





(၁) ဝန်ထမ်းလုပ်သူ










(၁) လုပ်ငန်းရှင်












Unicode

ငွေရဲ့ ခိုင်းစေခြင်းကို ခံရသောသူ နှင့် ငွေကို ခိုင်းစေနိုင်သောသူ…(အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်)

လူ့ဘဝကြီးမှာ ငွေ နဲ့ ပက်သတ်နေသောသူ ၂ မျိုးသာရှိပါတယ်။ (၁) ငွေ ရဲ့ ခိုင်းစေခြင်းကိုခံရသောသူ၊ (၂) ငွေ ကို ခိုင်းစေနိုင်သောသူ ဆိုပြီး ၂ မျိုးသာရှိပါတယ်။

ငွေရဲ့ခိုင်းစေခြင်းကိုခံရသောသူဆိုတဲ့အထဲမှာ မှ လူ ၂ မျိုးရှိပါတယ်။ (၁) ဝန်ထမ်းလုပ်သူ၊ (၂) အသေးစားကိုယ်ပိုင်လုပ်ငန်းပိုင်သူ

ဝန်ထမ်းနဲ့ အသေးစားလုပ်ငန်းပိုင်ဆိုင်သူဆိုတာ မိမိရဲ့ကျွမ်းကျင်မှု တစ်ခုကို ရင်းနှီးရပါတယ်။

(၁) ဝန်ထမ်းလုပ်သူ

ဝန်ထမ်း ကို အဓိပ္ပာယ်ဖွင့်ဆိုရရင်… လုပ်အားခ ယူ မိမိစွမ်းရည်ကို အလုပ်အကျွေးပြုနေရသူတိုင်းကိုဆိုလိုပါတယ်။

သူတို့မှာ ကိုယ်ပိုင်အချိန် မရှိဘူး။ သူတို့မှာ မိမိကိုယ်ကိုယ် လုံခြုံမှုရှိတယ်ဆိုတဲ့ ခံစားချက်တော့ရှိတယ်။ အားနည်းချက်ကတော့ ကိုယ့်ဘဝကိုယ် မပိုင်တာပါပဲ။

မနက်ဖန်အလုပ်ထွက်ရင် မနက်ဖန် ဝင်ငွေ မရှိပါဘူး။ ဝင်ငွေ ဆိုတာ အလုပ်ရှင်ပေါ် မူတည်နေလို့ မိမိဘဝကို စိတ်ကြိုက် မစီမံရဲဘူး။ ကြောက်ရွံ့မှုထဲမှာ နေနေရတယ်။

(၂) အသေးစားကိုယ်ပိုင်လုပ်ငန်းပိုင်သူ

အသေးစား လုပ်ငန်းပိုင်ဆိုင်သူဆိုတာက… ဆိုင်ဖွင့်ဈေးရောင်းသူ၊ ဆေးခန်းထိုင်သူ၊ ကျောင်းစာသင်သူ၊ အင်ဂျင်နီယာလုပ်သူ တွေကို ဆိုလိုပါတယ်။

သူတို့မှာ လည်း ကိုယ်ပိုင်အချိန်မရှိပါဘူး။ ကိုယ်ပိုင် လုပ်ငန်း လို့ထင်ရပေမယ့် ထိုလုပ်ငန်းတွေမှာ သူမပါပဲ ရှေ့ဆက်လို့ မရတဲ့အတွက် သူမပါရင် မပြီးပါဘူး။

ဉပမာ… ဆရာဝန်တစ်ယောက်က လူနာကို သူမအားလို့ သူ့မိန်းမကို ဆေးထိုးခိုင်းလို့ မရပါဘူး။ အားနည်းချက်ကတော့ ကိုယ့်အချိန် ကိုယ်မပိုင်တာပါပဲ။

မနက်ဖန် အလုပ်ပိတ်ရင် မနက်ဖန် ဝင်ငွေမရပါဘူး။ ဝင်ငွေဆိုတာ သူ့ အလုပ်လုပ်ချိန်ပေါ်မူတည်နေလို့ မိမိလွတ်လပ်ခွင့် ကို မိမိမပိုင်ဆိုင်ပါဘူး။ စိတ်ဖိဆီးမှုထဲမှာ နေနေရတယ်။

