ကြၽန္ေတာ္တို႔အားလုံး အိုရမဲ့လူေတြပါ… အိုလာရင္ ဘာေတြ ျပင္ဆင္ထားရမလဲ?
ကြၽန္ေတာ္တို႔အားလုံး အိုရမဲ့လူေတြႀကီးႀကီးပါ။ ခုမအိုေသးေပမဲ့ ဖတ္ထားရင္ ကိုယ့္အတြက္ ကာကြယ္ဖို႔ျပင္ဆင္ခ်ိန္ရသလို၊ ကိုယ့္ မိဘေတြအတြက္ ဆန္းစစ္ဆင္ျခင္လို႔ ရႏိုင္ပါတယ္။
အႀကံလည္းေပးလို႔ရတာေပါ့၊ အိုလာရင္ ဘာေတြျပင္ဆင္ထားသင့္သလဲ၊ ဘာသာေရး ရႈေထာင့္ကေနမဟုတ္ပဲ လက္ေတြ႕ ဘ၀ရႈေထာင့္ကေန ေဆြးေႏြးၾကည့္ရေအာင္…. ။
၁။ အိုေဖၚ ( လင္ မယား အို )
လင္အိုမယားအို ေမတၱာေကာင္းမြန္ေနဖို႔လိုပါတယ္။ အရင္တုန္းက ခ်စ္ခဲ့ၾကေပမဲ့ အသက္ႀကီးလာေတာ့ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္မရတာမ်ိဳး မျဖစ္သင့္ဘူး။
ေယာ့က္်ားက သားဘက္၊ မိန္းမက သမီးဘက္ ပိုရပ္တည္တာမ်ိဳ း မျဖစ္ရဘူး။ ငယ္႐ြယ္တုန္းက လင္မယားဆိုေပမဲ့ အိုလာရင္ အေဖၚ မြန္ျဖစ္ဖို႔၊ ရပ္တည္ခ်က္တူညီဖို႔ အလြန္အေရးႀကီးပါတယ္။
ငယ္ငယ္တုန္းကေတာ့ ေယာက္်ားက ပိုက္ဆံရွာ၊ ေယာက္်ား အင္အားေကာင္းေတာ့ အျပင္မွာ ေပြခ်င္တိုင္းေပြ၊ ေသာက္စားခ်င္တိုင္း ေသာက္စား၊ အိမ္ကမိန္းမကို ခိုင္းဖတ္လိုသေဘာထားၿပီး ေအာ္လိုက္ေငါက္လိုက္ လုပ္တဲ့ ေယာက္်ားမ်ိဳ းဟာ၊ အိမ္ေထာင္သက္ အႏွစ္ ( ၂၀ ) ေနာက္ပိုင္းမွာ သားသမီးေတြ ႀကီးလာရင္ သားသမီးမ်ားက အေမဘက္က ရပ္တည္တာ ခပ္မ်ားမ်ားဆိုေတာ့ အရင္က ခံခဲ့သမွ် ျပန္ဆပ္ရတတ္တယ္။
ဒါေၾကာင့္ ကိုယ္အသက္ႀကီးတဲ့အခါ ကိုယ့္မိန္းမက ကိုယ့္ကို တကယ္ေကာင္းေစခ်င္ရင္
ကိုယ္က သူတို႔အေပၚ အရင္ေကာင္းထားရတယ္။
၂။ အို သိုက္ ( ေနအိမ္ )
ေနဖို႔ထိုင္ဖို႔ အိမ္တစ္လုံး ရွိထားဖို႔လိုပါတယ္။ အဲဒီအိမ္ကိုလည္း မေသမခ်င္း ထိန္းထားဖို႔လိုပါလိမ့္မယ္။ ကိုယ္က မၾကာမီေသေတာ့မယ္ဆိုၿပီး ေစာေစာစီးစီးထုခြဲၿပီး အေမြ ခြဲမေပးလိုက္နဲ႔၊ကိုယ္ေနဖို႔ေပ်ာက္သြားႏိုင္တယ္။
မေပ်ာက္သြားတာေတာင္မွ သားသမီးမ်က္ႏွာ ( သို႔ ) ေခြၽးမနဲ႔ သမက္မ်က္ႏွာၾကည့္ၿပီး အသက္ရွင္ရတာ မတန္ဘူး။
၃။ အို စာ ( ေငြေၾကး )
အိုစာမင္းစာကို ဆိုလိုပါတယ္။ ေ႐ႊျဖစ္ျဖစ္ ၊ ပိုက္ဆံျဖစ္ျဖစ္ ကိုယ့္အတြက္ကိုယ္ခ်န္ထားရတယ္။ သားသမီး စီးပြားေရးလုပ္ဖို႔ အရင္းအႏွီး မရွိဘူးဆိုၿပီး အကုန္ထုတ္မေပးလိုက္နဲ႔၊ အားလုံးေပးလိုက္ရင္ အိမ္ကဆင္းသြားရႏိုင္တယ္။
