လို႔ မွတ္တမ္းေတြအရ သိရပါတယ္။ မက္ဆိုပိုေတးနီးယား ေဒသက လူမ်ိဳးေတြက ေပါင္မုန႔္ျပဳလုပ္ဖို႔အတြက္

ဂ်ဳံ၊ စပါးေတြကို အေရအတြက္ မ်ားမ်ား သိုေလွာင္ထားေလ့ ရွိၾကပါတယ္။ ဒီလို သိုေလွာင္ထားတဲ့ ေနရာမွာလည္း အလ်င္မီေအာင္ လုပ္ေဆာင္ႏိုင္ျခင္း မရွိတာေၾကာင့္ ဂ်ဳံေတြ၊ စပါးေတြက မၾကာခဏ စိုထိုင္းသြားၿပီး အခ်ဥ္ ေဖာက္လာခဲ့ပါေတာ့တယ္။

အဲဒီ ဂ်ဳံေတြ၊ စပါးေတြက ထြက္ရွိလာတဲ့ အခ်ဥ္ေဖာက္ျခင္း၊ ကေဇာ္ေဖာက္ျခင္းေတြက လူသားေတြ ပထမဆုံး ရွာေဖြ ေတြ႕ရွိခဲ့တဲ့ ဘီယာရဲ႕ ပထမဆုံးမ်ိဳးဆက္တစ္ခုသာ ျဖစ္ၿပီး အမွတ္မထင္ မေတာ္တဆအျဖစ္နဲ႔ ေတြ႕ရွိခဲ့ရတယ္လို႔ သမိုင္းမွတ္တမ္းေတြမွာ ေရးထိုးထားခဲ့ပါတယ္။

(၆) တို႔ဟူး( tofu)

ျမန္မာႏိုင္ငံနဲ႔ မစိမ္းတဲ့ တို႔ဟူးရဲ႕ နာမည္အရင္းကေတာ့ တ႐ု.တ္ဘာသာစကား တို႔ဖူ (Tofu) ကေန ဆင္းသက္လာတာပါ။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ေလာက္ကတည္းက တို႔ဟူးေတြကို တ႐ု.တ္ႏိုင္ငံမွာ အစဥ္အဆက္

စားသုံးလာခဲ့ၾကတယ္လို႔ သိရပါတယ္။ တို႔ဟူး ျဖစ္ေပၚလာခဲ့ျခင္း ဇာတ္လမ္းေတြက တ႐ု.တ္ႏိုင္ငံ အတြင္းမွာလည္း တစ္ေက်ာင္းတစ္ဂါထာ၊ တစ္႐ြာ တစ္ပုဒ္ဆန္း ဆိုသလို ေဒသအလိုက္ ဇာတ္လမ္းမ်ိဳးစုံ ကြဲျပားေနၾကပါတယ္။

မူရင္းလို႔ သတ္မွတ္ထားၾကတဲ့ တို႔ဟူးျဖစ္ေပၚလာပုံ ဇာတ္လမ္းထဲမွာေတာ့ လူေတြ စားဖို႔အတြက္ ခ်က္ထားတဲ့ ပဲပိစပ္ ဟင္းရည္အိုးထဲကို မသန္႔စင္ရေသးတဲ့ ပင္လယ္ဆားၾကမ္းေတြ မေတာ္တဆ ေရာေႏွာသြားရာက အစ ျဖစ္လာခဲ့တယ္လို႔

ဆိုပါတယ္။ အဲဒီ ဆားၾကမ္းေတြက ပင္လယ္ထဲက ရရွိလာတဲ့ အၾကမ္းထည္ဆားေတြသာ ျဖစ္ၿပီး ကယ္ဆီယမ္ဓာတ္နဲ႔ မဂၢနီဆီယမ္ဓာတ္ေတြ ပါဝင္ပါတယ္။ အဲဒီဆားေတြေၾကာင့္ ပဲပိစပ္ ဟင္းအိုးႀကီးတစ္ခုလုံး ပ်က္သြားခဲ့ကာ ဂ်ယ္လ္လိုမ်ိဳး အဆီပ်စ္ေတြအျဖစ္

