အေႂကြးယူၿပီး ျပန္မဆပ္တဲ့သူေတြ မလြဲမေသြႀကဳံရမယ့္ အရႈံး (၁၀)ခ်က္ အေၾကာင္း
ပိုက္ဆံမေပးႏိုင္လို႔ လိမ္ေျပးတယ္ တို႔၊ ခပ္တည္တည္ပဲ မေပးလည္း ဘာျဖစ္လဲ တို႔ ရွိရင္ေပးမွာေပါ့၊ အခုက မရွိေသးလို႔ မေပးတာပဲ တို႔ သူမွ မေတာင္းတာ မေတာင္းဘဲနဲ႔ ေပးစရာလား တို႔ သူအဆင့္နဲ႔ မြဲမသြားပါဘူး တို႔…
သူ႔ထက္ အမ်ားႀကီးေပးရမွာေတြေတာင္ မေပးေသးတာ သူ႔ေတာ့ ေပးမေနဘူး တို႔… စတာေတြဟာ အေႂကြးယူထားတဲ့လူေတြ ခုေခတ္ လုပ္ခ်င္ရင္ လုပ္လို႔ရတဲ့ အရာေတြပါ ဒီလိုေတြလုပ္လို႔ အဆင္ေျပသြားသလား ။ ႏိုးပါ။
ပိုက္ဆံေပးထားတဲ့ အေႂကြးရွင္ေတြက ဘာျဖစ္သြားလဲ။ ပိုက္ဆံေတာင္ ထုတ္ေပးထားႏိုင္တဲ့ သူေဌးေတြပါဆိုေနမွ ဒီပိုက္ဆံအတြက္ပဲ ရႈံးတာပါ။ က်န္တာ သူတို႔မွာ ဘာဆိုဘာမွ မထိခိုက္ပါဘူး။
ဟုတ္ၿပီ… လူလိမ္ေတြဘက္ကေတာင္ ရန္ျပန္ေထာင္ေနၾကတာ၊ ဘုရားတရားေတြ ရွယ္ျပေနၾကတာနဲ႔၊ ေက်းဇူးရွင္ကို ေစာ္ကားျပၿပီး လိုင္းေပၚမွာ ခပ္တည္တည္နဲ႔ ေနေနႏိုင္ၾကတာ ဆိုေတာ့ ~ ဒါဆို အေႂကြးယူသြားတဲ့ လူက ႏိုင္တယ္ ထင္မွာေပါ့ေနာ္။ ႏိုးပါ။ သူတို႔က ပိုဆိုးပါတယ္။
(၁) အသက္ဆက္ရွင္မယ့္ ႏွစ္ ၃၀ သို႔ ႏွစ္ ၄၀ စာလုံးအတြက္ ဂုဏ္သိကၡာ သြားပါၿပီေနာ္။
(၂) စီးပြါးေရး မိတ္ဖက္ေကာင္းေတြ ထပ္မရေတာ့ပါဘူး။ (လိမ္ထားတဲ့လူ မ်ားရင္ မ်ားသလို စီးပြါးေရးေဘာင္က က်ဥ္းလာပါတယ္။ ဒီေတာ့ ပိုက်ပ္တည္းလာမယ္)
(၃) မ်ိဳးဆက္ရဲ႕ အနာဂတ္။ (သားသမီး ေျမး ျမစ္ေတာက္ေလွ်ာက္ အရိပ္မည္းပါလာမယ္) ဘယ္သူမွ မသိရင္ေတာင္ အေႂကြးေပးထားတဲ့လူက သိတယ္။
(၄) သင္တို႔ရဲ႕ အလိမ္အညာအေၾကာင္းကို လူေတြအခ်င္းခ်င္း တီးတိုးေျပာၿပီး သင့္ကို အျပင္ပန္းသာ ၿပဳံးျပေနၿပီး တျဖည္းျဖည္း ဖယ္ခံထိမယ့္ အပယ္ခံဘဝ။
(၅) ဘုရား႐ိုက္မယ့္ ဒဏ္။ (ဒါကေတာ့ အဆိုးဆုံးပါ။ ၇ရက္ ၇ လ ၇ႏွစ္အတြင္း ပိုက္ဆံေပးထားသူရဲ႕ သီလသမာဓိေကာင္းေလ ပိုခံရေလမို႔ မွန္းၾကည့္ရင္ သိႏိုင္ပါတယ္။ ကိုယ္လိမ္တဲ့လူက ကိုယ့္လို လူလိမ္ဆို အဆင္ေျပေကာင္းေျပဦးမယ္။
