၁။ Control + T
Unicode
ကွန်ပြူတာတစ်လုံးကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့သိထားသင့်တဲ့ လျှို့ဝှက်ချက်များ
ကွန်ပြူတာဆိုတာ ဟာ ကိုယ့်အတွက် အလွန်အသုံးဝင်တဲ့ အရာတစ်ခု ဆိုပေမယ့် အသုံးဝင်အောင် သုံးတတ်ဖို့ လိုပါတယ်။ ဒီတော့ ကွန်ပြူတာ တစ်လုံးကို ဘယ်လို လှည့်ကွက်လေးတွေနဲ့ အသုံးပြုရမလဲဆိုတာ ပြောပြသွားမှာပါ။
၁။ Control + T
Browser မှာ အခြား Tab တစ်ခု ဖွင့်ချင်တယ်ဆိုရင် မောစ်နဲ့ အပေါင်းလက္ခဏာကို သွားကလစ်နေဖို့မလိုပဲ Control + T နှိပ်လိုက်ရင်လည်း ရပါတယ်။
၂။ ကွန်ပြူတာမှာ error တစ်ခုခု တက်ခဲ့လျင် ပညာရှင်ဆီ သွားမပြခင် အရင်ဆုံး ဂူးဂဲမှာရှာဖွေကြည့်ပါ။ ဂူးဂဲပေါ်မှာ ထောင်ချီတဲ့ ကွန်ပြူတာ ပြဿနာတွေ အတွက်
အဖြေရှိပြီးသား ဖြစ်တာကြောင့် အချိန်ကုန် သက်သာစေမယ့်အပြင် ပြင်ဆင်ခ ကုန်ကျစရိတ်လည်း သက်သာ သွားပါလိမ့်မယ်။
၃။ ငွေလဲနှုန်းတွေကို သိချင်တယ်ဆိုရင် ဂဏန်းပေါင်းစက်နဲ့ တွက်ချက်နေစရာမလိုပဲ ဂူးဂဲ search bar မှာ 50 dollars to kyats လို့ ရိုက်လိုက်ရုံနဲ့ အဖြေကို တန်း သိနိုင် ပါလိမ့်မယ်။
၄။ laptop ဘတ္ထရီ အားကုန်ခါနီး အခါမျိုးမှာ flightmode ချပြီးတော့ အားသွင်းပါ။ အဲ့ဘိုအားသွင်းတဲ့ အခါမှာ သာမန်အားသွင်းတာထက် ၁၅ မိနစ် နီးပါး အားပြည့်မြန်တာကို တွေ့ရပါတယ်။
၅။ google ပေါ်က ပုံတွေကို ဒေါင်းချင်ရင် right click နှိပ် Save လုပ်စရာမလိုပါဘူး။ Alt နဲ့ Left click နှိပ်ရုံနဲ့ သင်လိုချင်တဲ့ပုံကို Download ဆွဲလို့ရပါတယ်။
၆။ IP Address ဆိုတာက အိမ်နံပတ် လိုပါပဲ။
ကိုယ့်ရဲ့ IP လိပ်စာကိုသိရင် ကိုယ်ဘယ်မှာ ရှိနေလဲဆိုတာကို ခြေရာခံလို့ရပါတယ်။ တကယ်လို့ ကိုယ့်ရဲ့တည်နေရာကို ဘယ်သူမှ မသိစေချင်ရင်တော့ VPN လို့ခေါ်တဲ့ IP လိပ်စာကို ဖွက်ပေးတဲ့ ဆော့ဝဲတွေ အသုံးပြုပါ။
၇။ ညဘက် ကွန်ပြူတာ သုံးတဲ့သူတွေ အနေနဲ့ f.lux ဆိုတဲ့ ဆော့ဝဲကို အသုံးပြုသင့် ပါတယ်။
ဒီဆော့ဝဲဟာ ကွန်ပြူတာ စခရင်ကို အချိန်နဲ့ လိုက်ပြီး မျက်စိ မထိခိုက်စေမယ့် အရောင်မျိုး ပြောင်းလဲပေးတဲ့ အတွက် ညဘက် ကွန်ပြူတာ သုံးတဲ့ သူတွေနဲ့အထူး သင့်လျော်တဲ့ ဆော့ဝဲလေး တစ်ခုပါပဲ။
ခရက်ဒစ်# Min Thu ( XYZ NEWS )
Leave a Reply