ေျပာင္းလဲသြားခဲ့ရာက အစ တို႔ဟူး ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ထပ္ ဇာတ္လမ္းတစ္ပုဒ္မွာေတာ့ တ႐ု.တ္စားဖိုမႉးတစ္ေယာက္ကေနၿပီး ပဲပိစပ္အိုးထဲကို နဂါရီ ( nigari ) လို႔ေခၚတဲ့ အရာဝတၳဳေတြကို မွားမွားယြင္းယြင္းနဲ႔ ထည့္မိသြားရာက အစ ဟင္းအိုးတစ္အိုးလုံး

အခ်ဥ္ေဖာက္သြားကာ တို႔ဟူး ျဖစ္လာတယ္လို႔လည္း သိရပါတယ္။ ဇာတ္လမ္းႏွစ္ပုဒ္စလုံးက တို႔ဟူးရယ္လို႔ ရည္႐ြယ္ၿပီး ျပဳလုပ္ခဲ့ၾကတာမဟုတ္ဘဲ အမွတ္မထင္ မေတာ္တဆကေန ျဖစ္လာတဲ့ အမွားအယြင္းေတြကေန တို႔ဟူး ျဖစ္လာခဲ့ပါတယ္။

(၇) ရွန္ပိန္

ရွန္ပိန္ေတြကလည္း ဘယ္သူက စၿပီး တီထြင္လိုက္မွန္း မသိဘဲ ေပၚထြက္လာခဲ့တဲ့ အေဖ်ာ္ယာမကာ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ မွတ္တမ္းေတြအရေတာ့ ၁၄၉၀ တစ္ဝိုက္မွာ ရွန္ပိန္ေတြ စတင္ ေပၚေပါက္လာခဲ့တယ္လို႔ သိရပါတယ္။ ရွန္ပိန္ေတြကလည္း အမွားအယြင္းတစ္ခုကေန

ျဖစ္လာခဲ့တဲ့ ထုတ္ကုန္တစ္ခုအျဖစ္ သတ္မွတ္ထားၾကပါတယ္။ ဝိုင္ထုတ္လုပ္သူေတြက အေရာင္မပါတဲ့ ပလိန္းဝိုင္တစ္ခုကို ထုတ္လုပ္ဖို႔ စီစဥ္ခဲ့ၾကရာက ရွန္ပိန္လို႔ ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ရွန္ပိန္ေတြရဲ႕ အမွတ္သေကၤတ တစ္ခုျဖစ္တဲ့

ကာဘြန္ဒိုင္ေအာက္ဆိုက္ အျမႇဳပ္ေတြကေတာ့ ကေစာ္ေဖာက္စဥ္ အခ်ိန္မွာႀကဳံေတြ႕ခဲ့ရတဲ့ ေဆာင္းရာသီေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။ အစတုန္းကေတာ့ ရွန္ပိန္ေတြထဲမွာ ပါဝင္တဲ့ ေရျမႇဳပ္ေတြက ပုလင္းေတြကို ကြဲထြက္သြားေအာင္အထိ

အင္မတန္ အင္အား ျပင္းထန္လြန္းခဲ့ၿပီး ေနာက္ပိုင္းမွသာ အဆင့္ဆင့္ျပဳျပင္ ေျပာင္းလဲမႈေတြ လုပ္ၿပီးမွ အခုလို ရွန္ပိန္လို႔ ေခၚတဲ့ အေဖ်ာ္ယာမကာ တစ္ခုအျဖစ္ကို ေရာက္ရွိသြားလာခဲ့တာပဲ ျဖစ္ပါတယ္။

ခရက္ဒစ္#Shwe Nyan Shin#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မတော်တဆ မှားယွင်းတီထွင်မိလိုက်ပြီး… ကမ္ဘာကျော်လာတဲ့ အစားအစာ (၇) ခု

အခုတစ်ခေါက် ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ မတော်တဆ မှားယွင်း တီထွင်မိလိုက်တဲ့ ကမ္ဘာကျော် အစားအစာတွေပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ အမှားပေါင်းမျိုးစုံ ကျုးလွန်ခဲ့ကြပြီး

အဲဒီထဲက အခုအမှားတွေကတော့ အမှားကောင်းတွေလို့ပဲ သတ်မှတ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် မသိခဲ့ဘဲ ကျုးလွန်ခဲ့တဲ့ အမှားတွေက ဘယ်သူ့ကိုမှ မထိမထိုက်ဘဲ အဲဒီအမှားတွေကနေ

