မိန္းမဆိုတာ မေသာက္ဘဲနဲ႔ေတာင္ ၂ပတ္စာေလာက္ ရစ္တာပါဆိုေန…

မိန္းမဆိုတာ မေသာက္ဘဲနဲ႔ေတာင္ ၂ပတ္စာေလာက္ ရစ္တာပါဆိုေန...
မိန္းမဆိုတာ မေသာက္ဘဲနဲ႔ေတာင္ ၂ပတ္စာေလာက္ ရစ္တာပါဆိုေန...

မိန္းမဆိုတာ မေသာက္ဘဲနဲ႔ေတာင္ ၂ပတ္စာေလာက္ ရစ္တာပါဆိုေန…

ကလုန္…!!! ” .ဘာသံလည္း ကို… “ဘာကိုလဲ…” ခုန…”ကလုန္”..ဆိုတဲ့ အသံေလ “ပန္းကန္စင္က ႂကြက္ေတြေနမွာေပါ့” “ဘာႂကြက္မွ မဟုတ္ဘူး..ဖုန္းက msg ဝင္တဲ့အသံ” သိေနတာမ်ား.. ထပ္ေမးေနရေသးတယ္…/

“အဲ့ဒါ ဘာသံလဲလို႔.. ေမးေနတာကို” “msg..ဝင္တဲ့အသံဆို” “သိရဲ႕သားနဲ႔ ဘာလို႔ ျပန္မေျပာတာလဲ” “မင္းလဲ.. သိေနတာပဲကြာ” “ဘယ္သူပို႔တာလဲ” “မသိဘူးေလ..” “မသိပဲနဲ႔ေတာ့ မပို႔ဘူး” က်ဳပ္ကလည္း အက်င့္ျဖစ္ေနၿပီ၊ ညဘက္ဆို ဖုန္းက လိုင္းဖြင့္ရက္ႀကီး အိပ္ေပ်ာ္တာ..

“ခဏေလး..ဖြင့္ၾကည့္လိုက္မယ္ ” “ဖြင့္ၾကည့္လိုက္ရင္.. ရွင္ဖတ္တာ သူျမင္သြားမွာေပါ့” “ဘယ္သူလည္း သိခ်င္တယ္ဆို” “ဘယ္က ေကာင္မေလးလဲ” “ဟမ့္… ဘယ္သူမွန္း မသိပါဘူးဆို” “ဘယ္သူ မွန္း မသိရေအာင္.. ရွင္ ဘယ္ေလာက္ေတာင္ ရႈပ္ထားလည္း”

“ဘယ္သူမွန္းမွ မသိတာကို.. ဘယ္လို ေျပာရမလဲ” “အမွန္အတိုင္း ေျပာေနာ္.. ညာတာ မႀကိဳက္ဘူး” “ေရာ္… ခက္ၿပီ… သူ ဘယ္သူလဲဆိုတာ မၾကည့္ပဲနဲ႔ ဘယ္လို သိမလဲ” “သူ” လို႔ ခု ရွင္ေျပာထဲက.. မိန္းခေလးမွန္း.. ရွင္ သိေနၿပီ”

ငိုၿပီ.. .လူက.. ငိုခ်င္ေနၿပီ.. တေရးႏိုးႀကီး ကို အရစ္ခံေနရတာ.. “ေယာက္်ား မွန္းမသိ.. မိန္းမမွန္း မသိလို႔.. သူ ဆိုၿပီး.. နာမ္စားသုံးတာေလ” “ဘယ္သူ…ဆိုၿပီး..ေရွ႕က.. “ဘယ္”.. ထည့္ေျပာလည္း ရတယ္ေလ”

“ကဲ… အိပ္ပါေတာ့.. မိန္းမရယ္.. ၾကည့္ေပးမယ္ဆိုေတာ့လည္း.. မဟုတ္ရဘူး.. ညဥ့္လည္း နက္ေနပါၿပီကြာ.. အိပ္ေတာ့ေနာ္” “ကြၽန္မ..အိပ္ေပ်ာ္သြားရင္.. ရွင္ စာျပန္ပို႔မယ္ မို႔လား” “မပို႔ပါဘူး.. ၾကာ” ေျပာရင္း..အာကေျခာက္လာလို႔.. ေရထေသာက္မယ္ လုပ္ေတာ့…