ေခြၽးနည္းစာနဲ႔ ေကာင္းေရာင္းေကာင္းဝယ္ ရတဲ့ပိုက္ဆံဆိုရင္ေတာ့ အနည္းဆုံး (အနည္းဆုံးေနာ္) ေသခ်ာတာေတာ့ လုပ္ကိုင္စားေသာက္ရခက္လာတာအမွန္ပါပဲ။)
(၆) မေပးခ်င္တာ မဟုတ္ဘူး မေပးႏိုင္တာလို႔ဆိုရင္လည္း လိမ္မႈတစ္ခု တိုးပါတယ္။ ကိုယ့္ကိုကိုယ္ လိမ္တာနဲ႔ သူမ်ားကိုပါ လိမ္တာပါေရာေပါ့။
ဖဲ့ဆပ္တတ္ရင္ ေက်တဲ့ အေႂကြးကို ဆပ္ေနမယ့္အစား “ဟိုဟာေလးဝယ္ခ်င္ ဒီဟာေလးဝယ္ခ်င္လို႔ မေပးႏိုင္ဘူး“ ဆိုၿပီး လိမ္တာမို႔ လိမ္တဲ့ မုသာဝါဒကံတစ္ခု က်ဴးလြန္ျပန္တယ္။ ခံေပဦးေတာ့ သံသရာမွာေနာ္…
(၇) ဒီဘဝမွာ အတိတ္ကံေၾကာင့္ ခ်မ္းသာခဲ့ရင္ေတာင္ ေနာက္ဘဝ အေႂကြးရွင္ ခိုင္းတာလုပ္ဖို႔ ျပင္ဆင္ထားပါ။
(၈) ဒီေတာ့ အေႂကြးရွင္ကို မုန္းၿပီး ဒင္းတို႔ ေသရင္ေအးမယ္ မေတြးပါနဲ႔။ သင္အေႂကြးမေက်ခင္ အေႂကြးရွင္ ေသသြားရင္ ေနာက္ဘဝ သူ႔ကြၽန္ျဖစ္ဖို႔ ပိုျမန္ ပိုေသခ်ာသြားပါၿပီ။ သင္လည္း ေသဖို႔ မစဥ္းစားပါနဲ႔ဦးေလ။
ေနာက္ဘဝ ျပန္ေတြ႕မွ ဖိုးသူေတာ္နဲ႔ ေျပာင္းဖူးခင္း ပုံျပင္ထဲကလို ယူမိတာ ေျပာင္းဖူးႏွစ္ဖူး ဆပ္ရတဲ့ ဝဋ္ေႂကြးက လုပ္ရတဲ့ အလုပ္ေတြက ငရဲက်သလို ျဖစ္ေနပါမယ္။
(၉) ဒီေတာ့ အေႂကြးမေက်မခ်င္း မိမိလည္း ေနေကာင္းေအာင္ ေနရမယ္။ အေႂကြးရွင္ကိုလည္း ေနေကာင္း က်န္းမာေစရန္ ေမတၱာ အၿမဲပို႔ေပးရပါမယ္။
(၁၀) ေနာက္ဆုံးတစ္ခုက အခုလို အေႂကြးနဲ႔ပတ္သက္တဲ့စာေတြ ေတြ႕တိုင္းလည္း စိတ္မလုံျဖစ္ရတဲ့ ဒုကၡကိုႀကဳံရတတ္ပါတယ္။ စတဲ့ စတဲ့ အရႈံး (၁၀) ခ်က္ကို ႀကဳံရတတ္တာမို႔
ကိုယ္ႀကိဳက္တဲ့လမ္း ကိုယ္ေ႐ြးၾကပါ။ ကြၽႏ္ုပ္မွာလည္း အခက္အခဲေတြနဲ႔ပါပဲ… ခင္ဗ်ားတို႔ အခက္အခဲ ႀကဳံေနခ်ိန္မွာ အဆင္ေျပေအာင္ ကူညီခဲ့တာကို ျပန္ေတြးၾကည့္ၾကေပါ့ဗ်ာ
မူရင္းေရးသားသူအား ေလးစားမႈျဖင့္
Unicode