အလွန် အရသာရှိတဲ့ အစားအစာတွေ ဖြစ်လာစေခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လို အစားအစာတွေက ဘယ်လို အမှားအယွင်းတွေကနေ ဖြစ်လာခဲ့သလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) ရေခဲချောင်း (Frank Epperson)

ရေခဲချောင်းတွေက အခုအချိန်မှာတော့ အရသာပေါင်းစုံနဲ့ အချိန်မရွေး ထုတ်လုပ်လာနိုင်ခဲ့ပြီး လူတိုင်း အလွယ်တကူ ဝယ်ယူစားသောက်နိုင်ပါတယ်။ အဲဒီရေခဲချောင်းတွေကို စတင် တီထွင်ခဲ့သူကတော့ အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့

ကလေးတစ်ယောက်သာ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကတော့ ဖရန့်ခ် အက်ပါဆန်ဖြစ်ပြီး ၁၉၀၅ ခုနှစ်မှာ ရေခဲချောင်းလုပ်နည်းကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ အသက် ၁၁ နှစ်အရွယ်ကလေးတစ်ယောက်က တစ်ခုသော ညမှာ

ရေနဲ့သကြား အချိုခဲတွေကို ရောနှောပြီး အလည်မှာ တုတ်တစ်ချောင်ထည့်ကာ အိမ်အပြင်ဘက် ပစ်ထားမိခဲ့ပါတယ်။ တစ်ညလုံး ဆီးနှင်းတွေကြားထဲ ကျန်ရစ်ခဲ့တဲ့ အဲဒီ ရေတွေက မနက်ရောက်ချိန်မှာ အလွန်အေးခဲသွားပြီး ရေခဲချောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲဒီ ၁၁ နှစ်သားကောင်လေးက သူ မေ့မေ့လျော့လျော့ ပစ်ထားခဲ့တဲ့ သကြားရည်က ဖြစ်လာတဲ့ ရေခဲတွေကို လျှာနဲ့ ကောက်လျက်ကြည့်လိုက်ချိန်မှာတော့ သူဘဝမှာ တစ်ကြိမ် တစ်ခါမှ မရရှိခဲ့ဖူးတဲ့ အရသာတစ်မျိုးကို ရရှိခဲ့ပါတယ်။ ဒါကြောင့်

အဲ့ဒီ ရေခဲချောင်းက ကမ္ဘာ့ပထမဆုံး ရေခဲချောင်းဖြစ်ပြီး နောင်တစ်ချိန်မှာတော့ သူ ကိုယ်တိုင်ပဲ အရသာမျိုးစုံ၊ အရောင်မျိုးစုံနဲ့ ရေခဲချောင်းတွေကို ထုတ်လုပ် ရောင်းချခဲ့ပါတယ်။

(၂) အာလူးကြော် (George Crum)

အခုအချိန်မှာတော့ လူတိုင်း ကြိုက်နှစ်သက်တဲ့ အာလူးကြော်အပြားတွေလည်း အမှားအယွင်းတစ်ခုကနေ အသစ် တွေ့ရှိခဲ့တဲ့ အစားအစာတစ်မျိုးသာ ဖြစ်ပါတယ်။ ယနေ့ခေတ် ဈေးကွက်ထဲမှာ ရှိနေတဲ့ ပါးပါးလျလျ အာလူးကြော်တွေကို

၁၈၅၃ ခုနှစ်မှာ ဂျောခ်ျခရမ် (George Crum) ဆိုတဲ့ အမေရိကန်စားဖိုမှုး တစ်ယောက်ကနေ မတော်တဆ တွေ့ရှိခဲ့တာပါ။ အဲဒီအချိန်တုန်းက သူက နယူးယောက်ခ်မှာ ရှိတဲ့ ဟိုတယ်တစ်ခုမှာ စားဖိုမှူးတစ်ယောက်အဖြစ် တာဝန်ယူထားတုန်းမှာပဲ