“ဘာလို႔ ေရထေသာက္မွာလဲ” “ေရဆာလို႔ေလ” “ညာတာ သိမွာဆိုးလို႔ ရင္ပူေနတာ မိုလား” ငင့္… “မဟုတ္ပါဘူးကြာ.. တကယ္ ေရငတ္လာလို႔ပါ..။ ဟူး” “သက္ပ်င္းေတြေတာင္ခ်ေနတယ္.. ဆိုထဲက.. သိသာ တယ္”

“အင္း… အင္း.. အဲ့တာဆိုလည္း.. မေသာက္ေတာ့ဘူး.. ဟလား” “အရင္ ညေတြက ေရမေသာက္ပါဘူး” “အိပ္ေပ်ာ္ေနတာေလကြာ.. ဘယ္လို ေသာက္မလဲ” “ဒါဆို.. ခုညက မအိပ္ပဲနဲ႔ အဲ့ဒိ.. msg.. ေစာင့္ေန တာေပါ့”

“ဟာ…မဟုတ္ပါဘူး ကြာ.. မင္းႏႈိးေမးလို႔ ႏိုးလာတာေလ” ဒီပုံ အတိုင္းဆို မိုးလင္းတဲ့ အထိ ရွင္းလို႔ၿပီးမွာ မဟုတ္ေတာ့ဘူး.. “ကဲၾကည့္… ေရာ့” “မၾကည့္ခ်င္ပါဘူး.. ရွင္ေဖာက္ျပန္ထားတဲ့ ဟာေတြ” “ေသခ်ာလည္း ၾကည့္ဦး.. ရမ္းသမ္း ေျပာမေနနဲ႔” ဖတ္လည္းၾကည့္ၿပီးေရာ..

“က်မ က ရွင့္ကို ခ်စ္လို႔ သဝန္တိုတာပါ” “အမ္းပါ… ေယာက္က်ားလည္းခ်စ္တယ္ ေနာက္တခါ တေရးႏိုးႀကီးေတာ့ မရစ္နဲ႔ေတာ့ေနာ္… အိပ္ေတာ့.. ဟုတ္ၿပီလား..” “ဟုတ္…. အရမ္းခ်စ္တယ္ေနာ္… အာဘြား”

အဲ့ဒိေန႔တည္းက.. ညဆို ဖုန္းပိတ္ၿပီးမွ အိပ္ေတာ့တယ္.. သူ႔ေျပာေနရတာနဲ႔.. မ်က္လုံးကက်ယ္ၿပီး.. အိပၼေရတာ့လို႔.. msg.. ပို႔တဲ့လူကို.. တညလုံး ထိုင္ဆဲ ေနလိုက္တယ္.. massage.. ကို ဘယ္သူ ပို႔တာထင္လဲ…?

ဟိုမသာ ေအာ္ပေရတာေလ.. ဖုန္းေငြလက္က်န္ နည္းေနလို႔တဲ့.. ဖလူးမ အမ္ပီတီ။credit…

Unicode

မိန်းမဆိုတာ မသောက်ဘဲနဲ့တောင် ၂ပတ်စာလောက် ရစ်တာပါဆိုနေ…

ကလုန်…!!! ” .ဘာသံလည်း ကို… “ဘာကိုလဲ…” ခုန…”ကလုန်”..ဆိုတဲ့ အသံလေ “ပန်းကန်စင်က ကြွက်တွေနေမှာပေါ့” “ဘာကြွက်မှ မဟုတ်ဘူး..ဖုန်းက msg ဝင်တဲ့အသံ” သိနေတာများ.. ထပ်မေးနေရသေးတယ်…/

“အဲ့ဒါ ဘာသံလဲလို့.. မေးနေတာကို” “msg..ဝင်တဲ့အသံဆို” “သိရဲ့သားနဲ့ ဘာလို့ ပြန်မပြောတာလဲ” “မင်းလဲ.. သိနေတာပဲကွာ” “ဘယ်သူပို့တာလဲ” “မသိဘူးလေ..” “မသိပဲနဲ့တော့ မပို့ဘူး” ကျုပ်ကလည်း အကျင့်ဖြစ်နေပြီ၊ ညဘက်ဆို ဖုန်းက လိုင်းဖွင့်ရက်ကြီး အိပ်ပျော်တာ..

