ေသြးအရမ္းတိုးတဲ့အခါ (၂) မိနစ္အတြင္း အျမန္ဆံုး သက္သာမယ့္ နည္းလမ္း…

ေသြးအရမ္းတိုးတဲ့အခါ (၂) မိနစ္အတြင္း အျမန္ဆံုး သက္သာမယ့္ နည္းလမ္း...
ေသြးအရမ္းတိုးတဲ့အခါ (၂) မိနစ္အတြင္း အျမန္ဆံုး သက္သာမယ့္ နည္းလမ္း...

ေသြးအရမ္းတိုးတဲ့အခါ (၂) မိနစ္အတြင္း အျမန္ဆံုး သက္သာမယ့္ နည္းလမ္း…

ေသြးတိုးေရာဂါ ရွိတဲ့သူေတြဟာ ေသြးတိုးတဲ့ေဝဒနာကို အခ်ိန္ေနရာမေ႐ြး ခံစားရတတ္ပါတယ္။ အေၾကာင္းေၾကာင္းေၾကာင့္ ႐ုတ္တရက္ ေသြးတိုးလာၿပီး ေသာက္ေနက် ေဆးလည္း အနား မွာ မရွိ၊

ကုသမႈ ခံယူဖို႔လည္း မလြယ္ကူတဲ့ အေျခအေနမ်ိဳးမွာ ေသြးတိုးေဝဒနာကို တစ္မိနစ္အတြင္း သက္သာေပ်ာက္ကင္းေစမယ့္ အေရးေပၚ နည္းလမ္းေလးကို ေဝမွ်လိုက္ရပါတယ္။ တစ္ကယ္ေတာ့

ေသြးတိုးေနလား… မတိုးဘူးလား ဆိုတာ လြယ္လြယ္နဲ႔ သိႏိုင္တဲ့ ကိစၥမဟုတ္ပါဘူး။ အခ်ိဳ႕လူေတြဆိုရင္… ကိုယ့္မွာ ောေသြးတိုးေရာဂါ ရွိေနတယ္ဆိုတာေတာင္ သတိ မထားမိတာမ်ိဳးေတြ ရွိပါတယ္။ ဒါေၾကာင့္မို႔…

ဆရာဝန္ေတြက ေသြးတိုးေရာဂါကိုတိတ္တဆိတ္ လူသ တ္ သမားလို႔ နာမည္ ေပးထား ၾကတာပါ။ ေသြးတို႔ေရာဂါရဲ႕ သက္ေရာက္မႈက တစ္ကယ္ စိုးရိမ္စရာ ေကာင္းပါတယ္။ ဒီေရာဂါဟာ ခ်က္ျခင္းႀကီး ဝုန္းဒိုင္းဆိုၿပီး

ေပၚလာတာမ်ိဳး မဟုတ္ပဲ… တစ္ျဖည္းျဖည္းခ်င္း ဖြဲ႕စည္း ျဖစ္တည္လာတာ ျဖစ္ပါတယ္။ သြးတိုးေရာဂါရဲ႕ လကၡဏာရပ္ ေတြကလည္း အမ်ိဳးမ်ိဳး ရွိပါတယ္။ သိသာ ထင္ရွားတာေတြကေတာ့ ေခါင္းအုံ ေခါင္းကိုက္တာ၊

အျမင္အာ႐ုံ မၾကည္ မလင္တာ၊ နားေတြအူ၊ ရင္ဘတ္ေတြ နာသလို ျဖစ္လာတာေတြ ျဖစ္ပါတယ္။ ေသြးတိုးရာကေန ေလျဖတ္၊ ႏွလုံး ေဖာက္ျပန္ျခင္းနဲ႔ ဦးေႏွာက္ကိုပါ ထိခိုက္ၿပီး အသက္ဆုံးရႈံးတဲ့ထိ ျဖစ္တတ္ပါတယ္။ ဒါေၾကာင္မို႔…