ဟိုတယ်ကို လာစားတဲ့ လူတစ်ယောက်နဲ့ ပြဿနာ တက်ခဲ့ပါတယ်။ အဲဒီစားသုံးသူက အပြားလိုက် လှီးထားတဲ့ အာလူးကြော်တစ်ပွဲကို မှာယူထားသူ တစ်ယောက်ဖြစ်ပြီး လာချတဲ့ အာလူးကြော်တွေ လုံးဝ မကျွတ်ဆတ်လို့ ပွဲအသစ်တစ်ခုနဲ့ ပြန်လဲခိုင်းခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ဂျော့ခ်ျခရမ်က နောက်ထပ်ကြော်ရမယ့် အာလူးကြော်ကို အပါးလျဆုံး ဖြစ်အောင် ဓားနဲ့ ပါးပါး လှီးပြီး ကြော်လိုက်ချိန်မှာတော့ အဲဒီအာလူးကြော်က လတ်ဆတ် ကျွတ်ဆက်သွားရုံတင်မကဘဲ နောင်တစ်ချိန်မှာ

လူကြိုက်များတဲ့ အစားအစာတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ သူ့ရဲ့ အာလူးတွေကို အပါးလျဆုံးဖြစ်အောင် လှီးပြီး ကြော်တဲ့ပုံစံက တစ်ကမ္ဘာလုံးကို ပျံနှံ့သွားခဲ့ပြီး နောင်မှာတော့ အခု မြင်တွေ့နေရတဲ့ အာလူးကြော် ပုံစံတွေအဖြစ် ပြောင်းလဲ ရောက်ရှိသွားခဲ့ပါတယ်။

(၃) ရေခဲမုန့်ခွက် (Ice cream cone)

တစ်ချိန်ကတော့ ရေခဲမုန့်တွေကို အလွယ်တကူ စားနိုင်ဖို့ဆို မဖြစ်နိုင်တဲ့အရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေခဲမုန့်တွေ ခွက်တွေ မပေါ်သေးတာကြောင့် အောက်ကနေ စက္ကူစတွေ၊ ဖန်ပြားတွေနဲ့ သတ္ထုစတွေကို ခင်းကာ ခက်ခက်ခဲခဲနဲ့ကို

စားသုံးလာခဲ့ကြတာပါ။ ရေခဲမုန့်ထည့်တဲ့ ခွက်တွေ ဖြစ်လာခဲ့ပုံကလည်း အမှားအယွင်းတစ်ခုကနေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ရေခဲမုန့်ခွက် ဖြစ်လာတဲ့ ဇာတ်လမ်းကိုတော့ အတိအကျ သမိုင်းမှတ်တမ်း ရေးထိုးထားခြင်း မရှိခဲ့ပေမယ့် မုန့်နဲ့ ဝေဖာထုတ်လုပ်ရေး စက်ရုံတွေမှာ

အလုပ်လုပ်ကိုင်နေတဲ့ လူတစ်ယောက်ကနေပြီး ဝေဖာမုန့်တစ်ခု ထုတ်လုပ်ရာမှာ သူ ထုတ်ရမယ့် ဝေဖာပုံစံအတိုင်း မထုတ်ခဲ့ဘဲ အမှားမှား အယွင်းယွင်းနဲ့ ဝေဖာထုတ်လုပ်ရာကနေ အခုလို လုံးချွန်တဲ့ ပုံသဏ္ဍာန်ရှိတဲ့ ရေခဲမုန့်ခွက်တွေ ဖြစ်လာတယ်လို့ သိရပါတယ်။

(၄) ကိုကာကိုလာ

ယနေ့အချိန်မှာတော့ ကုတ်လို့ ခေါ်တဲ့ ကိုကာကိုလာကို အချိုရည်အဖြစ်နဲ့သာ တစ်ကမ္ဘာလုံး သောက်သုံး ရောင်းချနေကြပေမယ့် တစ်ချိန်ကတော့ ကိုကာကိုလာကို ဒဏ်ရာအနာတရ ဖြစ်သူတွေကို သက်သာလာစေမယ့် ဆေးဝါးတစ်ခုအဖြစ် ရောင်းချဖို့

ရည်ရွယ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ကိုကာကိုလာ အချိုရည်တွေကို ပထမဆုံး စတီထွင်တဲ့သူက ဂျွန် ပန်ဘာတွန် (John Pemberton) ဆိုတဲ့ စ.စ်မှုထမ်းဟောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူက စစ်ပွဲအတွင်းမှာ ဒဏ်ရာတွေရရှိလာတာကြောင့် နောက်တန်းကို ပြန်လာခဲ့ချိန်မှာတော့