ငွေကိုခိုင်းစေနိုင်သောသူ အထဲမှာ မှ လူ ၂ မျိုး ရှိပါတယ်။ (၁) လုပ်ငန်းရှင်၊ (၂) ရင်းနှီးမြုပ်နှံသောသူ။

(၁) လုပ်ငန်းရှင်

လုပ်ငန်းရှင်တွေရဲ့အဓိကအရင်းအနှီးက system ပါပဲ။ လုပ်ငန်းရှင်တွေဆိုတာ ဝန်ထမ်းပေါင်းရာချီနဲ့ အလုပ်လုပ်နေကြသူတွေပါပဲ။ သူတို့လုပ်ငန်းထဲမှာ အတက်ပညာ ကျွမ်းကျင်မှုရှိသူများကို သူတို့အတွက် အလုပ် လုပ်ခိုင်းထားပါတယ်။

လုပ်ငန်းရှင်တွေရဲ့ အားသာချက်က system တစ်ခုထဲမှာ သူ့လုပ်ငန်းကို အလိုအလျှောက်လည်ပက်နေစေတာပါပဲ။ တကယ့်လုပ်ငန်းရှင် စစ်မစစ် သိချင်ရင် ထိုလုပ်ငန်းရှင် သူ့အလုပ်တွေကို ပစ်ထားပြီး ကမ္ဘာပက်နေလို့ ရမရ ကြည့်ရင် သိနိုင်ပါတယ်။

လုပ်ငန်း system ထဲကို ကိုယ်တိုင် ဝင်ပါနေရသေးသမျှ လုပ်ငန်းရှင်ဘဝကို မကူးပြောင်းနိုင်သေးပါဘူး။ လုပ်ငန်းရှင်တွေအတွက် ဝင်ငွေဆိုတာ

system လည်ပက်မှုကရနေတာဖြစ်လို့ သူ့မှာ ကိုယ်ပိုင်အချိန် လွတ်လပ်ခွင့် အပြည့် ရှိပါတယ်။ Time_Financial_Lifestyle_freedom ရနေသူများဖြစ်ပါတယ်။

(၂) ရင်းနှီးမြုပ်နှံသောသူ

ရင်းနှီးမြုပ်နှံသူများရဲ့ အဓိကအရင်းအနှီးကတော့ ငွေပါပဲ။ ရင်းနှီးမြုပ်နှံသူဆိုတာ ရှိတဲ့ငွေပိုတွေနဲ့ ကွန်ဒို၊ အိမ်ခြံမြေ၊ ကား၊ စတော့ရှယ်ရာ စတာတွေကိုဝယ် ရင်းနှီးမြုပ်နှံထားကြသူများကို ဆိုလိုတာပါ။

ရင်းနှီးမြုပ်နှံသူတွေရဲ့ အားသာချက်က ဘယ်အလုပ်မှ ကိုယ်တိုင်ဝင်ပါစရာ မလိုပဲ ဝင်ငွေရနေတာပါ။ Time_Financial_Lifestyle_freedom ရနေသူများဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ချမ်းသာကြွယ်ဝမှုကိုတိုင်းတာနိုင်တာကတော့ အချိန် ပါပဲ။ လူတစ်ယောက်အလုပ်မလုပ်ပဲ ဘယ်လောက်ထိ ရှိတဲ့ငွေနဲ့ ထိုင်စားနိုင်လည်း ကြည့်ပါ။

1ရက် စားနိုင်ရင် သူတစ်ရက်ချမ်းသာပါတယ်။ 10ရက်စားနိုင်ရင် သူ10ရက်ချမ်းသာပါတယ်။ ငွေကို ခိုင်းစေနိုင်သောသူတွေကတော့ တစ်သက်လုံး ချမ်းသာနိုင် သူတွေပဲဖြစ်ပါတယ်။

Financial freedom Life ဆိုတာကို နားလည်ပြီး လုပ်ငန်းရှင်ဘဝကို ကူးပြောင်းနိုင်ကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*