“ခဏလေး..ဖွင့်ကြည့်လိုက်မယ် ” “ဖွင့်ကြည့်လိုက်ရင်.. ရှင်ဖတ်တာ သူမြင်သွားမှာပေါ့” “ဘယ်သူလည်း သိချင်တယ်ဆို” “ဘယ်က ကောင်မလေးလဲ” “ဟမ့်… ဘယ်သူမှန်း မသိပါဘူးဆို” “ဘယ်သူ မှန်း မသိရအောင်.. ရှင် ဘယ်လောက်တောင် ရှုပ်ထားလည်း”

“ဘယ်သူမှန်းမှ မသိတာကို.. ဘယ်လို ပြောရမလဲ” “အမှန်အတိုင်း ပြောနော်.. ညာတာ မကြိုက်ဘူး” “ရော်… ခက်ပြီ… သူ ဘယ်သူလဲဆိုတာ မကြည့်ပဲနဲ့ ဘယ်လို သိမလဲ” “သူ” လို့ ခု ရှင်ပြောထဲက.. မိန်းခလေးမှန်း.. ရှင် သိနေပြီ”

ငိုပြီ.. .လူက.. ငိုချင်နေပြီ.. တရေးနိုးကြီး ကို အရစ်ခံနေရတာ.. “ယောက်ျား မှန်းမသိ.. မိန်းမမှန်း မသိလို့.. သူ ဆိုပြီး.. နာမ်စားသုံးတာလေ” “ဘယ်သူ…ဆိုပြီး..ရှေ့က.. “ဘယ်”.. ထည့်ပြောလည်း ရတယ်လေ”

“ကဲ… အိပ်ပါတော့.. မိန်းမရယ်.. ကြည့်ပေးမယ်ဆိုတော့လည်း.. မဟုတ်ရဘူး.. ညဉ့်လည်း နက်နေပါပြီကွာ.. အိပ်တော့နော်” “ကျွန်မ..အိပ်ပျော်သွားရင်.. ရှင် စာပြန်ပို့မယ် မို့လား” “မပို့ပါဘူး.. ကြာ” ပြောရင်း..အာကခြောက်လာလို့.. ရေထသောက်မယ် လုပ်တော့…

“ဘာလို့ ရေထသောက်မှာလဲ” “ရေဆာလို့လေ” “ညာတာ သိမှာဆိုးလို့ ရင်ပူနေတာ မိုလား” ငင့်… “မဟုတ်ပါဘူးကွာ.. တကယ် ရေငတ်လာလို့ပါ..။ ဟူး” “သက်ပျင်းတွေတောင်ချနေတယ်.. ဆိုထဲက.. သိသာ တယ်”

“အင်း… အင်း.. အဲ့တာဆိုလည်း.. မသောက်တော့ဘူး.. ဟလား” “အရင် ညတွေက ရေမသောက်ပါဘူး” “အိပ်ပျော်နေတာလေကွာ.. ဘယ်လို သောက်မလဲ” “ဒါဆို.. ခုညက မအိပ်ပဲနဲ့ အဲ့ဒိ.. msg.. စောင့်နေ တာပေါ့”

“ဟာ…မဟုတ်ပါဘူး ကွာ.. မင်းနှိုးမေးလို့ နိုးလာတာလေ” ဒီပုံ အတိုင်းဆို မိုးလင်းတဲ့ အထိ ရှင်းလို့ပြီးမှာ မဟုတ်တော့ဘူး.. “ကဲကြည့်… ရော့” “မကြည့်ချင်ပါဘူး.. ရှင်ဖောက်ပြန်ထားတဲ့ ဟာတွေ” “သေချာလည်း ကြည့်ဦး.. ရမ်းသမ်း ပြောမနေနဲ့” ဖတ်လည်းကြည့်ပြီးရော..

“ကျမ က ရှင့်ကို ချစ်လို့ သဝန်တိုတာပါ” “အမ်းပါ… ယောက်ကျားလည်းချစ်တယ် နောက်တခါ တရေးနိုးကြီးတော့ မရစ်နဲ့တော့နော်… အိပ်တော့.. ဟုတ်ပြီလား..” “ဟုတ်…. အရမ်းချစ်တယ်နော်… အာဘွား”

အဲ့ဒိနေ့တည်းက.. ညဆို ဖုန်းပိတ်ပြီးမှ အိပ်တော့တယ်.. သူ့ပြောနေရတာနဲ့.. မျက်လုံးကကျယ်ပြီး.. အိပ္မရေတာ့လို့.. msg.. ပို့တဲ့လူကို.. တညလုံး ထိုင်ဆဲ နေလိုက်တယ်.. massage.. ကို ဘယ်သူ ပို့တာထင်လဲ…?

ဟိုမသာ အော်ပရေတာလေ.. ဖုန်းငွေလက်ကျန် နည်းနေလို့တဲ့.. ဖလူးမ အမ်ပီတီ။credit…

Be the first to comment

Leave a Reply

Your email address will not be published.


*