အခ်စ္ရဲ႕သဘာ၀ဟာ ေနာင္မ်ိဳ းဆက္ကိုပဲ ဆင့္ပြားပါတယ္။ သားသမီးကို ခ်စ္တယ္ဆိုတာ သတၱဝါတိုင္းရဲ႕ ေမြးရာပါ သဘာျဝဖစ္ပါတယ္။
မိဘကို႐ိုေသတယ္ဆိုတာ ဘာသာေရးအဆုံးအမနဲ႔ သြန္သင္ယူရတယ္။ေမြးျမဴ ယူရပါတယ္။အဲဒါေၾကာင့္ မေသခ်ာတတ္ဘူး။ မိဘမ်ားဟာ သားသမီး ( ၁၀ ) ေယာက္ကို
‘အၿပဳံ းမပ်က္’ ေကြၽးေမြးႏိုင္ေပမဲ့၊ သားသမီး (၁၀ ) ေယာက္ဟာ မိဘႏွစ္ပါးကို ‘စူပုတ္ေလာက္ေအာင္’ ေကြၽးေမြးရတယ္ ဆိုတဲ့ စကားပုံတစ္ခုကို ၾကားဖူးပါတယ္။ ဒါေၾကာင့္ မအိုေသးခင္မွာ ကိုယ့္အတြက္ အိုစာခ်န္ပါ။
၄။ အို ေရး ( က်န္းမာေရး )
အိုတဲ့အခါမွာ ရွိတဲ့က်န္းမာေရးကို အတိုေကာက္ေရးလိုက္တာပါ။ အိုလာရင္ ကိုယ့္က်န္းမာေရးကို ကိုယ္ဂ႐ုစိုက္ရတယ္။ မနက္တိုင္းလမ္းေလွ်ာက္တာမ်ိဳး အဖြဲ႕လိုက္ေလ့က်င့္ခန္းလုပ္တာမ်ိဳ းပါ၀င္သင့္ပါတယ္။
ေကာင္းေကာင္းမေလွ်ာက္ႏိုင္ရင္လည္း လႈပ္ရွားႏိုင္သမွ် အတတ္ႏိုင္ဆုံး ကိုယ္လက္လႈပ္ရွားေပးသင့္ပါတယ္။ ကိုယ့္ရဲ႕ က်န္းမာေရးေကာင္းမြန္ျခင္းဟာ ကိုယ့္အတြက္သာမဟုတ္ သားသမီးမ်ားအတြက္ပါ လာဘ္တစ္ပါးျဖစ္ပါတယ္။
သူတို႔ေတြ ကိုယ့္အတြက္ သိပ္မပူရရင္ သူတို႔အလုပ္ကို ေကာင္းေကာင္းမြန္မြန္ လုပ္လို႔ရတာေပါ့။
၅ ။ အို စိတ္ ( စိတ္ေန စိတ္ထား )
အိုလာရင္ စိတ္ေနစိတ္ထား မွန္မွန္ကန္ကန္ ထားတတ္ဖို႔လိုပါတယ္။ ကိုယ္အသုံးမက်ေတာ့ဘူးဆိုၿပီး မသိမ္ငယ္သင့္ပါဘူး။ ေသျခင္းတရားကို ေတြးေတာၿပီး ေၾကာက္မေနသင့္ပါဘူး။
မေမ့မေလ်ာ့ ေနထိုင္သင့္ပါတယ္။ တစ္ရက္အသက္ရွင္ရင္ တစ္ရက္အျမတ္ပဲ၊ တန္ေအာင္အသက္ရွင္ရမယ္ဆိုတဲ့ စိတ္မ်ိဳ းေမြးျမဴ ရပါမယ္။
က်န္းမာေရးအဆင္ေျပရင္ အလႉပြဲေတြ၊ ကူညီမူ၊ လႈပ္ရွားမူေတြ၊ ဘာသာေရးပြဲေတြ ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန ပါ၀င္လႈပ္ရွားသင့္ပါတယ္။ စိတ္ဓါတ္႐ႊင္လန္းၿပီး သန္႔သန္႔ ျပန္႔ျပန္႔ ေနထိုင္သင့္ပါတယ္။
အသက္ႀကီးသူမ်ားအားလုံး က်န္းမာခ်မ္းေျမ့ ႏိုင္ၾကပါေစ။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။
Photo# Credit
Unicode
ကျွန်တော်တို့အားလုံး အိုရမဲ့လူတွေပါ… အိုလာရင် ဘာတွေ ပြင်ဆင်ထားရမလဲ?