အကြွေးယူပြီး ပြန်မဆပ်တဲ့သူတွေ မလွဲမသွေကြုံရမယ့် အရှုံး (၁၀)ချက် အကြောင်း
ပိုက်ဆံမပေးနိုင်လို့ လိမ်ပြေးတယ် တို့၊ ခပ်တည်တည်ပဲ မပေးလည်း ဘာဖြစ်လဲ တို့ ရှိရင်ပေးမှာပေါ့၊ အခုက မရှိသေးလို့ မပေးတာပဲ တို့ သူမှ မတောင်းတာ မတောင်းဘဲနဲ့ ပေးစရာလား တို့ သူအဆင့်နဲ့ မွဲမသွားပါဘူး တို့…
သူ့ထက် အများကြီးပေးရမှာတွေတောင် မပေးသေးတာ သူ့တော့ ပေးမနေဘူး တို့… စတာတွေဟာ အကြွေးယူထားတဲ့လူတွေ ခုခေတ် လုပ်ချင်ရင် လုပ်လို့ရတဲ့ အရာတွေပါ ဒီလိုတွေလုပ်လို့ အဆင်ပြေသွားသလား ။ နိုးပါ။
ပိုက်ဆံပေးထားတဲ့ အကြွေးရှင်တွေက ဘာဖြစ်သွားလဲ။ ပိုက်ဆံတောင် ထုတ်ပေးထားနိုင်တဲ့ သူဌေးတွေပါဆိုနေမှ ဒီပိုက်ဆံအတွက်ပဲ ရှုံးတာပါ။ ကျန်တာ သူတို့မှာ ဘာဆိုဘာမှ မထိခိုက်ပါဘူး။
ဟုတ်ပြီ… လူလိမ်တွေဘက်ကတောင် ရန်ပြန်ထောင်နေကြတာ၊ ဘုရားတရားတွေ ရှယ်ပြနေကြတာနဲ့၊ ကျေးဇူးရှင်ကို စော်ကားပြပြီး လိုင်းပေါ်မှာ ခပ်တည်တည်နဲ့ နေနေနိုင်ကြတာ ဆိုတော့ ~ ဒါဆို အကြွေးယူသွားတဲ့ လူက နိုင်တယ် ထင်မှာပေါ့နော်။ နိုးပါ။ သူတို့က ပိုဆိုးပါတယ်။
(၁) အသက်ဆက်ရှင်မယ့် နှစ် ၃၀ သို့ နှစ် ၄၀ စာလုံးအတွက် ဂုဏ်သိက္ခာ သွားပါပြီနော်။
(၂) စီးပွါးရေး မိတ်ဖက်ကောင်းတွေ ထပ်မရတော့ပါဘူး။ (လိမ်ထားတဲ့လူ များရင် များသလို စီးပွါးရေးဘောင်က ကျဉ်းလာပါတယ်။ ဒီတော့ ပိုကျပ်တည်းလာမယ်)
(၃) မျိုးဆက်ရဲ့ အနာဂတ်။ (သားသမီး မြေး မြစ်တောက်လျှောက် အရိပ်မည်းပါလာမယ်) ဘယ်သူမှ မသိရင်တောင် အကြွေးပေးထားတဲ့လူက သိတယ်။
(၄) သင်တို့ရဲ့ အလိမ်အညာအကြောင်းကို လူတွေအချင်းချင်း တီးတိုးပြောပြီး သင့်ကို အပြင်ပန်းသာ ပြုံးပြနေပြီး တဖြည်းဖြည်း ဖယ်ခံထိမယ့် အပယ်ခံဘဝ။
(၅) ဘုရားရိုက်မယ့် ဒဏ်။ (ဒါကတော့ အဆိုးဆုံးပါ။ ၇ရက် ၇ လ ၇နှစ်အတွင်း ပိုက်ဆံပေးထားသူရဲ့ သီလသမာဓိကောင်းလေ ပိုခံရလေမို့ မှန်းကြည့်ရင် သိနိုင်ပါတယ်။ ကိုယ်လိမ်တဲ့လူက ကိုယ့်လို လူလိမ်ဆို အဆင်ပြေကောင်းပြေဦးမယ်။