ေသြးတိုး ရွိေနတယ္လို႔ သံသယရွိရင္… ဆရာဝန္နဲ ႔စစ္ေဆးၿပီးေသြးေပါင္ခ်ိန္ မၾကာခဏတိုင္းပါ။ ေသြးတိုးေနခ်ိန္မွာ တစ္မိနစ္အတြင္း သက္သာေစမယ့္ ေဖာ္ျပပါ နည္းလမ္းက အေရးေပၚ ေရွးဦးသူနာျပဳ နည္းလမ္းသာျဖစ္ၿပီး ကုသနည္း မဟုတ္ပါေၾကာင္း ႀကိဳတင္ အသိေပးပါရေစ။

နည္းလမ္း ( ၁ )

ေသြးတိုးေဝဒနာ ခံစားေနရခ်ိန္မွာ လက္ဖဝါး တစ္ဖက္ ျဖန႔္ၿပီး ပုံတြင္ျပထားသည့္ အတိုင္း လက္ခလယ္ရဲ႕ ထိပ္ပိုင္း ေနရာကို ေဘာပင္ထိပ္နဲ႔ တစ္မိနစ္ခန႔္ ဖိေထာက္ထားပါ။ ျပန္လည္ သက္သာလာတာကို ခံစားရပါလိမ့္မယ္။

နည္းလမ္း(၂)

ေျခဖ်ားကို ဆန႔္တန္းလိုက္ၿပီး… ေျခမနဲ႔ ေျခညိဳးၾကားထဲက ေနရာကို လက္ညိဳးနဲ႔ ေထာက္ၿပီး ေအာက္ကို ဖိ ဆြဲခ်ပါ။

ႂကြက္သားဆုံးသြားၿပီး အ႐ိုးကိုစမ္းမိတဲ့ေနရာကို ေဘာပင္ထိပ္ဖ်ားေလးနဲ႔ ၃စကၠန႔္ၾကာ ဖိေထာက္ထားပါ။ အဲဒီေနာက္ ျပန္လႊတ္ၿပီး ၅ စကၠန႔္ နားပါ၊ ဒီလို ဖိလိုက္ နားလိုက္ လုပ္ငန္းစဥ္ ႏွစ္ခုကို၂မိနစ္ခန႔္ လုပ္ေပးရင္လည္း သက္သာေစပါတယ္။

ထပ္မံ၍ သတိေပးပါရေစ… ေဖာ္ျပပါ နည္းဟာ သက္သာေလ်ာ့ပါးေစေသာ နည္းလမ္းသာ ျဖစ္ၿပီး ေသြးတိုးေရာဂါ ကုသတဲ့ နည္းလမ္းမဟုတ္ပါ။

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သွေးအရမ်းတိုးတဲ့အခါ (၂) မိနစ်အတွင်း အမြန်ဆုံး သက်သာမယ့် နည်းလမ်း…

သွေးတိုးရောဂါ ရှိတဲ့သူတွေဟာ သွေးတိုးတဲ့ဝေဒနာကို အချိန်နေရာမရွေး ခံစားရတတ်ပါတယ်။ အကြောင်းကြောင်းကြောင့် ရုတ်တရက် သွေးတိုးလာပြီး သောက်နေကျ ဆေးလည်း အနား မှာ မရှိ၊

ကုသမှု ခံယူဖို့လည်း မလွယ်ကူတဲ့ အခြေအနေမျိုးမှာ သွေးတိုးဝေဒနာကို တစ်မိနစ်အတွင်း သက်သာပျောက်ကင်းစေမယ့် အရေးပေါ် နည်းလမ်းလေးကို ဝေမျှလိုက်ရပါတယ်။ တစ်ကယ်တော့

သွေးတိုးနေလား… မတိုးဘူးလား ဆိုတာ လွယ်လွယ်နဲ့ သိနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ အချို့လူတွေဆိုရင်… ကိုယ့်မှာ ောသွေးတိုးရောဂါ ရှိနေတယ်ဆိုတာတောင် သတိ မထားမိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့…