ကျွန်တော်တို့အားလုံး အိုရမဲ့လူတွေကြီးကြီးပါ။ ခုမအိုသေးပေမဲ့ ဖတ်ထားရင် ကိုယ့်အတွက် ကာကွယ်ဖို့ပြင်ဆင်ချိန်ရသလို၊ ကိုယ့် မိဘတွေအတွက် ဆန်းစစ်ဆင်ခြင်လို့ ရနိုင်ပါတယ်။
အကြံလည်းပေးလို့ရတာပေါ့၊ အိုလာရင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊ ဘာသာရေး ရှုထောင့်ကနေမဟုတ်ပဲ လက်တွေ့ ဘဝရှုထောင့်ကနေ ဆွေးနွေးကြည့်ရအောင်…. ။
၁။ အိုဖေါ် ( လင် မယား အို )
လင်အိုမယားအို မေတ္တာကောင်းမွန်နေဖို့လိုပါတယ်။ အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီးလာတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မရတာမျိုး မဖြစ်သင့်ဘူး။
ယော့က်ျားက သားဘက်၊ မိန်းမက သမီးဘက် ပိုရပ်တည်တာမျို း မဖြစ်ရဘူး။ ငယ်ရွယ်တုန်းက လင်မယားဆိုပေမဲ့ အိုလာရင် အဖေါ် မွန်ဖြစ်ဖို့၊ ရပ်တည်ချက်တူညီဖို့ အလွန်အရေးကြီးပါတယ်။
ငယ်ငယ်တုန်းကတော့ ယောက်ျားက ပိုက်ဆံရှာ၊ ယောက်ျား အင်အားကောင်းတော့ အပြင်မှာ ပွေချင်တိုင်းပွေ၊ သောက်စားချင်တိုင်း သောက်စား၊ အိမ်ကမိန်းမကို ခိုင်းဖတ်လိုသဘောထားပြီး အော်လိုက်ငေါက်လိုက် လုပ်တဲ့ ယောက်ျားမျို းဟာ၊ အိမ်ထောင်သက် အနှစ် ( ၂၀ ) နောက်ပိုင်းမှာ သားသမီးတွေ ကြီးလာရင် သားသမီးများက အမေဘက်က ရပ်တည်တာ ခပ်များများဆိုတော့ အရင်က ခံခဲ့သမျှ ပြန်ဆပ်ရတတ်တယ်။
ဒါကြောင့် ကိုယ်အသက်ကြီးတဲ့အခါ ကိုယ့်မိန်းမက ကိုယ့်ကို တကယ်ကောင်းစေချင်ရင်
ကိုယ်က သူတို့အပေါ် အရင်ကောင်းထားရတယ်။
၂။ အို သိုက် ( နေအိမ် )
နေဖို့ထိုင်ဖို့ အိမ်တစ်လုံး ရှိထားဖို့လိုပါတယ်။ အဲဒီအိမ်ကိုလည်း မသေမချင်း ထိန်းထားဖို့လိုပါလိမ့်မယ်။ ကိုယ်က မကြာမီသေတော့မယ်ဆိုပြီး စောစောစီးစီးထုခွဲပြီး အမွေ ခွဲမပေးလိုက်နဲ့၊ကိုယ်နေဖို့ပျောက်သွားနိုင်တယ်။
မပျောက်သွားတာတောင်မှ သားသမီးမျက်နှာ ( သို့ ) ချွေးမနဲ့ သမက်မျက်နှာကြည့်ပြီး အသက်ရှင်ရတာ မတန်ဘူး။
၃။ အို စာ ( ငွေကြေး )
အိုစာမင်းစာကို ဆိုလိုပါတယ်။ ရွှေဖြစ်ဖြစ် ၊ ပိုက်ဆံဖြစ်ဖြစ် ကိုယ့်အတွက်ကိုယ်ချန်ထားရတယ်။ သားသမီး စီးပွားရေးလုပ်ဖို့ အရင်းအနှီး မရှိဘူးဆိုပြီး အကုန်ထုတ်မပေးလိုက်နဲ့၊ အားလုံးပေးလိုက်ရင် အိမ်ကဆင်းသွားရနိုင်တယ်။