ချွေးနည်းစာနဲ့ ကောင်းရောင်းကောင်းဝယ် ရတဲ့ပိုက်ဆံဆိုရင်တော့ အနည်းဆုံး (အနည်းဆုံးနော်) သေချာတာတော့ လုပ်ကိုင်စားသောက်ရခက်လာတာအမှန်ပါပဲ။)
(၆) မပေးချင်တာ မဟုတ်ဘူး မပေးနိုင်တာလို့ဆိုရင်လည်း လိမ်မှုတစ်ခု တိုးပါတယ်။ ကိုယ့်ကိုကိုယ် လိမ်တာနဲ့ သူများကိုပါ လိမ်တာပါရောပေါ့။
ဖဲ့ဆပ်တတ်ရင် ကျေတဲ့ အကြွေးကို ဆပ်နေမယ့်အစား “ဟိုဟာလေးဝယ်ချင် ဒီဟာလေးဝယ်ချင်လို့ မပေးနိုင်ဘူး“ ဆိုပြီး လိမ်တာမို့ လိမ်တဲ့ မုသာဝါဒကံတစ်ခု ကျူးလွန်ပြန်တယ်။ ခံပေဦးတော့ သံသရာမှာနော်…
(၇) ဒီဘဝမှာ အတိတ်ကံကြောင့် ချမ်းသာခဲ့ရင်တောင် နောက်ဘဝ အကြွေးရှင် ခိုင်းတာလုပ်ဖို့ ပြင်ဆင်ထားပါ။
(၈) ဒီတော့ အကြွေးရှင်ကို မုန်းပြီး ဒင်းတို့ သေရင်အေးမယ် မတွေးပါနဲ့။ သင်အကြွေးမကျေခင် အကြွေးရှင် သေသွားရင် နောက်ဘဝ သူ့ကျွန်ဖြစ်ဖို့ ပိုမြန် ပိုသေချာသွားပါပြီ။ သင်လည်း သေဖို့ မစဉ်းစားပါနဲ့ဦးလေ။
နောက်ဘဝ ပြန်တွေ့မှ ဖိုးသူတော်နဲ့ ပြောင်းဖူးခင်း ပုံပြင်ထဲကလို ယူမိတာ ပြောင်းဖူးနှစ်ဖူး ဆပ်ရတဲ့ ဝဋ်ကြွေးက လုပ်ရတဲ့ အလုပ်တွေက ငရဲကျသလို ဖြစ်နေပါမယ်။
(၉) ဒီတော့ အကြွေးမကျေမချင်း မိမိလည်း နေကောင်းအောင် နေရမယ်။ အကြွေးရှင်ကိုလည်း နေကောင်း ကျန်းမာစေရန် မေတ္တာ အမြဲပို့ပေးရပါမယ်။
(၁၀) နောက်ဆုံးတစ်ခုက အခုလို အကြွေးနဲ့ပတ်သက်တဲ့စာတွေ တွေ့တိုင်းလည်း စိတ်မလုံဖြစ်ရတဲ့ ဒုက္ခကိုကြုံရတတ်ပါတယ်။ စတဲ့ စတဲ့ အရှုံး (၁၀) ချက်ကို ကြုံရတတ်တာမို့
ကိုယ်ကြိုက်တဲ့လမ်း ကိုယ်ရွေးကြပါ။ ကျွန်ုပ်မှာလည်း အခက်အခဲတွေနဲ့ပါပဲ… ခင်ဗျားတို့ အခက်အခဲ ကြုံနေချိန်မှာ အဆင်ပြေအောင် ကူညီခဲ့တာကို ပြန်တွေးကြည့်ကြပေါ့ဗျာ
မူရင်းရေးသားသူအား လေးစားမှုဖြင့်
Leave a Reply