ဆရာဝန်တွေက သွေးတိုးရောဂါကိုတိတ်တဆိတ် လူသ တ် သမားလို့ နာမည် ပေးထား ကြတာပါ။ သွေးတို့ရောဂါရဲ့ သက်ရောက်မှုက တစ်ကယ် စိုးရိမ်စရာ ကောင်းပါတယ်။ ဒီရောဂါဟာ ချက်ခြင်းကြီး ဝုန်းဒိုင်းဆိုပြီး

ပေါ်လာတာမျိုး မဟုတ်ပဲ… တစ်ဖြည်းဖြည်းချင်း ဖွဲ့စည်း ဖြစ်တည်လာတာ ဖြစ်ပါတယ်။ သွးတိုးရောဂါရဲ့ လက္ခဏာရပ် တွေကလည်း အမျိုးမျိုး ရှိပါတယ်။ သိသာ ထင်ရှားတာတွေကတော့ ခေါင်းအုံ ခေါင်းကိုက်တာ၊

အမြင်အာရုံ မကြည် မလင်တာ၊ နားတွေအူ၊ ရင်ဘတ်တွေ နာသလို ဖြစ်လာတာတွေ ဖြစ်ပါတယ်။ သွေးတိုးရာကနေ လေဖြတ်၊ နှလုံး ဖောက်ပြန်ခြင်းနဲ့ ဦးနှောက်ကိုပါ ထိခိုက်ပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တတ်ပါတယ်။ ဒါကြောင်မို့…

သွေးတိုး ရှိနေတယ်လို့ သံသယရှိရင်… ဆရာဝန်နဲ့စစ်ဆေးပြီးသွေးပေါင်ချိန် မကြာခဏတိုင်းပါ။ သွေးတိုးနေချိန်မှာ တစ်မိနစ်အတွင်း သက်သာစေမယ့် ဖော်ပြပါ နည်းလမ်းက အရေးပေါ် ရှေးဦးသူနာပြု နည်းလမ်းသာဖြစ်ပြီး ကုသနည်း မဟုတ်ပါကြောင်း ကြိုတင် အသိပေးပါရစေ။

နည်းလမ်း ( ၁ )

သွေးတိုးဝေဒနာ ခံစားနေရချိန်မှာ လက်ဖဝါး တစ်ဖက် ဖြန့်ပြီး ပုံတွင်ပြထားသည့် အတိုင်း လက်ခလယ်ရဲ့ ထိပ်ပိုင်း နေရာကို ဘောပင်ထိပ်နဲ့ တစ်မိနစ်ခန့် ဖိထောက်ထားပါ။ ပြန်လည် သက်သာလာတာကို ခံစားရပါလိမ့်မယ်။

နည်းလမ်း(၂)

ခြေဖျားကို ဆန့်တန်းလိုက်ပြီး… ခြေမနဲ့ ခြေညိုးကြားထဲက နေရာကို လက်ညိုးနဲ့ ထောက်ပြီး အောက်ကို ဖိ ဆွဲချပါ။

ကြွက်သားဆုံးသွားပြီး အရိုးကိုစမ်းမိတဲ့နေရာကို ဘောပင်ထိပ်ဖျားလေးနဲ့ ၃စက္ကန့်ကြာ ဖိထောက်ထားပါ။ အဲဒီနောက် ပြန်လွှတ်ပြီး ၅ စက္ကန့် နားပါ၊ ဒီလို ဖိလိုက် နားလိုက် လုပ်ငန်းစဉ် နှစ်ခုကို၂မိနစ်ခန့် လုပ်ပေးရင်လည်း သက်သာစေပါတယ်။

ထပ်မံ၍ သတိပေးပါရစေ… ဖော်ပြပါ နည်းဟာ သက်သာလျော့ပါးစေသော နည်းလမ်းသာ ဖြစ်ပြီး သွေးတိုးရောဂါ ကုသတဲ့ နည်းလမ်းမဟုတ်ပါ။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*