အချစ်ရဲ့သဘာဝဟာ နောင်မျို းဆက်ကိုပဲ ဆင့်ပွားပါတယ်။ သားသမီးကို ချစ်တယ်ဆိုတာ သတ္တဝါတိုင်းရဲ့ မွေးရာပါ သဘာဝြဖစ်ပါတယ်။
မိဘကိုရိုသေတယ်ဆိုတာ ဘာသာရေးအဆုံးအမနဲ့ သွန်သင်ယူရတယ်။မွေးမြူ ယူရပါတယ်။အဲဒါကြောင့် မသေချာတတ်ဘူး။ မိဘများဟာ သားသမီး ( ၁၀ ) ယောက်ကို
‘အပြုံ းမပျက်’ ကျွေးမွေးနိုင်ပေမဲ့၊ သားသမီး (၁၀ ) ယောက်ဟာ မိဘနှစ်ပါးကို ‘စူပုတ်လောက်အောင်’ ကျွေးမွေးရတယ် ဆိုတဲ့ စကားပုံတစ်ခုကို ကြားဖူးပါတယ်။ ဒါကြောင့် မအိုသေးခင်မှာ ကိုယ့်အတွက် အိုစာချန်ပါ။
၄။ အို ရေး ( ကျန်းမာရေး )
အိုတဲ့အခါမှာ ရှိတဲ့ကျန်းမာရေးကို အတိုကောက်ရေးလိုက်တာပါ။ အိုလာရင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရတယ်။ မနက်တိုင်းလမ်းလျှောက်တာမျိုး အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်တာမျို းပါဝင်သင့်ပါတယ်။
ကောင်းကောင်းမလျှောက်နိုင်ရင်လည်း လှုပ်ရှားနိုင်သမျှ အတတ်နိုင်ဆုံး ကိုယ်လက်လှုပ်ရှားပေးသင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကောင်းမွန်ခြင်းဟာ ကိုယ့်အတွက်သာမဟုတ် သားသမီးများအတွက်ပါ လာဘ်တစ်ပါးဖြစ်ပါတယ်။
သူတို့တွေ ကိုယ့်အတွက် သိပ်မပူရရင် သူတို့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။
၅ ။ အို စိတ် ( စိတ်နေ စိတ်ထား )
အိုလာရင် စိတ်နေစိတ်ထား မှန်မှန်ကန်ကန် ထားတတ်ဖို့လိုပါတယ်။ ကိုယ်အသုံးမကျတော့ဘူးဆိုပြီး မသိမ်ငယ်သင့်ပါဘူး။ သေခြင်းတရားကို တွေးတောပြီး ကြောက်မနေသင့်ပါဘူး။
မမေ့မလျော့ နေထိုင်သင့်ပါတယ်။ တစ်ရက်အသက်ရှင်ရင် တစ်ရက်အမြတ်ပဲ၊ တန်အောင်အသက်ရှင်ရမယ်ဆိုတဲ့ စိတ်မျို းမွေးမြူ ရပါမယ်။
ကျန်းမာရေးအဆင်ပြေရင် အလှူပွဲတွေ၊ ကူညီမူ၊ လှုပ်ရှားမူတွေ၊ ဘာသာရေးပွဲတွေ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှုပ်ရှားသင့်ပါတယ်။ စိတ်ဓါတ်ရွှင်လန်းပြီး သန့်သန့် ပြန့်ပြန့် နေထိုင်သင့်ပါတယ်။
အသက်ကြီးသူများအားလုံး ကျန်းမာချမ်းမြေ့ နိုင်ကြပါစေ။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Photo# Credit
Leave a Reply