ဒဏ်ရာတွေကနေ သက်သာစေမယ့် မော်ဖင်းကို အင်မတန် စွဲလမ်းနေသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူက မော်ဖင်းအစားထိုး ဆေးတစ်မျိုးကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ချိန်မှာတော့ ကိုကာကိုလာ အချိုရည်တွေ ဖြစ်လာမယ့်

ပထမဆုံး ဖော်မြူလာကို တွက်ချက် ရရှိလာခဲ့ပါတယ်။ အဲဒီ ဖော်မြူလာအရတော့ ကိုကာကိုလာထဲမှာ ကိုကင်းဓာတ် အနည်းငယ်ကို ထည့်သွင်းကာ ချက်လုပ်မှာဖြစ်ပြီး ဒဏ်ရာတွေကို သက်သာလာစေဖို့နဲ့ စိတ်ငြိမ်စေဖို့အတွက်သာ မူလက ရည်ရွယ်ထားခဲ့တာပါ။

၁၈၈၇ ခုနှစ်မှာတော့ အေစပ် ကန်ဒဲလာ (Asa Candler) ဆိုတဲ့ စီးပွားရေးသမားတစ်ယောက် ရောက်ရှိလာခဲ့ပြီး သူလုပ်ကိုင်နေတဲ့ ကိုကာကိုလာ ဖော်မြူလာတွေကို ဒေါ်လာ ၂,၃၀၀ နဲ့ ဝယ်ယူသွားခဲ့ပါတယ်။ သူ့လက်ထက် အရောက်မှာတော့

တစ်ချိန်က ဆေးဝါးတစ်ခုအဖြစ်နဲ့သာ ထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့ ကိုကာကိုလာတွေက လူတွေကြားမှာ ထင်ရှားလာတဲ့ အချိုရည်အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

(၅) ဘီယာ

ဘီယာကို ဘယ်လူမျိုးတွေက ပထမဆုံး စတင် တွေ့ရှိခဲ့သလဲဆိုတာ တိကျတဲ့ အထောက်အထားတွေ မရှိခဲ့ပေမယ့် ကမ္ဘာမှာ ဘီယာလို့ သတ်မှတ်လို့ရနိုင်တဲ့ အဖျော်ယာမကာတစ်မျိုးကို အစောဆုံး မှတ်တမ်းတင် တွေ့ရှိခဲ့တာကတော့

အီဂျစ်ခေတ်နဲ့ မက်ဆိုပိုတေးနီးယားခေတ်မှာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ကျော်လောက်ကတည်းက ဘီယာတွေက စတင် ပေါ်ပေါက်လာခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ မက်ဆိုပိုတေးနီးယား ဒေသက လူမျိုးတွေက ပေါင်မုန့်ပြုလုပ်ဖို့အတွက်

ဂျုံ၊ စပါးတွေကို အရေအတွက် များများ သိုလှောင်ထားလေ့ ရှိကြပါတယ်။ ဒီလို သိုလှောင်ထားတဲ့ နေရာမှာလည်း အလျင်မီအောင် လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် ဂျုံတွေ၊ စပါးတွေက မကြာခဏ စိုထိုင်းသွားပြီး အချဉ် ဖောက်လာခဲ့ပါတော့တယ်။

အဲဒီ ဂျုံတွေ၊ စပါးတွေက ထွက်ရှိလာတဲ့ အချဉ်ဖောက်ခြင်း၊ ကဇော်ဖောက်ခြင်းတွေက လူသားတွေ ပထမဆုံး ရှာဖွေ တွေ့ရှိခဲ့တဲ့ ဘီယာရဲ့ ပထမဆုံးမျိုးဆက်တစ်ခုသာ ဖြစ်ပြီး အမှတ်မထင် မတော်တဆအဖြစ်နဲ့ တွေ့ရှိခဲ့ရတယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ရေးထိုးထားခဲ့ပါတယ်။

(၆) တို့ဟူး( tofu)

မြန်မာနိုင်ငံနဲ့ မစိမ်းတဲ့ တို့ဟူးရဲ့ နာမည်အရင်းကတော့ တရု.တ်ဘာသာစကား တို့ဖူ (Tofu) ကနေ ဆင်းသက်လာတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကတည်းက တို့ဟူးတွေကို တရု.တ်နိုင်ငံမှာ အစဉ်အဆက်

စားသုံးလာခဲ့ကြတယ်လို့ သိရပါတယ်။ တို့ဟူး ဖြစ်ပေါ်လာခဲ့ခြင်း ဇာတ်လမ်းတွေက တရု.တ်နိုင်ငံ အတွင်းမှာလည်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ဒေသအလိုက် ဇာတ်လမ်းမျိုးစုံ ကွဲပြားနေကြပါတယ်။

မူရင်းလို့ သတ်မှတ်ထားကြတဲ့ တို့ဟူးဖြစ်ပေါ်လာပုံ ဇာတ်လမ်းထဲမှာတော့ လူတွေ စားဖို့အတွက် ချက်ထားတဲ့ ပဲပိစပ် ဟင်းရည်အိုးထဲကို မသန့်စင်ရသေးတဲ့ ပင်လယ်ဆားကြမ်းတွေ မတော်တဆ ရောနှောသွားရာက အစ ဖြစ်လာခဲ့တယ်လို့

ဆိုပါတယ်။ အဲဒီ ဆားကြမ်းတွေက ပင်လယ်ထဲက ရရှိလာတဲ့ အကြမ်းထည်ဆားတွေသာ ဖြစ်ပြီး ကယ်ဆီယမ်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီဆားတွေကြောင့် ပဲပိစပ် ဟင်းအိုးကြီးတစ်ခုလုံး ပျက်သွားခဲ့ကာ ဂျယ်လ်လိုမျိုး အဆီပျစ်တွေအဖြစ်

ပြောင်းလဲသွားခဲ့ရာက အစ တို့ဟူး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်မှာတော့ တရု.တ်စားဖိုမှူးတစ်ယောက်ကနေပြီး ပဲပိစပ်အိုးထဲကို နဂါရီ ( nigari ) လို့ခေါ်တဲ့ အရာဝတ္ထုတွေကို မှားမှားယွင်းယွင်းနဲ့ ထည့်မိသွားရာက အစ ဟင်းအိုးတစ်အိုးလုံး

အချဉ်ဖောက်သွားကာ တို့ဟူး ဖြစ်လာတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းနှစ်ပုဒ်စလုံးက တို့ဟူးရယ်လို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြတာမဟုတ်ဘဲ အမှတ်မထင် မတော်တဆကနေ ဖြစ်လာတဲ့ အမှားအယွင်းတွေကနေ တို့ဟူး ဖြစ်လာခဲ့ပါတယ်။

(၇) ရှန်ပိန်

ရှန်ပိန်တွေကလည်း ဘယ်သူက စပြီး တီထွင်လိုက်မှန်း မသိဘဲ ပေါ်ထွက်လာခဲ့တဲ့ အဖျော်ယာမကာ တစ်မျိုးပဲ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရတော့ ၁၄၉၀ တစ်ဝိုက်မှာ ရှန်ပိန်တွေ စတင် ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။ ရှန်ပိန်တွေကလည်း အမှားအယွင်းတစ်ခုကနေ

ဖြစ်လာခဲ့တဲ့ ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ဝိုင်ထုတ်လုပ်သူတွေက အရောင်မပါတဲ့ ပလိန်းဝိုင်တစ်ခုကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့ကြရာက ရှန်ပိန်လို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ရှန်ပိန်တွေရဲ့ အမှတ်သင်္ကေတ တစ်ခုဖြစ်တဲ့

ကာဘွန်ဒိုင်အောက်ဆိုက် အမြှုပ်တွေကတော့ ကစော်ဖောက်စဉ် အချိန်မှာကြုံတွေ့ခဲ့ရတဲ့ ဆောင်းရာသီကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အစတုန်းကတော့ ရှန်ပိန်တွေထဲမှာ ပါဝင်တဲ့ ရေမြှုပ်တွေက ပုလင်းတွေကို ကွဲထွက်သွားအောင်အထိ

အင်မတန် အင်အား ပြင်းထန်လွန်းခဲ့ပြီး နောက်ပိုင်းမှသာ အဆင့်ဆင့်ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပြီးမှ အခုလို ရှန်ပိန်လို့ ခေါ်တဲ့ အဖျော်ယာမကာ တစ်ခုအဖြစ်ကို ရောက်ရှိသွားလာခဲ့တာပဲ ဖြစ်ပါတယ်။

ခရက်ဒစ်#Shwe Nyan Shin#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*